မေလးရွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ ႔ ဂ်လမ္းအင္ဘိ (Jalan Imbi) အရပ္မွာ တရားမဝင္ ခိုးဝင္ေနထိုင္သူေတြကို မေလး႐ွားအာဏာပိုင္ေတြက လိုက္လံ႐ွာေဖြဖမ္းဆီးတာမွာ ျမန္မာႏိုင္ငံသား ၁၀၀ ေက်ာ္ ဖမ္းဆီးခံခဲ့ရပါတယ္။ မေလးရွား လဝကနဲ႔ အဖြဲ႔အစည္းစုံ ပါ၀င္တဲ့ ေအာ္ပရာစီ စစ္ဆင္ေရးလုပ္ စီးနင္း႐ွာေဖြမႈအတြင္း ႏိုင္ငံျခားသား ၁,၀၀၀ ေက်ာ္ စစ္ေဆးခံခဲ့ရၿပီး၊ ဒီထဲမွာ ျမန္မာအပါအဝင္ ႏိုင္ငံျခားသား ၅၀၀ ေက်ာ္ကေတာ့ တရားမဝင္ခိုးဝင္မႈ၊ အေထာက္အထား မျပည့္စုံမႈေတြနဲ႔ အဖမ္းအဆီးခံခဲ့ရတာပါ။ ဒီအေၾကာင္း ဗြီအိုေအျမန္မာပိုင္း သတင္းေထာက္ မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။
မေလး႐ွားႏိုင္ငံ ကြာလာလမ္ပူၿမိဳ႕ ဂ်လမ္းအင္ဘိအရပ္မွာ မေလး႐ွား လဝက အာဏာပိုင္ေတြက ဇန္နဝါရီလ ၇ ရက္ေန႔ မနက္ ၁ နာရီ အခ်ိန္အတြင္းမွာ ဝင္ေရာက္စီးနင္းခဲ့ၿပီး၊ အေထာက္အထားမဲ့ေတြကို ဖမ္းဆီးခဲ့တာျဖစ္ေၾကာင္း ဒီထဲမွာ ျမန္မာႏိုင္ငံသား ၁၀၀ ေက်ာ္ပါဝင္ေၾကာင္း မေလး႐ွားႏိုင္ငံ ႏိုင္ငံေရးတက္ႂကြလႈပ္႐ွားသူ ဦးစိုးထက္သိမ္းက ေျပာပါတယ္။
ည ၁၂နာရီေက်ာ္အခ်ိန္မွာ ဂ်ာလန္အင္ဘိ (Jalan Imbi) မေလး႐ွား လဝကကေန စစ္ဆင္ေရးတရပ္လုပ္ၿပီး ဝင္ဖမ္းတာေပါ့ေနာ္။ ဒါမ်ိဳးဖမ္းတာကေတာ့ ႏွစ္စဥ္ႏွစ္တိုင္း လူထူထပ္ေတြေနရာမွာ လုပ္ေလ့႐ွိတယ္။ ဖမ္းတဲ့အခ်ိန္မွာ ျမန္မာအပါအဝင္ ႏိုင္ငံျခားသား ၅၄၄ ေယာက္ ဖမ္းခံရတယ္။ အဲဒီထဲမွာ ခ်င္းလူမ်ိဳးအေယာက္ ၁၀၀ ေက်ာ္ ပါသြားတယ္။ အဲဒီလို ဖမ္းတဲ့အခ်ိန္မွာ အိမ္ေတြကို ခ်ိဳးဖ်က္ၿပီး၊ ဝင္ဖမ္းတာမ်ိဳး႐ွိတဲ့အတြက္ အဲဒီက ခ်င္းကြန္ျမဴနတီ႐ုံးေလးတခုကိုလည္း ဝင္စီးခံရသလို ျဖစ္သြားတယ္။ လူေတြေတာ့ မမိသြားဘူး။ စာ႐ြက္စာတမ္းေတြ ပါသြားတယ္။ ခ်င္းလူမ်ိဳးေတြ႐ွိေတာ့ ခ်င္းကြန္ျမဴနီတီ႐ုံး ႐ွိတယ္။
ဖမ္းဆီးခံရသူေတြထဲမွာ UNHCR လက္မွတ္ ကိုင္ေဆာင္ထားသူေတြပါ ပါသြားတယ္လို႔လည္း ေျပာပါတယ္။ မေလး႐ွားမွာ အစိုးရအသစ္ တက္လာၿပီးကတည္းက အခုလို အဖမ္းအဆီးေတြ ဆက္တိုက္လုပ္လာေနတာပါ။
တရားမဝင္ ေနထိုင္သူေတြကို ႐ွာေဖြဖမ္းဆီးတဲ့ ေမလအစိုးရရဲ႕ ေအာ္ပရာစီစစ္ဆင္ေရး လုပ္တဲ့အခါတိုင္းမွာ မေလရွားေရာက္ ျမန္မာ့အေရး တက္ႂကြလႈပ္႐ွားသူေတြ ဖမ္းဆီးခံရတာလည္း ႐ွိတယ္လို႔ ဦးစိုးထက္သိမ္းက ေျပာပါတယ္။ ၿပီးခဲ့တဲ့ႏွစ္ထဲမွာေတာ့ ျမန္မာႏိုင္ငံ စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း ထြက္ေျပးတိမ္းေ႐ွာင္လာသူေတြလည္း အဖမ္းခံရတာ၊ ေနရပ္ျပန္ပို႔ခံရတာေတြလည္း ႐ွိတာေၾကာင့္ ဒီေန႔ ဖမ္းဆီးခံရသူေတြကိုလည္း ေနရပ္ျပန္ပို႔ခံမွာ စိုးရိမ္စရာေကာင္းတယ္လို႔လည္း ဦးစိုးထက္သိမ္းက ေျပာပါတယ္။
