သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အသက်မပြည့်ပဲ အလုပ်လုပ်နေတဲ့ မြန်မာ (၁၂၀)ကျော် မလေးရှားမှာ  အဖမ်းခံရ


အသက်မပြည့်ပဲ အလုပ်လုပ်နေတဲ့ မြန်မာ (၁၂၀)ကျော် မလေးရှားမှာ အဖမ်းခံရ
အသက်မပြည့်ပဲ အလုပ်လုပ်နေတဲ့ မြန်မာ (၁၂၀)ကျော် မလေးရှားမှာ အဖမ်းခံရ

မလေးရှား လူဝင်မူကြီးကြပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို ဖမ်းဆီးခဲ့ရာမှာ ဖမ်းဆီးခံရသူအများစုဟာ  မြန်မာနိုင်ငံသားတွေဖြစ်ပြီး၊  အဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၁၂၀ ကျော် ပါဝင်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် VOA သတင်းထောက် မအေးအေးမာ သတင်း ပေးပို့ ထားပါတယ်။  

အသက်မပြည့်ပဲ အလုပ်လုပ်နေတဲ့ မြန်မာ (၁၂၀)ကျော် မလေးရှားမှာ အဖမ်းခံရ

{{Zawgyi/Unicode}}
မလေးရှားနိုင်ငံ Pahang ပြည်နယ် Kuantanမြို့ စက်မူလက်မှုဇုံမှာ ကြာသပတေးနေ့က မလေးရှား လူဝင်မူကြီးကြပ်ရေးနဲ့ လုံခြုံရေးတပ်ဖွဲ့တွေက တရားမဝင် အလုပ်လုပ်ကိုင်နေသူတွေကို စီမံချက်တရပ်နဲ့ ဖမ်းဆီးခဲ့ရာမှာ ဖမ်းဆီးခံရသူအများစုဟာ မြန်မာနိုင်ငံသားတွေဖြစ်ပြီး၊ အဲဒီအထဲမှာ အသက်မပြည့်သေးတဲ့ ကလေး ၁၂၀ ကျော် ပါဝင်နေပါတယ်။ ထိုင်းနိုင်ငံအခြေစိုက် VOA သတင်းထောက် မအေးအေးမာ သတင်း ပေးပို့ ထားပါတယ်။

မလေးရှားနိုင်ငံ Pahang ပြည်နယ် Kuantanမြို့ စက်မူလက်မူ့ လုပ်ငန်းများ လုပ်ကိုင်နေတဲ့ စက်ရုံတွေရှိတဲ့ ရပ်ကွက်ကို မလေးရှား လူဝင်မူကြီးကြပ်ရေး အာဏာပိုင်တွေ အပါအဝင် အဖွဲ့စုံက ကြာသပတေးနေ့က စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးခဲ့တာပါ။ ဒီစစ်ဆင်ရေးမှာ မြန်မာကလေး ၁၂၀ ကျော်ဖမ်းဆီးခံရပြီး ဖမ်းဆီးခံရသူ အများစုကလည်း မြန်မာနိုင်ငံသားတွေ ဖြစ်ကြတယ်လို့ မလေးရှား လူဝင်မူ့ကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ကြာသပတေးနေ့ မနက်အစောပိုင်းမှာ စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးခဲ့တာဖြစ်ကြောင်း မလေးရှားနိုင်ငံက မြန်မာအလုပ်သမားတွေကို လူမှုရေးအရ ကူညီပေးနေတဲ့ ဦးသီဟမောင်မောင် က အခုလိုပြောပါတယ်။

