ရွေးကောက်ပွဲ ကျင်းပဖို့ သတင်းပတ် ၈ ပတ်အလို ကျင်းပတဲ့ စကားစစ်ထိုးပွဲမှာ စီးပွားရေး၊ လူဝင်မှုကြီးကြပ်ရေးနဲ့ သန္ဓေသားဖျက်ချခွင့်လို ပြည်တွင်း နိုင်ငံရေးကိစ္စတွေအပြင်၊ ယူကရိန်းကို အကူအညီပေးရေးနဲ့ အရှေ့အလယ်ပိုင်းအရေးကိစ္စတွေ အဓိက လွှမ်းမိုးမယ်လိမ့်မယ်လို့ မြန်မာနွယ်ဖွား အမေရိကန်တွေက ခန့်မှန်းထားပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ကနေဒါနိုင်ငံ နယ်ခြား နယူးယောက်ပြည်နယ် Buffalo မြို့က ကျွန်းလေးတကျွန်းဟာ မြန်မာနိုင်ငံက ရောက်လာတဲ့ မွတ်ဆလင် ဒုက္ခသည်တွေ ရာနဲ့ချီ ပုံမှန် ဆုံတွေကြတဲ့ ကျွန်းလေးတခု ဖြစ်ပါတယ်။
မျိုးဆက်သစ်လူငယ်တွေရဲ့ လက်ထဲကို မီးရှူးတန်ဆောင်လက်ဆင့်ကမ်းသလိုမျိုး တိုင်းပြည်ရဲ့ အနာဂတ်အတွက် ရွေးကောက်ပွဲမဝင်ဖို့ သမ္မတ Joe Biden ဆုံးဖြတ်လိုက်တာကို အမေရိကန်ပြည်သူတွေ ကြိုဆိုကြကြောင်း ကယ်လီဖိုးနီးယားပြည်နယ် San Francisco Bay Area က နိုင်ငံရေးသုံးသပ်သူ ဦးကိုကိုလေးက ရှုမြင်ပါတယ်။
ရီပတ်ဘလစ်ကန်ပါတီ ညီလာခံအပိတ်မှာ ပြောကြားတဲ့ သမ္မတဟောင်း Donald Trump ရဲ့ မိန့်ခွန်းဟာ အရင် မိန့်ခွန်းတွေနဲ့စာရင် ညီညွတ်ရေးကို နှိုးဆော်သွားပြီး ထိန်းထိန်းသိမ်းသိမ်း ပြောကြားတဲ့ မိန့်ခွန်းတခုအဖြစ် ကယ်လီဖိုးနီးယားပြည်နယ် San Francisco Bay Area က နိုင်ငံရေးသုံးသပ်သူ ဦးကိုကိုလေးက ရှုမြင်ပါတယ်။
ယုံကြည်မှု၊ ခိုင်မာမှုနဲ့ မျှော်လင့်ချက်တွေကို ကိုယ်စားပြုပြီး အားလုံးရှေ့မှာ သမိုင်းဝင်အောင်ပွဲကို ကြိုဖို့ ရောက်လာခဲ့တာလို့ အစချီပြီး အမေရိကန် အားလုံးအတွက် သမ္မတဖြစ်ဖို့ အားလုံးရဲ့ ပါတီကိုယ်စားပြုသမ္မတလောင်းအဖြစ် လက်ခံပါကြောင်း Doanld Trump က ပြောကြားသွားပါတယ်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ပတ်သက်လို့ သူ့ အသက်အရွယ်နဲ့ ဉီးဆောင်နိုင်စွမ်းအပေါ် စိုးရိမ်မှုတွေ တိုးလာနေပြီး ရွေးကောက်ပွဲမှာ ဆက်မပြိုင်သင့်ဘူးဆိုပြီး ပြောဆိုတာတွေ ရှိလာနေပါတယ်။ လာမယ့် သီတင်းပတ်ဟာ သမ္မတဘိုင်ဒန်အတွက် အရေးကြီးပြီး ရွေးကောက်ပွဲအပေါ် သက်ရောက်မှုတွေ ရှိနိုင်တာပါ။
ဂျော်ဂျီယာပြည်နယ် အတ္တလန်တာမြို့ CNN ဌာနချုပ်မှာ မနေ့ညက ကျင်းပတဲ့ သမ္မတလောင်း စကားစစ်ထိုးပွဲမှာ သမ္မတ Biden က အမေရိကန်ပြည်ထောင်စုရဲ့ နောင်တာဝန်ယူမယ့် သမ္မတ ဘာကြောင့် သူ ဆက်ဖြစ်သင့်တယ်ဆိုတာကို အခိုင်အမာပြောဆိုသွားသလို သမ္မတဟောင်း Trump ကလည်း သူဘာကြောင့် သမ္မတဖြစ်သင့်တယ်ဆိုတာကို ပြောဆိုသွားခဲ့တာပါ။
