သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿပီးခဲ့တဲ့ႏွစ္ထဲ ထိုင္းႏိုင္ငံမွာ ဖမ္းဆီးခံရသူ အေထာက္အထားမဲ့ျမန္မာ ၄ ေသာင္းေက်ာ္ခန္႔ရွိ 


ႀသဂုတ္လ (၁၂) ရက္ေန့က အယုဒယျမိဳ့မွာျမန္မာႏို္င္ငံသားေတြကို ခိုးျပီးတင္လာတာကို ဖမ္းဆီးစစ္ေဆးေနပံု (Police) (မွတ္တမ္းဓါတ္ပုံ)

ထုိင္းႏို္င္ငံကို ျမန္မာေတြဟာ ၂၀၂၂ခုႏွစ္ တႏွစ္လံုးမွာ  တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္၀င္ေရာက္ျပီး အဖမ္းခံရသူ ျမန္မာ ၄ ေသာင္းေက်ာ္ေလာက္ရွိမယ္လို႔ အလုပ္သမားေရးေဆာင္ရြက္ေနသူေတြက ခန္႔မွန္းႀကပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ ထားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္ထဲ ထိုင္းႏိုင္ငံမွာ ဖမ္းဆီးခံရသူ အေထာက္အထားမဲ့ျမန္မာ ၄ ေသာင္းေက်ာ္ခန္႔ရွိ

{{Zawgyi/Unicode}}
ထုိင္းႏို္င္ငံကို တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ျပီး ၀င္ေရာက္လာၾကတဲ့ ျမန္မာေတြဟာ ေန႔စဥ္နီးပါ အစုလိုက္ အျပံဳလိုက္ အဖမ္းအဆီးခံခဲ့ရျပီး ၂၀၂၂ခုႏွစ္ တႏွစ္လံုးမွာေတာ့ တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္၀င္ေရာက္ျပီး အဖမ္းခံရသူ ျမန္မာ ၄ ေသာင္းေက်ာ္ေလာက္ရွိမယ္လို႔ အလုပ္သမားေရးေဆာင္ရြက္ေနသူေတြက ခန္႔မွန္းႀကပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ ထားပါတယ္။

ထုိင္းျမန္မာနယ္စပ္ကေန တဆင့္ ထုိင္းႏို္င္ငံအတြင္းပုိင္းအထိ လမ္းေႀကာင္းတခု ၊ ထုိင္း ျမန္မာနယ္စပ္ကေန ထုိင္းမေလးနယ္စပ္ထိ နယ္စပ္ ၂ခုကို ျဖတ္ျပီး မေလးရွားႏို္င္ငံကုိ ခိုး၀င္ႀကတဲ့လမ္းေႀကာင္းကတခု အဲဒီ လမ္းေႀကာင္း၂ခုကိုသံုးျပီး ေန႔စဥ္ လူေမွာင္ခိုသမားေတြကတဆင့္ ျမန္မာႏို္င္ငံသားေတြ ထုိင္းႏို္င္ငံထဲကုိ အစုလိုက္ အျပံဳလိုက္ ေန႔စဥ္၀င္ေရာက္လာေနတာပါ။ လူကုန္ကူး တိုက္ဖ်က္ေရးကို လုပ္ေနၾကတဲ့ ထိုင္းႏိုင္ငံအေနနဲ႔ ေန႔စဥ္၀င္ေရာက္လာေနၾကတဲ့ တရားမ၀င္ ျမန္မာေတြကို ဖမ္းဆီးခဲ့ရာမွာ တႏွစ္အတြင္း ၄ေသာင္းေက်ာ္ေလာက္ရွိမယ္လို႔ ခန္႔မွန္းေနၾကေႀကာင္း အလုပ္သမားေရးအဖဲြ႔ ေတြက အႀကမ္းဖ်ဥ္း မွတ္တမ္းလုပ္ထားတယ္လို႔ အလုပ္သမားေရး လွဳပ္ရွားသူ ဦးမုိးႀကိဳး က ေျပာပါတယ္။

