သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းသစ္စက္႐ုံက ျမန္မာေတြ အလုပ္လုပ္ခြင့္ သက္တမ္းတိုးေပးဖို႔ေတာင္းဆို 


ထိုင္းသစ္စက္႐ုံက ျမန္မာေတြ အလုပ္လုပ္ခြင့္ သက္တမ္းတိုးေပးဖို႔ေတာင္းဆို

ထိုင္းႏို္င္ငံက သစ္စက္ရုံမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာအလုပ္သမား ၂၀၀ ေက်ာ္ဟာ အလုပ္ရွင္က အခေၾကးေငြ ယူထားေပမဲ့ အလုပ္လုပ္ခြင့္ သက္တမ္း တိုးမေပးလို႔ဆိုၿပီး ဆႏၵျပခဲ့ၾကရာက အလုပ္သမားေရး လႈပ္ရွားသူေတြ ၾကား၀င္ညႇိႏႈိင္းေပးေနရပါတယ္။  ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္။ 

ထိုင္းသစ္စက္႐ုံက ျမန္မာေတြ အလုပ္လုပ္ခြင့္ သက္တမ္းတိုးေပးဖို႔ေတာင္းဆို

{{Zawgyi/Unicode}}
ထိုင္းႏို္င္ငံ ေတာင္ပုိင္းက သစ္စက္ရုံတခုမွာ အလုပ္လုပ္ေနၾကတဲ့ ျမန္မာအလုပ္သမား ၂၀၀ ေက်ာ္ဟာ အလုပ္ရွင္က အခေၾကးေငြ ယူထားေပမဲ့ အလုပ္လုပ္ခြင့္ သက္တမ္း တိုးမေပးလို႔ဆိုၿပီး ဆႏၵျပခဲ့ၾကရာက အလုပ္သမားေရး လႈပ္ရွားသူေတြ ၾကား၀င္ညႇိႏႈိင္းေပးေနရပါတယ္။ အလုပ္သမားေရး လႈပ္ရွားသူေတြရဲ႔ ညႇိႏႈိင္းမႈေၾကာင့္ အခုေနာက္ဆုံး အလုပ္သမားေတြ ေတာင္းဆိုထားတဲ့အတိုင္း လုပ္ေပးဖို႔ စက္႐ုံတာ၀န္ရွိသူေတြက ကတိျပဳခဲ့ၾကပါတယ္ လို႔လည္း ေျပာပါတယ္။ အျပည့္အစုံကိုေတာ့ ထိုင္းအေျခစိုက္ ဗီြအိုေအ ျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏို္င္ငံေတာင္ပုိင္း ဆံုခလာျပည္နယ္ ဟတ္ရိုင္ျမိဳ႔နယ္အတြင္းက APK သစ္စက္ရံုမွာ အလုပ္လုပ္ကိုင္ေနႀကတဲ႔ ျမန္မာနဲ႔ ထိုင္းအလုပ္သမား ၃၀၀နီးပါးရွိတဲ့အနက္ ျမန္မာအလုပ္သမား၂၀၀ ဟာ ႏို၀င္ဘာလ ၁၇ ရက္ေန႔က အလုပ္သမားအခြင့္အေရး ခ်ိဳးေဖာက္ခံရတယ္ဆိုျပီး ဆႏၵျပခဲ့ၾကပါတယ္ ။

အလုပ္ရွင္ဘက္က ျမန္မာအလုပ္သမားေတြရဲ႔ ႏိုင္ငံကူးစာအုပ္ေတြ မည္သူမည္၀ါျဖစ္ေႀကာင္း အေထာက္အထား စာအုပ္ေတြကို သိမ္းဆည္းထားျပီး ဗီဇာသက္တမ္း တုိးေပမယ္ဆုိျပီး ေငြေႀကးေကာက္ခံထားေပမယ့္ ၊ တကယ္လက္ေတြ႔မွာ သက္တမ္းမတိုးေပးေတာ့ဘဲ အေထာက္အထားမရွိသူေတြကို လုပ္ေပးတဲ့ ပန္ေရာင္ကဒ္လို႔ ေခၚတဲ့ အေထာက္အထားကဒ္ေတြ ျပန္လုပ္ေပးခဲ့တယ္လို႔ဆိုပါတယ္။

ပန္းေရာက္ကဒ္က နယ္ေက်ာ္ျပီး သြားလာခြင့္မရတဲ့အျပင္ သက္တမ္းတိုးခြင့္ရွိတဲ့ ႏိုင္ငံကူးလက္မွတ္စာအုပ္ေတြကို သိမ္းဆည္းထားတဲ့အတြက္ အလုပ္သမားေတြက ဆႏၵထုတ္ေဖာ္ခဲ့တာျဖစ္ေႀကာင္း ဟတ္ရိုင္ျမိဳ႔ ေရႊ႔ေျပာင္းအလုပ္သမား အခြင့္ေရးကြန္ယက္ တာ၀န္ခံ ဦးဘရီ က အခုလို ေျပာျပပါတယ္ ။

"စက္ရံုမွာ MOU လုပ္သားေတြ အားလံုး ၄ဖဲြ႔ရိွပါတယ္။ MOU လုပ္သားေတြေကာ CI ကုိင္ေဆာင္ထားသူအားလံုးကို စက္ရံုက စာရြက္စာတမ္းေတြကိုသိမ္းဆည္းထားပါတယ္ ။ အဲဒီလိုသိမ္းျပီးတဲ့ေနာက္မွာေတာ့ ဗီဇာ ဆက္မယ္ဆိုျပီး ပထမအသုတ္အျဖစ္ ဘတ္ေငြ ခုႏွစ္ေထာင္ျဖတ္တယ္။ ေနာက္အသုတ္အျဖစ္ ၄၇ဝဝ ကိုျဖတ္တယ္ ။ ျဖတ္ျပီးေတာ့ ဗီဇာသက္တမ္း တိုးေပးတာမရွိေတာ့ဘူး။ ေနာက္ပုိင္းမွာ အလုပ္သမားေတြက မေက်နပ္မူ႔ေတြမ်ားတယ္။ တခ်ိဳ႔အလုပ္သမားေတြ ဆိုရင္ေတာ့ ဗီဇာသက္တမ္း မတိုးေပးတဲ့အျပင္ အဲဒီထဲက အလုပ္သမား၂၃ေယာက္ကိုေတာ့ အလုပ္သမားအသစ္ပံုစံမ်ိိဳးနဲ႔ ဘာမွအေထာက္အထားမရွိတဲ့ပံုစံမ်ိဳးနဲ႔ ပန္းေရာင္ကဒ္ အသစ္ျပန္တင္တာေပါ့ဗ်ာ။ အလုပ္သမားေတြရဲ႔ သေဘာတူညီခ်က္မရပဲအဲဒီလိုတင္ေတာ့ အလုပ္သမားေတြက မေျကနပ္ၾကဘူး။ ဒီအတြက္က်ေနာ္ကိုဆက္သြယ္လာတယ္၊က်ေနာ္ကေတာ့ ထုိင္းႏိုင္ငံရဲ႔ အလုပ္သမား သမဂၢ SERC ကုိ က်ေနာ္က ဖုန္းဆက္ျပီး ေျပာျပတယ္ ။ ထိုင္းႏိုင္ငံရဲ႔ အလုပ္သမား ကာကြယ္ေစာင့္ေရွာက္ေရးရံုး ကို ဆက္သြယ္ခဲ့တယ္ ။ အဲဒီမွာပဲ သြားဆံုႀကျပီး ဆႏၵျပတဲ့ေနရာမွာ သြားေျဖရွင္းတာေတာ့ ၄နာရီေလာက္ေတာ့ႀကာပါတယ္"

