သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းေရာက္ျမန္မာလုပ္သားေတြ ေလ်ာ္ေၾကးရရွိေရး NUG ၾကားဝင္ၫွိႏိႈင္း


ထိုင္းေရာက္ျမန္မာလုပ္သားေတြ ေလ်ာ္ေၾကးရရွိေရး NUG ၾကားဝင္ၫွိႏိႈင္း

ထိုင္းႏိုင္ငံေတာင္ပိုင္းမွာ အလုပ္သမား (၁၁၀)ဦးကို အလုပ္ထုတ္ နစ္နာေႀကးအျဖစ္ ဘတ္ေငြ ၁၂သိနးေက်ာ္ရေအာင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ က ေျဖရွင္းေဆာင္ရြက္ေပးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္ ။

ထိုင္းေရာက္ျမန္မာလုပ္သားေတြ ေလ်ာ္ေၾကးရရွိေရး NUG ၾကားဝင္ၫွိႏိႈင္း

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံေတာင္ပိုင္း၊ စူရပ္ဌာနီခ႐ိုင္ ခ်ိဳင့္ရာၿမိဳ႔၊ ဖြန္ဖတ္သစ္စက္႐ုံမွာ အလုပ္သမား (၁၁၀)ဦးကို အလုပ္ထုတ္ နစ္နာေႀကးအျဖစ္ ဘတ္ေငြ ၁၂သိနးေက်ာ္ရေအာင္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ အလုပ္သမားဝန္ႀကီးဌာနနဲ႔ AAC မဟာမိတ္အဖဲြက ထိုင္းအလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရးဌာနမွာ ေအာက္တိုဘာလ ၆ ရက္ေန႔က ေျဖရွင္းေဆာင္ရြက္ေပးႏိုင္ခဲ့တယ္လို႔ ဆိုပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္ ။

ထိုင္းႏိုင္ငံေတာင္ပိုင္း ၊ စူရပ္ဌာနီခ႐ိုင္ ခ်ိဳင့္ရာၿမိဳ႔၊ ဖြန္ဖတ္သစ္စက္႐ုံက ျမန္မာအလုပ္သမား ၁၀၀ေက်ာ္ဟာ စက္ရံုပိတ္လိုက္တာေႀကာင့္ အလုပ္ကေန ရပ္နားလိုက္ရတဲ့အတြက္ စူရတ္ဌာနီခ႐ိုင္ အလုပ္သမားကာကြယ္ေစာင့္ေရွာက္ေရးဌာန (ဆာဝါဒီကန္)ကုိ တိုင္ႀကားဖို႔အတြက္ အမ်ိဳးသားညီၫြတ္ေရးအစိုးရ NUG ရဲ႕ အလုပ္သမားဝန္ႀကီးဌာနနဲ့ AAC မဟာမိတ္အဖဲြက အကူညီေပးခဲ့တာပါ။ အလုပ္ထုတ္ နစ္နာေႀကးနဲ႔ အလုပ္လဲြေျပာင္းခြင့္ေတြရဖို႔အတြက္ လုပ္ေဆာင္ေပးခဲ့တာျဖစ္ေႀကာင္း အမ်ိဳးသားညီၫြတ္ေရးအစိုးရNUG ရဲ႕ အလုပ္သမားဝန္ႀကီးဌာန ျပည္ပအလုပ္သမား စီမံခန႔္ခြဲေရးဦးစီးဌာန တာဝန္ရွိသူ ဦးေ၀လင္းေမာင္ က အခုလိုေျပာပါတယ္။

" အဓိကကေတာ့ အဲဒီေန႔ကေတာ့ သူတို႔က က်ေနာ္တို႔ NUG နဲ႔ AAC ကုိ အကူညီေပးဖုိ႔ ေတာင္းဆုိလာတဲ့အတြက္ ေအာက္တုိဘာလ ၆ ရက္ေန႔ ကသြားေျဖရွင္းေပးတယ္။ ေျဖရွင္းလာေတာ့ ဆာ၀ါဒီကန္ နဲ႔ ညိွႏွိုင္းလိုက္တယ္။ ဆာ၀ါဒီကန္ဘက္ကလည္း ၁၂သိန္းနဲ႔ ၅ေသာင္း ကို ၁၄ရက္ေန႔ မွာေပးဖို႔ သေဘာတူခဲ့တယ္။ ၁၄ရက္ေန႔မွ ေပးမွာပါ"

အလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရးဌာနေရွ့မွာ အလုပ္ရွင္နဲ႔ အလုပ္သမားေတြဘက္က သေဘာတူခဲ့ႀကတာကေတာ့ နစ္နာေႀကး အျပည့္ရဖို႔ တရားစဲြဆုိတာမ်ိဳး မလုပ္ေတာ့ပဲ နစ္နာေႀကး ၅၀ရာခိုင္ႏွံုးရဖို႔ အတြက္ သေဘာတူခဲ့ႀကတယ္လို့ဆုိပါတယ္။

