သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းႏိုင္ငံမွာ အေထာက္အထားမဲ့ ျမန္မာေတြ ဖမ္းဆီးခံေနရ 


ထိုင္းႏိုင္ငံမွာ အေထာက္အထားမဲ့ ျမန္မာေတြ ဖမ္းဆီးခံေနရ 

ထိုင္းႏိုင္ငံမွာ အေထာက္အထားမဲ့ ျမန္မာေတြ ဖမ္းဆီးခံေနရ

{{Zawgyi/Unicode}}

ထိုင္းျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႔မွာ ထိုင္းရဲ စစ္တပ္ စတဲ့ ပူးေပါင္းတပ္ဖဲြ႕ေတြက ေနာင္ဘြားရပ္ကြက္ဘက္မွာ ႏို၀င္ဘာလ၂၁ရက္ ေနလည္ပိုင္းက စစ္ဆင္ေရးလုပ္ျပီး ဖမ္းဆီးရာမွာ အေထာက္အထားမဲ့ ျမန္မာ၅၀နီးပါးေလာက္ အဖမ္ဆီးခံခဲ့ရပါတယ္။ ဒါအျပင္ ဒီရက္ပိုင္းမွာပဲ ထုိင္းေတာင္ပုိင္းမွာလည္း လူေမွာင္ခိုသမားေတြေခၚလာတဲ့ ျမန္မာေတြ အစုအေ၀းနဲ႔ ဖမ္ဆီးခံရပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္။

ႏို၀င္ဘာလ၂၁ရက္ ေန႔လည္ ၂နာရီေက်ာ္ အခ်ိန္ေလာက္မွာ နယ္ေျမခံစစ္တပ္ရဲ စတဲ့ပူးေပါင္းတပ္ဖဲြ႔ေတြက ကား၉စီးေလာက္နဲ႔ မဲေဆာက္ျမိဳ႕ ေနာင္ဘြားရပ္ကြက္ကို စစ္ဆင္ေရးလုပ္ျပီး ၀င္ေရာက္ဖမ္းဆီးမူေတြလုပ္ခဲ့ရာမွာ အေထာက္အထားမဲ့ ျမန္မာ ၅၀နီးပါးဖမ္းဆီးခံရတယ္လိုမ်က္ျမင္ေတြ႔ရွိသူတဦးက ေျပာျပပါတယ္။

" ဖူးအင္းဟုိတယ္ေဘးက တလ ႏွစ္ေထာင္ေပးရတဲ့အေဆာင္ေလးေတြေလ။ သူက ေအာက္ထပ္ အေပၚထပ္အခန္းေလးေတြရွိတယ္ ။ အဲဒီ ေနရာကို ၀င္ဖမ္းတာ ။ ၄၇ေယာက္ အေထာက္အထားမဲ့ေတြ ဖမ္းသြားတယ္"

အခုဆိုရင္ မဲေဆာက္ျမိဳ႔မွာ အေထာက္အထားမဲ့ ျမန္္မာေတြကို ေန႔စဥ္ဖမ္းဆီးေနျပီး အေထာက္အထား လက္မွတ္မရိွသူေတြ ႏုိင္ငံေရး တက္ႀကြလွဳပ္ရွားမူ႔ေတြေႀကာင့္ တိမ္းေရွာင္လာသူေတြ ဖမ္းဆီးခံေနရျပီး ေနရပ္ျပန္ပုိ႔ ခံရမွာကို စိုးရိမ္ေနတယ္လို႔လည္း နယ္စပ္ေနျပည္သူတဦးျဖစ္တဲ့ ဦးေအာင္တင္ ကလည္းေျပာပါတယ္။

" တခ်ိဳ႔ကေတာ့ လက္မွတ္ရွိသူလည္းရွိတယ္။ တခ်ိဳ႔က်ေတာ့လည္း လက္မွတ္မရွိသူေတြလည္းရွိတယ္ ။ အရမ္းေႀကာက္ေနႀကတယ္။ တခ်ဳိ႕ ျမန္မာႏိုင္ငံကလာျပီး ေရွာင္တိမ္းေနႀကသူေတြလည္းရွိတယ္ ။ တခ်ိဳ႔ဆို အျပင္ေတာင္မထြက္ရဲႀကဘူး"