အစိုးရ အေျပာင္းအလဲ႐ွိၿပီးမွ အဖမ္းအဆီးေတြ ပိုၾကမ္းလာတယ္။ ေတာ္ေတာ္ၾကမ္းလာတယ္ လူ ၃၀ - ၄၀ ေယာက္ေလာက္မိလိုက္ လူ ၄ ေယာက္ ၅ ေယာက္မိလိုက္နဲ႔ အခုလို ရာနဲ႔ခ်ီ မိလိုက္ျဖစ္ေနတယ္။ မေလး႐ွားမွာ အဖမ္းခံရရင္ စီဒီအမ္ေတြ ႏိုင္ငံေရးသမားေတြလည္း႐ွိတယ္။ တခ်ဳိ ႔ဆို ျမန္မာျပည္ကို ပထမအႀကိမ္ ျပန္ပို႔ခံလိုက္ရတဲ့အထဲမွာလည္း ပါတယ္။
ဒီအဖမ္းဆီးကို မေလး႐ွားႏိုင္ငံ လူဝင္မူ႔ႀကီးၾကပ္ေရးဦးစီးဌာန ၫြန္ၾကားေရးမႉးခ်ဳပ္ Datuk seri Khairul Dzaimee Daud ကိုယ္တိုင္ လာေရာက္ စစ္ေဆးမႈေတြ လုပ္ခဲ့တာျဖစ္ပါတယ္႐ွင္။
မေလး႐ွားႏိုင္ငံမွာ တရားမဝင္ ခိုးဝင္ေနထိုင္သူေတြကို အာဏာပိုင္ေတြက အခုလို စီးနင္း႐ွားေဖြမႈေတြ မၾကာခဏ လုပ္ေလ့႐ွိသလို၊ ျမန္မာႏိုင္သားေတြ အမ်ားအျပား မၾကာခဏ ဖမ္းဆီးခံရေလ့လည္း ႐ွိပါတယ္။
===== Unicode ======
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလမ်းအင်ဘိ (Jalan Imbi) အရပ်မှာ တရားမဝင် ခိုးဝင်နေထိုင်သူတွေကို မလေးရှားအာဏာပိုင်တွေက လိုက်လံရှာဖွေဖမ်းဆီးတာမှာ မြန်မာနိုင်ငံသား ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ မလေးရှား လဝကနဲ့ အဖွဲ့အစည်းစုံ ပါဝင်တဲ့ အော်ပရာစီ စစ်ဆင်ရေးလုပ် စီးနင်းရှာဖွေမှုအတွင်း နိုင်ငံခြားသား ၁,၀၀၀ ကျော် စစ်ဆေးခံခဲ့ရပြီး၊ ဒီထဲမှာ မြန်မာအပါအဝင် နိုင်ငံခြားသား ၅၀၀ ကျော်ကတော့ တရားမဝင်ခိုးဝင်မှု၊ အထောက်အထား မပြည့်စုံမှုတွေနဲ့ အဖမ်းအဆီးခံခဲ့ရတာပါ။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ ဂျလမ်းအင်ဘိအရပ်မှာ မလေးရှား လဝက အာဏာပိုင်တွေက ဇန်နဝါရီလ ၇ ရက်နေ့ မနက် ၁ နာရီ အချိန်အတွင်းမှာ ဝင်ရောက်စီးနင်းခဲ့ပြီး၊ အထောက်အထားမဲ့တွေကို ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ဒီထဲမှာ မြန်မာနိုင်ငံသား ၁၀၀ ကျော်ပါဝင်ကြောင်း မလေးရှားနိုင်ငံ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဦးစိုးထက်သိမ်းက ပြောပါတယ်။
