ထိုင်းနိုင်ငံမှာ ကျင်းပမယ့် အလွတ်သဘော ဆွေးနွေးပွဲဟာ ဒေသတွင်းနိုင်ငံတွေအကြား တူညီတဲ့ ချဉ်းကပ်မှု ရှာဖို့ အစပျိုး ခြေလှမ်း ဖြစ်နိုင်တယ်လို့ ပညာရှင်တွေနဲ့ သုတေသန အဖွဲ့အစည်းတခုဖြစ်တဲ့ မဟာဗျုဟာ မူဝါဒ ရေးဆွဲရေးဌာန အကြီးအကဲက သုံးသပ်ပါတယ်။ ကိုသိန်းထိုက်ဦး ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
မြန်မာ့အရေး ထိုင်းနိုင်ငံကအိမ်ရှင်အဖြစ်ကျင်းပမယ့် အိမ်နီးချင်းနိုင်ငံတွေနဲ့ အာဆီယံနိုင်ငံတွေရဲ့ အလွတ်သဘောဆွေးနွေးပွဲဟာ ဒေသတွင်းနိုင်ငံတွေကြား တူညီတဲ့ချဉ်းကပ်မှုရှာဖို့ အစပျိုးတာ ဖြစ်နိုင်တယ်လို့ ထိုင်းအစိုးရနဲ့ပတ်သက်တဲ့မူဝါဒတွေကို အကြံပေးလေ့ရှိတဲ့ မဟာဗျူဟာ မူဝါဒရေးဆွဲရေးဌာန အကြီးအကဲက သုံးသပ်ပါတယ်။
ထိုင်းနိုင်ငံမှာ ဒီသီတင်းပတ်အတွင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အစည်းအဝေးတွေဟာ မြန်မာနိုင်ငံ အာဆီယံအဖွဲ့ထဲမှာ ပြန်လည်ပါဝင်လာရေး ကြိုးပမ်းတာဖြစ်တဲ့အကြောင်း ဒီနေ့ မလေးရှားနိုင်ငံကို ရောက်လာတဲ့ ထိုင်းဝန်ကြီးချုပ်နဲ့ တွေ့ဆုံတဲ့ မလေးရှားဝန်ကြီးချုပ်က ပြောဆိုပါတယ်။
တရုတ်ကဆောင်ရွက်ပေးနေတဲ့ မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ကောင်စီကြား အပစ်အခတ်ရပ်စဲရေးဟာ ယာယီသဘောတူညီချက်သာဖြစ်နိုင်ပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်ဘူးလို့ မြင်တဲ့အကြောင်း တရုတ်နိုင်ငံ အခြေစိုက် မြန်မာ့နိုင်ငံရေး သုံးသပ်သူ ဒေါက်တာလှကျော်ဇောက သုံးသပ်ပြောဆိုပါတယ်။
မြန်မာနိုင်ငံဟာ ကမ္ဘာမှာ ဘိန်းစိုက်ပျိုးမှု အများဆုံးနိုင်ငံအဖြစ် ဆက်လက်ရပ်တည်နေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှု တိုက်ဖျက်ရေးရုံး (UNODC) ရဲ့ အစီအရင်ခံစာမှာဖော်ပြပါတယ်။ ဒီနေ့ ထိုင်းနိုင်ငံမှာ ကျင်းပတဲ့ အစီရင်ခံစာ ထုတ်ပြန်ပွဲအကြောင်း ကိုသိန်းထိုက်ဦး သတင်းပေးပို့ထားပါတယ်။
စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်တခုရဖို့ ဖန်တီးတဲ့ ရွေးကောက်ပွဲသာဖြစ်ပြီး တတိုင်းပြည်လုံးရဲ့ငြိမ်းချမ်းရေးကို အာမခံနိုင်မယ့်ရွေးကောက်ပွဲမဟုတ်ကြောင်း PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်အောင်မန်းက VOA ကို ပြောပါတယ်။
ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၂၀ ရက်နေ့ ကျင်းပဖို့ စီစဉ်နေတဲ့ မြန်မာ့အရေး အလွတ်သဘောဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေပဲ တက်ရောက်မယ် ဆိုပေမဲ့ မြန်မာပြည် အကြပ်အတည်း ဖြေရှင်းရေး အစပျိုး ခြေလှမ်းတခု ဖြစ်နိုင်တယ်ဆိုပြီး မြန်မာ့အရေး အကဲခတ်တချို့ မျှော်လင့်ထားကြပါတယ်။
