သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူေမွာင္ခိုကား ထိုင္းနယ္စပ္မွာ တိမ္းေမွာက္ ျမန္မာ(၃) ဦးေသဆံုး


ထိုင္းနယ္စပ္မွာ တိမ္းေမွာက္သြားတဲ့လူေမွာင္ခိုကား၊ ဓာတ္ပုံ-ထိုင္းလူမႈကယ္ဆယ္ေရး

ထိုင္းႏုိင္ငံ၊ နကြန္စီဌာမရတ္ျပည္နယ္ထဲမွာ ၾသဂုတ္လ ၁၇ရက္ေန့က တရားမ၀င္ျမန္မာ ၃၀ေက်ာ္ကိုတင္လာတဲ့ကားတိမ္းေမွာက္ခဲ့တာေၾကာင့္ ျမန္မာ ၃ဦးပဲြခ်င္းျပီးေသဆံုးျပီး ၄ဦးက ျပင္းထန္တဲ့ဒဏ္ရာေတြရခဲ့ပါတယ္။ လူကုန္ကူးတဲ့ကားသမားကေတာ့ထြက္ေျပးသြားခဲ့ျပီး ျမန္မာတခ်ိဳ ့လည္းဖမ္းဆီးခံရပါတယ္ ဒီသတင္းကိုဗီြအိုေအသတင္းေထာက္မေအးေအးမာကသတင္းေပးပုိ့ထားပါတယ္။

ထုိင္းျမန္မာနယ္စပ္၊ ရေနာင္းျပည္နယ္ကေနတရားမ၀င္ျမန္မာေတြကုိသယ္ေဆာင္လာတဲ့ ကာတစီးဟာနကြန္စီဌာမရတ္ျပည္နယ္ထဲမွာ သစ္ပင္ကုိမေတာ္တဆတိုက္မိျပီး တိမ္းေမွာက္ခဲ့တာေၾကာင့္ ကားေပၚမွာ ပါလာတဲ့အေထာက္အထားမဲ့ျမန္မာ ၃ဦးေသဆံုးခဲ့ျပီး ၄ဦး က ျပင္းထန္တဲ့ဒဏ္ရာေတြရရွိျပီးေဆးရံုပုိ့ကုသမူခံေနရတယ္လို့ ျမန္မာျပည္သားမ်ားအေရးပူးတဲြလွုပ္ရွားမူ့ေကာ္မတီရဲ ့ဥကၠဌ ဦးမုိးႀကိဳးကေျပာပါတယ္။
"ထိုင္းႏို္င္ငံနကြန္စီဌာမရတ္ျပည္နယ္ နယ္နမိတ္ထဲမွာျဖစ္တာပါ။ ဒီတရားမ၀င္ ျမန္မာလုပ္သား ၃၃ေယာက္က ေကာ့ေသာင္းရေနာင္းလမ္းေႀကာင္းအတုိင္း၀င္လာၾကတယ္။ ရေနာင္းကေန ပစ္ကပ္ကားနဲ့လူေမွာင္ခိုသမားေတြက ေခၚလာႀကတယ္။ နကြန္စီဌာမရတ္ျပည္နယ္နယ္နမိတ္ထဲေရာက္ေတာ့လမ္းေဘးက သစ္ပင္ကုိအရွိန္မထိမ္းႏိုင္ပဲ၀င္တုိက္တယ္။ အဲဒီမွာပဲ တရားမ၀င္ျမန္မာလုပ္သား ၃ဦးေသဆံုးျပီး ၄ဦးဒဏ္ရာရပါတယ္။"

ကားေပၚမွာလူ၃၀ေက်ာ္ဟာ ျပည့္သိပ္စြာလိုက္ပါလာခဲ့တာေၾကာင့္ ကားတိမ္းေမွာက္မႈျဖစ္တဲ့အခ်ိန္မွာ တခ်ိဳ ့လည္းလြင့္စင္ျပီး ျပင္းထန္တဲ့ဒဏ္ရာေတြရခဲ့တာပါ။ တခ်ိဳ႔လည္းရဲေတြ မေရာက္ခင္မွာ ထြက္ေျပးကုန္ၾကတယ္လို့လည္းရဲတပ္ဖဲြ ့သတင္းထုတ္ျပန္ပါတယ္။

