သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

MoU နဲ႔ အလုပ္ထြက္လုပ္သူ ျမန္မာႏိုင္ငံသားေတြမ်ားလာ


ထိုင္းႏိုင္ငံ ညစေ်း

[[ ZAWGYI / UNICODE ]]

MoU နဲ႔ အလုပ္ထြက္လုပ္သူ ျမန္မာႏိုင္ငံသားေတြမ်ားလာ

ကိုဗစ္ကပ္ေရာဂါ ကာလ အကန႔္အသတ္နဲ႔ တားျမစ္ခ်က္ေတြကို ေျဖေလွ်ာ့ေနၿပီျဖစ္တဲ့ အာရွႏိုင္ငံတခ်ိဳ႕က ျမန္မာႏိုင္ငံက လုပ္သားေတြကို MoU စာခ်ဳပ္နဲ႔ ဆက္တိုက္ ေခၚယူေနပါတယ္။ ဒီအထဲမွာ ထိုင္းႏိုင္ငံက ကမ္းလွမ္းတဲ့ အေရအတြက္က အမ်ားဆုံးပါ။ အလုပ္သမားေရးရာ ကိစၥေတြကို ကူညီေပးေနတဲ့ အဖြဲ႕ေတြကေတာ့ အခြင့္အလမ္းနဲ႔အတူ အလုပ္သမား အခြင့္အေရး ခ်ိဳးေဖာက္ခံရတဲ့ ကိစၥေတြကိုလည္း မ်က္ေျခမပ်က္ဘဲ သက္ဆိုင္ရာ အဖြဲ႕အားလုံးက တာဝန္ယူမႈရွိဖို႔ လိုမယ္ဆိုၿပီး အႀကံျပဳၾကပါတယ္။ ဒီသတင္းေပးပို႔ခ်က္ကို ကိုရဲမြန္က ေျပာျပမွာပါ။

တျခားႏိုင္ငံေတြနဲ႔ MOU နားလည္မႈစာခၽြန္လႊာအရ ေမလ ၁၀ ရက္ကစလို႔ ျပည္ပကို အလုပ္သမားေတြ ေသာင္းနဲ႔ခ်ီ တသုတ္ၿပီး တသုတ္ ေစလႊတ္ေနတယ္လို႔ အလုပ္သမားေရးရာ အဖြဲ႕အစည္းတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ ဒီအထဲမွာ ထိုင္းကိုသြားတဲ့ အေရအတြက္က အမ်ားဆုံးျဖစ္ပါတယ္။ ထိုင္းႏိုင္ငံက ျမန္မာအလုပ္သမားလိုအပ္ခ်က္ ျမင့္တက္ေနဆဲျဖစ္တယ္လို႔ ျမန္မာအလုပ္သမားေရးဌာနက အၿမဲတမ္း အတြင္းဝန္ ဦးၫႊန႔္ဝင္းက ဗြီအိုေအကို ေျပာပါတယ္။

"လက္ရွိသြားတဲ့ ႏႈန္းအရေတာ့ (ထိုင္းက) ၉ ေသာင္းေလာက္ ေခၚမယ္လို႔မဟုတ္ဘူး ေတာက္ေလွ်ာက္ေတာ့ Demand ေတြက တက္ေနတာ။ ဆိုေတာ့ တလကို ပုံမွန္အားျဖင့္ တေသာင္းေက်ာ္ေလာက္ ေတာက္ေလွ်ာက္ လႊတ္ေနတယ္။ ငါးလပိုင္းကေန အခု ဆယ္လပိုင္းေပါ့ ေျခာက္လအတြင္းမွာ ၇၀,၀၀၀ ေက်ာ္ဆိုေတာ့ တလကို တေသာင္းေက်ာ္ေလာက္ လႊတ္တယ္။ က်ေနာ္တို႔သိထားတာ သူတို႔ဆီမွာ အလုပ္သမား အလုပ္သမားလိုအပ္ခ်က္ ေတာ္ေတာ္ ျမင့္တက္ေနတယ္လို႔ ၾကားတယ္။"