" Pahang ပြည်နယ် Kuantanမြို့ ဒန်ပန်း စက်မူလက်မူ့ လုပ်ငန်းများ လုပ်ကိုင်နေတဲ့ ဧရိယာမှာပေါ့။ တရားမဝင်တွေ ၁၉၈ ယောက် ဖမ်းမိတယ်ဆိုပြီး မလေးရှား လဝက က သတင်းထုတ်ပြန်ထားပါတယ် ။ သိရတာက မြန်မာကလေးငယ် ၁၂၇ဦး ကို သတ်မှတ်ထားတယ်။ မြန်မာအမျိုးသားက ၂၁ဦး အမျိုးသမီး က ၃၇ဦးရယ် ဘယ်သူဘယ်ဝါ တိုင်းရင်းသားအနေနဲ့တော့ ထည့်မရေးထားဘူး။ သူတို့ကခြုံပြီး Myanmar Baby ၁၂၇ ဦးလို့ပဲ ရေးထားတယ် ။ အသက်မပြည့်သေးတဲ့ ကလေးတွေဖြစ်ဖို့များတယ် ။ ကလေးသူငယ်တွေက သူတို့ပေးထားတဲ့ အဆောင်တွေမှာ နေတာဖြစ်ပါလိမ့်မယ် ။ သူတို့က အဆောင်တွေကို ဝင်ဖမ်းတဲ့အခါမှာ ကလေးသူငယ်တွေ တခါတည်းပါမိတဲ့ သဘောပါ ။ ကလေးတွေကိုတော့ အလုပ်လုပ်ခွင့် လည်းပေးမှာမဟုတ်ဘူး ။ အသက်မပြည့်သေးတဲ့သူတွေကို အလုပ်ခိုင်းပိုင်ခွင့်လည်းမရှိပါဘူး"

မလေးရှားနိုင်ငံမှာ တရားမဝင် နိုင်ငံခြားသားတွေကို အဖမ်းဆီးတွေက မကြာခနရှိနေပြီး မြန်မာနိုင်ငံသားတွေလည်း မကြာခန ဖမ်းမိနေတာပါ။ အခုကတော့ စက်ရုံတွေရှိတဲ့နေရာကို အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး ဖမ်းတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ ရွေးကောက်ပွဲ ကာလမတိုင်ခင် ကတည်းက အဖမ်းဆီးတွေရှိနေပြီး နိုဝင်ဘာလ၁၉ရက်နေ့က လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပြီးမှာလည်း အဖမ်းဆီးတွေက ဆက်တိုက်ဖြစ်လာတယ်လို့ လည်းဦးသီဟမောင်မောင် က ပြောပါတယ်။

" အခုကတော့ ၇ လပိုင်း နောက်ပိုင်းကစပြီး ဖမ်းလာလိုက်တာ အခုချိန်ထိပဲ အခုရက်ပိုင်းမှာလည်း ခပ်စိတ်စိတ်ဖမ်းတာက လုံခြုံရေး အတွက် လုပ်တော့ ယုံထောင်ကြောင်မိပေါ့နော်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ ဖမ်းခံရတာရှိတယ်။ သူတို့နိုင်ငံရေး အကူးအပြောင်းမှာလဲ နိုင်ငံရေးပါတီကြီ းနှစ်ခု အားပြိုင်မှုမှာလည်း လုံခြုံရေးကို ပိုပြီးတင်းကြပ်တဲ့သဘောတွေ့ရပါတယ်"

ဖမ်းဆီးခံရသူတွေကိုတော့ လူဝင်မူ့ ကြီးကြပ်ရေး ဥပဒေအရ အရေးယူဖို့ အတွက် ထိမ်းသိမ်းထားတယ်လို့ဆိုပါတယ်။ ဒါအပြင် သူတို့ကို အလုပ်ပေးထားသူတွေကိုလည်း ထိရောက်တဲ့ စစ်ဆေးမူ့တွေလုပ်သွားမယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောဆိုထားပါတယ်။ အလားတူ မြန်မာတွေအနေများတဲ့ ဂျိုဟိုးပြည်နယ် ၊မလက်ကာ စတဲ့နေရာတွေမှာလည်း မြန်မာတွေ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရတာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

.........................................


{{Zawgyi/Unicode}}






XS
SM
MD
LG