မြန်မာပြည်သူတွေရဲ့ ရဲရင့်စွန့်လွှတ်တဲ့ လွတ်မြောက်ရေးတိုက်ပွဲကို အမေရိကန်အစိုးရအနေနဲ့ ပြတ်ပြတ်သားသား ဆက်လက်ထောက်ခံအားပေးဖို့ အမေရိကန်အထက်လွှတ်တော်အမတ် Mitch McConnell က မနေ့ညက ကမ္ဘာတဝန်းဒီမိုကရေစီရေးလှုပ်ရှားမှုတွေကို အားပေးကူညီနေတဲ့ NED အဖွဲ့ကြီးရဲ့ အခမ်းအနားမှာ တိုက်တွန်းပြောဆိုသွားပါတယ်။
သမ္မတဟောင်း Donald Trump အပေါ် စွဲဆိုထားတဲ့ အမှုတရားခံ အကျိုးဆောင်ရှေ့နေတွေဘက်က အဖွင့် ချေပချက် တနင်္လာနေ့ တင်သွင်းမှာ ဖြစ်တဲ့ အတွက်တရားရုံးကြားနာစစ်ဆေးမှု နောက်တဆင့်ကို ရောက်လာပြီ ဖြစ်ပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
လိင်ဖျော်ဖြေရေး သရုပ်ဆောင် အမျိုးသမီးတဦးကို နှုတ်ပိတ်ခ ငွေပေးခဲ့တယ်ဆိုပြီး သမ္မတဟောင်း Donald Trump အပေါ် စွဲဆိုထားတဲ့ ပထမဆုံး ရာဇဝတ်မှုကို နယူးယောက် တရားရုံးမှာ မနေ့ တနင်္လာနေ့က စတင်စစ်ဆေးပါတယ်။ သမ္မတ Joe Biden ကတော့ Pennsylvania ပြည်နယ်မှာ မဲဆွယ်စည်းရုံးပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။
အီရန်ဘက်က လေကြောင်းကနေ ပဲ့ထိမ်းသုံး ဒုံးကျည် တရာကျော်အပါအဝင် ဒရုန်းတွေ ကျည်တွေ ၃၀၀ နီးပါးနဲ့ စနေနေ့ညက အစ္စရေးကို တိုက်ခိုက်ခဲ့ပေမဲ့ အားလုံးနီးပါး ပြန်လည် ပစ်ချနိုင်ခဲ့တာကြောင့် ကောင်းကင်မှာ ရင်သပ်ရှုမောဖွယ်ရာ အနိုင်ယူနိုင်ခဲ့တဲ့ အောင်ပွဲလို့ အမေရိကန်ပြည်ထောင်စုနဲ့ အစ္စရေးနိုင်ငံက ပြောဆိုပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်က ရဝမ်ဒါနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြီးအတွင်း Tusi လူမျိုးစုဝင် ရှစ်သိန်းကျော် အသတ်ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ လူမျိုးစုနှစ်စုအကြား ပြန်လည်သင့်မြတ်ရေးအတွက် အစီအစဉ်တွေ ချမှတ်ပြီး အတူယှဉ်တွဲ နေထိုင်နိုင်အောင် ကြိုးစားခဲ့ပါတယ်။
စနေနေ့က ဖလော်ရီဒါပြည်နယ်မှာ ကျင်းပတဲ့ သမ္မတဟောင်း Doanld Trump ရဲ့ မဲဆွယ်ရံပုံငွေ ရှာတဲ့ပွဲမှာ တပွဲတည်းနဲ့ မှတ်တမ်းတင်လောက်အောင် အလှုငွေအများအပြား ရသွားခဲ့ပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
