သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

လူပဲြစားနဲ႔ တရားမဝင္ ျမန္မာေတြ ထိုင္းရဲဖမ္း


လူပဲြစားနဲ႔ တရားမဝင္ ျမန္မာေတြ ထိုင္းရဲဖမ္း

ထိုင္းႏို္္င္ငံ ၊ ခ်င္းမိုင္ျပည္နယ္ နဲ႔ ရေနာင္းျပည္နယ္ေတြမွာ တရားမ၀င္ျမန္မာေတြ ဒီဇင္ဘာလ ၂၂ နဲ႔  ၂၃ရက္ေန႔ ၂ရက္အတြင္း လူ၆၀ေလာက္ ဖမ္းဆီးခံရသလို လူေမွာင္ခိုပဲြစား ၆ဦးကုိလည္း ဖမ္းဆီးခဲ့ပါတယ္ ။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္။

လူပဲြစားနဲ႔ တရားမဝင္ ျမန္မာေတြ ထိုင္းရဲဖမ္း

{{Zawgyi/Unicode}}
ထိုင္းႏို္္င္ငံ ၊ ခ်င္းမိုင္ျပည္နယ္ နဲ႔ ရေနာင္းျပည္နယ္ေတြမွာ တရားမ၀င္ျမန္မာေတြ ဒီဇင္ဘာလ ၂၂ နဲ႔ ၂၃ရက္ေန႔ ၂ရက္အတြင္း လူ၆၀ေလာက္ ဖမ္းဆီးခံရသလို လူေမွာင္ခိုပဲြစား ၆ဦးကုိလည္း ဖမ္းဆီးခဲ့ပါတယ္ ။ ထိုင္း ျမန္မာနယ္စပ္ မဲေဆာက္ျမိဳ႔မွာေတာ့ လူေနတန္းလ်ားေတြကို ၀င္ေရာက္စစ္ေဆးျပီး တရားမ၀င္ ျမန္မာေတြကုိ ဖမ္းဆီးေနတာေတြလည္း ရွိပါတယ္ ။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏိုင္ငံ ၊ ခ်င္းမိုင္ျပည္နယ္ နဲ႔ ရေနာင္းျပည္နယ္ေတြမွာ တရားမ၀င္ ျမန္မာေတြ ၂ရက္အတြင္း လူ၆၀ေလာက္ အဖမ္းဆီးခံရသလို လူကုန္ကူသူ ထုိင္းႏို္္င္ငံသား၆ဦးလည္း အဖမ္းဆီးခံရပါတယ္။ အလုပ္သမားအေရး လွဳပ္ရွားသူ ဦးမုိးႀကိဳး ကေတာ့ ဒီဇင္ဘာလ ၂၁ရက္ေန႔ နဲ႔ ၂၂ရက္ေန႔ေတြမွာျမန္မာေတြ အစုလို္က္ အျပံဳလိုက္ အဖမ္းခံရတဲ့အေႀကာင္း အခုလိုေျပာပါတယ္။

" အခုဒီဇင္ဘာလ၂၂ရက္ေန႔က ခ်င္းမိုင္ျပည္နယ္ မဲ့အိုင္းျမိဳ႔နယ္ထဲက သစ္ေတာ၀င္းထဲမွာ တရားမ၀င္ ျမန္မာ၁၂ေယာက္ကို ထုိင္းနယ္ျခားေစာင့္တပ္က ဖမ္းဆီးခံရပါတယ္ ။ ထိုင္းႏိုင္ငံ ၊ ရေနာင္းျပည္နယ္၊ ကရာဘူရီျမိဳ႔နယ္ထဲမွာလည္း ျမန္မာ၁၅ေယာက္ ဖမ္းဆီးခံရျပီး တာ၀န္ရွိသူေတြက သူတို႔ကို စစ္ေဆးပါတယ္။ စစ္ေဆးခ်က္ကို ထပ္ျပီးလိုက္ေတာ့ တရားမ၀င္ ျမန္မာ၁၃ဦးဖမ္းခံရတယ္။ ဒီစစ္ေဆးခ်က္အရ အသက္၇၀ေက်ာ္အရြယ္အဖုိးအုိတဦးလည္း စစ္ေဆးပါတယ္။ သူရဲ႔ထြက္ဆုိခ်က္အရ ထပ္မံဖမ္းဆီးခံရသူေတြကေတာ့ ထိုင္းႏို္င္ငံသား လူေမွာင္ခိုသမား ၅ဦးနဲ႔ တရားမ၀င္ျမန္မာ၃၅ဦးကုိ ထပ္မံဖမ္းမိတယ္"

