သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရသူ ထိုင်းရောက် မြန်မာအလုပ်သမား နစ်နာကြေး ဘတ် ၃ သိန်းကျော်ရ


လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရသူ ထိုင်းရောက် မြန်မာအလုပ်သမား နစ်နာကြေး ဘတ် ၃ သိန်းကျော်ရ
လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရသူ ထိုင်းရောက် မြန်မာအလုပ်သမား နစ်နာကြေး ဘတ် ၃ သိန်းကျော်ရ

[[ ZAWGYI ]]

လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရာရသူ ထိုင်းရောက် မြန်မာအလုပ်သမား နစ်နာကြေး ဘတ် ၃ သိန်းကျော်ရ

ထိုင်းနိုင်ငံ ဆာမွန်ဆာခွန်းခရိုင် သံထည်ပစ္စည်းထုတ် စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား တစ်ဦးဟာ လုပ်ငန်းခွင်မှာ ထိခိုက်ဒဏ်ရရှိပြီး လက်ချောင်းတွေ ပြတ်တောက်သွားတဲ့အတွက် နစ်နာကြေးရဖို့ ရွှေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက် MWRN ကို တိုင်ကြားခဲ့ရာက ၂ လအကြာမှာတော့ နစ်နာကြေး ထိုင်းဘတ်ငွေ ၃ သိန်း ၃ သောင်းကျော် ရရှိခဲ့ကြောင်း ဒီဇင်ဘာလ(၁၃)ရက်နေ့ MWRN အဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီသတင်းကို ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဆာမွတ်ဆာခွန်းခရိုင် ကထုဘင် ဒေသမှာရှိတဲ့ သံထည်ပစ္စည်းထုတ် စက်ရုံမှာ လုပ်ကိုင်ခဲ့တဲ့ မြန်မာအမျိုးသမီး အလုပ်သမားတဦးဟာ လုပ်ငန်းခွင် စက်ပစ္စည်းချို့ယွင်းမှုကြောင့် ဘယ်ဖက် လက်ချောင်း သုံးချောင်း ဖြတ်ထုတ်ထားရတာပါ။ ဒါပေမဲ့ သူမဟာ ထိုင်းဥပဒေအတိုင်း လူမှုဖူလုံကြေးကို ပေးသွင်းထားတာ မရှိတဲ့အတွက် နစ်နာကြေးမရတာကြောင့် ရွှေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက် MWRN အဖွဲ့က အမှုဖွင့် တိုင်ကြားခဲ့ရတယ်လို့ဆိုပါတယ်။ ဒီအတွက် နစ်နာကြေး ပြန်ရခဲ့တယ်လို့ ရွှေပြောင်းအလုပ်သမား အခွင့်ရေးကွန်ယက်ရဲ့ဥက္ကဌ ဦးအောင်ကျော်က အခုလိုပြောပါတယ်။

" အပိုင်ကတော့ ဆာမွတ်ဆာခွန်းခရိုင် ကထုဘင်မှာရှိတဲ့ မြန်မာအမျိုးသမီး အလုပ်သမား တဦးဟာ သံထည်ပစ္စည်းတွေ လုပ်တဲ့စက်ရုံမှာ အလုပ်လုပ်နေတာပါ။ အလုပ်လုပ်နေရင်းနဲ့ မတော်တဆ ထိခိုက်ဒဏ်ရာ ရပါတယ်။ ထိုင်းမှာ အလုပ်သမားတွေက အလုပ်လုပ်ရင် လူမှုဖူလုံရေး ရန်ပုံငွေ ထည့်ထားပေးရတယ်။ (ပကန်ဆန်ခွန်း)ဆိုတာ ရှိတယ်၊ ထိုင်းနိုင်ငံရဲ ဥပဒေအရ သွင်ပေးရတယ်။ အဲဒီ စက်ရုံက ဒီလုပ်သားကို လူမှုဖူလုံရေးရံပုံငွေ မသွင်းပေးထားဘူး။ အဲဒီအမူကို လာရောက်တိုင်ကြားတဲ့အခါမှာ ထိုင်းအစိုးရရုံးကိုသွားပြီး တိုင်ကြားပေးတဲ့အခါမှာ ဒီလုပ်သား စတင် လုပ်ချိန်ကစပြီး နောက်ကြောင်းပြန်ပြီး လူမှုဖူလုံကြေး ပေးသွင်းရမယ် ဒါမှ အစိုးရဌာနက ထောက်ပံ့ကြေး ကူညီလို့ရမယ်။ ဒါကို မသွင်းရင် အလုပ်ရှင်က အရေးယူခံရမယ်ပြီးတော့ လုပ်ငန်းရှင်ကပဲ ကျသင့်ငွေကို ပေးရမယ်လို့ဆုံးဖြတ်လိုက်တယ်။ အဲဒီအတွက် လုပ်ငန်းရှင်က နောက်ကြောင်းပြန်ပြီး လူမှုဖူလုံကြေး ပေးသွင်းလိုက်တဲ့အတွက် အလုပ်သမားအမျိုးသမီးဟာ ဆေးဖက်ဆိုင်ရာ ခံစားခွင့်တွေလည်း ရရှိသွားတာဖြစ်ပါတယ်။"

နစ်နာကြေးအဖြစ် ဘတ်ငွေ သုံးသိန်း သုံးသောင်းကျော် ရရှိခဲ့တယ်လို့လည်း ဦးအောင်ကျော်က ပြောပါတယ်။

" သူအမှန်တကယ် လုပ်ခဲ့တဲ့ အလုပ်လုပ်ခွင့် လက်မှတ်တွေ၊ နေထိုင်ခွင့်တွေ ပြည့်စုံတဲ့အခါမှာ ကျနော်တို့က အစိုးရရုံးသွားပြီး အမူဖွင့်လိုက်တယ် သူ့ဥပဒေအတိုင်း အမှုကို စီစစ်နေတဲ့အတွက် ရက်ပေါင်း ၆၀ လောက်တော့ကြာတယ်။ နစ်နာကြေးကတော့ ဘတ်ငွေ ၃ သိန်း ၃ သောင်းကျော် ရရှိပါတယ်။"

တရားဝင် မြန်မာအလုပ်သမားတွေ အနေနဲ့ လူမှုဖူလုံကြေး ပေးသွင်းထားရမှာဖြစ်ပြီး ဒီလိုပေးသွင်းနိုင်ဖို့ အစိုးရက လုပ်ငန်းရှင်တွေကို ဥပဒေအတိုင်း လိုက်နာဖို့ ပြောဆိုထားတာပါ။ ဒီလို လူမှုဖူလုံရေးကြေးပေးသွင်းထားတဲ့အလုပ်သမားတိုင်းဟာ လုပ်ငန်းခွင်နစ်နာမူ့ဖြစ်ရင် နစ်နာကြေးရရှိမှာဖြစ်ပြီး မရဘူး ဆိုရင် တိုင်ကြားနိုင်တယ်လို့လည်း ရွှေပြောင်းအလုပ်သမားအခွင့်ရေးကွန်ယက်က ပြောဆိုခဲ့ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=================

{{ UNICODE }}








XS
SM
MD
LG