မေလးရွားႏိုင္ငံ လူဝင္မႈထိန္းသိမ္းေရးစခန္းေတြမွာ ၿပီးခဲ့တဲ့ႏွစ္အတြင္း ကေလးငယ္ ၇ ေယာက္အပါအဝင္၊ ႏိုင္ငံျခားသား ၁၅၀ ေသဆုံးခဲ့တဲ့ကိစၥကို စုံစမ္းစစ္ေဆးဖို႔ လူ႔အခြင့္အေရးအဖြဲ႕ေတြက မေလးရွား အစိုးရကို တိုက္တြန္းေနပါတယ္။ ႐ိုဟင္ဂ်ာ ဒုကၡသည္ တစ္သိန္းေလာက္ အပါအဝင္ အေထာက္အထားမဲ့ သန္းနဲ႔ခ်ီတဲ့ ေ႐ြ႕ေျပာင္းဝင္လာသူေတြ ခိုလႈံေနထိုင္တဲ့ မေလးရွားႏိုင္ငံအတြင္းက အက်ဥ္းေထာင္ေတြထဲမွာ လူေတြ ျပည့္သိပ္ေနၿပီး က်န္းမာေရးနဲ႔ ညီၫြတ္မႈ မရွိဘဲ ေနထိုင္ေနၾကရၿပီး၊ ေရနဲ႔ အစားအေသာက္ မလုံေလာက္တာေတြကို လူ႔အခြင့္အေရးအဖြဲ႕ေတြက ေထာက္ျပပါတယ္။
မေလးရွားႏိုင္ငံ လူဝင္မႈႀကီးၾကပ္ေရး အက်ဥ္းေထာင္ေတြအတြင္း ႏိုင္ငံျခားသား ၁၇,၀၀၀ ေက်ာ္ ရွိၿပီး ၂၀၂၂ ခုႏွစ္က ကေလးငယ္ ၇ ေယာက္နဲ႔၊ အမ်ိဳးသမီး ၂၅ ေယာက္ အက်ဥ္းေထာင္ထဲမွာ ေသဆုံးခဲ့တယ္လို႔ မေလးရွား ျပည္ထဲေရး ဝန္ႀကီး Saifuddin Nasution Ismail က ဒီသီတင္းပတ္အတြင္း မေလးရွားပါလီမန္ကို စာနဲ႔ တင္ျပခဲ့ပါတယ္။ ၂၀၁၉ ခုႏွစ္ ဩဂုတ္လကတည္းက အက်ဥ္းေထာင္ေတြထဲကို ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး UNHCR အရာရွိေတြ သြားေရာက္ခြင့္ ပိတ္ပင္ထားတာေၾကာင့္ ဒုကၡသည္ေတြကို ျပန္လႊတ္ေပးဖို႔နဲ႔ ေ႐ႊ႕ေျပာင္းအေျခခ်ဖို႔ ကူညီရာမွာ အခက္အခဲေတြ ေတြ႕ေနပါတယ္။
မေလးရွားႏိုင္ငံဟာ ႏိုင္ငံအတြင္းဝင္လာတဲ့ ေ႐ြ႕ေျပာင္းလာသူေတြကို ဒုကၡသည္ေတြအျဖစ္ အသိအမွတ္မျပဳပဲ UNHCR အသိအမွတ္ျပဳတဲ့ ဒုကၡသည္ေတြကို အကာအကြယ္လုံလုံေလာက္ေလာက္ မေပးတဲ့အေၾကာင္း လူ႔အခြင့္အေရးအဖြဲ႕ေတြက ေထာက္ျပေနပါတယ္။
{Unicode}
မလေးရှားလူဝင်မှုထိန်းသိမ်းရေးစခန်းတွင်းသေဆုံးမှု စစ်ဆေးဖို့ တောင်းဆို
မလေးရှားနိုင်ငံ လူဝင်မှုထိန်းသိမ်းရေးစခန်းတွေမှာ ပြီးခဲ့တဲ့နှစ်အတွင်း ကလေးငယ် ၇ ယောက်အပါအဝင်၊ နိုင်ငံခြားသား ၁၅၀ သေဆုံးခဲ့တဲ့ကိစ္စကို စုံစမ်းစစ်ဆေးဖို့ လူ့အခွင့်အရေးအဖွဲ့တွေက မလေးရှား အစိုးရကို တိုက်တွန်းနေပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည် တစ်သိန်းလောက် အပါအဝင် အထောက်အထားမဲ့ သန်းနဲ့ချီတဲ့ ရွေ့ပြောင်းဝင်လာသူတွေ ခိုလှုံနေထိုင်တဲ့ မလေးရှားနိုင်ငံအတွင်းက အကျဉ်းထောင်တွေထဲမှာ လူတွေ ပြည့်သိပ်နေပြီး ကျန်းမာရေးနဲ့ ညီညွတ်မှု မရှိဘဲ နေထိုင်နေကြရပြီး၊ ရေနဲ့ အစားအသောက် မလုံလောက်တာတွေကို လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြပါတယ်။
မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင်တွေအတွင်း နိုင်ငံခြားသား ၁၇,၀၀၀ ကျော် ရှိပြီး ၂၀၂၂ ခုနှစ်က ကလေးငယ် ၇ ယောက်နဲ့၊ အမျိုးသမီး ၂၅ ယောက် အကျဉ်းထောင်ထဲမှာ သေဆုံးခဲ့တယ်လို့ မလေးရှား ပြည်ထဲရေး ဝန်ကြီး Saifuddin Nasution Ismail က ဒီသီတင်းပတ်အတွင်း မလေးရှားပါလီမန်ကို စာနဲ့ တင်ပြခဲ့ပါတယ်။ ၂၀၁၉ ခုနှစ် ဩဂုတ်လကတည်းက အကျဉ်းထောင်တွေထဲကို ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR အရာရှိတွေ သွားရောက်ခွင့် ပိတ်ပင်ထားတာကြောင့် ဒုက္ခသည်တွေကို ပြန်လွှတ်ပေးဖို့နဲ့ ရွှေ့ပြောင်းအခြေချဖို့ ကူညီရာမှာ အခက်အခဲတွေ တွေ့နေပါတယ်။
မလေးရှားနိုင်ငံဟာ နိုင်ငံအတွင်းဝင်လာတဲ့ ရွေ့ပြောင်းလာသူတွေကို ဒုက္ခသည်တွေအဖြစ် အသိအမှတ်မပြုပဲ UNHCR အသိအမှတ်ပြုတဲ့ ဒုက္ခသည်တွေကို အကာအကွယ်လုံလုံလောက်လောက် မပေးတဲ့အကြောင်း လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေပါတယ်။