မနက်ဖြန် အင်္ဂါနေ့ အမေရိကန်ပြည်ထောင်စု ပြည်နယ် တဒါဇင်ကျော်မှာ ပါတီတွင်း သမ္မတလောင်း ရွေးကောက်ပွဲတွေ ကျင်းပတော့မှာမို့ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်အတွင်း ကိုယ်စားလှယ်လောင်းတွေ တယောက်နဲ့တယောက် အပြန်အလှန် ဝေဖန်ထိုးနှက်ပြောဆိုကြသလို ရွေးကောက်ပွဲမှာ အစီအစဉ်တွေနဲ့ ပတ်သက်လို့ မဲဆန္ဒရှင်တွေကို ချပြခဲ့ကြပါတယ်။
ယူကရိန်းကို ရုရှားဘက်က စစ်ရေးအရ တိုးပြီး ထိုးစစ်ဆင်လာတာတွေကို ဟန့်တားဖို့၊ ယူကရိန်းဘက်က လိုအပ်နေတဲ့ လက်နက်တွေ ထောက်ပံ့ရေး အရေးအပေါ် လိုအပ်နေတဲ့ အခြေအနေကို တနင်္ဂနွေနေ့က ဥရောပမှာရော အမေရိကန်ပြည်ထောင်စုမှာပါ အရေးတကြီး ဆွေးနွေးကြပါတယ်။
ပါလက်စတိုင်း နိုင်ငံအဖြစ် တဖက်သတ် အသိအမှတ်ပြုတာမျိုးကို လက်မခံတဲ့အကြောင်း အစ္စရေး အစိုးရ ဝန်ကြီးအဖွဲ့က တနင်္ဂနွေနေ့မှာ ပြောဆိုပါတယ်။
ရုရှားနိုင်ငံဟာ အာကာသထဲက ဆက်သွယ်ရေးဂြိုလ်တုတွေကို ဖျက်ဆီး တိုက်ခိုက်နိုင်တဲ့ လက်နက်တွေ ပိုင်ဆိုင်နိုင်အောင် ကြိုးစားနေတဲ့အကြောင်း သမ္မတ အိမ်ဖြူတော်က မနေ့က အတည်ပြုလိုက်တာကြောင့် အမေရိကန်ရဲ့ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေပြီဆိုပြီး အမေရိကန် လွှတ်တော်အမတ်တွေ စိုးရိမ်တကြီးသတိပေးခဲ့ကြပါတယ်။
လက်ရှိ သမ္မတ Joko Widodo ဟာ နောက်တကြိမ် ရွေးကောက်ပွဲဝင်ခွင့် မရှိတော့တဲ့တွက် အင်ဒိုနီးရှား ပြည်သူတွေအနေနဲ့ သူ့ကို အစားထိုးဖို ကိုယ်စားလှယ်လောင်း သုံးယောက်ထဲက တယောက်ကို ဗုဒ္ဓဟူးနေ့ ရွေးချယ် ရပါတော့မယ်။ Ahadian Utama အင်ဒိုနီးရှားက ပေးပို့တဲ့ သတင်းပေးပို့ချက်ကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
ဂါဇာဒေသ တောင်ဘက်ဆုံး Rafah မြို့ကို မြေပြင်ကနေ ဝင်ပြီး တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့အကြောင်း အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က အမိန့်ပေးလိုက်ပါတယ်။ အစ္စရေးရဲ့ စစ်ရေး ထိုးစစ်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းအကြား ဝေဖန်မှုတွေ တိုးနေတဲ့ကြားမှာ စစ်ဆင်ရေးတွေ ဆက်လုပ်မယ့်အကြောင်း ပြောဆိုလိုက်တာပါ။
အရှေ့အလယ်ပိုင်းမှာ စစ်ပွဲပိုပြီး ကျယ်ပျံ့မသွားအောင် အမေရိကန်ပြည်ထောင်စုက စစ်ရေးအင်အားကိုရော သံတမန်ရေးချဉ်းကပ်မှုတွေကိုပါ သုံးပြီး တွန်းတွန်းတိုက်တိုက် လုပ်ဆောင်နေပါတယ်။ VOA သတင်းထောက် Veronica Balderas Iglesias သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
