သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လြတ္ရက္ေစ့ ျမန္မာ ၂၀၀ ခန္႔ ထိုင္းဘက္ကျပန္ပို႔


လြတ္ရက္ေစ့ ျမန္မာ ၂၀၀ ခန္႔ ထိုင္းဘက္ကျပန္ပို႔

ထိုင္းႏိုင္ငံ အက်ဥ္းေထာင္ေတြ အခ်ဳပ္ေတြကေန လြက္ရက္ေစ့သြားတဲ့ ျမန္မာေ႐ႊ႔ေျပာင္းအလုပ္သမား ၁၈၀ ေက်ာ္ကို ထိုင္းအာဏာပိုင္ေတြက ျပည္ႏွင္ဒဏ္ေပးၿပီး ဒီဇင္လဘာလ(၉) ရက္ေန႔ က ရေနာင္းကေန ေကာ့ေသာင္းၿမိဳ႔ကို ျပန္လည္ လႊဲေျပာင္းေပးခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ ထားပါတယ္။

လြတ္ရက္ေစ့ ျမန္မာ ၂၀၀ ခန္႔ ထိုင္းဘက္ကျပန္ပို႔

{{Zawgyi/Unicode}}
ထိုင္းႏိုင္ငံ ေတာင္းပိုင္းျပည္နယ္ ၁၄ ခုအတြင္းမွာ အဖမ္းဆီးခံရၿပီး အက်ဥ္းေထာင္ေတြ အခ်ဳပ္ေတြကေန လြက္ရက္ေစ့သြားတဲ့ ျမန္မာေ႐ႊ႔ေျပာင္းအလုပ္သမား ၁၈၀ ေက်ာ္ကို ထိုင္းအာဏာပိုင္ေတြက ျပည္ႏွင္ဒဏ္ေပးၿပီး ဒီဇင္လဘာလ(၉) ရက္ေန႔ က ရေနာင္းကေန ေကာ့ေသာင္းၿမိဳ႔ကို ျပန္လည္ လႊဲေျပာင္းေပးခဲ့ပါတယ္။ ဒီသတင္းကို ဗြီအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပို႔ ထားပါတယ္။

အမ်ိဳးသမီးနဲ႔ အမ်ိဳးသားေတြ အပါအဝင္ လူ ၁၈၀ ေက်ာ္ ထိုင္းဘက္က ျပည္ႏွင္ဒဏ္ ေပးခဲ့တာပါ။ ျပည္ႏွင္ဒဏ္ ေပးခံရသူေတြကို ဒီဇင္ဘာလ ၉ ရက္ေန႔ မွာေတာ့ ရေနာင္းဘက္ကေန ေကာ့ေသာင္းဘက္ကို ျပန္လည္လႊဲေျပာင္းေပးခဲ့ေၾကာင္း ေကာ့ေသာင္းၿမိဳ႔ ပညာေရးနဲ႔ ဖြံၿဖိဳးတိုးတက္ေရး ေဖာင္ေဒးရွင္း ေ႐ႊ႔ေျပာင္းအလုပ္သမား အရင္းအျမစ္စင္တာ MWRC တာဝန္ခံ ဦးမိုးေဝ က အခုလို ေျပာပါတယ္။

" ဒီေန႔ကေတာ့ ၁၈၆ ေယာက္ပါ အမ်ိဳးသမီးက ၅၀ေက်ာ္ အမ်ိဳးသားက ၁၃၀ေက်ာ္ပါတယ္ ။ အဲဒီထဲမွာ အခ်ဳပ္မွာက ရေနာင္းထဲမွာ ၃လ ကေန ၅ လေက်ာ္ထိ ေနရတဲ့ သူေတြပါတယ္ ။ အခ်ဳပ္ထဲမွာပဲ ေနာက္ထပ္ ၇၀၀ ေလာက္က်န္ေသးတယ္။ ရေနာင္းအခ်ဳပ္မွာပဲေလ"

အဖမ္းခံရသူေတြထဲမွာ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္လာသူေတြ လူေမွာင္ခိုသမားေတြနဲ႔ ဝင္ေရာက္လာသူေတြ မ်ားတယ္လို႔လည္း ဦးမိုးေ၀ က ေျပာပါတယ္ ။

