သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ-ပစိဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို့ APEC ခေါင်းဆောင်တွေကို ထိုင်းဝန်ကြီးချုပ် နှိုးဆော်


၂၀၂၂ ခုနှစ်၊ APEC ညီလာခံကျင်းပမယ့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Queen Sirikit National Convention Center (နိုဝင်ဘာ ၁၄၊ ၂၀၂၂)
၂၀၂၂ ခုနှစ်၊ APEC ညီလာခံကျင်းပမယ့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ Queen Sirikit National Convention Center (နိုဝင်ဘာ ၁၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

ဒီ သီတင်းပတ်ကုန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အာရှပစိဖိတ်ဒေသ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုညီလာခံ APEC ထိပ်သီးအစည်းအဝေး ကျင်းပမှာဖြစ်ပြီး မနက်ဖြန် APEC အဖွဲ့ဝင်နိုင်ငံတွေက အကြီးတန်းအရာရှိတွေရဲ့အစည်းအဝေးနဲ့ ကြာသပတေးနေ့မှာ ဝန်ကြီးများအဆင့်အစည်းအဝေးတွေ စတင်ကျင်းပါလိမ့်မယ်။ ကိုဗစ် 19 ကပ်ရောဂါကူးစက်မှုအလွန် အာရှပစိဖိတ်‌ဒေသ နိုင်ငံတွေအကြား စီးပွားရေးပြန်လည် ဦးမော့အောင်ကြိုးစားရာမှာ ရေရှည်အခြေခိုင်ပြီး အားလုံး ပါဝင်နိုင်အောင် ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ်က APEC ခေါင်းဆောင်တွေကို နှိုးဆော်ထားပါတယ်။ ဘန်ကောက်မြို့အတွင်း လုံခြုံရေးတင်းကြပ်ထားတဲ့အခြေအနေနနဲ့ နိုင်ငံတကာခေါင်းဆောင်တွေ အစည်းအ‌ဝေးတက်ဖို့ ရောက်လာမယ့် အခြေအနေ ဦးသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။

ရုရှားသမ္မတ Vladimir Putin ကတော့ APEC အစည်းအဝေးကို သူ မတက်ရောက်နိုင်တဲ့အကြောင်းနဲ့ ကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်မယ့်အကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက အကြောင်းပြန်ထားပါတယ်။

APEC အာရှပစိတ်ဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အဖွဲ့တွေထဲမှာ နိုင်ငံ ၂၁ နိုင်ငံ ပါဝင်ပြီး အမေရိကန်ပြည်ထောင်စု၊ တရုတ်၊ ရုရှား၊ ဩစတေးလျ၊ ကနေဒါ၊ ဂျပန်၊ နယူးဇီလန် စတဲ့ နိုင်ငံတွေ ပါဝင်ပါတယ်။

မနက်ဖြန် နိုဝင်ဘာ ၁၅ ရက်နေ့က စပြီး APEC အဆင့်မြင့်အရာရှိတွေ အစည်းအဝေး၊ ၁၇ ရက်နေ့မှာ APEC ဝန်ကြီးများအဆင့်အစည်းအအဝေးနဲ့ ၁၈ ရက်နဲ့ ၁၉ ရက်နေ့မှာ APEC ထိပ်သီးအစည်းအဝေးတွေ ကျင်းပါလိမ့်မယ်။ APEC အဖွဲ့ဝင်နိုင်ငံ ၂၁ နိုင်ငံထဲက ၁၃ နိုင်ငံက ခေါင်းဆောင်တွေနဲ့ တခြားနိုင်ငံက ကိုယ်စားလှယ်တွေ စေလွှတ်မယ့်အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီအစည်းတွေကျင်းပနေချိန်ဖြစ်တဲ့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ လုံခြုံရေးကို အထူးတင်းကြပ်ပြီး ရဲနဲ့ လုံခြုံရေးဝန်ထမ်း နှစ်သောင်းခွဲ ချထားတဲ့အကြောင်း ထိုင်းသတင်းစာတွေမှာ ရေးပါတယ်။