" အလုပ္ရွင္ဘက္ကေန စက္ရံုပိတ္လိုက္ရတယ္ ။ စက္ရံုေရာင္းလိုက္ရတဲ့အတြက္ သူ႔မွာေပးစရာမရွိဘူး။ က်ေနာ္တို့က တရားေတြ ဘာေတြစြဲရင္ လည္း ၆လ တႏွစ္ေလာက္ႀကာသြားႏိုင္တယ္။ အလုပ္ရွင္သူေဌးကလည္း ညိွေတာ့ အလုပ္သမားေတြဘက္ကလည္း ေလ်ာ့ယူမယ္။ ၅၀ ရာခိုင္ႏွံုးေလာက္ပဲယူမယ္။ ၆ႏွစ္လုပ္သက္ရွိသူေတြကလည္း တ၀က္ပဲယူမယ္။ အလုပ္သမားေတြဘက္ကလည္း သူတို့တရားစဲြဆုိတာမလုပ္ေတာ့ဘူး ။ သူတို့ကို အလုပ္ေျပာင္းလဲခြင့္နဲ႔ ထုိက္သင့္တဲ့နစ္နာေႀကးရရင္ ေတာ္ပါျပီဆုိျပီး အလုပ္သမားေတြဘက္ကလည္း သေဘာတူလုိက္တယ္"

လုပ္သက္ (၆) ႏွစ္ အထက္ရွိတဲ့ အလုပ္သမားေတြကေတာ့ တဦးကုိ ဘတ္ေငြ ၃ေသာင္းႏွံုး၊ လုပ္သက္၅ႏွစ္ရွိသူေတြကေတာ့ တဦးကုိဘတ္ေငြ ၁၅၀၀၀ နဲ့ လုပ္သက္အလုိက္ နစ္နာေႀကးေတြကို ဥပေဒပါ အခြင့္အေရးအရ အျပည့္မယူေတာ့ပဲ ၅၀ရာခိုင္ႏွံုးပဲ သေဘာတူခဲ့ႀကတယ္လုိ႔ ဆုိပါတယ္။ လုပ္သက္ လပိုင္းသာရွိေသးတဲ့ အလုပ္သမားေတြကေတာ့ တျခားအလုပ္ေတြကို ေျပာင္းေရြ႔ခြင့္ စာရြက္စာတမ္းေတြရဖို႔ သေဘာတူခဲ့ပါတယ္။

အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ အလုပ္သမားဝန္ႀကီးဌာနအေနနဲ႔ ျပည္တြင္းျပည္ပကျမန္မာအလုပ္သမားေတြနဲ႔ ပတ္သက္လိုလည္း တုိင္ႀကားေရးယႏၱယားဖြင့္ျပီး ကူညီေဆာင္ရြက္ေနတဲ့အတြက္ နစ္နာတဲ့ အလုပ္သမားအမ်ားအျပား တိုင္ႀကားလာႀကတာေႀကာင့္ ျပည္ပမွာေတာ့ နစ္နာေႀကးေတြရရွိဖို႔ ေဆာင္ရြက္ေပးႏိုင္တဲ့ အမူေတြ အမ်ားအျပာရွိလာျပီလို႔လည္း ေျပာျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

.............................................

ထိုင်းရောက်မြန်မာလုပ်သားတွေ လျော်ကြေးရရှိရေး NUG ကြားဝင်ညှိနှိုင်း

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံတောင်ပိုင်း၊ စူရပ်ဌာနီခရိုင် ချိုင့်ရာမြို့၊ ဖွန်ဖတ်သစ်စက်ရုံမှာ အလုပ်သမား (၁၁၀)ဦးကို အလုပ်ထုတ် နစ်နာကြေးအဖြစ် ဘတ်ငွေ ၁၂သိနးကျော်ရအောင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ AAC မဟာမိတ်အဖွဲက ထိုင်းအလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနမှာ အောက်တိုဘာလ ၆ ရက်နေ့က ဖြေရှင်းဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ် ။

ထိုင်းနိုင်ငံတောင်ပိုင်း ၊ စူရပ်ဌာနီခရိုင် ချိုင့်ရာမြို့၊ ဖွန်ဖတ်သစ်စက်ရုံက မြန်မာအလုပ်သမား ၁၀၀ကျော်ဟာ စက်ရုံပိတ်လိုက်တာကြောင့် အလုပ်ကနေ ရပ်နားလိုက်ရတဲ့အတွက် စူရတ်ဌာနီခရိုင် အလုပ်သမားကာကွယ်စောင့်ရှောက်ရေးဌာန (ဆာဝါဒီကန်)ကို တိုင်ကြားဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ အလုပ်သမားဝန်ကြီးဌာနနဲ့ AAC မဟာမိတ်အဖွဲက အကူညီပေးခဲ့တာပါ။ အလုပ်ထုတ် နစ်နာကြေးနဲ့ အလုပ်လွဲပြောင်းခွင့်တွေရဖို့အတွက် လုပ်ဆောင်ပေးခဲ့တာဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရNUG ရဲ့ အလုပ်သမားဝန်ကြီးဌာန ပြည်ပအလုပ်သမား စီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိသူ ဦးဝေလင်းမောင် က အခုလိုပြောပါတယ်။

