သုံးရလွယ်ကူစေသည့် Link များ
နောက်ဆုံးရသတင်း
ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ ကာမတော်တဆမှုဖြစ်ပွားသည့်ဓာတ်ပုံ။
ထိုင်းနိုင်ငံ ရာခ်ျဘူရီဆေးရုံမှာ ယာဉ်မတော်တဆမူ့နဲ့ရောက်ရှိလာပြီး သေဆုံးသွားခဲ့တဲ့ မြန်မာအလုပ်သမားတဦးက လူ(၁၃)ယောက်အတွက်ခန္ဓာကိုယ် အစိတ်အပိုင်းတွေလျူဒါန်းခဲ့ကြောင်း ရာခ်ျဘူရီဆေးရုံကြီးကသတင်းထုတ် ပြန်ခဲ့ပါတယ်။
Zawgyi
ထိုင်းနိုင်ငံ ရာခ်ျဘူရီမြို့နယ် အတွင်းကကြက်ခြံလုပ်ငန်းမှာအလုပ်လုပ်ကိုင်နေတဲ့အသက် (၂၉) အရွယ် ကိုသန့်ဇင်ထွန်း ဟာ ယာဉ်မတော်တဆတိုက်မူ့ဖြစ်ပြီး၊ သူရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အသက်ရှင်နေသူတွေအတွက်အသုံး ပြုနိုင်အောင်လျူဒါန်းသွားခဲ့တယ်လို့အလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးကအခုလိုပြောပါတယ်။
“ ယာဉ်တိုက်မူ့တခုကြောင့် ရာတ်ခ်ျဘူရီဆေးရုံတခုမှာ အသက်ဆုံးရှုံးသွားတဲ့ ကြက်ခြံလုပ်သားတဦးဖြစ်တဲ့ အသက် ၂၉နှစ်အရွယ် မောင်သန့်ဇင်ထွန်းဟာ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုအသုံးပြုဖို့ အတွက်ရာတ်ခ်ျဘူရီဆေးရုံကြီးမှာ လျူဒါန်းပေးခဲ့ပါတယ်။ ဒါကိုလည်း ရာတ်ခ်ျဘူရီဆေးရုံကြီးရဲ့ လူမူ့ကွန်ယက်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်၊ ဒီအခင်းဖြစ်စဉ်ကတော့ပြီး ခဲ့တဲ့ ၂၀၂၃ ဇန်န၀ါရီလ ၃ရက်နေ့မှာ မောင်သန့်ဇင်ထွန်းမောင်းလာတဲ့ ဆိုင်ကယ်နဲ့တဖက်က ပစ်ကပ်ကားတိုက်မူ့ ဖြစ်ပွားခဲ့ပါတယ်။ သူဟာရာတ်ခ်ျဘူရီဆေးရုံကြီးကိုရောက်လာချိန်မှာအချိန်တိုအတွင်းမှာ ပဲအသည်းအသန်အခြေအနေကိုရောက်ရှိလာပါတယ်။”
တိုက်ရိုက် လင့်ခ်
##
Unicode
သေဆုံးမြန်မာလုပ်သား ထိုင်းဆေးရုံကို ခန္ဓာအစိတ်အပိုင်းလှူ
ထိုင်းနိုင်ငံ ရာချ်ဘူရီဆေးရုံမှာ ယာဉ်မတော်တဆမူ့နဲ့ရောက်ရှိလာပြီး သေဆုံးသွားခဲ့တဲ့ မြန်မာအလုပ်သမားတဦးက လူ(၁၃)ယောက်အတွက်ခန္ဓာကိုယ် အစိတ်အပိုင်းတွေလျူဒါန်းခဲ့ကြောင်း ရာချ်ဘူရီဆေးရုံကြီးကသတင်းထုတ် ပြန်ခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။
ထိုင်းနိုင်ငံ ရာချ်ဘူရီမြို့နယ် အတွင်းကကြက်ခြံလုပ်ငန်းမှာအလုပ်လုပ်ကိုင်နေတဲ့အသက် (၂၉) အရွယ် ကိုသန့်ဇင်ထွန်း ဟာ ယာဉ်မတော်တဆတိုက်မူ့ဖြစ်ပြီး၊ သူရဲ့ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို အသက်ရှင်နေသူတွေအတွက်အသုံး ပြုနိုင်အောင်လျူဒါန်းသွားခဲ့တယ်လို့အလုပ်သမားရေးလှုပ်ရှားသူဦးမိုးကြိုးကအခုလိုပြောပါတယ်။
