သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ေနရပ္ျပန္ ထိုင္းေရာက္ျမန္မာ တႏွစ္ေက်ာ္အတြင္း (၅) ေသာင္းခန္႔ရွိၿပီ


ေအာက္တိုဘာလ၁၂ရက္ေန႔က မဲေဆာက္ ျမ၀တီ ခ်စ္ႀကည္ေရး တံတားကေန ေနရပ္ျပန္ပို႔ခံရတဲ့ ျမန္မာႏိုင္ငံသားမ်ား

ထိုင္းႏိုင္ငံ အခ်ဳပ္ေတြကေန လြက္ရက္ေစ့သြားတဲ့ ျမန္မာေ႐ႊေျပာင္း အလုပ္သမား ၃၉၀ ေလာက္ကို ထိုင္းအာဏာပိုင္ေတြက ျပည္ႏွင္ဒဏ္ေပးၿပီး၊ ေအာက္တိုဘာလ (၁၂) ရက္ေန႔မွာ မဲေဆာက္ျမိဳ႔ ကေန ျမ၀တီျမိဳ ႔ဘက္ကုိ ျပန္လည္ လႊဲေျပာင္းေပးခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ေနရပ္ျပန္ ထိုင္းေရာက္ျမန္မာ တႏွစ္ေက်ာ္အတြင္း (၅) ေသာင္းခန္႔ရွိၿပီ

{{Zawgyi/Unicode}}

ထိုင္းႏိုင္ငံ၊ ဘန္ေကာက္ၿမိဳ႕ေတာ္ နဲ႔ တာ့ခ္ျပည္နယ္နဲ႔ အနီးဆံုးျပည္နယ္ေတြမွာ အဖမ္းဆီးခံရၿပီး အက်ဥ္းေထာင္ေတြ အခ်ဳပ္ေတြကေန လြက္ရက္ေစ့သြားတဲ့ ျမန္မာေ႐ႊေျပာင္း အလုပ္သမား ၃၉၀ ေလာက္ကို ထိုင္းအာဏာပိုင္ေတြက ျပည္ႏွင္ဒဏ္ေပးၿပီး၊ ေအာက္တိုဘာလ (၁၂) ရက္ေန႔မွာ မဲေဆာက္ျမိဳ႔ ကေန ျမ၀တီျမိဳ ႔ဘက္ကုိ ျပန္လည္ လႊဲေျပာင္းေပးခဲ့ပါတယ္။ အခုဆိုရင္ တႏွစ္ေက်ာ္ အတြင္းမွာ မဲေဆာက္ ျမ၀တီနယ္စပ္လမ္း ကေန ေနရပ္ျပန္ပုိ႔သူ ၄၈၀၀၀ ေလာက္ရွိသြားျပီျဖစ္ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

ထုိင္းႏို္င္ငံ၊ ျမိဳ႔ေတာ္ ဘန္ေကာက္နဲ႔ တျခားျပည္နယ္ေတြမွာ ရာဇ၀တ္မူေတြ ပုဒ္မေတြအျပင္ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္မႈ၊ လူသယ္ေဆာင္မႈ စတဲ့ပုဒ္မေတြနဲ႔ အဖမ္းဆီးခံရျပီးေနာက္ လြက္ရက္ေစ့ အက်ဥ္းသား အမ်ားစုပါတဲ့လူ ၃၉၀ေလာက္ကို မဲေဆာက္ကေန ျမ၀တီဘက္ကို ထိုင္းအာဏာပုိင္ေတြက လဲႊေျပာင္းေပးခဲ့တာ ျဖစ္တယ္ ။ အခုဆိုရင္ ကိုဗစ္ကပ္ေဘး ကာလအပါအ၀င္ တႏွစ္ေက်ာ္အတြင္း မဲေဆာက္ကေန ေနရပ္ျပန္ပုိ့ခံရသူ ၄၈၀၀၀ေလာက္ရွိသြားျပီလို႔ ျမန္မာျပည္သားမ်ား အေရးပူးတဲြလွဳပ္ရွားမႈ ေကာ္မတီရဲ႔ ဥကၠဌ ဦးမိုးႀကိဳး က အခုလိုေျပာပါတယ္။

" က်ေနာ္တို့ ေအာက္တိုဘာလ၁၂ရက္ေန့က မဲေဆာက္ျမိဳက ထုိင္းျမန္မာ ခ်စ္ႀကည္ေရးတံတား အမွတ္ (၂)ကေန ျမန္မာေရြ႔ေျပာင္းလုပ္သား ၃၉၀ေလာက္ကို ထုိင္းဘက္ကေန ျမန္မာျပည္ဘက္ကို ျပည္ေတာ္ျပန္ ေနရပ္ျပန္အစီစဥ္နဲ့ျပန္ပို့ပါတယ္။ ျပီးခဲ့တဲ့ ၂၀၂၁ ႀသဂုတ္လကေန အခု ၂၀၂၂ခုႏွစ္ ေအာက္တိုဘာလ ၁၂ရက္ေန႔ အထိဆိုရင္ တႏွစ္နဲ႔ ၂လေလာက္အတြင္းမွာ အမွတ္(၂) မဲေဆာက္ျမ၀တီ ခ်စ္ႀကည္ေရး တံတားက ျပည္ေတာ္ျပန္ ေနရပ္ျပန္ ၄၈၀၀၀ ေလာက္ျပန္သြားႀကတယ္"