ရီပတ်ဘလစ်ကန် ပါတီတွင်း သမ္မတလောင်း ဖြစ်လာဖို့ မျှော်လင့်ထားတဲ့ သမ္မတဟောင်း Donald Trump က ဖလော်ရီဒါပြည်နယ်မှာ ရွေးကောက်ပွဲ ရံပုံငွေ မဲဆွယ်ပွဲ ကျင်းပဖို့ စီစဉ်နေပါတယ်။ ဒီမိုကရက်တစ်ပါတီက လက်ရှိ သမ္မတ Joe Biden ကို ယှဉ်ပြိုင်ဖို့ လျောနည်းနေတဲ့ ရံပုံငွေ ပမာဏ ရအောင် အင်တိုက်အားတိုက် လုပ်ဆောင်လာနေပါတယ်။
သမ္မတဟောင်း Donald Trump ကတော့ မိသားစုပိုင် စီးပွားရေးလုပ်ငန်းတွေကနေ အများပြည်သူကို လိမ်ညာမှုနဲ့ နယူးယောက်ပြည်နယ် တရားရုံးမှာ တရားစွဲဆိုခံရတဲ့ အမှု ရှုံးနိမ့်သွားတာကြောင့် အာမခံကြေး အချိန်မှီ ပေးနိုင်ဖို့ ကိစ္စကို အာရုံစိုက် ဆွေးနွေး နေပါတယ်။
ပြီးခဲ့တဲ့ စနေနေ့က အိုဟိုင်းယိုးပြည်နယ် မဲဆွယ်ပွဲအတွင်း ရီပတ်ဗလစ်ကန် ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့်ရဲ့ အငြင်းပွားဖွယ်ရာပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အမေရိကန် လွှတ်တော်အမတ်တချို့ရဲ့ တုံ့ပြန်ချက်တွေ ထွက်ပေါ်လာပါတယ်။
ဂါဇာပဋိပက္ခအရေး အစ္စရေးအပေါ် ဩဇာလွှမ်းမိုးမှု ရှိလာအောင် စစ်ရေး အကူအညီတွေကို အမေရိကန်ပြည်ထောင်စုဘက်က ကန့်သတ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေရှိနေပြီး အမေရိကန်နဲ့ အစ္စရေး ခေါင်းဆောင်နှစ်ဦးအကြားမှာ သဘောထားကွဲလွဲချက်တွေလည်း ကြီးထွားလာနေတာ တွေ့နေရပါတယ်။
အမေရိကန်ပြည်ထောင်စု ပါတီတွင်း သမ္မတရွေးကောက်ပွဲ ထပ်မံ ကျင်းပဖို့ ရှိတဲ့အတွက် မဲဆန္ဒရှင်တွေ ထပ်ပြီး မဲပေးဖို့ ပြင်ဆင်နေကြပါတယ်။ အမေရိကန် သမ္မတ Joe Biden နဲ့ ပြိုင်ဖက် ရီပတ်ဘလစ်ကပါတီက Donald trump တို့လည်း မဲရလဒ် အပြောင်းအလဲ ဖြစ်နိုင်ခြေ များတဲ့ Georgia ပြည်နယ်ကို သွားပြီး အပြိုင် စည်းရုံးနေပါတယ်။
ကြာသပတေးနေ့ည အမေရိကန် လွှတ်တော်နှစ်ရပ်ရှေ့ပြောကြားတဲ့ သမ္မတ Joe Bidne ရဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းဟာ သူ သမ္မတအဖြစ်တာဝန်ယူပြီး တတိယအကြိမ်ပြောကြားတဲ့ နိုင်ငံတော် အခြေပြမိန့်ခွန်းဖြစ်ပြီး အစပိုင်းမှာ ယူကရိန်းစစ်ပွဲနဲ့ အစ္စရေးဟာမတ်စ်စစ်ပွဲတွေအကြောင်းကို ပြောကြားသွားပါတယ်။
အမေရိကန် သမ္မတ Joe Biden ပြောကြားမယ့် နိုင်ငံတော် အခြေပြမိန့်ခွန်းဟာ နိုဝင်ဘာ ရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်တွေကို စည်းရုံးဖို့ အရေးကြီးတဲ့ သတင်းစကားတွေ ပါနိုင်သလို သမ္မတတာဝန်ဆက်လက်ထမ်းဆောင်ဖို့ အဆင်သင့် ရှိနေတယ်ဆိုတာ ပြသမယ့် မိန့်ခွန်းဖြစ်တယ်လို့ မြန်မာနွယ်ဖွား နိုင်ငံရေး သုံးသပ်သူတွေက မြင်ပါတယ်။
နောက်ထပ်ကြည့်ရှုရန်