သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ရွေးကောက်ပွဲ ငြိမ်းချမ်းရေး အာမ,မခံ (ဗိုလ်မှူးကြီး ခွန်အောင်မန်း PNLO)


စစ်ကောင်စီကျင်းပဖို့ ပြင်ဆင်နေတဲ့ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်တခုရဖို့ ဖန်တီးတဲ့ ရွေးကောက်ပွဲသာဖြစ်ပြီး တတိုင်းပြည်လုံးရဲ့ငြိမ်းချမ်းရေးကို အာမခံနိုင်မယ့်ရွေးကောက်ပွဲမဟုတ်ကြောင်း PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးခွန်အောင်မန်းက VOA ကို ပြောပါတယ်။

စစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရေးထွက်ပေါက်တခု ရဖို့ ဖန်တီးတဲ့ ရွေးကောက်ပွဲသာ ဖြစ်ပြီး တတိုင်းပြည်လုံးရဲ့ ငြိမ်းချမ်းရေးကို အာမခံနိုင်မယ့် ရွေးကောက်ပွဲ မဟုတ်တဲ့အကြောင်း PNLO ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခွန်အောင်မန်း က VOA ကို ပြောဆိုပါတယ်။ တရုတ်နိုင်ငံရဲ့ မြန်မာ့တိုင်းရင်းသားအရေး ကြားဝင်ဆောင်ရွက်မှုတွေဟာ အကျိုးစီးပွားကို အခြေခံတဲ့ ချဉ်းကပ်မှု ဖြစ်ပြီး အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်သူတွေရဲ့ ပကတိ လိုအပ်ချက်ကို သိဖို့လိုတယ်လို့လည်း ဝေဖန်ပါတယ်။ ပအိုဝ်းအမျိုးသား လွတ်မြောက်မှု တော်လှန်ရေး ၇၅ နှစ်မြောက် အခါသမယ ကျရောက်တဲ့ ဒီနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ ကိုသိန်းထိုက်ဦး Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

Forum

XS
SM
MD
LG