ဆီးရီးယားမှာ နှစ်ပေါင်းများစွာ ဖိနှိပ်အုပ်ချုပ်တဲ့ အာဏာရှင်အုပ်ချုပ်ရေးအဆုံးသတ်ပြီး ပြည်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့အနာဂတ်ကို တည်ဆောက်ဖို့ အခွင့်အလမ်းရရှိသွားသလိုမျိုး မြန်မာပြည်သူတွေအတွက်လည်း လွတ်မြောက်ရေး အောင်ပွဲမလွဲမသွေရရှိဖို့ မျှော်လင့်တဲ့အကြောင်း မြန်မာ့အရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်အတွင်းမှာအခြေစိုက်တဲ့ UWSA ရဲ့ စခန်း ၉ ခုကို ဒီဇင်ဘာ ၁၈ ရက်နေ့ နောက်ဆုံးထားပြီး ရုပ်သိမ်းပေးဖို့ ထိုင်းစစ်တပ်ကတောင်းဆိုထားပေမယ့် ဒီဒေသဟာ နှစ်ပေါင်း သုံးဆယ်လောက် အခြေချနေထိုင်ခဲ့တဲ့ နေရာဖြစ်တယ်လို့ UWSA ပြောခွင့်ရက VOA ကို ပြောပါတယ်။
မီရှီဂန်ပြည်နယ် Calhoun ကောင်တီ ကော်မရှင်နာ အရွေးခံသူ မြန်မာနွယ်ဖွား − နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ မီရှီဂန်ပြည်နယ် Calhoun ကောင်တီကနေ ရီပတ်ဘလစ်ကန်က ကော်မရှင်နာ ယှဉ်ပြိုင်အရွေးခံတဲ့ မြန်မာနွယ်ဖွား ချင်းတိုင်းရင်းသား Dominic Oo (ခ)ဦးသိင်္ဂါမျိုးမြင့်ဦးကို_ ကိုသိန်းထိုက်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။
မုန်တိုင်းကြောင့် အပြင်းထန်ဆုံး ထိခိုက်ပျက်ဆီးခဲ့တဲ့ မြို့တွေထဲမှာ မြန်မာနွယ်ဖွား မိသားစုတွေ ဒါဇင်နဲ့ချီနေထိုင်တဲ့ Sarasota မြို့လည်း ပါဝင်ပါတယ်။ အရေးပေါ် ဆက်သွယ်ဖို့ လက်ကိုင်ဖုန်း Battery အား မကုန်အောင် သတိထားနေရတဲ့ အကြောင်း Sarasota မြို့ခံတယောက်ဖြစ်တဲ့ ဦးသန်းနိုင်က VOA ကို ပြောပါတယ်။
အမေရိကန် အရှေ့တောင်ပိုင်းက ဖလော်ရီဒါ ပြည်နယ်ထဲကို အားပြင်း ဟာရီကိန်း Milton ဗုဒ္ဓဟူးနေ့ညကတည်းက ဝင်ရောက်တိုက်ခတ်နေပါတယ်။ မုန်တိုင်းကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး နိုင်ငံရေးအရ သတင်းမှားတွေ ဖြန်ဝေနေတာတွေ မလုပ်ဖို့ အမေရိကန် အစိုးရက သတိပေးနေပါတယ်။ မုန်တိုင်းရဲ့နောက်ဆုံးအခြေအနေ ဦးသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
အောက်တိုဘာ ရ ရက် ဟာမတ်စ်အဖွဲ့တွေ အစ္စရေးကိုဝင်တိုက်ခိုက်ခဲ့ပြီး တနှစ်အကြာ၊ အရှေ့အလယ်ပိုင်းဒေသမှာ တိုက်ပွဲတွေ နေရာအနှံ့ပေါ်ပေါက်လာခဲ့ပေမဲ့ အစ္စရေးမှာရောက်နေတဲ့ မြန်မာတွေ အားလုံးလိုလို ဘေးကင်းလုံခြုံတဲ့အကြောင်း အစ္စရေးနိုင်ငံ Tel Aviv မြို့ခံတယောက်က VOA ကို ပြောပါတယ်။ ကိုသိန်းထိုက်ဦး မေးမြန်းထားပါတယ်။