စက္ရံုအေနနဲ႔ ကိုဗစ္ကပ္ေဘး ကာလမွာ ကာကြယ္ေဆး ထုိးေပးဖုိ႔ ဆိုျပီး တဦးကိုဘတ္ေငြ တေထာင္စီ ေကာက္ခံခဲ့တာအျပင္ မႀကာခန ေငြေႀကးေကာက္ခံတာေတြ လုပ္ခဲ့တာပါ။ ႏိုင္ငံကူးလက္မွတ္ေတြ သက္တမ္းတုိးေပးမယ္ဆိုျပီး ေကာက္ခံထားတဲ့ေငြေတြကလည္း ေကာက္ခံထားတဲ့ လူက လိမ္လည္သြားေႀကာင္း စက္ရံုဘက္က ေျပာဆိုခဲ့ေပမယ့္ ႏိုင္ငံကူးစာအုပ္စာတမ္းေတြကုိလည္း ျပန္ေပးမယ့္အေႀကာင္း ေငြေႀကးျပသနာကိုလည္း ေျဖရွင္းေပမယ့္အေႀကာင္း အလုပ္သမားသမဂၢေတြ နဲ႔ ညိွႏိုွင္းစဥ္မွာ ကတိေပးခ့ဲပါတယ္။ လာမဲ့ ဒီဇင္ဘာလ ၇ ရက္ေန႔မွာေတာ့ အလုပ္သမားေတြဆီက ေကာက္ခံထားတဲ့ ေငြေႀကးတခ်ိဳ႔ကုိလည္း ျပန္ေပးမယ္လို႔ ေျပာႀကားခဲ့တယ္လို႔ ဆိုပါတယ္။

" ျပသနာေတြကို ေျဖရွင္းတဲ့အခါမွာ သူတာ၀န္ယူေပးမယ္ေျပာတယ္။ ေျဖရွင္းေပးမဲ့ ပိုက္ဆံေတြကိုေတာ့ ထြက္ေျပးသြားတဲ့ စကားျပန္ဆီကေန ျပန္ရေအာင္ လုပ္ေပးပါမယ္လို႔ ၀န္ခံကတိေပးတယ္။ ကိုဗစ္ကာလမွာ ျဖတ္ထားတဲ့ ဘတ္ေငြတေထာင္ကိုေတာ့ ဒီဇင္ဘာလ ၇ ရက္ေန႔မွာ ျပန္ေပးမယ္ေျပာတယ္ ။ အလုပ္သမားေတြဆီက သိမ္းထားတဲ့ ပတ္စပို႔ေတြ ၊ CI စာအုပ္ေတြ ၊ MOU စာအုပ္စာရြက္စာတမ္းေတြ ရက္ေပါင္း၉၀ တဆိပ္တံုး ထုထားတဲ့ စာရြက္စာမ္းေတြကုိ ျပန္ေပးမယ္လို႔ ၀န္ခံကတိေပးပါတယ္"

အလုပ္သမားေတြဘက္ကေတာ့ စက္ရံုဘက္က ျပန္လည္းေျဖရွင္းေပးမယ္ဆုိတဲ့ ကတိက၀တ္ေႀကာင့္ ေၾကေအးေပးခဲ့ေပမယ့္ အလုပ္သမားေရးေဆာင္ရြက္ေနသူေတြကေတာ့ စက္ရံုဘက္ကတိတည္ မတည္ ေစာင့္ႀကည့္သြာမွာ လို႔ဆိုပါတယ္။ အခုလိုမ်ိဳး အလုပ္သမားေတြရဲ႔ ႏိုင္ငံကူးလက္မွတ္သိမ္းဆည္းထားတာမ်ိဳးေတြ အေထာက္အထား မရွိသူေတြလိုမ်ိဳး လက္မွတ္အသစ္ျပန္လုပ္ခိုင္းတာေတြဟာ ဥပေဒနဲ႔ မညီ အလုပ္သမား အခြင့္အေရး ခ်ိဳးေဖာက္တာျဖစ္ေႀကာင္းအလုပ္သမားအေရး ေဆာင္ရြက္ေနသူေတြက ေျပာပါတယ္ ။

တိုက္႐ိုက္ လင့္ခ္

..........................................................