အောက်တိုဘာ ရ ရက် အစ္စရေးကို ဟာမတ်စ် တိုက်ခိုက်ခဲ့မှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်း ဒုက္ခသည် ကူညီကယ်ဆယ်ရေး အေဂျင်စီ (UNRWA) အဖွဲ့က ဝန်ထမ်းတော်တော်များများကို အဖွဲ့ ကထုတ်ပယ်လိုက်ပါတယ်။ Veronica Balderas Iglesias ရဲ့ သတင်းလွှာကို ကိုသိန်းထိုက်ဉီး ပြောပြပါလိမ့်မယ်။
အစ္စရေးနဲ့ ဟာမတ်စ်စစ်သွေးကြွတွေအကြား စစ်ပွဲဖြစ်ပွားနေချိန်မှာပဲ အရှေ့အလယ်ပိုင်း ဒေသအတွင်းမှာ ဆက်တိုက်ပေါ်ပေါက်လာတဲ့ တိုက်ခိုက်မှုတွေ၊ ရှုပ်ထွေးတဲ့ ကြေညာချက်တွေ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပေါ်ထွက်လာခဲ့ပါတယ်။
နိုဝင်ဘာလထဲ ကျင်းပမဲ့ အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ Joe Biden နဲ့ သမ္မတဟောင်း Donald Trump တို့ ပြန်ပြိုင်နိုင်တဲ့ အနေအထားကို တွေ့နေရပါတယ်။ သမ္မတလောင်း နှစ်ဦးရဲ့ အသက်အရွယ်နဲ့ အကြောင်းကြောင်းတွေကြောင့် တယောက်ယောက် ဆက်မပြိုင်ရတဲ့ အနေအထား မဖြစ်မနေကြုံလာခဲ့ရင် ရှေ့ဆက်ဘာတွေ ဖြစ်နိုင်ပါသလဲ။
ပြည်နယ်အလိုက် ပဏာမရွေးပွဲတွေမှာအနိုင်ရတဲ့သူကို သက်ဆိုင်ရာပါတီက နိုင်ငံလုံးဆိုင်ရာညီလာခံမှာ သမ္မတလောင်းအဖြစ် တင်မြှောက်တာပါ။ ရီပတ်ဘလစ်ကန် ပါတီက နိုင်ငံလုံးဆိုင်ရာညီလာခံကို လာမယ့်ဂျူလိုင်လမှာ ကျင်းပမှာပါ။ ဒီမိုကရက်ပါတီကတော့ ဩဂုတ်လမှာ ကျင်းပပါတယ်။
အစ္စရေးနိုင်ငံသား ၁၂၀၀ လောက်ကို သတ်ဖြတ်ပြီး ၂၄၀ ကျော်ကို ပြန်ပေးဆွဲခဲ့တဲ့ ရာနဲ့ချီတဲ့ ဟာမတ်စစ်သွေးကြွတွေ အဖွဲ့ဝင်တော်တော်များများဟာ စိတ်ကြွဆေး တမျိုး သုံးနေတာ တွေ့ရတယ်လို့ အစ္စရေးအရာရှိတွေက ပြောပါတယ်။ ဒီအကြောင်း ဂျေယုဆလင်က Linda Gradstein သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
တနင်္ဂနွေနေ့ကပဲ ဟာမတ်စ် စစ်သွေးကြွတွေ အစ္စရေးကို အကြမ်းဖက်တိုက်ခိုက်ခဲ့တာ ရက် ၁၀၀ ပြည့်သွားပြီ ဖြစ်ပါတယ်။ စစ်ကြောင့် အစ္စရေးနဲ့ ပါလက်စတိုင်း အရပ်သားတွေ ထိခိုက်ပျက်ဆီးမှုတွေ ရင်ဆိုင်နေရတဲ့ အခြေအနေ Veronica Balderas Iglesias သတင်းပေးပို့ထားတာကို ဦးသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