ည ၁၂နာရီကျော်အချိန်မှာ ဂျာလန်အင်ဘိ (Jalan Imbi) မလေးရှား လဝကကနေ စစ်ဆင်ရေးတရပ်လုပ်ပြီး ဝင်ဖမ်းတာပေါ့နော်။ ဒါမျိုးဖမ်းတာကတော့ နှစ်စဉ်နှစ်တိုင်း လူထူထပ်တွေနေရာမှာ လုပ်လေ့ရှိတယ်။ ဖမ်းတဲ့အချိန်မှာ မြန်မာအပါအဝင် နိုင်ငံခြားသား ၅၄၄ ယောက် ဖမ်းခံရတယ်။ အဲဒီထဲမှာ ချင်းလူမျိုးအယောက် ၁၀၀ ကျော် ပါသွားတယ်။ အဲဒီလို ဖမ်းတဲ့အချိန်မှာ အိမ်တွေကို ချိုးဖျက်ပြီး၊ ဝင်ဖမ်းတာမျိုးရှိတဲ့အတွက် အဲဒီက ချင်းကွန်မြူနတီရုံးလေးတခုကိုလည်း ဝင်စီးခံရသလို ဖြစ်သွားတယ်။ လူတွေတော့ မမိသွားဘူး။ စာရွက်စာတမ်းတွေ ပါသွားတယ်။ ချင်းလူမျိုးတွေရှိတော့ ချင်းကွန်မြူနီတီရုံး ရှိတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ UNHCR လက်မှတ် ကိုင်ဆောင်ထားသူတွေပါ ပါသွားတယ်လို့လည်း ပြောပါတယ်။ မလေးရှားမှာ အစိုးရအသစ် တက်လာပြီးကတည်းက အခုလို အဖမ်းအဆီးတွေ ဆက်တိုက်လုပ်လာနေတာပါ။
တရားမဝင် နေထိုင်သူတွေကို ရှာဖွေဖမ်းဆီးတဲ့ မေလအစိုးရရဲ့ အော်ပရာစီစစ်ဆင်ရေး လုပ်တဲ့အခါတိုင်းမှာ မလေရှားရောက် မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ ဖမ်းဆီးခံရတာလည်း ရှိတယ်လို့ ဦးစိုးထက်သိမ်းက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲမှာတော့ မြန်မာနိုင်ငံ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထွက်ပြေးတိမ်းရှောင်လာသူတွေလည်း အဖမ်းခံရတာ၊ နေရပ်ပြန်ပို့ခံရတာတွေလည်း ရှိတာကြောင့် ဒီနေ့ ဖမ်းဆီးခံရသူတွေကိုလည်း နေရပ်ပြန်ပို့ခံမှာ စိုးရိမ်စရာကောင်းတယ်လို့လည်း ဦးစိုးထက်သိမ်းက ပြောပါတယ်။
အစိုးရ အပြောင်းအလဲရှိပြီးမှ အဖမ်းအဆီးတွေ ပိုကြမ်းလာတယ်။ တော်တော်ကြမ်းလာတယ် လူ ၃၀ - ၄၀ ယောက်လောက်မိလိုက် လူ ၄ ယောက် ၅ ယောက်မိလိုက်နဲ့ အခုလို ရာနဲ့ချီ မိလိုက်ဖြစ်နေတယ်။ မလေးရှားမှာ အဖမ်းခံရရင် စီဒီအမ်တွေ နိုင်ငံရေးသမားတွေလည်းရှိတယ်။ တချို့ဆို မြန်မာပြည်ကို ပထမအကြိမ် ပြန်ပို့ခံလိုက်ရတဲ့အထဲမှာလည်း ပါတယ်။
ဒီအဖမ်းဆီးကို မလေးရှားနိုင်ငံ လူဝင်မူ့ကြီးကြပ်ရေးဦးစီးဌာန ညွန်ကြားရေးမှူးချုပ် Datuk seri Khairul Dzaimee Daud ကိုယ်တိုင် လာရောက် စစ်ဆေးမှုတွေ လုပ်ခဲ့တာဖြစ်ပါတယ်ရှင်။
မလေးရှားနိုင်ငံမှာ တရားမဝင် ခိုးဝင်နေထိုင်သူတွေကို အာဏာပိုင်တွေက အခုလို စီးနင်းရှားဖွေမှုတွေ မကြာခဏ လုပ်လေ့ရှိသလို၊ မြန်မာနိုင်သားတွေ အများအပြား မကြာခဏ ဖမ်းဆီးခံရလေ့လည်း ရှိပါတယ်။