" အမ်ားအားျဖင့္ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္မူေတြ မ်ားတယ္။ စူရတ္ဌာနီ ဘက္ကကေတာ့ အလုပ္ရွင္ မတူတာေတြ ဖမ္းမတဲ့ ။ အုပ္စုတုိ႔ တခ်ိဳ႔ကေတာ့ ပန္းေရာင္ကဒ္ေတြ သက္တမ္း မတုိးထားသူေတြပါတယ္ ။ သက္တမ္းကုန္တဲ့သူေတြ ကုိဗစ္ကာလမွာ သက္တမ္းတိုးဖို႔ အေျခအေန မေပးလို႔ မတိုးရသူေတြ ပါပါတယ္ ။ စူရာတ္ဌာနီမွာ ၂ လ ေက်ာ္ေက်ာ္ႀကာတယ္။ ရေနာင္းအခ်ဳပ္မွာလည္း ၃လနီးပါးႀကာတယ္။ လူက အရမ္းျပြတ္ၾကပ္ေနတယ္လို႔ ေျပာပါတယ္။ က်ေနာ္တို႔ MWRC အေနနဲ႔ ကေတာ့ သူတုိ႔ရဲ႔ အရပ္ေဒသက ေဆြမ်ိုသားခ်င္းေတြနဲ႔ အခ်ိတ္အဆက္မိတာ မရွိရင္ေတာ့ခ်ိတ္ဆက္ ေဆာင္ရြက္ေပးတာ ရွိပါတယ္ခင္ဗ်"

ထိုင္းအက်ဥ္းေထာင္ေတြ၊ အခ်ဳပ္ေတြက လြတ္ရက္ေစ့တဲ့ ျမန္မာေတြကို မဲေဆာက္၊ ျမဝတီ၊ မဲဆိုင္၊ တာခ်ီလိတ္၊ ရေနာင္း ၊ ေကာ့ေသာင္းလမ္းေတြကေန ျပန္လည္ လႊဲေျပာင္းေပးေလ့ ရွိပါတယ္။

ကိုဗစ္ကပ္ေဘး ကာလမွာ နယ္စပ္လမ္းေတြ တံတားေတြ ပိတ္ထားတဲ့အတြက္ ျပည္ႏွစ္ဒဏ္ေပးတဲ့သူေတြကို အကန္႔အသတ္နဲ႔သာ ျပန္ပို႔ခဲ႔ပါတယ္ ။အခုျပည္ႏွင္ဒဏ္ ေပးခံရသူေတြဟာ ေနာက္ထပ္ ၂ႏွစ္ ထိုင္းႏိုင္ငံကို ၀င္ေရာက္ခြင့္ရွိမွ ာမဟုတ္ဘူးလို႔ လည္းဆုိပါတယ္။ ထုိင္းအက်ဥ္းေထာင္ေတြမွာ ျမန္မာအက်ဥ္းသားေတြနဲ႔ ျပည့္က်ပ္ေနျပီး ေန့စဥ္လည္း ျမန္မာေတြ အစုလိုက္ အျပံဳလိုက္ ဖမ္းဆီးခံရတာေတြ ရွိေနတဲ့အတြက္ ထိုင္းျပည္နယ္အသီးသီးက လ၀က အခ်ဳပ္ေတြမွာ လူေတြ ျပည့္ႀကပ္ေနတာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

လွတ်ရက်စေ့ မြန်မာ ၂၀၀ ခန့် ထိုင်းဘက်ကပြန်ပို့

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံ တောင်းပိုင်းပြည်နယ် ၁၄ ခုအတွင်းမှာ အဖမ်းဆီးခံရပြီး အကျဉ်းထောင်တွေ အချုပ်တွေကနေ လွက်ရက်စေ့သွားတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၁၈၀ ကျော်ကို ထိုင်းအာဏာပိုင်တွေက ပြည်နှင်ဒဏ်ပေးပြီး ဒီဇင်လဘာလ(၉) ရက်နေ့ က ရနောင်းကနေ ကော့သောင်းမြို့ကို ပြန်လည် လွှဲပြောင်းပေးခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

အမျိုးသမီးနဲ့ အမျိုးသားတွေ အပါအဝင် လူ ၁၈၀ ကျော် ထိုင်းဘက်က ပြည်နှင်ဒဏ် ပေးခဲ့တာပါ။ ပြည်နှင်ဒဏ် ပေးခံရသူတွေကို ဒီဇင်ဘာလ ၉ ရက်နေ့ မှာတော့ ရနောင်းဘက်ကနေ ကော့သောင်းဘက်ကို ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ကော့သောင်းမြို့ ပညာရေးနဲ့ ဖွံဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း ရွှေ့ပြောင်းအလုပ်သမား အရင်းအမြစ်စင်တာ MWRC တာဝန်ခံ ဦးမိုးဝေ က အခုလို ပြောပါတယ်။