အခုလိုနယ္စပ္ ျဖတ္ေက်ာ္၀င္ေရာက္လာသူေတြ သာမက ျမန္မာေတြ အမ်ားဆံုးေနတဲ့ မဲေဆာက္ျမိဳ႔မွာေတာ့ ညအခ်ိန္ေတြ မနက္အေစာပုိင္း အခ်ိန္ေတြမွာ အလုပ္သမားတန္းလ်ားေတြထဲ ၀င္ေရာက္စစ္ေဆး ဖမ္းဆီးတာေတြလည္း ရွိေနတယ္လို႔ ဆုိပါတယ္။

" တဆက္တည္းမွာပဲ ထုိင္းျမန္မာနယ္စပ္က ျမန္မာေတြမ်ားတဲ့ မဲေဆာက္ျမဳိ႔မွာလည္း အလုပ္သမားတန္းလ်ားေတြကို ေရွာင္တခင္ ၀င္ေရာက္စစ္ေဆးတာလည္းရွိပါတယ္ ။ ထိုင္းႏိုင္ငံကုိ တရားမ၀င္နယ္စပ္ ျဖတ္ေက်ာ္မူနဲ႔ ဒီဇင္ဘာလ ၂၁ရက္ေန႔နဲ႔ ၂၂ရက္ေန႔ ေတြမွာ ထိုင္းႏို္င္ငံ ေျမာက္ပိုင္း ခ်င္းမိုင္နဲ႔ ထိုင္းေတာင္ပိုင္း ၊ ရေနာင္းျပည္နယ္မွာ ၊ တရားမ၀င္ ျမန္မာ၆၀နဲ႔ လူေမွာင္ခုိသမား ၆ေယာက္အဖမ္းခံရပါတယ္ "

အခုဆိုရင္ ႏွစ္ကုန္ကာလမွာ ျမန္မာေတြ အစုလိုက္ အျပံဳလိုက္ ဆက္တိုက္ဖမ္းမိေနသလို ျမန္မာႏို္င္ငံရဲ႔ ႏိုင္ငံေရးအေျခအေနေတြေႀကာင့္ ထြက္ေျပးတိမ္းေရွာင္လာသူေတြလည္း ဖမ္းဆီးခံေနရျပီး တခ်ိဳ႔ေနရပ္ ျပန္ပို႔ခံရတာေတြလည္း ရွိေနပါတယ္။ တခ်ိဳ႔လည္း ေနရပ္ျပန္ပုိ႔ခံရျပီးတဲ့ေနာက္ ျမန္မာႏို္င္ငံဘက္္မွာ ဖမ္းဆီးခံၾကရပါတယ္။

လူပဲြစားနဲ႔ တရားမဝင္ ျမန္မာေတြ ထိုင္းရဲဖမ္း
please wait

No media source currently available

0:00 0:02:29 0:00
တိုက္႐ိုက္ လင့္ခ္

လူပွဲစားနဲ့ တရားမဝင် မြန်မာတွေ ထိုင်းရဲဖမ်း

{{Zawgyi/Unicode}}
ထိုင်းနို်င်ငံ ၊ ချင်းမိုင်ပြည်နယ် နဲ့ ရနောင်းပြည်နယ်တွေမှာ တရားမဝင်မြန်မာတွေ ဒီဇင်ဘာလ ၂၂ နဲ့ ၂၃ရက်နေ့ ၂ရက်အတွင်း လူ၆၀လောက် ဖမ်းဆီးခံရသလို လူမှောင်ခိုပွဲစား ၆ဦးကိုလည်း ဖမ်းဆီးခဲ့ပါတယ် ။ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့မှာတော့ လူနေတန်းလျားတွေကို ဝင်ရောက်စစ်ဆေးပြီး တရားမဝင် မြန်မာတွေကို ဖမ်းဆီးနေတာတွေလည်း ရှိပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ၊ ချင်းမိုင်ပြည်နယ် နဲ့ ရနောင်းပြည်နယ်တွေမှာ တရားမဝင် မြန်မာတွေ ၂ရက်အတွင်း လူ၆၀လောက် အဖမ်းဆီးခံရသလို လူကုန်ကူသူ ထိုင်းနို်င်ငံသား၆ဦးလည်း အဖမ်းဆီးခံရပါတယ်။ အလုပ်သမားအရေး လှုပ်ရှားသူ ဦးမိုးကြိုး ကတော့ ဒီဇင်ဘာလ ၂၁ရက်နေ့ နဲ့ ၂၂ရက်နေ့တွေမှာမြန်မာတွေ အစုလိုက် အပြုံလိုက် အဖမ်းခံရတဲ့အကြောင်း အခုလိုပြောပါတယ်။

" အခုဒီဇင်ဘာလ၂၂ရက်နေ့က ချင်းမိုင်ပြည်နယ် မဲ့အိုင်းမြို့နယ်ထဲက သစ်တောဝင်းထဲမှာ တရားမဝင် မြန်မာ၁၂ယောက်ကို ထိုင်းနယ်ခြားစောင့်တပ်က ဖမ်းဆီးခံရပါတယ် ။ ထိုင်းနိုင်ငံ ၊ ရနောင်းပြည်နယ်၊ ကရာဘူရီမြို့နယ်ထဲမှာလည်း မြန်မာ၁၅ယောက် ဖမ်းဆီးခံရပြီး တာဝန်ရှိသူတွေက သူတို့ကို စစ်ဆေးပါတယ်။ စစ်ဆေးချက်ကို ထပ်ပြီးလိုက်တော့ တရားမဝင် မြန်မာ၁၃ဦးဖမ်းခံရတယ်။ ဒီစစ်ဆေးချက်အရ အသက်၇၀ကျော်အရွယ်အဖိုးအိုတဦးလည်း စစ်ဆေးပါတယ်။ သူရဲ့ထွက်ဆိုချက်အရ ထပ်မံဖမ်းဆီးခံရသူတွေကတော့ ထိုင်းနိုင်ငံသား လူမှောင်ခိုသမား ၅ဦးနဲ့ တရားမဝင်မြန်မာ၃၅ဦးကို ထပ်မံဖမ်းမိတယ်"

အခုလိုနယ်စပ် ဖြတ်ကျော်ဝင်ရောက်လာသူတွေ သာမက မြန်မာတွေ အများဆုံးနေတဲ့ မဲဆောက်မြို့မှာတော့ ညအချိန်တွေ မနက်အစောပိုင်း အချိန်တွေမှာ အလုပ်သမားတန်းလျားတွေထဲ ဝင်ရောက်စစ်ဆေး ဖမ်းဆီးတာတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

" တဆက်တည်းမှာပဲ ထိုင်းမြန်မာနယ်စပ်က မြန်မာတွေများတဲ့ မဲဆောက်မြို့မှာလည်း အလုပ်သမားတန်းလျားတွေကို ရှောင်တခင် ဝင်ရောက်စစ်ဆေးတာလည်းရှိပါတယ် ။ ထိုင်းနိုင်ငံကို တရားမဝင်နယ်စပ် ဖြတ်ကျော်မူနဲ့ ဒီဇင်ဘာလ ၂၁ရက်နေ့နဲ့ ၂၂ရက်နေ့ တွေမှာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်နဲ့ ထိုင်းတောင်ပိုင်း ၊ ရနောင်းပြည်နယ်မှာ ၊ တရားမဝင် မြန်မာ၆၀နဲ့ လူမှောင်ခိုသမား ၆ယောက်အဖမ်းခံရပါတယ် "

အခုဆိုရင် နှစ်ကုန်ကာလမှာ မြန်မာတွေ အစုလိုက် အပြုံလိုက် ဆက်တိုက်ဖမ်းမိနေသလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာသူတွေလည်း ဖမ်းဆီးခံနေရပြီး တချို့နေရပ် ပြန်ပို့ခံရတာတွေလည်း ရှိနေပါတယ်။ တချို့လည်း နေရပ်ပြန်ပို့ခံရပြီးတဲ့နောက် မြန်မာနိုင်ငံဘက်မှာ ဖမ်းဆီးခံကြရပါတယ်။

XS
SM
MD
LG