အစည်းအ‌ဝေးမတိုင်ခင် တလောလောက်ကတည်းက ပြည်ဝင်ခွင့်တင်းကြပ်တာ၊ သံသယရှိသူတွေကို ဖမ်းဆီးတာတွေလည်း လုပ်ခဲ့ပါတယ်။ ထိုင်း ရဲဌာနက ထုတ်ပြနတဲ့ တရားဝင်စာရင်းတွေအရ အောက်တိုဘာလ ၁၀ ရက်နောက်ပိုင်း နိုင်ငံခြားသား ၇၀၀ ကျောက်ကို ပြည့်ဝင်ခွင့်ဗီဇာမရှိဘဲ တည်းခိုမှုနဲ့ ဖမ်းဆီးခဲ့ပြီး ၁,၂၀၀ ကျော်ကို တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့ပါတယ်။ မြန်မာနိုင်ငံသား ၄၀၀ နီးပါး အဖမ်းခံထားရပြီး လာအိုနိုင်ငံသား ၇၇၀ ကျော် အများစု ဖမ်းဆီးခံခဲ့ရတယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

အာရှပစိတ်ဖိတ်ဒေသ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ညီလာခံဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားရေး ဂုဏ်သိက္ခာလို့ ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha က ပြောဆိုထားပါတယ်။ ပြည်တွင်းနိုင်ငံရေးအတိုက်အခံတွေရဲ့ဆန္ဒပြပွဲတွေနဲ့ သူ့ရဲ့ဝန်ကြီးချုပ်သက်တမ်းအပေါ် ကန့်ကွက်တာတွေ ရင်ဆိုင်နေရတဲ့အချိန်ဖြစ်တာကြောင့်လည်း ကမ္ဘာ့မျက်နှာစာမှာ နိုင်ငံတကာ ခေါင်းဆောင်တွေနဲ့လက်တွဲပြီး သူ့ရဲ့ နိုင်ငံရေးတရားဝင်မှုနဲ့ ဩဇာသက်ရောက်မှုးကို ပြသတဲ့ အစည်းအဝေးဖြစ်ပါတယ်။

ကိုဗစ် 19 ကပ်ရောဂါ ကူးစက်မှုတွေကြောင့် စီးပွားရေး ဆုတ်ယုတ်ခဲ့ရတဲ့ကာလအတွက် ပြန်လည် ထူထောင်ဖို့နဲ့ စီးပွားရေးအကြပ်အတည်း ငွေကြေးဖေါင်းပွမှုတွေကို ကျော်လွှားဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ ကြိုးစားနေကြပါတယ်။

ဒါပေမဲ့လည်း ယူကရိန်းကို ရုရှားကကျုးကျော်မှုနဲ့ စစ်ရေးပဋိပက္ခတွေက နိုင်ငံကြီးတွေအကြား စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်ရေးအပေါ် ရိုက်ခတ် အရိပ်ထိုး နေဆဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မေလ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တဲ့ APEC ကုန်သွယ်ရေး ဝန်ကြီးများအစည်းအဝေးတုန်းကတော့ ရုရှားကိုယ်စားလှယ် တက်ရောက်မိန့်ခွန်းပြောချိန်မှာ အမေရိကန်နဲ့ နိုင်ငံအတော်များများက ကိုယ်စားလှယ်တွေ အစည်းအဝေးခန်းထဲက ထွက်ခွာသွားကြပါတယ်။ ကနေဒါ၊ နယူးဇီလန်၊ ဂျပန်၊ သြစတြေးလျတို့နဲ့အတူ အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ်တွေဟာ APEC အစည်းအဝေးခန်းမထဲက ထွက်ခဲ့ကြပါတယ်။

ကိုဗစ်ကပ်ရောဂါအကန့်အသတ်တွေ ပြန်လည်ဖြေလျှော့ခဲ့ပြီးနောက် APEC ကုန်သွယ်ရေးဝန်ကြီးတွေ သုံးနှစ်အတွင်း ဒီနှစ်ထဲမှာ ပထမဆုံးအကြိမ် တွေ့ဆုံကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]













XS
SM
MD
LG