အစ္စရေး ဟာမတ်စ် စစ်ပွဲနဲ့ ဆက်နွယ်ပြီး တင်းမာမှုတွေ တိုးနေချိန်မှာပဲ အရှေ့အလယ်ပိုင်း ဒေသ အာရတ် ခေါင်းဆောင် တော်တော်များများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken သွားရောက် တွေ့ဆုံနေပါဝယ်။ VOA သတင်းထောက် Veronica Balderas Iglesias သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဦး ပြောပြပါလိမ့်မယ်။
စစ်တပ်အုပ်ချုပ်မှုအောက်က လွတ်မြောက်ရေး လက်နက်ကိုင်လှုပ်ရှားမှုတွေဟာ နည်းပညာကို အခြေခံတဲ့ တော်လှန်ရေးတရပ်ကို ပြောင်းလဲလာတယ်လို့ မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်ခေါ် PDF အဖွဲ့ဝင်တွေက ပြောပါတယ်။
၂၀၂၃ ခုနှစ် နှစ်ကုန် အမေရိကန် လွှတ်တော်မှာ ယူကရိန်းကို စစ်ရေးအကူအညီ ဆက်ပေးရေးကိစ္စ အခြေအတင် ဆွေးနွေးမှုတွေ ဆက်ရှိနေတာ၊ အစ္စရေး-ဂါဇာ ပဋိပက္ခ အမေရိကန်နိုင်ငံရေးအပေါ်လွှမ်းမိုးခဲ့တာ၊ အစိုးရအသုံးစရိတ် အတည်ပြုရေး သဘောကွဲလွဲတာ စတဲ့ အမေရိကန်နိုင်ငံရေး နှစ်ကုန် သုံးသပ်ချက်ကို ကိုသိန်းထိုက်ဦး တင်ပြထားပါတယ်။
ခရစ္စမတ်နေ့နဲ့ ခရစ္စမတ်နေ့ မတိုင်ခင်ရက်ပိုင်း အစ္စရေးစစ်တပ်က ဂါဇာကမ်းမြှောင်ဒေသမှာရှိတဲ့ ဟားမတ်စစ်သွေးကြွတွေကို ဆက်ပြီး ခြေမှုန်းတိုက်ခိုက်နေပါတယ်။ ယေရှုခရစ်တော် မွေးဖွားရာ Bethlehem မှာတော့ ဂါဇာပဋိပက္ခကြောင့် ကြေကွဲဝမ်းနည်းတဲ့ အထိမ်းအမှတ် ခရစ္စမတ်ပွဲတွေ ဆင်နွဲခြင်း မရှိပါဘူး။
အောက်တိုဘာလ ရ ရက် အစ္စရေး ဟာမတ် စစ်ပွဲ ခဲ့တဲ့အချိန်နောက်ပိုင်း အရှေ့အလယ်ပိုင်းဒေသမှာ အီရန်ကအားပေးထောက်ခံနေတဲ့ အုပ်စုတွေ အမေရိကန် တပ်ဖွဲ့ဝင်တွေကို တိုက်ခိုက်တဲ့ အကြိမ် ပိုများလာခဲ့ပါတယ်။ VOA ပင်တဂွန် စစ်ဌာချုပ်ဆိုင်ရာ သတင်းထောက် Carla Babb သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဉီး ပြောပါမှာပါ။
ဟာမတ်စ် စစ်သွေးကြွတွေကို တိုက်နေတဲ့ အစ္စရေးရဲ့ ထိုးစစ်အတွင်းမှာ ပါလက်စတိုင်း အရပ်သားတွေ ထိခိုက်သေဆုံးနေတာကြောင့် အမေရိကန် သမ္မတ Joe Biden အစိုးရ အပေါ်မှာ အမေရိကန်ပြည်သူတွေ ကန့်ကွက်လာကြပါတယ်။ VOA ထိပ်တန်း သံတမန်သတင်းထောက် Cindy Saine သတင်းပေးပို့ထားတာကို ကိုသိန်းထိုက်ဉီး ပြောပြပေးမှာပါ။
အစ္စရေးနဲ့ ဟာမတ်စ်အကြား ပဋိပက္ခ ဆက်လက်ဖြစ်ပွားနေချိန်မှာပဲ တဘက်ကိုတဘက် စစ်ရာဇဝတ်မှုကျုးလွန်နေတယ်ဆိုပြီး အပြန်အလှန် စွပ်စွဲနေကြသလို The Hague နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ အရေးယူနိုင်ရေး နှစ်ဘက်စလုံးက တိုင်ကြားဖို့လည်း ပြင်ဆင်နေကြပါတယ်။
နောက်ထပ်ကြည့်ရှုရန်