" အဓိကကတော့ အဲဒီနေ့ကတော့ သူတို့က ကျနော်တို့ NUG နဲ့ AAC ကို အကူညီပေးဖို့ တောင်းဆိုလာတဲ့အတွက် အောက်တိုဘာလ ၆ ရက်နေ့ ကသွားဖြေရှင်းပေးတယ်။ ဖြေရှင်းလာတော့ ဆာဝါဒီကန် နဲ့ ညှိနှိုင်းလိုက်တယ်။ ဆာဝါဒီကန်ဘက်ကလည်း ၁၂သိန်းနဲ့ ၅သောင်း ကို ၁၄ရက်နေ့ မှာပေးဖို့ သဘောတူခဲ့တယ်။ ၁၄ရက်နေ့မှ ပေးမှာပါ"

အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးဌာနရှေ့မှာ အလုပ်ရှင်နဲ့ အလုပ်သမားတွေဘက်က သဘောတူခဲ့ကြတာကတော့ နစ်နာကြေး အပြည့်ရဖို့ တရားစွဲဆိုတာမျိုး မလုပ်တော့ပဲ နစ်နာကြေး ၅၀ရာခိုင်နှုံးရဖို့ အတွက် သဘောတူခဲ့ကြတယ်လို့ဆိုပါတယ်။

" အလုပ်ရှင်ဘက်ကနေ စက်ရုံပိတ်လိုက်ရတယ် ။ စက်ရုံရောင်းလိုက်ရတဲ့အတွက် သူ့မှာပေးစရာမရှိဘူး။ ကျနော်တို့က တရားတွေ ဘာတွေစွဲရင် လည်း ၆လ တနှစ်လောက်ကြာသွားနိုင်တယ်။ အလုပ်ရှင်သူဌေးကလည်း ညှိတော့ အလုပ်သမားတွေဘက်ကလည်း လျော့ယူမယ်။ ၅၀ ရာခိုင်နှုံးလောက်ပဲယူမယ်။ ၆နှစ်လုပ်သက်ရှိသူတွေကလည်း တဝက်ပဲယူမယ်။ အလုပ်သမားတွေဘက်ကလည်း သူတို့တရားစွဲဆိုတာမလုပ်တော့ဘူး ။ သူတို့ကို အလုပ်ပြောင်းလဲခွင့်နဲ့ ထိုက်သင့်တဲ့နစ်နာကြေးရရင် တော်ပါပြီဆိုပြီး အလုပ်သမားတွေဘက်ကလည်း သဘောတူလိုက်တယ်"

လုပ်သက် (၆) နှစ် အထက်ရှိတဲ့ အလုပ်သမားတွေကတော့ တဦးကို ဘတ်ငွေ ၃သောင်းနှုံး၊ လုပ်သက်၅နှစ်ရှိသူတွေကတော့ တဦးကိုဘတ်ငွေ ၁၅၀၀၀ နဲ့ လုပ်သက်အလိုက် နစ်နာကြေးတွေကို ဥပဒေပါ အခွင့်အရေးအရ အပြည့်မယူတော့ပဲ ၅၀ရာခိုင်နှုံးပဲ သဘောတူခဲ့ကြတယ်လို့ ဆိုပါတယ်။ လုပ်သက် လပိုင်းသာရှိသေးတဲ့ အလုပ်သမားတွေကတော့ တခြားအလုပ်တွေကို ပြောင်းရွေ့ခွင့် စာရွက်စာတမ်းတွေရဖို့ သဘောတူခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ ပြည်တွင်းပြည်ပကမြန်မာအလုပ်သမားတွေနဲ့ ပတ်သက်လိုလည်း တိုင်ကြားရေးယန္တယားဖွင့်ပြီး ကူညီဆောင်ရွက်နေတဲ့အတွက် နစ်နာတဲ့ အလုပ်သမားအများအပြား တိုင်ကြားလာကြတာကြောင့် ပြည်ပမှာတော့ နစ်နာကြေးတွေရရှိဖို့ ဆောင်ရွက်ပေးနိုင်တဲ့ အမူတွေ အများအပြာရှိလာပြီလို့လည်း ပြောပြခဲ့ပါတယ်။

XS
SM
MD
LG