ေနရပ္ျပန္ပို႔ ခံရသူေတြထဲမွာ အက်ဥ္းေထာင္ အသီးသီးက လြတ္ရက္ေစ့သူေတြက အမ်ားစုျဖစ္ျပီး မဲေဆာက္အပါအ၀င္ ျပည္နယ္တခ်ိဳ့က ေနရပ္ျပန္ခ်င္တဲ့ အလုပ္သမားေတြလည္းပါ၀င္တယ္လို့ဆုိပါတယ္ ။

" အမ်ိဳသား၃၄၅ဦးပါတယ္။ အမ်ိဳးသမီးက ၄၅ဦးပါတယ္။ ျမန္မာႏိုင္ငံဘက္ ျမ၀တီဘက္ကို ေရာက္တဲ့အခါမွာ တာ၀န္ရွိသူေတြက သူတုိ့ေတြကို ကိုယ္ေရးအခ်က္အလက္ေတြကို စစ္ေဆးတာ။ တျခားႏိုင္ငံသားေတြ ပါ၀င္လာတာ ရွိမရွိကိုလည္း စစ္ေဆးတာ။ က်န္းမာေရး ၀န္ထမ္းေတြကလည္းကိုဗစ္ ၁၉ စစ္ေဆးတာကိုလုပ္ပါတယ္။ အမ်ားစုကေတာ့ အက်ဥ္းေထာင္ အသီးသီးကေန ျပန္ပုိ႔တာမ်ားပါတယ္။ ဒီထဲမွာသမရိုးက် ရိုးရိုးေနရပ္ျပန္သူတခ်ိဳလည္းပါပါတယ္ "

ထိုင္းဘက္ျခမ္းက လူဝင္မႈ ႀကီးၾကပ္ေရး အခ်ဳပ္ေတြမွာ ျမန္မာႏိုင္ငံသားေတြနဲ႔ ျပည့္ၾကပ္ေနၿပီး၊ လြက္ရက္ေစ့ေပမယ့္ ေနရပ္ျပန္ပို႔ မခံရေသးတဲ့သူေတြလည္း အမ်ားအျပား ရွိေနတာပါ။ ျမန္မာျပည္ဘက္က ကိုဗစ္ေစာင္ၾကည့္ေရးစင္တာ မလုံေလာက္တာေၾကာင့္ အကန္႔အသတ္နဲ႔ ျပန္ပို့ေနတာျဖစ္ပါတယ္။ မဲေဆာက္ ျမ၀တီနယ္စပ္လမ္းကေန အမ်ားဆံုးျပန္ပုိ႔ေပးတာျဖစ္ျပီး၊ ရေနာင္းေကာ့ေသာင္းေရလမ္းကလည္း တလကို၂ႀကိမ္ျပန္ပုိ့ေပးေနပါတယ္။ ရွမ္းျပည္ဘက္က လူေတြကိုေတာ့ တခါတရံ မဲဆိုင္တာခ်ိီလိပ္ ခ်စ္ႀကည္ေရးတံတားကေန ျပန္လဲႊေျပာင္းေပးေနပါတယ္။

တိုက္႐ိုက္ လင့္ခ္

.........................................................................