"တရားမ၀င္လုပ္သားေတြကလည္းအထိတ္တလန့္ျဖစ္ျပီး ေၾကာက္လန့္တႀကား ထြက္ေျပးၾကတယ္။ သူတို့ကုိလိုက္ဖမ္းလို့မိတာလည္းရွိတယ္။ လူေမွာင္ခုိကားသမားနဲ့အမ်ားစု ျမန္မာေတြလြတ္ေျမာက္သြားႀကတယ္လို့ နကြန္စီဌာမရတ္ရဲကေတာ့သတင္းထုတ္ျပန္ထားတယ္"

အေထာက္အထားမဲ့ျမန္မာေတြအေနနဲ့ ဒဏ္ရာေတြ သက္သာျပီးရင္ ထုိင္းဥပေဒအရ အေရးယူခံရႏိုင္တယ္လို့လည္းဦးမုိးႀကိဳးကေျပာပါတယ္။

"အခုမွတရားမ၀င္ ခုိး၀င္လာၾကတာျဖစ္တဲ့အတြက္ ထိုင္းဥပေဒအရဆိုရင္ နစ္နာေၾကးေလ်ာ္ေၾကးေတ့ာ ရပုိင္ခြင့္မရွိဘူး။ တျခားဒဏ္ရာရတဲ့သူေတြကေတာ့ ထိုင္းေဆးရံု၊ ေဆးခန္းေတြမွာ လူ့အခြင့္ေရးအရ ဒဏ္ရာေတြေပ်ာက္ကင္းတဲ့အထိကုသခြင့္ရွိတယ္။ ေရာဂါေပ်ာက္ကင္းျပီဆုိရင္ေတာ့ ထုိင္းႏိုင္ငံကုိတရားမ၀င္နယ္စပ္ျဖတ္ေက်ာ္၀င္ေရာက္မႈေတြနဲ့အေရးယူခံရမွာျဖစ္ပါတယ္"

ထုိင္းျမန္မာနယ္စပ္၊ ရေနာင္းျပည္နယ္ကေနတရားမ၀ င္ျမန္မာ၁၅ဦးကိုသယ္ေဆာင္လာတဲ့ကားတစီးဟာ စစ္ေဆးေရးဂိတ္ေတြကိုေရွာင္ကြင္းေမာင္ႏွင္ရင္းနဲ့ chumphon ျပည္နယ္ထဲမွာဇူလုိင္လ(၁၅)ရက္ေန့ညက ကုန္ကားတစီးနဲ့တိုက္မိတာေႀကာင့္ျမန္မာႏိုင္ငံသား၂ဦးအပါအ၀င္ ကားေမာင္းသူပါေသဆံုးခဲ့ပါတယ္။

ပီးခဲ့တဲ့မတ္လ (၁၆) ရက္ေန႔ကထိုင္းႏိုင္ငံေတာင္ပိုင္း ပရာကြၽတ္ခီရီခန္ျပည္နယ္အတြင္းတရားမဝင္ျမန္မာ(၁၈) ေယာက္ကိုတင္ေဆာင္လာတဲ့ေမာ္ေတာ္ယာဥ္တိမ္းေမွာက္ခဲ့ရာလည္း ၆ ဦးေသဆုံးၿပီး ၇ဦးဒဏ္ရာရခဲ့တာပါ။

ထိုင္း ျမန္မာနယ္စပ္၊ တာ့ခ္ျပည္နယ္၊ ဖြတ္ဖရျမိဳ႔နယ္ထဲမွာေတာ့ ဧျပီလ ၅ရက္ေန႔က၊ ျမန္မာ ၁၈ ဦးကို လူေမွာင္ခုိသယ္ေဆာင္လာတဲ့ကားတစီး တိမ္းေမွာက္ၿပီး ျမန္မာ ၈ ဦးထိခိုက္ဒဏ္ရာရခဲ့ပါေသးတယ္။

ထိုင္းႏိုင္ငံထဲမွာ လူေမွာင္ခိုသမားေတြသယ္ေဆာင္လာတဲ့ကားေတြက ရဲစစ္ေဆးေရးဂိတ္ေတြကိုေရွာင္ကြင္းေမာင္းႏွင္ရာကေန ယာဥ္တုိက္မႈေတြျဖစ္ျပီး မၾကာခန ဆိုသလို ေသဆံုးဒဏ္ရာတာေတြလည္း ေပၚေပါက္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ထိုင်းနိုင်ငံ၊ နကွန်စီဌာမရတ်ပြည်နယ်ထဲမှာ သြဂုတ်လ ၁၇ရက်နေ့က တရားမဝင်မြန်မာ ၃၀ကျော်ကိုတင်လာတဲ့ကားတိမ်းမှောက်ခဲ့တာကြောင့် မြန်မာ ၃ဦးပွဲချင်းပြီးသေဆုံးပြီး ၄ဦးက ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့ပါတယ်။ လူကုန်ကူးတဲ့ကားသမားကတော့ထွက်ပြေးသွားခဲ့ပြီး မြန်မာတချို့လည်းဖမ်းဆီးခံရပါတယ် ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်၊ ရနောင်းပြည်နယ်ကနေတရားမဝင်မြန်မာတွေကိုသယ်ဆောင်လာတဲ့ ကာတစီးဟာနကွန်စီဌာမရတ်ပြည်နယ်ထဲမှာ သစ်ပင်ကိုမတော်တဆတိုက်မိပြီး တိမ်းမှောက်ခဲ့တာကြောင့် ကားပေါ်မှာ ပါလာတဲ့အထောက်အထားမဲ့မြန်မာ ၃ဦးသေဆုံးခဲ့ပြီး ၄ဦး က ပြင်းထန်တဲ့ဒဏ်ရာတွေရရှိပြီးဆေးရုံပို့ကုသမူခံနေရတယ်လို့ မြန်မာပြည်သားများအရေးပူးတွဲလှုပ်ရှားမူ့ကော်မတီရဲ့ဥက္ကဌ ဦးမိုးကြိုးကပြောပါတယ်။
"ထိုင်းနိုင်ငံနကွန်စီဌာမရတ်ပြည်နယ် နယ်နမိတ်ထဲမှာဖြစ်တာပါ။ ဒီတရားမဝင် မြန်မာလုပ်သား ၃၃ယောက်က ကော့သောင်းရနောင်းလမ်းကြောင်းအတိုင်းဝင်လာကြတယ်။ ရနောင်းကနေ ပစ်ကပ်ကားနဲ့လူမှောင်ခိုသမားတွေက ခေါ်လာကြတယ်။ နကွန်စီဌာမရတ်ပြည်နယ်နယ်နမိတ်ထဲရောက်တော့လမ်းဘေးက သစ်ပင်ကိုအရှိန်မထိမ်းနိုင်ပဲဝင်တိုက်တယ်။ အဲဒီမှာပဲ တရားမဝင်မြန်မာလုပ်သား ၃ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရပါတယ်။"

ကားပေါ်မှာလူ၃၀ကျော်ဟာ ပြည့်သိပ်စွာလိုက်ပါလာခဲ့တာကြောင့် ကားတိမ်းမှောက်မှုဖြစ်တဲ့အချိန်မှာ တချို့လည်းလွင့်စင်ပြီး ပြင်းထန်တဲ့ဒဏ်ရာတွေရခဲ့တာပါ။ တချို့လည်းရဲတွေ မရောက်ခင်မှာ ထွက်ပြေးကုန်ကြတယ်လို့လည်းရဲတပ်ဖွဲ့သတင်းထုတ်ပြန်ပါတယ်။