“ ယာဉ်တိုက်မူ့တခုကြောင့် ရာတ်ချ်ဘူရီဆေးရုံတခုမှာ အသက်ဆုံးရှုံးသွားတဲ့ ကြက်ခြံလုပ်သားတဦးဖြစ်တဲ့ အသက် ၂၉နှစ်အရွယ် မောင်သန့်ဇင်ထွန်းဟာ သူ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုအသုံးပြုဖို့ အတွက်ရာတ်ချ်ဘူရီဆေးရုံကြီးမှာ လျူဒါန်းပေးခဲ့ပါတယ်။ ဒါကိုလည်း ရာတ်ချ်ဘူရီဆေးရုံကြီးရဲ့လူမူ့ကွန်ယက်စာမျက်နှာမှာဖော်ပြခဲ့ပါတယ်၊ ဒီအခင်းဖြစ်စဉ်ကတော့ပြီး ခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီလ ၃ရက်နေ့မှာ မောင်သန့်ဇင်ထွန်းမောင်းလာတဲ့ ဆိုင်ကယ်နဲ့တဖက်က ပစ်ကပ်ကားတိုက်မူ့ဖြစ်ပွားခဲ့ပါတယ်။ သူဟာရာတ်ချ်ဘူရီဆေးရုံကြီးကိုရောက်လာချိန်မှာအချိန်တိုအတွင်းမှာ ပဲအသည်းအသန်အခြေအနေကိုရောက်ရှိလာပါတယ်။”
ကားမတော်တဆဖြစ်ပြီးရောက်လာတဲ့ မြန်မာအလုပ်သမားကိုဦးနှောက်ကို ဓါတ်မှန်ရိုက်တာ လည်ပင်ရိုးတွေကို စစ်ဆေးတာတွေလုပ်ခဲ့ပြီး အခြေအနေဆိုးနေတဲ့လူနာဖြစ်တာကြောင့် မိသားစုထံအကြောင်းကြားပြီး၊ ခန္ဓာအစိတ်အပိုင်းတွေကို လျူဒါန်းပေးဖို့ဆေးရုံက မေတ္တာရပ်ခံခဲ့တယ်လို့ဆိုပါတယ်။
မြန်မာအလုပ်သမားမိသားစုကလည်းသေဆုံးသူရဲ့ဆန္ဓအတိုင်းလှုဒါန်းပေးခဲ့ရမှာလူ၁၃ဦးအတွက်မျက်လုံး အရိုးနဲ့တစ်ရူးတွေကို လှုဒါန်းခဲ့တယ်လို့လည်းဆိုပါတယ်။
“သူ နေကောင်းစဉ်မှာ အခါအခွင့်ကြုံရင်သူ့ခနာအစိတ်အပိုင်းကိုလျူဒါန်းသွားဖို့မှာကြားသွားတဲ့အတွက် ဆရာဝန်တွက သူရဲ့မျက်လုံးတစုံယူတယ်၊ အရိုးနဲ့ တစ်ရူး၁၁ခုကိုလည်းယူပါတယ်၊”
ရာတ်ချ်ဘူရီဆေးရုံကြီးကတဆင့် မျက်လုံးတစုံကိုတော့ ထိုင်းကြက်ခြေနီအဖွဲ့ချုပ်ထံဆက်လက်လျူဒါန်းခဲ့ပြီး အရိုးနဲ့တစ်ရူးကိုတော့ ဘန်ကောက်က တော်ဝင်ဇီဝတစ်ရူးဌာနကိုပေးပို့ခဲ့ပါတယ်၊ အလာတူဖြစ်ရပ်မျိုးလည်းရရှိခဲ့ပါတယ် ။ ပြီးခဲ့တဲ့နိုဝင်ဘာလ၅ရက်နေ့တုန်းကလည်း ချင်းမိုင်မြို့မှာအသက်(၄၃)နှစ်အရွယ် မြန်မာအလုပ်သမားအမျိုးသားတဦး မတော်တဆဖြစ်ရပ်ကြောင့် ဦးနှောက်သေဆုံးသွားခဲ့ပြီး သူသေဆုံးပြီးချိန်မှာသူရဲ့ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်တဲ့ မျက်လုံးနဲ့ ကျောက်ကပ်ကို တခြားလူတွေအတွက်အသုံးပြုဖို့အတွက်သူ့ရဲ့မိသားစုကလှူဒါန်းပေးခဲ့ပါတယ်။
XS
SM
MD
LG