" ဒီနေ့ကတော့ ၁၈၆ ယောက်ပါ အမျိုးသမီးက ၅၀ကျော် အမျိုးသားက ၁၃၀ကျော်ပါတယ် ။ အဲဒီထဲမှာ အချုပ်မှာက ရနောင်းထဲမှာ ၃လ ကနေ ၅ လကျော်ထိ နေရတဲ့ သူတွေပါတယ် ။ အချုပ်ထဲမှာပဲ နောက်ထပ် ၇၀၀ လောက်ကျန်သေးတယ်။ ရနောင်းအချုပ်မှာပဲလေ"

အဖမ်းခံရသူတွေထဲမှာ တရားမဝင် နယ်စပ်ဖြတ်ကျော်လာသူတွေ လူမှောင်ခိုသမားတွေနဲ့ ဝင်ရောက်လာသူတွေ များတယ်လို့လည်း ဦးမိုးေ၀ က ပြောပါတယ် ။

" အများအားဖြင့် တရားမဝင် နယ်စပ်ဖြတ်ကျော်မူတွေ များတယ်။ စူရတ်ဌာနီ ဘက်ကကတော့ အလုပ်ရှင် မတူတာတွေ ဖမ်းမတဲ့ ။ အုပ်စုတို့ တချို့ကတော့ ပန်းရောင်ကဒ်တွေ သက်တမ်း မတိုးထားသူတွေပါတယ် ။ သက်တမ်းကုန်တဲ့သူတွေ ကိုဗစ်ကာလမှာ သက်တမ်းတိုးဖို့ အခြေအနေ မပေးလို့ မတိုးရသူတွေ ပါပါတယ် ။ စူရာတ်ဌာနီမှာ ၂ လ ကျော်ကျော်ကြာတယ်။ ရနောင်းအချုပ်မှာလည်း ၃လနီးပါးကြာတယ်။ လူက အရမ်းပြွတ်ကြပ်နေတယ်လို့ ပြောပါတယ်။ ကျနော်တို့ MWRC အနေနဲ့ ကတော့ သူတို့ရဲ့ အရပ်ဒေသက ဆွေမျိုသားချင်းတွေနဲ့ အချိတ်အဆက်မိတာ မရှိရင်တော့ချိတ်ဆက် ဆောင်ရွက်ပေးတာ ရှိပါတယ်ခင်ဗျ"

ထိုင်းအကျဉ်းထောင်တွေ၊ အချုပ်တွေက လွတ်ရက်စေ့တဲ့ မြန်မာတွေကို မဲဆောက်၊ မြဝတီ၊ မဲဆိုင်၊ တာချီလိတ်၊ ရနောင်း ၊ ကော့သောင်းလမ်းတွေကနေ ပြန်လည် လွှဲပြောင်းပေးလေ့ ရှိပါတယ်။

ကိုဗစ်ကပ်ဘေး ကာလမှာ နယ်စပ်လမ်းတွေ တံတားတွေ ပိတ်ထားတဲ့အတွက် ပြည်နှစ်ဒဏ်ပေးတဲ့သူတွေကို အကန့်အသတ်နဲ့သာ ပြန်ပို့ခဲ့ပါတယ် ။အခုပြည်နှင်ဒဏ် ပေးခံရသူတွေဟာ နောက်ထပ် ၂နှစ် ထိုင်းနိုင်ငံကို ဝင်ရောက်ခွင့်ရှိမှ ာမဟုတ်ဘူးလို့ လည်းဆိုပါတယ်။ ထိုင်းအကျဉ်းထောင်တွေမှာ မြန်မာအကျဉ်းသားတွေနဲ့ ပြည့်ကျပ်နေပြီး နေ့စဉ်လည်း မြန်မာတွေ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရတာတွေ ရှိနေတဲ့အတွက် ထိုင်းပြည်နယ်အသီးသီးက လဝက အချုပ်တွေမှာ လူတွေ ပြည့်ကြပ်နေတာဖြစ်ပါတယ်။

XS
SM
MD
LG