"တရားမဝင်လုပ်သားတွေကလည်းအထိတ်တလန့်ဖြစ်ပြီး ကြောက်လန့်တကြား ထွက်ပြေးကြတယ်။ သူတို့ကိုလိုက်ဖမ်းလို့မိတာလည်းရှိတယ်။ လူမှောင်ခိုကားသမားနဲ့အများစု မြန်မာတွေလွတ်မြောက်သွားကြတယ်လို့ နကွန်စီဌာမရတ်ရဲကတော့သတင်းထုတ်ပြန်ထားတယ်"

အထောက်အထားမဲ့မြန်မာတွေအနေနဲ့ ဒဏ်ရာတွေ သက်သာပြီးရင် ထိုင်းဥပဒေအရ အရေးယူခံရနိုင်တယ်လို့လည်းဦးမိုးကြိုးကပြောပါတယ်။

"အခုမှတရားမဝင် ခိုးဝင်လာကြတာဖြစ်တဲ့အတွက် ထိုင်းဥပဒေအရဆိုရင် နစ်နာကြေးလျော်ကြေးတေ့ာ ရပိုင်ခွင့်မရှိဘူး။ တခြားဒဏ်ရာရတဲ့သူတွေကတော့ ထိုင်းဆေးရုံ၊ ဆေးခန်းတွေမှာ လူ့အခွင့်ရေးအရ ဒဏ်ရာတွေပျောက်ကင်းတဲ့အထိကုသခွင့်ရှိတယ်။ ရောဂါပျောက်ကင်းပြီဆိုရင်တော့ ထိုင်းနိုင်ငံကိုတရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှုတွေနဲ့အရေးယူခံရမှာဖြစ်ပါတယ်"

ထိုင်းမြန်မာနယ်စပ်၊ ရနောင်းပြည်နယ်ကနေတရားမ၀ င်မြန်မာ၁၅ဦးကိုသယ်ဆောင်လာတဲ့ကားတစီးဟာ စစ်ဆေးရေးဂိတ်တွေကိုရှောင်ကွင်းမောင်နှင်ရင်းနဲ့ chumphon ပြည်နယ်ထဲမှာဇူလိုင်လ(၁၅)ရက်နေ့ညက ကုန်ကားတစီးနဲ့တိုက်မိတာကြောင့်မြန်မာနိုင်ငံသား၂ဦးအပါအဝင် ကားမောင်းသူပါသေဆုံးခဲ့ပါတယ်။

ပီးခဲ့တဲ့မတ်လ (၁၆) ရက်နေ့ကထိုင်းနိုင်ငံတောင်ပိုင်း ပရာကျွတ်ခီရီခန်ပြည်နယ်အတွင်းတရားမဝင်မြန်မာ(၁၈) ယောက်ကိုတင်ဆောင်လာတဲ့မော်တော်ယာဉ်တိမ်းမှောက်ခဲ့ရာလည်း ၆ ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရခဲ့တာပါ။

ထိုင်း မြန်မာနယ်စပ်၊ တာ့ခ်ပြည်နယ်၊ ဖွတ်ဖရမြို့နယ်ထဲမှာတော့ ဧပြီလ ၅ရက်နေ့က၊ မြန်မာ ၁၈ ဦးကို လူမှောင်ခိုသယ်ဆောင်လာတဲ့ကားတစီး တိမ်းမှောက်ပြီး မြန်မာ ၈ ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

ထိုင်းနိုင်ငံထဲမှာ လူမှောင်ခိုသမားတွေသယ်ဆောင်လာတဲ့ကားတွေက ရဲစစ်ဆေးရေးဂိတ်တွေကိုရှောင်ကွင်းမောင်းနှင်ရာကနေ ယာဉ်တိုက်မှုတွေဖြစ်ပြီး မကြာခန ဆိုသလို သေဆုံးဒဏ်ရာတာတွေလည်း ပေါ်ပေါက်နေပါတယ်။

XS
SM
MD
LG