မူးယစ္တိုက္ဖ်က္ေရး အရွိန္ႁမွင့္ဖို႔ ထိုင္း-ျမန္မာစစ္တပ္ခ်င္း သေဘာတူ
{{Zawgyi/Unicode}}
ထိုင္းနဲ႔ျမန္မာ နယ္စပ္ေဒသတေၾကာမွာ မူးယစ္ေဆးဝါး တိုက္ဖ်က္မႈကို ၂ ႏိုင္ငံ စစ္တပ္ေတြ လက္တြဲေဆာင္ရြက္ၾကဖို႔ ရခိုင္ျပည္နယ္ သံတြဲၿမိဳ႕နယ္ ငပလီက ထိုင္း- ျမန္မာ ၂ ႏိ္ုင္ငံ အဆင့္ျမင့္ အရာရွိမ်ားေကာ္မတီ ၈ ႀကိမ္ေျမာက္ အစည္းအေဝးမွာ သေဘာတူညီမႈ ရခဲ့တယ္လို႔ ဘန္ေကာက္ Post သတင္းမွာ ေဖၚျပပါတယ္။
ထိုင္းစစ္တပ္ အႀကီးအကဲ ဗိုလ္ခ်ဳပ္ႀကီး Chalermpol Srisawat နဲ႔ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္တို႔ ပူးတြဲကမကထျပဳ က်င္းပတဲ့ ဒီအစည္းေဝးဟာ ေသာၾကာေန႔က စတင္ခဲ့တာ ျဖစ္ၿပီး စေနေန႔မွာ ၿပီးဆံုးပါတယ္။
ဒီအစည္းအေဝးမွာ ၂ ႏိုင္ငံ စစ္ေရးဆက္ဆံမႈ ျမွင့္တင္ေရး၊ ၿငိမ္းခ်မ္းေရးနဲ႔ နယ္စပ္ေဒသတေၾကာက လံုျခံဳေရးျပသာနာေတြ ေျဖရွင္းေရး အတြက္ လုပ္ထံုးလုပ္နည္းေတြ သတ္မွတ္ဖို႔ပါ ပါဝင္ပါတယ္။
၂ ႏိုင္ငံၾကား နယ္ျခားမ်ဥ္း သတ္မွတ္ေရးနဲ႔ တိုင္းထြာမႈေတြ လုပ္ဖို႕ အပါအဝင္ ကိစၥရပ္ေတြ ကို ေဆြးေႏြးခဲ့ၾကသလို ျမန္မာႏိုင္ငံတြင္း မတည္ၿငိမ္မႈေၾကာင့္ နယ္စပ္ေက်ာ္ျဖတ္ ထြက္ေျပးၾကတဲ့ ဒုကၡသည္ေတြကို ေနရပ္ျပန္ပို႔ဖို႔ ကိစၥကိုလည္း ထပ္ေလာင္း အတည္ျပဳခဲ့တယ္လို႔ ေဖၚျပထားပါတယ္။
ျမန္မာ စစ္ေကာင္စီဖက္ကေတာ့ ဒီငပလီ အစည္းအေဝးနဲ႔ ပတ္သတ္ၿပီး တစုံတရာ ထုတ္ျပန္ထားတာ မရွိေသးပါဘူး။
မူးယစ်တိုက်ဖျက်ရေး အရှိန်မြှင့်ဖို့ ထိုင်း-မြန်မာစစ်တပ်ချင်း သဘောတူ
{{Zawgyi/Unicode}}
ထိုင်းနဲ့မြန်မာ နယ်စပ်ဒေသတကြောမှာ မူးယစ်ဆေးဝါး တိုက်ဖျက်မှုကို ၂ နိုင်ငံ စစ်တပ်တွေ လက်တွဲဆောင်ရွက်ကြဖို့ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီက ထိုင်း- မြန်မာ ၂ နိုင်ငံ အဆင့်မြင့် အရာရှိများကော်မတီ ၈ ကြိမ်မြောက် အစည်းအဝေးမှာ သဘောတူညီမှု ရခဲ့တယ်လို့ ဘန်ကောက် Post သတင်းမှာ ဖေါ်ပြပါတယ်။
ထိုင်းစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး Chalermpol Srisawat နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပူးတွဲကမကထပြု ကျင်းပတဲ့ ဒီအစည်းဝေးဟာ သောကြာနေ့က စတင်ခဲ့တာ ဖြစ်ပြီး စနေနေ့မှာ ပြီးဆုံးပါတယ်။
ဒီအစည်းအဝေးမှာ ၂ နိုင်ငံ စစ်ရေးဆက်ဆံမှု မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနဲ့ နယ်စပ်ဒေသတကြောက လုံခြုံရေးပြသာနာတွေ ဖြေရှင်းရေး အတွက် လုပ်ထုံးလုပ်နည်းတွေ သတ်မှတ်ဖို့ပါ ပါဝင်ပါတယ်။
၂ နိုင်ငံကြား နယ်ခြားမျဉ်း သတ်မှတ်ရေးနဲ့ တိုင်းထွာမှုတွေ လုပ်ဖို့ အပါအဝင် ကိစ္စရပ်တွေ ကို ဆွေးနွေးခဲ့ကြသလို မြန်မာနိုင်ငံတွင်း မတည်ငြိမ်မှုကြောင့် နယ်စပ်ကျော်ဖြတ် ထွက်ပြေးကြတဲ့ ဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့ ကိစ္စကိုလည်း ထပ်လောင်း အတည်ပြုခဲ့တယ်လို့ ဖေါ်ပြထားပါတယ်။
မြန်မာ စစ်ကောင်စီဖက်ကတော့ ဒီငပလီ အစည်းအဝေးနဲ့ ပတ်သတ်ပြီး တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။