ျပည္တြင္း ႏိုင္ငံေရးမတည္ၿငိမ္မႈ၊ အလုပ္အကိုင္ရွားပါးမႈနဲ႔ ကုန္ေဈးႏႈန္းႀကီးျမင့္မႈ စီးပြားေရး အခက္အခဲေတြေၾကာင့္ ျပည္ပကိုထြက္ၿပီးအလုပ္လုပ္ခ်င္တဲ့ ျမန္မာလူငယ္ေတြ ပိုမ်ားလာပါတယ္။ ထိုင္းမွာေတာ့ ျမန္မာက်ပ္ေငြတန္ဖိုးနဲ႔ တရက္ကို ၂၆,၀၀၀ ေလာက္ ဝင္ေငြရပါတယ္လို႔ အၾကမ္းမ်ဥ္း ေျပာၾကပါတယ္။ ဂ်ပန္နဲ႔ ကိုရီးယားသြားတဲ့ သူေတြကေတာ့ အလုပ္ေပၚမူတည္ၿပီး လစာရတာေတြ ကြဲျပားႏိုင္ပါတယ္။ ျပည္ပအလုပ္အကိုင္ ဝန္ေဆာင္မႈ လုပ္ငန္းရွင္မ်ားအဖြဲ႕ခ်ဳပ္က တာဝန္ရွိသူတဦး က အခုလို ရွင္းျပပါတယ္။

" ထိုင္းကေတာ့ လုပ္ငန္းေပါင္းစုံပါပဲ စက္႐ုံေတြလည္း ရွိတာေပါ့ေနာ္၊ အထည္ခ်ဳပ္ေတြလည္း ရွိတယ္၊ ေဆာက္လုပ္ေရးေတြလည္း ရွိပါတယ္။ ဒီ ၁၀လပိုင္းမွာေတာ့ လစာနည္းနည္း အေျပာင္းအလဲရွိမယ္လို႔ ေျပာတယ္ ယခင္ႏႈန္းတားကေတာ့ ၃၃၁ ဘတ္ေပါ့ေနာ္ အလုပ္ခ်ိန္၈နာရီေလ။ ဂ်ပန္ကေတာ့ Training visa ေပါ့ေနာ္ ကိုရီးယားလည္း training visa သေဘာမ်ိဳးပါပဲ။ ဒါကေတာ့ အလုပ္သမား ဝန္ႀကီးဌာနက ကိုင္ထားေတာ့ေလ က်မတို႔က လစာပိုင္း သိပ္မသိလွဘူး။ တခုနဲ႔တခုမတူဘူး လုပ္ငန္းမတူဘူး။"

MoU နဲ႔အလုပ္သြားလုပ္ၾကသူေတြအျပင္ ထိုင္းႏိုင္ငံမွာ သက္ေသခံကတ္ျပား (CI) နဲ႔ အလုပ္လုပ္ေနတဲ့ ျမန္မာလုပ္သားလည္း ေသာင္းနဲ႔ခ်ီရွိပါတယ္။ ျမန္မာအလုပ္သမားေတြ အလုပ္သမားအခြင့္အေရးခ်ဳိးေဖာက္ခံရမႈ၊ ေခါင္းပံုျဖတ္ခံရမႈေတြလည္း မၾကာခဏ ျဖစ္ေလ့ရွိၿပီး အဲဒီလိုခံရသူေတြထဲမွာ MoU အရလာအလုပ္လုပ္တဲ့ အလုပ္သမားတခ်ဳိ႕လည္း ပါဝင္ေနတယ္လို႔ ထိုင္းအေျခစိုက္ ျမန္မာ အလုပ္သမားေရး အဖြဲ႕ေတြက ေျပာပါတယ္။ ဒီကိစၥကို ထိုင္းအလုပ္ရွင္ေတြက တာဝန္ယူမႈရွိေအာင္ ျမန္မာဘက္ကလည္း ေျဖရွင္းသင့္တယ္လို႔ အႀကံျပဳေနၾကပါတယ္။ ျမန္မာအလုပ္သမားေရး ဌာနဘက္ကေတာ့ တရားဝင္ ေစလႊတ္ထားတဲ့ အလုပ္သမားေတြ အေရးကိစၥကို တာဝန္ယူၿပီး ေျဖရွင္းေပးမွာျဖစ္ေၾကာင္း အၿမဲတမ္းအတြင္းဝန္ ဦးၫႊန႔္ဝင္းက ေျပာပါတယ္။

" ေအဂ်င္စီကရွင္းမယ္၊ ေအဂ်င္စီက ရွင္းလို႔မရရင္ ဟိုမွာလည္း အလုပ္သမား သံအရာရွိေတြ ရွိပါတယ္။ ဘန္ေကာက္မွာလည္းရွိတယ္၊ ထိုင္းမွာဆို ငါးေယာက္ေတာင္ ခန႔္ထားတာျဖစ္တယ္။ ခ်က္ခ်င္း လိုအပ္ရင္ လိုအပ္သလို ျဖန႔္လႊဲၿပီးေတာ့ ေအဂ်င္စီေရာ အလုပ္သမား သံအရာရွိေရာ၊ လိုအပ္ရင္ သံအမတ္ႀကီးကအစ၊ တရားဝင္ လက္မွတ္ထိုးထားတာ ျဖစ္တဲ့အတြက္ အေရးတယူနဲ႔ ထိထိေရာက္ေရာက္ ေျဖရွင္း ေဆာင္႐ြက္မႈေတြကို လုပ္သြားမွာ ျဖစ္ပါတယ္။"