ထိုင်းသစ်စက်ရုံက မြန်မာတွေ အလုပ်လုပ်ခွင့် သက်တမ်းတိုးပေးဖို့တောင်းဆို

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံ တောင်ပိုင်းက သစ်စက်ရုံတခုမှာ အလုပ်လုပ်နေကြတဲ့ မြန်မာအလုပ်သမား ၂၀၀ ကျော်ဟာ အလုပ်ရှင်က အခကြေးငွေ ယူထားပေမဲ့ အလုပ်လုပ်ခွင့် သက်တမ်း တိုးမပေးလို့ဆိုပြီး ဆန္ဒပြခဲ့ကြရာက အလုပ်သမားရေး လှုပ်ရှားသူတွေ ကြားဝင်ညှိနှိုင်းပေးနေရပါတယ်။ အလုပ်သမားရေး လှုပ်ရှားသူတွေရဲ့ ညှိနှိုင်းမှုကြောင့် အခုနောက်ဆုံး အလုပ်သမားတွေ တောင်းဆိုထားတဲ့အတိုင်း လုပ်ပေးဖို့ စက်ရုံတာဝန်ရှိသူတွေက ကတိပြုခဲ့ကြပါတယ် လို့လည်း ပြောပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းအခြေစိုက် ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံတောင်ပိုင်း ဆုံခလာပြည်နယ် ဟတ်ရိုင်မြို့နယ်အတွင်းက APK သစ်စက်ရုံမှာ အလုပ်လုပ်ကိုင်နေကြတဲ့ မြန်မာနဲ့ ထိုင်းအလုပ်သမား ၃၀၀နီးပါးရှိတဲ့အနက် မြန်မာအလုပ်သမား၂၀၀ ဟာ နိုဝင်ဘာလ ၁၇ ရက်နေ့က အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတယ်ဆိုပြီး ဆန္ဒပြခဲ့ကြပါတယ် ။

အလုပ်ရှင်ဘက်က မြန်မာအလုပ်သမားတွေရဲ့ နိုင်ငံကူးစာအုပ်တွေ မည်သူမည်ဝါဖြစ်ကြောင်း အထောက်အထား စာအုပ်တွေကို သိမ်းဆည်းထားပြီး ဗီဇာသက်တမ်း တိုးပေမယ်ဆိုပြီး ငွေကြေးကောက်ခံထားပေမယ့် ၊ တကယ်လက်တွေ့မှာ သက်တမ်းမတိုးပေးတော့ဘဲ အထောက်အထားမရှိသူတွေကို လုပ်ပေးတဲ့ ပန်ရောင်ကဒ်လို့ ခေါ်တဲ့ အထောက်အထားကဒ်တွေ ပြန်လုပ်ပေးခဲ့တယ်လို့ဆိုပါတယ်။

ပန်းရောက်ကဒ်က နယ်ကျော်ပြီး သွားလာခွင့်မရတဲ့အပြင် သက်တမ်းတိုးခွင့်ရှိတဲ့ နိုင်ငံကူးလက်မှတ်စာအုပ်တွေကို သိမ်းဆည်းထားတဲ့အတွက် အလုပ်သမားတွေက ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ကြောင်း ဟတ်ရိုင်မြို့ ရွှေ့ပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက် တာဝန်ခံ ဦးဘရီ က အခုလို ပြောပြပါတယ် ။

"စက်ရုံမှာ MOU လုပ်သားတွေ အားလုံး ၄ဖွဲ့ရှိပါတယ်။ MOU လုပ်သားတွေကော CI ကိုင်ဆောင်ထားသူအားလုံးကို စက်ရုံက စာရွက်စာတမ်းတွေကိုသိမ်းဆည်းထားပါတယ် ။ အဲဒီလိုသိမ်းပြီးတဲ့နောက်မှာတော့ ဗီဇာ ဆက်မယ်ဆိုပြီး ပထမအသုတ်အဖြစ် ဘတ်ငွေ ခုနှစ်ထောင်ဖြတ်တယ်။ နောက်အသုတ်အဖြစ် ၄၇ဝဝ ကိုဖြတ်တယ် ။ ဖြတ်ပြီးတော့ ဗီဇာသက်တမ်း တိုးပေးတာမရှိတော့ဘူး။ နောက်ပိုင်းမှာ အလုပ်သမားတွေက မကျေနပ်မူ့တွေများတယ်။ တချို့အလုပ်သမားတွေ ဆိုရင်တော့ ဗီဇာသက်တမ်း မတိုးပေးတဲ့အပြင် အဲဒီထဲက အလုပ်သမား၂၃ယောက်ကိုတော့ အလုပ်သမားအသစ်ပုံစံမျိုးနဲ့ ဘာမှအထောက်အထားမရှိတဲ့ပုံစံမျိုးနဲ့ ပန်းရောင်ကဒ် အသစ်ပြန်တင်တာပေါ့ဗျာ။ အလုပ်သမားတွေရဲ့ သဘောတူညီချက်မရပဲအဲဒီလိုတင်တော့ အလုပ်သမားတွေက မကြေနပ်ကြဘူး။ ဒီအတွက်ကျနော်ကိုဆက်သွယ်လာတယ်၊ကျနော်ကတော့ ထိုင်းနိုင်ငံရဲ့ အလုပ်သမား သမဂ္ဂ SERC ကို ကျနော်က ဖုန်းဆက်ပြီး ပြောပြတယ် ။ ထိုင်းနိုင်ငံရဲ့ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး ကို ဆက်သွယ်ခဲ့တယ် ။ အဲဒီမှာပဲ သွားဆုံကြပြီး ဆန္ဒပြတဲ့နေရာမှာ သွားဖြေရှင်းတာတော့ ၄နာရီလောက်တော့ကြာပါတယ်"

စက်ရုံအနေနဲ့ ကိုဗစ်ကပ်ဘေး ကာလမှာ ကာကွယ်ဆေး ထိုးပေးဖို့ ဆိုပြီး တဦးကိုဘတ်ငွေ တထောင်စီ ကောက်ခံခဲ့တာအပြင် မကြာခန ငွေကြေးကောက်ခံတာတွေ လုပ်ခဲ့တာပါ။ နိုင်ငံကူးလက်မှတ်တွေ သက်တမ်းတိုးပေးမယ်ဆိုပြီး ကောက်ခံထားတဲ့ငွေတွေကလည်း ကောက်ခံထားတဲ့ လူက လိမ်လည်သွားကြောင်း စက်ရုံဘက်က ပြောဆိုခဲ့ပေမယ့် နိုင်ငံကူးစာအုပ်စာတမ်းတွေကိုလည်း ပြန်ပေးမယ့်အကြောင်း ငွေကြေးပြသနာကိုလည်း ဖြေရှင်းပေမယ့်အကြောင်း အလုပ်သမားသမဂ္ဂတွေ နဲ့ ညှိနိုှင်းစဉ်မှာ ကတိပေးခဲ့ပါတယ်။ လာမဲ့ ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ အလုပ်သမားတွေဆီက ကောက်ခံထားတဲ့ ငွေကြေးတချို့ကိုလည်း ပြန်ပေးမယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

" ပြသနာတွေကို ဖြေရှင်းတဲ့အခါမှာ သူတာဝန်ယူပေးမယ်ပြောတယ်။ ဖြေရှင်းပေးမဲ့ ပိုက်ဆံတွေကိုတော့ ထွက်ပြေးသွားတဲ့ စကားပြန်ဆီကနေ ပြန်ရအောင် လုပ်ပေးပါမယ်လို့ ဝန်ခံကတိပေးတယ်။ ကိုဗစ်ကာလမှာ ဖြတ်ထားတဲ့ ဘတ်ငွေတထောင်ကိုတော့ ဒီဇင်ဘာလ ၇ ရက်နေ့မှာ ပြန်ပေးမယ်ပြောတယ် ။ အလုပ်သမားတွေဆီက သိမ်းထားတဲ့ ပတ်စပို့တွေ ၊ CI စာအုပ်တွေ ၊ MOU စာအုပ်စာရွက်စာတမ်းတွေ ရက်ပေါင်း၉၀ တဆိပ်တုံး ထုထားတဲ့ စာရွက်စာမ်းတွေကို ပြန်ပေးမယ်လို့ ဝန်ခံကတိပေးပါတယ်"

အလုပ်သမားတွေဘက်ကတော့ စက်ရုံဘက်က ပြန်လည်းဖြေရှင်းပေးမယ်ဆိုတဲ့ ကတိကဝတ်ကြောင့် ကြေအေးပေးခဲ့ပေမယ့် အလုပ်သမားရေးဆောင်ရွက်နေသူတွေကတော့ စက်ရုံဘက်ကတိတည် မတည် စောင့်ကြည့်သွာမှာ လို့ဆိုပါတယ်။ အခုလိုမျိုး အလုပ်သမားတွေရဲ့ နိုင်ငံကူးလက်မှတ်သိမ်းဆည်းထားတာမျိုးတွေ အထောက်အထား မရှိသူတွေလိုမျိုး လက်မှတ်အသစ်ပြန်လုပ်ခိုင်းတာတွေဟာ ဥပဒေနဲ့ မညီ အလုပ်သမား အခွင့်အရေး ချိုးဖောက်တာဖြစ်ကြောင်းအလုပ်သမားအရေး ဆောင်ရွက်နေသူတွေက ပြောပါတယ် ။

XS
SM
MD
LG