သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖူးခက်မြို့အနီး ကားတိုက်မှုကြောင့် မြန်မာအလုပ်သမား ၁၄ ဦး ဒဏ်ရာရ


ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့မှာ ကားတိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ- ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့)
ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့မှာ ကားတိမ်းမှောက်ပြီး ထိခိုက်ဒဏ်ရာရခဲ့ကြတဲ့ မြန်မာအလုပ်သမားများ။ (ဓာတ်ပုံ- ထိုင်းလူမှုကယ်ဆယ်ရေးအဖွဲ့)

[[Zawgyi/Unicode]]

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်မြို့မှာ မြန်မာအလုပ်သမား ၁၄ ဦးသယ်ဆောင်လာတဲ့ကားနဲ့ ပစ်ကပ်ကားတစီးတိုက်မိတာကြောင့် ယာဉ်တိမ်းမှောက်ခဲ့ပြီး မြန်မာအလုပ်သမားတွေ အားလုံးဒဏ်ရာတွေရရှိခဲ့ပါတယ်။ တချို့ကတော့ ပြင်းထန်ဒဏ်ရာတွေရရှိခဲ့ပါတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် မအးအေးမာက သတင်းပေးပို့ထားပါတယ်။

ဒီဇင်ဘာလ ၁၁ ရက်မနက် လေးနာရီခွဲလောက်မှာ ထိုင်းတောင်ပိုင်း၊ ဖူးခက်မြို့ကဈေးကိုသွားကြမယ့် မြန်မာအလုပ်သမား ၁၄ ဦး တင်ဆောင်လာတဲ့ကားနဲ့ အဖြူရောင်ပစ်ကပ်ကားတိုက်မိပြီး မြန်မာအလုပ် သမားတွေ ဒဏ်ရာတွေရရှိခဲ့တာကြောင့် ဒဏ်ရာရသူတွေဟာ ဖူးခက်မြို့နယ်ထဲက ဆေးရုံ ၃ ခုမှာခွဲပြီးကုသမှုခံယူနေရတယ်လို့ အလုပ်သမားရေးလှုပ်ရှားသူ ကိုရဲမင်းက အခုလိုပြောပါတယ်။

“အခုဒီဇင်ဘာလ ၁၁ ရက်နေ့ ထိုင်းတောင်ပိုင်း ဖူးခက်မြို့မှာယဉ်တိုက်မှု ဖြစ်တာပါ။ ဈေးကိုသွားမယ်၊ မြန်မာအလုပ်သမား ၁၄ ဦးကိုတင်လာတဲ့ကားကို တခြားကားတစီးက လမ်းလယ်မှာတိုက်မိပြီး မြန်မာလုပ်သားတွေတင်လာတဲ့ကားက သစ်ပင်ကိုထပ်ပြီး တိုက်မိတာပါ။ ဖူးခက်ဈေးကြီးမှာအလုပ်လုပ်ကိုင်နေကြတဲ့မြန်မာ ၁၄ ဦးနဲ့ယာဉ်မောင်းသူပါ ဒဏ်ရာတွေရကြပါတယ်။ ဒဏ်ရာပြင်းတဲ့သူတွေလည်းပါတယ်။ ဖြစ်စဉ်ဖြစ်ပြီးနောက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေ ဖူးခက်က ပရဟိတအဖွဲ့တွေက လူနာတွေကို ဆေးရုံ ၃ ခုမှာ ခွဲပြီးပို့ထားရပါတယ်။ အခုထက်ထိ ဒဏ်ရာပြင်းတဲ့သူတွေက ဆေးရုံတွေကနေ မဆင်းရသေးပါဘူးလို့သိရပါတယ်။ ဒဏ်ရာတွေလည်းပြင်းပြီး ဆေးကုသမှုတွေခံယူနေရတယ်လို့လည်း သိရပါတယ်။”

အလုပ်သမားတွေဟာ ဖူးခက်ဈေးကြီးမှာ အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပြီး သူတို့နေထိုင်ရာ အလုပ် သမားအဆောင်ကနေ ဈေးထွက်ဖို့အတွက် ဈေးကို သယ်ဆောင်မောင်းနှင်လာချိန်မှာတိမ်းမှောက်ခဲ့တာဖြစ်ပါတယ်။ ထိုင်းနိုင်ငံထဲမှာတော့ ယာဉ်တိုက်မှုဖြစ်တဲ့အခါတိုင်း ဥပဒေပါအခွင့်အရေးအတိုင်း ခံစားရသူတွေရှိသလို တချို့လည်း အထောက်အထားမပြည့်စုံတာတွေကြောင့် နစ်နာကြေးမရသူတွေလည်း ရှိကြတယ်လို့ ဆိုပါတယ်။

“ယာဉ်တိုက်မှုတွေဖြစ်တဲ့အခါ ထိုင်းနိုင်ငံရဲ့ဥပဒေပါအတိုင်း ခံစားခွင့်တွေရရှိသူတွေလည်းရှိသလို တချို့လည်း မရကြပါဘူး။ ဥပဒေအတိုင်း ကိုယ့်ဘက်ကမှန်တယ်ဆိုရင်တော့ ထိုင်းဥပဒေအတိုင်း ခံစားခွင့်ရှိပါတယ်။ မြန်မာအလုပ်သမားတွေအနေနဲ့ခရီးသွားတဲ့အခါ ကိုယ့်အန္တရာယ်ကို သတိထားကြဖို့ပြောချင်ပါတယ်။”

ပြီးခဲ့တဲ့ရက်ကပဲ ထိုင်းမြန်မာနယ်စပ်ကနေ လူမှောင်ခိုသမားတွေခေါ်လာတဲ့ မြန်မာ၂၀ ကျော် လိုက်ပါလာတဲ့ကားတစီးဟာ ဒီဇင်ဘာလ ၆ ရက်နေ့ မနက်စောစောအချိန်မှာ ဘန်ကောက်မြို့အနီးက အယုဒ္ဓယပြည်နယ်အရောက် ကားတိမ်းမှောက်တကြောင့် ကားပေါ်မှာပါလာသူတွေထဲက ၁၀ ဦးကျော် ဒဏ်ရာရခဲ့ပြီး မနက်စောစော ဆွမ်းထလောင်းနေတဲ့ ထိုင်းသက်ကြီးရွယ်အို ၂ ဦးကိုပါ ကားက ဝင်တိုက်ခဲ့တာကြောင့် ဒဏ်ရာတွေရရှိခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]








XS
SM
MD
LG