အခုေနာက္ပိုင္းမွာ ဂ်ပန္နဲ႔ ေတာင္ကိုရီးယားကလည္း ျမန္မာႏိုင္ငံက အလုပ္သမားေတြကို တိုးၿပီးေခၚယူေနပါတယ္။ ထိုင္းႏိုင္ငံအျပင္ ဂ်ပန္၊ ကိုရီးယားနဲ႔ မေလးရွားကိုပါ ထည့္တြက္မယ္ဆိုရင္ ေျခာက္လအတြင္း ျပည္ပမွာ အလုပ္သြားလုပ္တဲ့ ျမန္မာအေရအတြက္က တသိန္းနီးပါး ရွိသြားၿပီလို႔လည္း အလုပ္သမားေရး အဖြဲ႕အစည္းေတြက ခန္႔မွန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

{{ UNICODE }}

MoU နဲ့ အလုပ်ထွက်လုပ်သူ မြန်မာနိုင်ငံသားတွေများလာ

ကိုဗစ်ကပ်ရောဂါ ကာလ အကန့်အသတ်နဲ့ တားမြစ်ချက်တွေကို ဖြေလျှော့နေပြီဖြစ်တဲ့ အာရှနိုင်ငံတချို့က မြန်မာနိုင်ငံက လုပ်သားတွေကို MoU စာချုပ်နဲ့ ဆက်တိုက် ခေါ်ယူနေပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံက ကမ်းလှမ်းတဲ့ အရေအတွက်က အများဆုံးပါ။ အလုပ်သမားရေးရာ ကိစ္စတွေကို ကူညီပေးနေတဲ့ အဖွဲ့တွေကတော့ အခွင့်အလမ်းနဲ့အတူ အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရတဲ့ ကိစ္စတွေကိုလည်း မျက်ခြေမပျက်ဘဲ သက်ဆိုင်ရာ အဖွဲ့အားလုံးက တာဝန်ယူမှုရှိဖို့ လိုမယ်ဆိုပြီး အကြံပြုကြပါတယ်။ ဒီသတင်းပေးပို့ချက်ကို ကိုရဲမွန်က ပြောပြမှာပါ။

တခြားနိုင်ငံတွေနဲ့ MOU နားလည်မှုစာချွန်လွှာအရ မေလ ၁၀ ရက်ကစလို့ ပြည်ပကို အလုပ်သမားတွေ သောင်းနဲ့ချီ တသုတ်ပြီး တသုတ် စေလွှတ်နေတယ်လို့ အလုပ်သမားရေးရာ အဖွဲ့အစည်းတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီအထဲမှာ ထိုင်းကိုသွားတဲ့ အရေအတွက်က အများဆုံးဖြစ်ပါတယ်။ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားလိုအပ်ချက် မြင့်တက်နေဆဲဖြစ်တယ်လို့ မြန်မာအလုပ်သမားရေးဌာနက အမြဲတမ်း အတွင်းဝန် ဦးညွှန့်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

"လက်ရှိသွားတဲ့ နှုန်းအရတော့ (ထိုင်းက) ၉ သောင်းလောက် ခေါ်မယ်လို့မဟုတ်ဘူး တောက်လျှောက်တော့ Demand တွေက တက်နေတာ။ ဆိုတော့ တလကို ပုံမှန်အားဖြင့် တသောင်းကျော်လောက် တောက်လျှောက် လွှတ်နေတယ်။ ငါးလပိုင်းကနေ အခု ဆယ်လပိုင်းပေါ့ ခြောက်လအတွင်းမှာ ၇၀,၀၀၀ ကျော်ဆိုတော့ တလကို တသောင်းကျော်လောက် လွှတ်တယ်။ ကျနော်တို့သိထားတာ သူတို့ဆီမှာ အလုပ်သမား အလုပ်သမားလိုအပ်ချက် တော်တော် မြင့်တက်နေတယ်လို့ ကြားတယ်။"

ပြည်တွင်း နိုင်ငံရေးမတည်ငြိမ်မှု၊ အလုပ်အကိုင်ရှားပါးမှုနဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှု စီးပွားရေး အခက်အခဲတွေကြောင့် ပြည်ပကိုထွက်ပြီးအလုပ်လုပ်ချင်တဲ့ မြန်မာလူငယ်တွေ ပိုများလာပါတယ်။ ထိုင်းမှာတော့ မြန်မာကျပ်ငွေတန်ဖိုးနဲ့ တရက်ကို ၂၆,၀၀၀ လောက် ဝင်ငွေရပါတယ်လို့ အကြမ်းမျဉ်း ပြောကြပါတယ်။ ဂျပန်နဲ့ ကိုရီးယားသွားတဲ့ သူတွေကတော့ အလုပ်ပေါ်မူတည်ပြီး လစာရတာတွေ ကွဲပြားနိုင်ပါတယ်။ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းရှင်များအဖွဲ့ချုပ်က တာဝန်ရှိသူတဦး က အခုလို ရှင်းပြပါတယ်။