" က်ေနာ္တို႔ ၂၀၂၂ခုႏွစ္အတြင္း ဇန္န၀ါရီလကေန ဒီဇင္ဘာလထိ တႏွစ္အတြင္းမွာ ထုိင္းႏိုင္ငံထဲကို ျမန္မာႏို္င္ငံထဲကေန တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္၀င္ေရာက္သူ ျမန္မာႏိုင္ငံသား ၄ေသာင္း ၆ေထာင္ေက်ာ္နဲ႔ လူေမွာင္ခို လူပဲြစား၁၀၀ေက်ာ္ ဖမ္းမိတယ္လို႔ အႀကမ္းဖ်ဥ္း စုစည္းထားတဲ့ မွတ္တမ္းေတြရွိပါတယ္။သို႔ေသာ္လည္းပဲ ဒီထက္မက တရားမ၀င္ ျမန္မာအေရအတြက္ေတြနဲ႔ လူေမွာင္ခို ပဲြစားေတြလည္း ရွိႏိုင္ပါတယ္"

တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္မူေတြ အမ်ားဆံုး ၀င္ေရာက္ေနတဲ့ နယ္စပ္လမ္းေတြနဲ႔ ပတ္သက္ျပီးေတာ့လည္း အခုလိုေျပာျပပါတယ္။

" တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္မူေတြကေတာ့ ထုိင္းနဲ႔ မြန္ျပည္နယ္ နယ္စပ္ ကမ္ခ်နဘူရီျပည္နယ္ ကေန အမ်ားဆံုး ၀င္ေရာက္ပါတယ္။ ဒုတိယ အမ်ားဆံုးကေတာ့ ထုိင္းနဲ႔ ကရင္ျပည္နယ္ နယ္စပ္ ျမ၀တီ မဲေဆာက္ နယ္စပ္ကေန အမ်ားဆံုး၀င္ေရာက္ပါတယ္။ တတိယ အမ်ားဆံုးကေတာ့ ထုိင္းနဲ႔ တနသၤာရီနယ္စပ္ ပရာက်ြတ္ခီရီကန္ ဘက္ကေန အမ်ားဆံုး ဝင္ေရာက္တာျဖစ္ပါတယ္"

ကမ ၻာတ၀ွမ္းမွာ လက္ရွိ လူကုန္ကူးမႈရဲ႔ သားေကာင္းျဖစ္ရသူ လူေပါင္း ၂၅ သန္း နီးပါး ရွိတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရး၀န္ႀကီး ဌာနက ၂၀၂၂ခုႏွစ္ထဲမွာ ထုတ္ျပန္တဲ့ စာရင္းထဲမွ ာပါရွိပါတယ္။

စစ္အာဏာသိမ္းမႈေၾကာင့္ စစ္တပ္နဲ႔ ျပည္သူ႔ကာကြယ္ေရးတပ္ဖဲြ႔ေတြ၊ တိုင္ရင္းသား လက္နက္ကို္္င္ေတြႀကား လက္နက္ကိုင္ ပဋိပကၡေတြ ပုိျပီးက်ယ္က်ယ္ျပန္႔ျပန္႔ ျဖစ္လာသလို စစ္ေဘးေႀကာင့္ သိန္းနဲ႔ခ်ီရွိတဲ့ လူထုေတြ အိုးအိမ္စြန့္ခြါ ထြက္ေျပးခဲ့ရတယ္လို႔ အစီရင္ခံစာမွ ာပါရွိပါတယ္။ ဒီထြက္ေျပးရသူေတြထဲက အမ်ားအျပားဟာ လူကုန္ကူးခံရမဲ့ အႏၲရာယ္ရွိေၾကာင္းလည္း အစီရင္ခံစာမွာ ေဖာ္ျပထားပါတယ္။

ျမန္မာႏိုင္ငံဟာ လူကုန္ကူးမူ တုိက္ဖ်က္ေရးနဲ႔ ပတ္သက္လို႔ အနိမ့္ဆံုးအဆင့္ သတ္မွတ္္ခ်က္ ျပည့္မွီေအာင္ ေဆာင္ရြက္နို္င္တာမရွိတဲ့အတြက္ လူကုန္ကူးမူနဲ႔ ပတ္သက္လုိ႔ အဆိုးဝါးဆံုးဆင့္ Tier 3 အျဖစ္သတ္မွတ္ခံထားရတာ အခုဆိုရင္ ၅ႏွစ္ဆက္တုိက္ရွိသြားျပီျဖစ္ပါတယ္။

အိမ္နီးနားခ်င္း ႏုိင္ငံေတြျဖစ္ၾကတဲ့ ျမန္မာနဲ႔ မေလးရွားႏုိင္ငံနဲ႔ ဆက္စပ္ျပီး လူကုန္ကူးမူေတြ အျဖစ္မ်ားေနတဲ့ ထုိင္းနုိင္ငံဟာ လူကုန္ကူးမူ တိုက္ဖ်က္ေရးေတြကို ပုိမိုလုပ္ေဆာင္ဖုိ႔အတြက္ ႏိုင္ငံတြင္းက အေရးႀကီးတဲ့ ဌာနဆိုင္ရာေတြကို ထပ္မံတိုးခ်ဲ႔ပူးေပါင္းခဲ့ပါတယ္။ ဒီအတြက္ အေမရိကန္ ႏိုင္ငံျခားေရးဌာနက tire 2 ေစာင့္ႀကည္႔အဆင့္ကေန ပယ္ဖ်က္ျပီး လူကုန္ကူးမူ တုိက္ဖ်က္ေရးကို ေကာင္မြန္စြာလုပ္ႏိုင္ခဲ့တဲ့အတြက္ Tire 2 အဆင့္ကုိ သတ္မွတ္ေပးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

ပြီးခဲ့တဲ့နှစ်ထဲ ထိုင်းနိုင်ငံမှာ ဖမ်းဆီးခံရသူ အထောက်အထားမဲ့မြန်မာ ၄ သောင်းကျော်ခန့်ရှိ

{{Zawgyi/Unicode}}
ထိုင်းနိုင်ငံကို တရားမဝင် နယ်စပ်ဖြတ်ကျော်ပြီး ဝင်ရောက်လာကြတဲ့ မြန်မာတွေဟာ နေ့စဉ်နီးပါ အစုလိုက် အပြုံလိုက် အဖမ်းအဆီးခံခဲ့ရပြီး ၂၀၂၂ခုနှစ် တနှစ်လုံးမှာတော့ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်ပြီး အဖမ်းခံရသူ မြန်မာ ၄ သောင်းကျော်လောက်ရှိမယ်လို့ အလုပ်သမားရေးဆောင်ရွက်နေသူတွေက ခန့်မှန်းကြပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ ထားပါတယ်။

ထိုင်းမြန်မာနယ်စပ်ကနေ တဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းအထိ လမ်းကြောင်းတခု ၊ ထိုင်း မြန်မာနယ်စပ်ကနေ ထိုင်းမလေးနယ်စပ်ထိ နယ်စပ် ၂ခုကို ဖြတ်ပြီး မလေးရှားနိုင်ငံကို ခိုးဝင်ကြတဲ့လမ်းကြောင်းကတခု အဲဒီ လမ်းကြောင်း၂ခုကိုသုံးပြီး နေ့စဉ် လူမှောင်ခိုသမားတွေကတဆင့် မြန်မာနိုင်ငံသားတွေ ထိုင်းနိုင်ငံထဲကို အစုလိုက် အပြုံလိုက် နေ့စဉ်ဝင်ရောက်လာနေတာပါ။ လူကုန်ကူး တိုက်ဖျက်ရေးကို လုပ်နေကြတဲ့ ထိုင်းနိုင်ငံအနေနဲ့ နေ့စဉ်ဝင်ရောက်လာနေကြတဲ့ တရားမဝင် မြန်မာတွေကို ဖမ်းဆီးခဲ့ရာမှာ တနှစ်အတွင်း ၄သောင်းကျော်လောက်ရှိမယ်လို့ ခန့်မှန်းနေကြကြောင်း အလုပ်သမားရေးအဖွဲ့ တွေက အကြမ်းဖျဉ်း မှတ်တမ်းလုပ်ထားတယ်လို့ အလုပ်သမားရေး လှုပ်ရှားသူ ဦးမိုးကြိုး က ပြောပါတယ်။

" ကျနော်တို့ ၂၀၂၂ခုနှစ်အတွင်း ဇန်နဝါရီလကနေ ဒီဇင်ဘာလထိ တနှစ်အတွင်းမှာ ထိုင်းနိုင်ငံထဲကို မြန်မာနိုင်ငံထဲကနေ တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်သူ မြန်မာနိုင်ငံသား ၄သောင်း ၆ထောင်ကျော်နဲ့ လူမှောင်ခို လူပွဲစား၁၀၀ကျော် ဖမ်းမိတယ်လို့ အကြမ်းဖျဉ်း စုစည်းထားတဲ့ မှတ်တမ်းတွေရှိပါတယ်။သို့သော်လည်းပဲ ဒီထက်မက တရားမဝင် မြန်မာအရေအတွက်တွေနဲ့ လူမှောင်ခို ပွဲစားတွေလည်း ရှိနိုင်ပါတယ်"

တရားမဝင် နယ်စပ်ဖြတ်ကျော်မူတွေ အများဆုံး ဝင်ရောက်နေတဲ့ နယ်စပ်လမ်းတွေနဲ့ ပတ်သက်ပြီးတော့လည်း အခုလိုပြောပြပါတယ်။

" တရားမဝင် နယ်စပ်ဖြတ်ကျော်မူတွေကတော့ ထိုင်းနဲ့ မွန်ပြည်နယ် နယ်စပ် ကမ်ချနဘူရီပြည်နယ် ကနေ အများဆုံး ဝင်ရောက်ပါတယ်။ ဒုတိယ အများဆုံးကတော့ ထိုင်းနဲ့ ကရင်ပြည်နယ် နယ်စပ် မြဝတီ မဲဆောက် နယ်စပ်ကနေ အများဆုံးဝင်ရောက်ပါတယ်။ တတိယ အများဆုံးကတော့ ထိုင်းနဲ့ တနင်္သာရီနယ်စပ် ပရာကျွတ်ခီရီကန် ဘက်ကနေ အများဆုံး ဝင်ရောက်တာဖြစ်ပါတယ်"

ကမ ္ဘာတဝှမ်းမှာ လက်ရှိ လူကုန်ကူးမှုရဲ့ သားကောင်းဖြစ်ရသူ လူပေါင်း ၂၅ သန်း နီးပါး ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဌာနက ၂၀၂၂ခုနှစ်ထဲမှာ ထုတ်ပြန်တဲ့ စာရင်းထဲမှ ာပါရှိပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် စစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ၊ တိုင်ရင်းသား လက်နက်ကို်င်တွေကြား လက်နက်ကိုင် ပဋိပက္ခတွေ ပိုပြီးကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာသလို စစ်ဘေးကြောင့် သိန်းနဲ့ချီရှိတဲ့ လူထုတွေ အိုးအိမ်စွန့်ခွါ ထွက်ပြေးခဲ့ရတယ်လို့ အစီရင်ခံစာမှ ာပါရှိပါတယ်။ ဒီထွက်ပြေးရသူတွေထဲက အများအပြားဟာ လူကုန်ကူးခံရမဲ့ အန္တရာယ်ရှိကြောင်းလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ လူကုန်ကူးမူ တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ အနိမ့်ဆုံးအဆင့် သတ်မှတ်ချက် ပြည့်မှီအောင် ဆောင်ရွက်နိုင်တာမရှိတဲ့အတွက် လူကုန်ကူးမူနဲ့ ပတ်သက်လို့ အဆိုးဝါးဆုံးဆင့် Tier 3 အဖြစ်သတ်မှတ်ခံထားရတာ အခုဆိုရင် ၅နှစ်ဆက်တိုက်ရှိသွားပြီဖြစ်ပါတယ်။

အိမ်နီးနားချင်း နိုင်ငံတွေဖြစ်ကြတဲ့ မြန်မာနဲ့ မလေးရှားနိုင်ငံနဲ့ ဆက်စပ်ပြီး လူကုန်ကူးမူတွေ အဖြစ်များနေတဲ့ ထိုင်းနိုင်ငံဟာ လူကုန်ကူးမူ တိုက်ဖျက်ရေးတွေကို ပိုမိုလုပ်ဆောင်ဖို့အတွက် နိုင်ငံတွင်းက အရေးကြီးတဲ့ ဌာနဆိုင်ရာတွေကို ထပ်မံတိုးချဲ့ပူးပေါင်းခဲ့ပါတယ်။ ဒီအတွက် အမေရိကန် နိုင်ငံခြားရေးဌာနက tire 2 စောင့်ကြည့်အဆင့်ကနေ ပယ်ဖျက်ပြီး လူကုန်ကူးမူ တိုက်ဖျက်ရေးကို ကောင်မွန်စွာလုပ်နိုင်ခဲ့တဲ့အတွက် Tire 2 အဆင့်ကို သတ်မှတ်ပေးခဲ့ပါတယ်။

XS
SM
MD
LG