နေရပ်ပြန် ထိုင်းရောက်မြန်မာ တနှစ်ကျော်အတွင်း (၅) သောင်းခန့်ရှိပြီ

{{Zawgyi/Unicode}}

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် နဲ့ တာ့ခ်ပြည်နယ်နဲ့ အနီးဆုံးပြည်နယ်တွေမှာ အဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေပြောင်း အလုပ်သမား ၃၉၀ လောက်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး၊ အောက်တိုဘာလ (၁၂) ရက်နေ့မှာ မဲဆောက်မြို့ ကနေ မြဝတီမြို့ဘက်ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ အခုဆိုရင် တနှစ်ကျော် အတွင်းမှာ မဲဆောက် မြဝတီနယ်စပ်လမ်း ကနေ နေရပ်ပြန်ပို့သူ ၄၈၀၀၀ လောက်ရှိသွားပြီဖြစ်ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ၊ မြို့တော် ဘန်ကောက်နဲ့ တခြားပြည်နယ်တွေမှာ ရာဇဝတ်မူတွေ ပုဒ်မတွေအပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှု၊ လူသယ်ဆောင်မှု စတဲ့ပုဒ်မတွေနဲ့ အဖမ်းဆီးခံရပြီးနောက် လွက်ရက်စေ့ အကျဉ်းသား အများစုပါတဲ့လူ ၃၉၀လောက်ကို မဲဆောက်ကနေ မြဝတီဘက်ကို ထိုင်းအာဏာပိုင်တွေက လွဲှပြောင်းပေးခဲ့တာ ဖြစ်တယ် ။ အခုဆိုရင် ကိုဗစ်ကပ်ဘေး ကာလအပါအဝင် တနှစ်ကျော်အတွင်း မဲဆောက်ကနေ နေရပ်ပြန်ပို့ခံရသူ ၄၈၀၀၀လောက်ရှိသွားပြီလို့ မြန်မာပြည်သားများ အရေးပူးတွဲလှုပ်ရှားမှု ကော်မတီရဲ့ ဥက္ကဌ ဦးမိုးကြိုး က အခုလိုပြောပါတယ်။

" ကျနော်တို့ အောက်တိုဘာလ၁၂ရက်နေ့က မဲဆောက်မြိုက ထိုင်းမြန်မာ ချစ်ကြည်ရေးတံတား အမှတ် (၂)ကနေ မြန်မာရွေ့ပြောင်းလုပ်သား ၃၉၀လောက်ကို ထိုင်းဘက်ကနေ မြန်မာပြည်ဘက်ကို ပြည်တော်ပြန် နေရပ်ပြန်အစီစဉ်နဲ့ပြန်ပို့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁ သြဂုတ်လကနေ အခု ၂၀၂၂ခုနှစ် အောက်တိုဘာလ ၁၂ရက်နေ့ အထိဆိုရင် တနှစ်နဲ့ ၂လလောက်အတွင်းမှာ အမှတ်(၂) မဲဆောက်မြဝတီ ချစ်ကြည်ရေး တံတားက ပြည်တော်ပြန် နေရပ်ပြန် ၄၈၀၀၀ လောက်ပြန်သွားကြတယ်"

နေရပ်ပြန်ပို့ ခံရသူတွေထဲမှာ အကျဉ်းထောင် အသီးသီးက လွတ်ရက်စေ့သူတွေက အများစုဖြစ်ပြီး မဲဆောက်အပါအဝင် ပြည်နယ်တချို့က နေရပ်ပြန်ချင်တဲ့ အလုပ်သမားတွေလည်းပါဝင်တယ်လို့ဆိုပါတယ် ။

" အမျိုသား၃၄၅ဦးပါတယ်။ အမျိုးသမီးက ၄၅ဦးပါတယ်။ မြန်မာနိုင်ငံဘက် မြဝတီဘက်ကို ရောက်တဲ့အခါမှာ တာဝန်ရှိသူတွေက သူတို့တွေကို ကိုယ်ရေးအချက်အလက်တွေကို စစ်ဆေးတာ။ တခြားနိုင်ငံသားတွေ ပါဝင်လာတာ ရှိမရှိကိုလည်း စစ်ဆေးတာ။ ကျန်းမာရေး ဝန်ထမ်းတွေကလည်းကိုဗစ် ၁၉ စစ်ဆေးတာကိုလုပ်ပါတယ်။ အများစုကတော့ အကျဉ်းထောင် အသီးသီးကနေ ပြန်ပို့တာများပါတယ်။ ဒီထဲမှာသမရိုးကျ ရိုးရိုးနေရပ်ပြန်သူတချိုလည်းပါပါတယ် "

ထိုင်းဘက်ခြမ်းက လူဝင်မှု ကြီးကြပ်ရေး အချုပ်တွေမှာ မြန်မာနိုင်ငံသားတွေနဲ့ ပြည့်ကြပ်နေပြီး၊ လွက်ရက်စေ့ပေမယ့် နေရပ်ပြန်ပို့ မခံရသေးတဲ့သူတွေလည်း အများအပြား ရှိနေတာပါ။ မြန်မာပြည်ဘက်က ကိုဗစ်စောင်ကြည့်ရေးစင်တာ မလုံလောက်တာကြောင့် အကန့်အသတ်နဲ့ ပြန်ပို့နေတာဖြစ်ပါတယ်။ မဲဆောက် မြဝတီနယ်စပ်လမ်းကနေ အများဆုံးပြန်ပို့ပေးတာဖြစ်ပြီး၊ ရနောင်းကော့သောင်းရေလမ်းကလည်း တလကို၂ကြိမ်ပြန်ပို့ပေးနေပါတယ်။ ရှမ်းပြည်ဘက်က လူတွေကိုတော့ တခါတရံ မဲဆိုင်တာချီလိပ် ချစ်ကြည်ရေးတံတားကနေ ပြန်လွဲှပြောင်းပေးနေပါတယ်။

XS
SM
MD
LG