" ထိုင်းကတော့ လုပ်ငန်းပေါင်းစုံပါပဲ စက်ရုံတွေလည်း ရှိတာပေါ့နော်၊ အထည်ချုပ်တွေလည်း ရှိတယ်၊ ဆောက်လုပ်ရေးတွေလည်း ရှိပါတယ်။ ဒီ ၁၀လပိုင်းမှာတော့ လစာနည်းနည်း အပြောင်းအလဲရှိမယ်လို့ ပြောတယ် ယခင်နှုန်းတားကတော့ ၃၃၁ ဘတ်ပေါ့နော် အလုပ်ချိန်၈နာရီလေ။ ဂျပန်ကတော့ Training visa ပေါ့နော် ကိုရီးယားလည်း training visa သဘောမျိုးပါပဲ။ ဒါကတော့ အလုပ်သမား ဝန်ကြီးဌာနက ကိုင်ထားတော့လေ ကျမတို့က လစာပိုင်း သိပ်မသိလှဘူး။ တခုနဲ့တခုမတူဘူး လုပ်ငန်းမတူဘူး။"

MoU နဲ့အလုပ်သွားလုပ်ကြသူတွေအပြင် ထိုင်းနိုင်ငံမှာ သက်သေခံကတ်ပြား (CI) နဲ့ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သားလည်း သောင်းနဲ့ချီရှိပါတယ်။ မြန်မာအလုပ်သမားတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှု၊ ခေါင်းပုံဖြတ်ခံရမှုတွေလည်း မကြာခဏ ဖြစ်လေ့ရှိပြီး အဲဒီလိုခံရသူတွေထဲမှာ MoU အရလာအလုပ်လုပ်တဲ့ အလုပ်သမားတချို့လည်း ပါဝင်နေတယ်လို့ ထိုင်းအခြေစိုက် မြန်မာ အလုပ်သမားရေး အဖွဲ့တွေက ပြောပါတယ်။ ဒီကိစ္စကို ထိုင်းအလုပ်ရှင်တွေက တာဝန်ယူမှုရှိအောင် မြန်မာဘက်ကလည်း ဖြေရှင်းသင့်တယ်လို့ အကြံပြုနေကြပါတယ်။ မြန်မာအလုပ်သမားရေး ဌာနဘက်ကတော့ တရားဝင် စေလွှတ်ထားတဲ့ အလုပ်သမားတွေ အရေးကိစ္စကို တာဝန်ယူပြီး ဖြေရှင်းပေးမှာဖြစ်ကြောင်း အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက ပြောပါတယ်။

" အေဂျင်စီကရှင်းမယ်၊ အေဂျင်စီက ရှင်းလို့မရရင် ဟိုမှာလည်း အလုပ်သမား သံအရာရှိတွေ ရှိပါတယ်။ ဘန်ကောက်မှာလည်းရှိတယ်၊ ထိုင်းမှာဆို ငါးယောက်တောင် ခန့်ထားတာဖြစ်တယ်။ ချက်ချင်း လိုအပ်ရင် လိုအပ်သလို ဖြန့်လွှဲပြီးတော့ အေဂျင်စီရော အလုပ်သမား သံအရာရှိရော၊ လိုအပ်ရင် သံအမတ်ကြီးကအစ၊ တရားဝင် လက်မှတ်ထိုးထားတာ ဖြစ်တဲ့အတွက် အရေးတယူနဲ့ ထိထိရောက်ရောက် ဖြေရှင်း ဆောင်ရွက်မှုတွေကို လုပ်သွားမှာ ဖြစ်ပါတယ်။"

အခုနောက်ပိုင်းမှာ ဂျပန်နဲ့ တောင်ကိုရီးယားကလည်း မြန်မာနိုင်ငံက အလုပ်သမားတွေကို တိုးပြီးခေါ်ယူနေပါတယ်။ ထိုင်းနိုင်ငံအပြင် ဂျပန်၊ ကိုရီးယားနဲ့ မလေးရှားကိုပါ ထည့်တွက်မယ်ဆိုရင် ခြောက်လအတွင်း ပြည်ပမှာ အလုပ်သွားလုပ်တဲ့ မြန်မာအရေအတွက်က တသိန်းနီးပါး ရှိသွားပြီလို့လည်း အလုပ်သမားရေး အဖွဲ့အစည်းတွေက ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG