သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

APEC ညီလာခံကျင်းပမယ့် ထိုင်းနိုင်ငံမှာ လုံခြုံရေးတင်းကျပ် 


APEC ညီလာခံကျင်းပမယ့် ထိုင်းနိုင်ငံမှာ လုံခြုံရေးတင်းကျပ် 
APEC ညီလာခံကျင်းပမယ့် ထိုင်းနိုင်ငံမှာ လုံခြုံရေးတင်းကျပ် 

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီသီတင်းပတ်နှောင်းပိုင်း ကျင်းပမယ့် အာရှပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ညီလာခံအတွက် အာဏာပိုင်တွေ လုံခြုံရေးအတွက် ပြင်ဆင်နေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။ 

APEC ညီလာခံကျင်းပမယ့် ထိုင်းနိုင်ငံမှာ လုံခြုံရေးတင်းကျပ်

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ဒီသီတင်းပတ်နှောင်းပိုင်း ကျင်းပမယ့် အာရှပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု APEC ညီလာခံအတွက် အာဏာပိုင်တွေ လုံခြုံရေးအတွက် ပြင်ဆင်နေပါတယ်။ ဘန်ကောက်မြို့တော်မှာ သာမက နယ်စပ်ဒေသတွေမှာလည်း မြန်မာနိုင်ငံသားတွေ အပါအဝင် လူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်သူတွေကို ဖမ်းဆီးတာတွေ၊ နေရပ်ပြန်ပို့တာတွေလည်း ရှိနေပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာ သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပပြုလုပ်မယ့် အာရှပစီဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး APEC ဆွေးနွေးပွဲ စတင်မယ့် နိုဝင်ဘာလ၁၈ ရက်နေ့နဲ့ ၁၉ရက်နေ့ မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။ ကျင်းပမယ့်ရက် မတိုင်ခင်မှာ ထိုင်းနိုင်ငံအတွင်း လုံခြုံရေး တင်းကြပ်ထားပြီး အဖမ်းဆီးတွေ များနေသလို နိုင်ငံတကာ က တက်ကြွလှုပ်ရှားသူတွေကို ပြည်ဝင်ခွင့်တွေ စီစစ်နေတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ FED အဖွဲ့က အမှုဆောင် ဒါရိုက်တာ ဦးထူးချစ် က ပြောပါတယ်။

" လုံခြုံရေး အကြေင်းပြချက်နဲ့ ဖမ်းနေတာတွေ ကျနော်တို့တွေ့နေရပါတယ် ။ တချို့တွေကျတော့ ဖမ်းဆီးပြီးပြန်ပို့တာပေါ့။ တခုခုအကြေင်းပြပြီးတော့ အခုဖမ်းခံထိတဲ့အများစု ကျနော်တိုမြန်မာတွေကတော့ လက်မှတ်မရှိလို့ နိုင်ငံခြားသားတွေကို ဖမ်းဆီးရင်းနဲ့ လက်မှတ်မရှိလို့ ဖမ်းပြီးလူဝင်မူ ကြီးကြပ်ရေး အချုပ်မှာ ထားပြီး ပြန်ပို့တာပေါ့နော် သူတို့ရဲ့ အာရှပစီဖိတ် ပူးပေါင်းဆောင်ရွက်မူ ညီလာခံမှာတော့ သူတို့ပြသနာမဖြစ်အောင် အလုပ်သမားရေး တက်ကြွလှုပ်ရှားသူတွေကို ပြည်ဝင်ခွင့်တွေ တအားစီစစ်တာတွေ့ရတယ်"

ထိုင်းနိုင်ငံက အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေက တက်ကြွလှုပ်ရှားသူတွေ ဆန္ဒပြတာတွေ မလုပ်ကြဖို့တားမြစ်ထားသလို သူ့ကိုတော့ သတိပေးမှုတွေ ရှိတယ်လို့ ဦးထူးချစ် က ဆိုပါတယ် ။

" ကျနော်တို့နဲ့ ပတ်သက်တဲ့ ထိုင်းအာဏာပိုင်တွေက သတိပေးတာကတော့ နိုင်ငံရေးနဲ့ပတ်သက်တဲ့လှုပ်ရှားမှုတွေ ထိုင်းနိုင်ငံထဲမှာ ဖြစ်တဲ့ကိစ္စတွေကို တတ်နိုင်သလောက်ရှောင်ဖို့ ထိုင်းအစိုးရအနေနဲ့ နှစ်နိုင်ငံ မျက်နှာပျက်နိုင်တဲ့ ကိစ္စတွေဖြစ်လာရင်တော့ နိုင်ငံရင်းတွေကို ပြန်ပို့နိုင်တယ် ဆိုတာတွေကိုတော့ သတိပေးတာတွေတော့ ရှိလာပါတယ် "

ထိုင်းနိုင်ငံက ဘန်ကောက်ပိုစ့် သတင်းစာမှာလည်း အာရှပစီဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး APECဆွေးနွေးပွဲကို ဆန္ဒပြတာတွေ မလုပ်ဖို့အတွက် ထိုင်းအာဏာပိုင်တွေက သတိပေးမူတွေလုပ်ထားတယ်လို့ရေးသားထာပါတယ်။

ထိုင်းလူဝင်မူ ကြီးကြပ်ရေး တာဝန်ခံ ဗိုလ်ချုပ် တယောက် က ပြောတာကတော့ အခု လုပ်မယ့် ဆွေးနွေးပွဲအတွက် မေးခွန်းတွေမေးမယ် ပြန်ပို့မယ်ဆိုတာတွေလည်း ပြောလာတာလည်းရှိတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေကနေ အခု တနင်္ဂနွေထိ ဖမ်းထားတဲ့ နိုင်ငံခြားသားတွေက တထောင်ကျော်လောက် ရှိနေတယ်ဆိုတဲ့ အကြောင်း အခု သူတို့ပြည်ဝင်ခွင့် မပေးတဲ့ လေဆိပ်ကနေ ပြန်ပို့တဲ့ နိုင်ငံခြားသားတောင်မှာ နှစ်ထောင်ကျော်လောက်ရှိတယ်လို့ သူတို့ ရဲ့ သတင်းစာမှာ ရေးသားထားပါတယ်။

ထိုင်းနယ်စပ်တွေမှာလည်း အဖမ်းဆီးတွေရှိနေတယ်လို့ မြန်မာပြည်သားများအးရေး ပူးတွဲလှုပ်ရှားမူ ကော်မတီ ရဲ့ ဥက္ကဌ ဦးမိုးကြိုးကလည်း အခုလိုပြောပါတယ်။

" တော်ဝင်တပ်မတော်က ဦးစီးပြီးတော့ နယ်ခြားစောင့်တပ်တွေ မူခင်းရဲတပ်ဖွဲ့တွေ လဝကတွေက ထိုင်းနိုင်ငံတဝှမ်းက
အထူးသဖြင့် ရွှေပြောင်း အလုပ်သမားတွေကြားမှာရှိတဲ့ လူကုန်ကူးမှုတွေ မူးယစ်ဆေးဝါး ရောင်းဝယ်မူနဲ့ သုံးစွဲမူတွေ အကြမ်းဖက်မူ ၊ လက်နက်နဲ့ ပတ်သက်မူတွေ ရှိလားဆိုတာစောင့်ကြည့်နေတယ်။ အဲဒီတော့ တနေ့ကို လူ၄၀ကနေ ၇၀လောက်ထိ ထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခ်ပြည်နယ်မဲဆောက်ဘက်မှ ာဖမ်းနေတာတွေကို ကျနော်တို့တွေ့နေရပါတယ်"

ထိုင်းအစိုးရကတော့ Queen Sirikit Convention Center အပါအဝင် APEC နဲ့ သက်ဆိုင်တဲ့နေရာတွေမှ ာဆန္ဒပြပွဲတွေ ခွင့်မပြုဖို့ လမ်းတွေပိတ်ပြီး လုံခြုံရေးတွေ တင်းကြပ်ဖို့ ထိုင်းအစိုးရက အမိန့်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

...................................


{{Zawgyi/Unicode}}










XS
SM
MD
LG