ႏို၀င္ဘာလ ၁၈ရက္ေန႔တုန္းကလည္း ထုိင္းေတာင္ပိုင္း စူရတ္ဌာနီခရိုင္အတြင္း တရားမ၀င္ ၀င္ေရာက္လာၾကတဲ့ ျမန္မာႏိုင္ငံသား၄၀ေက်ာ္ ဖမ္းဆီးခံရပါတယ္။ သူတို႔ေတြကို လူကုန္ကူး သူေတြက ေခၚလာႀကတာပါ ။ စူရတ္ဌာနီခ႐ိုင္ ဖူးဖင္းေဒသ အမွတ္ (၄၁) အျမန္လမ္းမွာ ျမန္မာ ႏိုင္ငံသားေတြကုိ ပစ္ကပ္ကားတစီးေပၚမွာ တာလပတ္နဲ႔အုပ္ျပီး ေခၚလာစဥ္ ဖမ္းမိခဲ့တာပါ ။ ဒုတိယကားကေတာ့ ဖမ္းဆီးစစ္ေဆးမူ႔ကိုမခံပဲ ေမာင္ေျပးရာကေန လမ္းေပၚက အတားအဆီးတုံးမ်ားကို တိုက္မိခဲ့သလို ရပ္တန္႔မေပးတာေႀကာင့္ ထုိင္းရဲေတြက ပစ္ခတ္ဖမ္းဆီးခဲ့ရတယ္လို႔ဆုိပါတယ္။ ကား၂စီးေပၚကေန ျမန္မာႏို္င္ငံသား၄၀ေက်ာ္ကို ဖမ္းမိခဲ့တာျဖစ္ပါတယ္။

သူတို႔ေတြဟာ ထုိင္းေတာင္ပုိင္း ပရာက်ြတ္ခီရီကန္ေဒသကေန လာႀကျပီး ဟတ္ရိုင္ျမိဳ႔ဘက္ကို သြားႀကမယ့္ သူေတြျဖစ္ပါတယ္။ ေအာက္တိုဘာလ အတြင္းမွာေတာ့ ျမန္မာ၂၀၀၀ေက်ာ္ ဖမ္းဆီးရမိေႀကာင္း ထုိင္းတပ္မေတာ္ကလည္း သတင္းထုတ္ျပန္ထားပါတယ္။ ႏို၀င္ဘာလထဲမွာလည္း ေထာင္ဂဏန္းရွိတဲ့ ျမန္မာေတြအစုလိုက္အျပံဳလိုက္အဖမ္းဆီးခံေနရတာျဖစ္ပါတယ္ ။

တိုက္႐ိုက္ လင့္ခ္

..............................................

ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ မြန်မာတွေ ဖမ်းဆီးခံနေရ

{{Zawgyi/Unicode}}

ထိုင်းမြန်မာနယ်စပ် မဲဆောက်မြို့မှာ ထိုင်းရဲ စစ်တပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက နောင်ဘွားရပ်ကွက်ဘက်မှာ နိုဝင်ဘာလ၂၁ရက် နေလည်ပိုင်းက စစ်ဆင်ရေးလုပ်ပြီး ဖမ်းဆီးရာမှာ အထောက်အထားမဲ့ မြန်မာ၅၀နီးပါးလောက် အဖမ်ဆီးခံခဲ့ရပါတယ်။ ဒါအပြင် ဒီရက်ပိုင်းမှာပဲ ထိုင်းတောင်ပိုင်းမှာလည်း လူမှောင်ခိုသမားတွေခေါ်လာတဲ့ မြန်မာတွေ အစုအဝေးနဲ့ ဖမ်ဆီးခံရပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

နိုဝင်ဘာလ၂၁ရက် နေ့လည် ၂နာရီကျော် အချိန်လောက်မှာ နယ်မြေခံစစ်တပ်ရဲ စတဲ့ပူးပေါင်းတပ်ဖွဲ့တွေက ကား၉စီးလောက်နဲ့ မဲဆောက်မြို့ နောင်ဘွားရပ်ကွက်ကို စစ်ဆင်ရေးလုပ်ပြီး ဝင်ရောက်ဖမ်းဆီးမူတွေလုပ်ခဲ့ရာမှာ အထောက်အထားမဲ့ မြန်မာ ၅၀နီးပါးဖမ်းဆီးခံရတယ်လိုမျက်မြင်တွေ့ရှိသူတဦးက ပြောပြပါတယ်။

" ဖူးအင်းဟိုတယ်ဘေးက တလ နှစ်ထောင်ပေးရတဲ့အဆောင်လေးတွေလေ။ သူက အောက်ထပ် အပေါ်ထပ်အခန်းလေးတွေရှိတယ် ။ အဲဒီ နေရာကို ဝင်ဖမ်းတာ ။ ၄၇ယောက် အထောက်အထားမဲ့တွေ ဖမ်းသွားတယ်"

အခုဆိုရင် မဲဆောက်မြို့မှာ အထောက်အထားမဲ့ မြန်မာတွေကို နေ့စဉ်ဖမ်းဆီးနေပြီး အထောက်အထား လက်မှတ်မရှိသူတွေ နိုင်ငံရေး တက်ကြွလှုပ်ရှားမူ့တွေကြောင့် တိမ်းရှောင်လာသူတွေ ဖမ်းဆီးခံနေရပြီး နေရပ်ပြန်ပို့ ခံရမှာကို စိုးရိမ်နေတယ်လို့လည်း နယ်စပ်နေပြည်သူတဦးဖြစ်တဲ့ ဦးအောင်တင် ကလည်းပြောပါတယ်။

" တချို့ကတော့ လက်မှတ်ရှိသူလည်းရှိတယ်။ တချို့ကျတော့လည်း လက်မှတ်မရှိသူတွေလည်းရှိတယ် ။ အရမ်းကြောက်နေကြတယ်။ တချို့ မြန်မာနိုင်ငံကလာပြီး ရှောင်တိမ်းနေကြသူတွေလည်းရှိတယ် ။ တချို့ဆို အပြင်တောင်မထွက်ရဲကြဘူး"

နိုဝင်ဘာလ ၁၈ရက်နေ့တုန်းကလည်း ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာကြတဲ့ မြန်မာနိုင်ငံသား၄၀ကျော် ဖမ်းဆီးခံရပါတယ်။ သူတို့တွေကို လူကုန်ကူး သူတွေက ခေါ်လာကြတာပါ ။ စူရတ်ဌာနီခရိုင် ဖူးဖင်းဒေသ အမှတ် (၄၁) အမြန်လမ်းမှာ မြန်မာ နိုင်ငံသားတွေကို ပစ်ကပ်ကားတစီးပေါ်မှာ တာလပတ်နဲ့အုပ်ပြီး ခေါ်လာစဉ် ဖမ်းမိခဲ့တာပါ ။ ဒုတိယကားကတော့ ဖမ်းဆီးစစ်ဆေးမူ့ကိုမခံပဲ မောင်ပြေးရာကနေ လမ်းပေါ်က အတားအဆီးတုံးများကို တိုက်မိခဲ့သလို ရပ်တန့်မပေးတာကြောင့် ထိုင်းရဲတွေက ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ဆိုပါတယ်။ ကား၂စီးပေါ်ကနေ မြန်မာနိုင်ငံသား၄၀ကျော်ကို ဖမ်းမိခဲ့တာဖြစ်ပါတယ်။

သူတို့တွေဟာ ထိုင်းတောင်ပိုင်း ပရာကျွတ်ခီရီကန်ဒေသကနေ လာကြပြီး ဟတ်ရိုင်မြို့ဘက်ကို သွားကြမယ့် သူတွေဖြစ်ပါတယ်။ အောက်တိုဘာလ အတွင်းမှာတော့ မြန်မာ၂၀၀၀ကျော် ဖမ်းဆီးရမိကြောင်း ထိုင်းတပ်မတော်ကလည်း သတင်းထုတ်ပြန်ထားပါတယ်။ နိုဝင်ဘာလထဲမှာလည်း ထောင်ဂဏန်းရှိတဲ့ မြန်မာတွေအစုလိုက်အပြုံလိုက်အဖမ်းဆီးခံနေရတာဖြစ်ပါတယ် ။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG