သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထိုင္းေရာက္ ျမန္မာလုပ္သား ၂ ေသာင္းေက်ာ္ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးရမည္


ထိုင္းေရာက္ ျမန္မာလုပ္သား ၂ ေသာင္းေက်ာ္ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးရမည္

၂၀၂၀ နဲ့ ၂၀၂၁ မွာ ႏိုင္ငံကူးစာအုပ္ သက္တမ္းကုန္ေနၾကတဲ့ ျမန္မာေရႊေျပာင္း အလုပ္သမား၂ေသာင္း၂ေထာင္ေက်ာ္ ဟာ သက္တမ္းတိုးဖို႔အတြက္ က်န္ေနပါတယ္။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းေရာက္ ျမန္မာလုပ္သား ၂ ေသာင္းေက်ာ္ ႏိုင္ငံကူးလက္မွတ္ သက္တမ္းတိုးရမည္

{{Zawgyi/Unicode}}
၂၀၂၀ နဲ့ ၂၀၂၁ မွာ ႏိုင္ငံကူးစာအုပ္ သက္တမ္းကုန္ေနၾကတဲ့ ျမန္မာေရႊေျပာင္း အလုပ္သမား၂ေသာင္း၂ေထာင္ေက်ာ္ ဟာ သက္တမ္းတိုးဖို႔အတြက္ က်န္ေနပါတယ္။ အဲဒီလူေတြဟာ ဒီဇင္ဘာလကုန္ ေနာက္ဆံုးစာရင္းေပးသြင္းရမယ္လို႔ စက္ရံုအလုပ္ရံုက MOU ကုိယ္စားလွယ္ေတြ ကို ထိုင္းႏုိင္ငံမွာ အေျခစိုက္တဲ့ ျမန္မာသံရံုးက ေသာႀကာေန႔က အေႀကာင္းႀကားထားတယ္လို႔ အလုပ္သမားအေရး ေဆာင္ရြက္ေနၾကသူေတြ က ေျပာပါတယ္ ။ ဒီသတင္းကို ဗီြအိုေအ သတင္းေထာက္ မေအးေအးမာ က သတင္းေပးပုိ႔ထားပါတယ္။

၂၀၂၀၊ ၂၀၂၁ ခုႏွစ္ ကိုဗစ္ကပ္ေဘး ကာလမွာ PJ ႏိုင္ငံကူးစာအုပ္ သက္တမ္းကုန္ေနႀကတဲ့ ထိုင္းႏိုင္ငံက ေရႊေျပာင္းလုပ္သားေတြအေနနဲ႔ လာမယ့္ ဒီဇင္ဘာလ ၁ရက္ေန႔ ဒီဇင္ဘာလ ၃၀ ရက္ေန႔အတြင္း သက္တမ္းတိုးဖို႔ စာရင္းေပးသြင္းရမွာ ျဖစ္ေႀကာင္း ျမန္မာသံရံုးက အေႀကာင္းႀကားခဲ့တယ္လို႔ ေရြ႔ေျပာင္း အလုပ္သမားအေရး ေဆာင္ရြက္သူ ဦးမင္းဦး က အခုလို ေျပာျပပါတယ္။

" ၂၀၂၁ -၂၀၂၂ သက္တမ္းကုန္မဲ့ အုပ္စုေတြေပါ့ ၂၀၁၆ -၂၀၁၇ေလာက္က စာအုပ္သက္တမ္း ရထားတဲ့သူေတြ သူတို႔ေတြက ၅ႏွစ္ဆုိေတာ့ သူတို႔ ကုန္တာေပါ့ ။ အဲဒီလူေတြ သက္တမ္းတိုးႀကဖို႔ သံရံုးက အေႀကာင္းႀကားတာပါ။ MOU သမားေတြဆိုရင္လည္း ျမန္မာျပည္ ျပန္ျပီး သက္တမ္းတိုးရမွာေတြရွိတယ္။ ဟုိတေလာက ျမန္မာျပည္ကိုျပန္မရဘူး။ နယ္စပ္ပိတ္ထားတာဆိုေတာ့ ကိုဗစ္ေႀကာင့္ဆုိေတာ့ ဒီထိုင္းမွာပဲ ေျဖေလ်ာ႔ၿပီး သက္တမ္းတိုးရတယ္ ။ အဲဒီထဲက သက္တမ္းတိုးဖုိ႔ ၂ေသာင္းေက်ာ္ က်န္ေနတာကို တိုးဖို႔ေျပာတာပါ"

သက္တမ္းတိုးမဲ့ ျမန္မာလုပ္သားစာရင္းေတြကို စက္႐ုံ၊ အလုပ္႐ုံ၊ MOU ကိုယ္စားလွယ္ေတြအေနနဲ႔ ျမန္မာသံ႐ုံး ေကာင္စစ္ဌာနဆီမွာ သတ္မွတ္ပုံစံ လူစာရင္းနဲ႔အတူ တင္ျပဖို႔ သံရံုးက အသိေပးထားပါတယ္။ တကယ္ေတာ့ အလုပ္သမားေတြဟာ သံရံုးကေနတဆင့္ လုပ္ရတဲ့လုပ္ငန္းစဥ္ေတြမွာေတာ့ တံုကင္ယူရတာေတြ ေစာင့္ေနရတာေတြေႀကာင့္ ႀကန့္ႀကာမူေတြလည္းရွိေနပါတယ္ ။ တခ်ိဳ႔လည္း ႏိုင္ငံကူးစာအုပ္ေတြကို ပဲြစားေတြကေနတဆင့္ အခေႀကးေငြမ်ားစြာေပးျပီး လုပ္ေနရတာေတြရိွသလို ဒီလိုလုပ္ထားတဲ့ ႏိုင္ငံကူးစာအုပ္ေတြဟာ တရား၀င္မ၀င္ဆုိေတြေတာင္ မသိႀကဘူးလို႔လည္း ဦးမင္းဦး ကေျပာပါတယ္။

" သက္တမ္းတိုးဖို႔ ၂လေလာက္အလို မွာ ဗီဇာ သက္တမ္းတိုးဖို ့က်ဴ (တံုကင္) ေတြ လုပ္တဲ့အခါမွာ ဟိုမွာကလည္း ေနာက္ႏွစ္ေလာက္ထိ က်ဴ(တံုကင္) ေတြက ျပည့္ေနျပီ ။ အဲဒီ အခါက်ေတာ့ သံရံုးက ထုတ္ေပးတာကို မေစာင့္ႀကေတာ့ပဲ ပဲြစားေတြနဲ႔ လုပ္ႀကတယ္။ ေကာ့ေသာင္းဘက္မွ ာလုပ္ႀကတယ္ ။ စာအုပ္တအုပ္ကုိ ဘတ္ေငြ ခုႏွစ္ေထာင္ ၈ေထာင္က်တယ္။ ျပီးေတာ့ဗီဇာေႀကးနဲ႔ ဆို တေသာင္းခဲြ ႏွစ္ေသာင္းက်တယ္။ ျပီးေတာ့ အဲဒီစာအုပ္က တရား၀င္လား ဆုိေတာ့လည္း မ၀င္ဘူး ။ ဘာျဖစ္လို႔လဲဆုိေတာ့ အခုခ်ိန္က နယ္စပ္မွာ ျဖတ္လို႔ မရတဲ့ဟာကုိ"

အခုလို တရားမ၀င္တဲ့နည္းေတြနဲ႔ ႏိုင္ငံကူးစာအုပ္ေတြ လုပ္ႀကတာေတြ ႏိုင္ငံကူးစာအုပ္မွာ ဗီဇာတံုးေတြ ျပည္၀င္ခြင့္တံုးအတုထုတာေတြ ေႀကာင့္လည္း ျမန္မာေတြ မႀကာခန အဖမ္းခံရတာေတြလည္း ရွိေနပါတယ္။ ေရႊေျပာင္းလုပ္သားေတြနဲ႔ ပတ္သက္လို႔ ႏုိင္ငံကူးစာအုပ္ေတြ အေထာက္အထား လက္မွတ္ေတြ လုပ္ရတာေတြက လြယ္ကူမူမရွိပဲ ပဲြစားမပါပဲ လုပ္လို႔မရတာေတြလည္း ရွိပါတယ္။ တခ်ိဳ ့လည္း ပဲြစားေတြက လိမ္လည္ျပီးေငြယူသြားတဲ့ အျဖစ္ေတြႀကံဳေနရပါတယ္။ တခ်ဳိ႔စက္ရံုေတြက သက္တမ္းတိုးေပးတာေတြကို မလုပ္ေတာ့ပဲ အေထာက္အထားမဲ့ ေတြကိုလုပ္ေပးတဲ့ ကဒ္ေတြ ေျပာင္းလုပ္ေပးတာေႀကာင့္ အလုပ္သမားေတြ နစ္နာမူ ျဖစ္ျပီး ထုိင္းႏိုင္ငံ ဆံုခလာျပည္နယ္ထဲမွာ ျမန္မာအလုပ္သမားေတြ ဆႏၵျပတာေတြျဖစ္ခဲ့ၾကပါတယ္။ ထုိင္းႏို္င္ငံထဲမွာ တရား၀င္ အေထာက္အထား ေရႊေျပာင္းလုပ္သား ျမန္မာအပါအ၀င္ ၂သန္းေက်ာ္ရွိျပီး တသန္းေက်ာ္ကေတာ့ ျမန္မာအလုပ္သမားေတြ ျဖစ္ႀကပါတယ္။

တိုက္႐ိုက္ လင့္ခ္

......................................................

ထိုင်းရောက် မြန်မာလုပ်သား ၂ သောင်းကျော် နိုင်ငံကူးလက်မှတ် သက်တမ်းတိုးရမည်

{{Zawgyi/Unicode}}
၂၀၂၀ နဲ့ ၂၀၂၁ မှာ နိုင်ငံကူးစာအုပ် သက်တမ်းကုန်နေကြတဲ့ မြန်မာရွှေပြောင်း အလုပ်သမား၂သောင်း၂ထောင်ကျော် ဟာ သက်တမ်းတိုးဖို့အတွက် ကျန်နေပါတယ်။ အဲဒီလူတွေဟာ ဒီဇင်ဘာလကုန် နောက်ဆုံးစာရင်းပေးသွင်းရမယ်လို့ စက်ရုံအလုပ်ရုံက MOU ကိုယ်စားလှယ်တွေ ကို ထိုင်းနိုင်ငံမှာ အခြေစိုက်တဲ့ မြန်မာသံရုံးက သောကြာနေ့က အကြောင်းကြားထားတယ်လို့ အလုပ်သမားအရေး ဆောင်ရွက်နေကြသူတွေ က ပြောပါတယ် ။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။

၂၀၂၀၊ ၂၀၂၁ ခုနှစ် ကိုဗစ်ကပ်ဘေး ကာလမှာ PJ နိုင်ငံကူးစာအုပ် သက်တမ်းကုန်နေကြတဲ့ ထိုင်းနိုင်ငံက ရွှေပြောင်းလုပ်သားတွေအနေနဲ့ လာမယ့် ဒီဇင်ဘာလ ၁ရက်နေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့အတွင်း သက်တမ်းတိုးဖို့ စာရင်းပေးသွင်းရမှာ ဖြစ်ကြောင်း မြန်မာသံရုံးက အကြောင်းကြားခဲ့တယ်လို့ ရွေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်သူ ဦးမင်းဦး က အခုလို ပြောပြပါတယ်။

" ၂၀၂၁ -၂၀၂၂ သက်တမ်းကုန်မဲ့ အုပ်စုတွေပေါ့ ၂၀၁၆ -၂၀၁၇လောက်က စာအုပ်သက်တမ်း ရထားတဲ့သူတွေ သူတို့တွေက ၅နှစ်ဆိုတော့ သူတို့ ကုန်တာပေါ့ ။ အဲဒီလူတွေ သက်တမ်းတိုးကြဖို့ သံရုံးက အကြောင်းကြားတာပါ။ MOU သမားတွေဆိုရင်လည်း မြန်မာပြည် ပြန်ပြီး သက်တမ်းတိုးရမှာတွေရှိတယ်။ ဟိုတလောက မြန်မာပြည်ကိုပြန်မရဘူး။ နယ်စပ်ပိတ်ထားတာဆိုတော့ ကိုဗစ်ကြောင့်ဆိုတော့ ဒီထိုင်းမှာပဲ ဖြေလျော့ပြီး သက်တမ်းတိုးရတယ် ။ အဲဒီထဲက သက်တမ်းတိုးဖို့ ၂သောင်းကျော် ကျန်နေတာကို တိုးဖို့ပြောတာပါ"

သက်တမ်းတိုးမဲ့ မြန်မာလုပ်သားစာရင်းတွေကို စက်ရုံ၊ အလုပ်ရုံ၊ MOU ကိုယ်စားလှယ်တွေအနေနဲ့ မြန်မာသံရုံး ကောင်စစ်ဌာနဆီမှာ သတ်မှတ်ပုံစံ လူစာရင်းနဲ့အတူ တင်ပြဖို့ သံရုံးက အသိပေးထားပါတယ်။ တကယ်တော့ အလုပ်သမားတွေဟာ သံရုံးကနေတဆင့် လုပ်ရတဲ့လုပ်ငန်းစဉ်တွေမှာတော့ တုံကင်ယူရတာတွေ စောင့်နေရတာတွေကြောင့် ကြန့်ကြာမူတွေလည်းရှိနေပါတယ် ။ တချို့လည်း နိုင်ငံကူးစာအုပ်တွေကို ပွဲစားတွေကနေတဆင့် အခကြေးငွေများစွာပေးပြီး လုပ်နေရတာတွေရှိသလို ဒီလိုလုပ်ထားတဲ့ နိုင်ငံကူးစာအုပ်တွေဟာ တရားဝင်မဝင်ဆိုတွေတောင် မသိကြဘူးလို့လည်း ဦးမင်းဦး ကပြောပါတယ်။

" သက်တမ်းတိုးဖို့ ၂လလောက်အလို မှာ ဗီဇာ သက်တမ်းတိုးဖို့ကျူ (တုံကင်) တွေ လုပ်တဲ့အခါမှာ ဟိုမှာကလည်း နောက်နှစ်လောက်ထိ ကျူ(တုံကင်) တွေက ပြည့်နေပြီ ။ အဲဒီ အခါကျတော့ သံရုံးက ထုတ်ပေးတာကို မစောင့်ကြတော့ပဲ ပွဲစားတွေနဲ့ လုပ်ကြတယ်။ ကော့သောင်းဘက်မှ ာလုပ်ကြတယ် ။ စာအုပ်တအုပ်ကို ဘတ်ငွေ ခုနှစ်ထောင် ၈ထောင်ကျတယ်။ ပြီးတော့ဗီဇာကြေးနဲ့ ဆို တသောင်းခွဲ နှစ်သောင်းကျတယ်။ ပြီးတော့ အဲဒီစာအုပ်က တရားဝင်လား ဆိုတော့လည်း မဝင်ဘူး ။ ဘာဖြစ်လို့လဲဆိုတော့ အခုချိန်က နယ်စပ်မှာ ဖြတ်လို့ မရတဲ့ဟာကို"

အခုလို တရားမဝင်တဲ့နည်းတွေနဲ့ နိုင်ငံကူးစာအုပ်တွေ လုပ်ကြတာတွေ နိုင်ငံကူးစာအုပ်မှာ ဗီဇာတုံးတွေ ပြည်ဝင်ခွင့်တုံးအတုထုတာတွေ ကြောင့်လည်း မြန်မာတွေ မကြာခန အဖမ်းခံရတာတွေလည်း ရှိနေပါတယ်။ ရွှေပြောင်းလုပ်သားတွေနဲ့ ပတ်သက်လို့ နိုင်ငံကူးစာအုပ်တွေ အထောက်အထား လက်မှတ်တွေ လုပ်ရတာတွေက လွယ်ကူမူမရှိပဲ ပွဲစားမပါပဲ လုပ်လို့မရတာတွေလည်း ရှိပါတယ်။ တချို့လည်း ပွဲစားတွေက လိမ်လည်ပြီးငွေယူသွားတဲ့ အဖြစ်တွေကြုံနေရပါတယ်။ တချို့စက်ရုံတွေက သက်တမ်းတိုးပေးတာတွေကို မလုပ်တော့ပဲ အထောက်အထားမဲ့ တွေကိုလုပ်ပေးတဲ့ ကဒ်တွေ ပြောင်းလုပ်ပေးတာကြောင့် အလုပ်သမားတွေ နစ်နာမူ ဖြစ်ပြီး ထိုင်းနိုင်ငံ ဆုံခလာပြည်နယ်ထဲမှာ မြန်မာအလုပ်သမားတွေ ဆန္ဒပြတာတွေဖြစ်ခဲ့ကြပါတယ်။ ထိုင်းနိုင်ငံထဲမှာ တရားဝင် အထောက်အထား ရွှေပြောင်းလုပ်သား မြန်မာအပါအဝင် ၂သန်းကျော်ရှိပြီး တသန်းကျော်ကတော့ မြန်မာအလုပ်သမားတွေ ဖြစ်ကြပါတယ်။

XS
SM
MD
LG