အောက်တိုဘာလ ၁ ရက်နေ့မှာ အီရန်ကအစ္စရေးကို မစ်ဇိုင်းဒုံးကျည်တွေနဲ့ ပြင်းပြင်းထန်ထန်ပစ်ခတ်ခဲ့တဲ့အတွက် အစ္စရေးနဲ့ အီရန်ရဲ့ ဒေသတွင်း မဟာမိတ်တွေကြားဖြစ်ပွားနေတဲ့ ပဋိပက္ခကို ပိုကြီးမားလာပါတယ်။ တချိန်တည်းမှာ ဟက်ဇဘိုလာအကြမ်းဖက်အဖွဲ့ကို ထိုးစစ်ဆင်ဖို့ လက်ဘနွန်နိုင်ငံထဲက အစ္စရေးတပ်တွေ မြေပြင်ကဝင်တိုက်နေပါတယ်။
မနက်ဖြန် အောက်တိုဘာလ ၁ ရက်နေ့ ကျင်းပမယ့် ဒုသမ္မတလောင်းတွေရဲ့ စကားစစ်ထိုးပွဲ အရေးပါမှုနဲ့ ပတ်သက်လို့ မြန်မာနွယ်ဖွား အမေရိကန်တွေကြားမှာ အမြင်သဘောထားတွေ မတူညီကြပါဘူး။ သမ္မတလောင်း စကားစစ်ထိုးပွဲတွေကို ကမကထလုပ်တဲ့ သတင်းဌာနတွေ မျှတမှုရှိရဲ့လား မေးခွန်းထုတ်တာတွေနဲ့ ကွဲလွဲချက်တွေလည်း ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စု ဖလော်ရီဒါပြည်နယ်မှာ အင်အားပြင်း ဟာရီကိန်းမုန်တိုင်း Helene ဝင်ရောက်တိုက်ခတ်နေတာကြောင့် မုန်တိုင်းလမ်းကြောင်းကျရာ မြို့တွေက ဒေသခံတွေ သိန်းနဲ့ချီပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့ခိုလှုံနေပါတယ်။ မုန်တိုင်းတိုက်ခတ်နေတဲ့ နောက်ဆုံး အခြအနေကို Tampa မြို့ခံ ကိုအောင်မြတ်သူ ရှင်းပြထားပါတယ်။
ပဲခူးတိုင်း တောင်ငူမြို့နယ်တဝိုက် စစ်တောင်းမြစ်ကမ်းဘေး ကျေးရွာတွေ ရေကြီးတာဟာ သမိုင်းမှာ မကြုံစဖူး အဆိုးဝါးဆုံး ရေကြီးမှုလို့ ပရဟိတကယ်ဆယ်ရေးအဖွဲ့ဝင်တွေက ပြောပါတယ်။ AFP သတင်းဌာနက တောင်ငူမြို့က ရေဘေးကူညီကယ်ဆယ်သူတဦးနဲ့ ကရင်ပြည်နယ် ရာဒိုဒုက္ခသည်စခန်းက မျက်မြင်ကြုံတွေ့ခဲ့ရသူတွေကို တွေ့ဆုံမေးမြန်းထားပါတယ်။
ပဲခူးတိုင်း တောင်ငူမြို့နဲ့တဝိုက် စစ်တောင်းမြစ်ကမ်းဘေး ကျေးရွာတွေ အခုတကြိမ် ရေကြီးတာဟာ သမိုင်းမှာ မကြုံစဖူး အဆိုးဝါးဆုံးဖြစ်ပြီး လုံလောက်အောင် ကူညီနိုင်ခြင်းမရှိဘူးလို့ Save The Trees ပရတိတအဖွဲ့က ကိုကျော်သူရက VOA ကို ပြောပါတယ်။ ကိုသိန်းထိုက်ဦး မေးမြန်းထားတာပါ။
မြန်မာနိုင်ငံအထက်ပိုင်း မန္တလေးမြို့အနီး မြစ်ရေတွေကြီးပြီး နေရာတော်တော်များများ ရေလွှမ်းမိုးနေသလို မြစ်သားမြို့တလျှောက် ကျေးရွာတွေ အတော်များများ အဆိုးဝါးဆုံး ရေနစ်မြုပ်နေတဲ့အကြောင်းနဲ့ အကူအညီလိုအပ်နေတဲ့အကြောင်း ပရဟိတလုပ်ငန်းလုပ်ကိုင်နေသူတွေက VOA ကို ပြောပါတယ်။
ရွေးကောက်ပွဲ ကျင်းပဖို့ သတင်းပတ် ၈ ပတ်အလို ကျင်းပတဲ့ စကားစစ်ထိုးပွဲမှာ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ သန္ဓေသားဖျက်ချခွင့်လို ပြည်တွင်း နိုင်ငံရေးကိစ္စတွေအပြင်၊ ယူကရိန်းကို အကူအညီပေးရေးနဲ့ အရှေ့အလယ်ပိုင်းအရေးကိစ္စတွေ အဓိက လွှမ်းမိုးမယ်လိမ့်မယ်လို့ မြန်မာနွယ်ဖွား အမေရိကန်တွေက ခန့်မှန်းထားပါတယ်။
နောက်ထပ်ကြည့်ရှုရန်