သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
ရေမီးပြတ်နေတဲ့ မုန်တိုင်းဒဏ်သင့် Sarasota မြို့
နောက်ဆုံးရသတင်း

ရေမီးပြတ်နေတဲ့ မုန်တိုင်းဒဏ်သင့် Sarasota မြို့


ရေမီးပြတ်နေတဲ့ မုန်တိုင်းဒဏ်သင့် Sarasota မြို့
please wait

No media source currently available

0:00 0:02:28 0:00

ဗုဒ္ဓဟူးနေ့ညက ဖလော်ရီဒါပြည်နယ် ကုန်းတွင်းပိုင်းကို ဟာရီကိန်း Milton တိုက်ခတ်ချိန်မှာ အင်အားအဆင့် ၃ အထိ လျော့ကျသွားခဲ့ပေမဲ့ ထိခိုက်ပျက်ဆီးမှုတွေ အကြီးအကျယ်ကြုံခဲ့ရပြီး သန်းနဲ့ချီတဲ့ ဒေသခံတွေ လျှပ်စစ်မီးတွေ ပြတ်တောက်နေပါတယ်။  မုန်တိုင်းနဲ့အတူ လေဆင်နှာမောင်းတွေ တိုက်ခတ်ခဲ့တာကြောင့် ထိခိုက်သေဆုံးခဲ့သူ အနည်းဆုံး ၁၄ ဉီးအထိ ရှိနိုင်တယ်လို့ အမေရိကန် သတင်းတွေမှာရေးပေမဲ့ သေဆုံးတဲ့အရေအတွက်နဲ့  ထိခိုက်ပျက်ဆီးမှု ပမာဏကို စုံစမ်းစစ် ဆေးနေဆဲဖြစ်ပါတယ်။ မုန်တိုင်းကြောင့် အပြင်းထန်ဆုံး ထိခိုက်ပျက်ဆီးခဲ့တဲ့ မြို့တွေထဲမှာ မြန်မာနွယ်ဖွား မိသားစုတွေ ဒါဇင်နဲ့ချီနေထိုင်တဲ့ Sarasota  မြို့လည်း ပါဝင်ပါတယ်။ သတင်းတွေ အဆက်မပြတ်ဖို့နဲ့ အရေးပေါ် ဆက်သွယ်ဖို့ လက်ကိုင်ဖုန်း Battery အား မကုန်အောင် သတိထားနေရတဲ့ အကြောင်း Sarasota မြို့ခံတယောက်ဖြစ်တဲ့ ဦးသန်းနိုင်က VOA ကို ပြောပါတယ်။

Forum

XS
SM
MD
LG