စစ္ေကာင္စီ ဖိႏွိပ္အုပ္ခ်ဳပ္မႈကို ရင္ဆိုင္ေနရတဲ့ ျမန္မာျပည္သူေတြကို အာဆီယံအပါအဝင္ ႏိုင္ငံတကာအသိုင္းအဝိုင္းအေနနဲ႔ အေရးတႀကီး အကူအညီေတြေပးဖို႔ လိုအပ္ေနေၾကာင္း မေလး႐ွား ႏိုင္ငံျခားေရးဝန္ႀကီးေဟာင္း Saifuddin Abdullah က ဇန္နဝါရီ ၂၈ ရက္၊ စေနေန႔က ေျပာၾကားလိုက္ပါတယ္။
"စစ္အာဏာသိမ္းမႈကို ဆန္႔က်င္ခုခံတဲ့ ႏွစ္ႏွစ္တာကာလ ျမန္မာ့အက်ပ္အတည္းကို ေျဖ႐ွင္းေရးမွာ ေဒသတြင္း တုံ႔ျပန္မႈမ်ား" ဆိုတဲ့ ေခါင္းစဥ္နဲ႔ ဇန္နဝါရီလ ၂၈ ရက္ေန႔က ျပဳလုပ္တဲ့ အြန္းလိုင္းေဆြးေႏြးပြဲမွာ Saifuddin Abdullah ပါဝင္ေဆြးေႏြးေျပာဆိုခဲ့တာပါ။
အင္ဒိုနီး႐ွား၊ မေလး႐ွား၊ ထိုင္းနဲ႔ ျမန္မာအေျခစိုက္ လူထုအေျချပဳအဖြဲ႕အစည္း (၁၀) ဖြဲ႔ ပူးေပါင္းၿပီး စေနေန႔က ျပဳလုပ္တဲ့ ျမန္မာ့အေရး အြန္လိုင္းေဆြးေႏြးပြဲမွာ သူ အဓိက ေျပာၾကားခဲ့တဲ့ အခ်က္ေတြထဲ - အာဆီယံ အဖြဲ႔ႀကီးအေနနဲ႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ၊ NUCC အမ်ိဳးသားညီၫြတ္ေရး အတိုင္ပင္ခံေကာင္စီတို႔နဲ႔ မျဖစ္မေန ထိေတြ႔ဆက္ဆံဖို႔၊ ျမန္မာ့အက်ပ္အတည္း အလွဴ႐ွင္ဖိုရမ္ ဖြဲ႔စည္းဖို႔၊ စစ္ေကာင္စီေ႐ြးေကာက္ပြဲကို တားဆီးဖို႔ ဆိုတာေတြပါဝင္ေၾကာင္း ကိုယ္ပိုင္ လူမႈကြန္ယက္ Twitter မွာ စေနေန႔က မေလး႐ွား ႏိုင္ငံျခားေရးဝန္ႀကီးက ေရးသားထားပါတယ္။
ဒါအျပင္ ဇန္နဝါရီလဆန္းပိုင္းက Jackata Post သတင္းစာႀကီးရဲ႕အေတြးအျမင္က႑မွာ "စစ္ေကာင္စီ ခ်ျပထားတဲ့ ေ႐ြးေကာက္ပြဲ လမ္းေၾကာင္းဟာ အတုအေယာင္သာျဖစ္ၿပီး ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းစစ္ကို သက္ဆိုး႐ွည္ေစမွာျဖစ္တယ္" လို႔ Saifuddin Abdullah က ေရးသားခဲ့ပါတယ္။ သူ႔ရဲ႕ေဆာင္းပါးထဲမွာလည္း စစ္ေကာင္စီဟာ ၂၀၂၂ခုႏွစ္ တႏွစ္အတြင္း အရပ္သားေတြကို ေလေၾကာင္းကေန တိုက္ခိုက္မႈအႀကိမ္ေပါင္း ၃၇၄ ႀကိမ္ျပဳလုပ္ခဲ့တယ္လို႔ ႏိုင္ငံတကာစစ္တမ္းတခုကို ကိုးကားေဖၚျပခဲ့ပါတယ္။
၁၉၉၆ ခုႏွစ္ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊဦးေဆာင္တဲ့ နအဖ စစ္အစိုးရလက္ထက္ ျမန္မာကို အာဆီယံအဖြဲ႔ဝင္ ျဖစ္လာေစဖို႔ မေလး႐ွားႏိုင္ငံဟာ အဓိကေထာက္ခံကူညီခဲ့တဲ့ႏိုင္ငံ ျဖစ္ပါတယ္။ ဒါေပမဲ့ ျမန္မာစစ္တပ္ရဲ႕ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈေတြ၊ အထူးသျဖင့္ ႐ိုဟင္ဂ်ာ မြတ္စလင္ေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈ က်ဴးလြန္ခဲ့တဲ့ စြပ္စြဲခ်က္ေတြ ျဖစ္လာခဲ့ၿပီးေနာက္ ျမန္မာ့အေရးမွာ မေလး႐ွားက သေဘာထား ေျပာင္းလဲလာခဲ့တာပါ။
၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလ ၁ ရက္ေန႔ စစ္အာဏာသိမ္းၿပီးေနာက္ ပိုမိုဆိုး႐ြားလာတဲ့ ျမန္မာ့အက်ပ္အတည္းနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီအေပၚ သေဘာထား တင္းမာတဲ့ အာဆီယံအဖြဲ႔ဝင္ႏိုင္ငံေတြထဲမွာ မေလး႐ွားက အဓိက ပါဝင္ေနပါတယ္။ စစ္ေကာင္စီဘက္ကလည္း အာဆီယံအဖြဲ႔ဝင္ႏိုင္ငံေတြအေနနဲ႔ ပဋိဉာဥ္အရ ႏိုင္ငံတႏိုင္ငံရဲ႕ ျပည္တြင္းေရးကို ဝင္ေရာက္မစြက္ဖက္ဖို႔ သေဘာထားတုံ႔ျပန္ထားပါတယ္။
==== Unicode ====
စစ်ကောင်စီ ဖိနှိပ်အုပ်ချုပ်မှုကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေကို အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ အရေးတကြီး အကူအညီတွေပေးဖို့ လိုအပ်နေကြောင်း မလေးရှား နိုင်ငံခြားရေးဝန်ကြီးဟောင်း Saifuddin Abdullah က ဇန်နဝါရီ ၂၈ ရက်၊ စနေနေ့က ပြောကြားလိုက်ပါတယ်။
"စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခုခံတဲ့ နှစ်နှစ်တာကာလ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းရေးမှာ ဒေသတွင်း တုံ့ပြန်မှုများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ဇန်နဝါရီလ ၂၈ ရက်နေ့က ပြုလုပ်တဲ့ အွန်းလိုင်းဆွေးနွေးပွဲမှာ Saifuddin Abdullah ပါဝင်ဆွေးနွေးပြောဆိုခဲ့တာပါ။
အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်းနဲ့ မြန်မာအခြေစိုက် လူထုအခြေပြုအဖွဲ့အစည်း (၁၀) ဖွဲ့ ပူးပေါင်းပြီး စနေနေ့က ပြုလုပ်တဲ့ မြန်မာ့အရေး အွန်လိုင်းဆွေးနွေးပွဲမှာ သူ အဓိက ပြောကြားခဲ့တဲ့ အချက်တွေထဲ - အာဆီယံ အဖွဲ့ကြီးအနေနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရ၊ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီတို့နဲ့ မဖြစ်မနေ ထိတွေ့ဆက်ဆံဖို့၊ မြန်မာ့အကျပ်အတည်း အလှူရှင်ဖိုရမ် ဖွဲ့စည်းဖို့၊ စစ်ကောင်စီရွေးကောက်ပွဲကို တားဆီးဖို့ ဆိုတာတွေပါဝင်ကြောင်း ကိုယ်ပိုင် လူမှုကွန်ယက် Twitter မှာ စနေနေ့က မလေးရှား နိုင်ငံခြားရေးဝန်ကြီးက ရေးသားထားပါတယ်။
ဒါအပြင် ဇန်နဝါရီလဆန်းပိုင်းက Jackata Post သတင်းစာကြီးရဲ့အတွေးအမြင်ကဏ္ဍမှာ "စစ်ကောင်စီ ချပြထားတဲ့ ရွေးကောက်ပွဲ လမ်းကြောင်းဟာ အတုအယောင်သာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်ကို သက်ဆိုးရှည်စေမှာဖြစ်တယ်" လို့ Saifuddin Abdullah က ရေးသားခဲ့ပါတယ်။ သူ့ရဲ့ဆောင်းပါးထဲမှာလည်း စစ်ကောင်စီဟာ ၂၀၂၂ခုနှစ် တနှစ်အတွင်း အရပ်သားတွေကို လေကြောင်းကနေ တိုက်ခိုက်မှုအကြိမ်ပေါင်း ၃၇၄ ကြိမ်ပြုလုပ်ခဲ့တယ်လို့ နိုင်ငံတကာစစ်တမ်းတခုကို ကိုးကားဖေါ်ပြခဲ့ပါတယ်။
၁၉၉၆ ခုနှစ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ နအဖ စစ်အစိုးရလက်ထက် မြန်မာကို အာဆီယံအဖွဲ့ဝင် ဖြစ်လာစေဖို့ မလေးရှားနိုင်ငံဟာ အဓိကထောက်ခံကူညီခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ အထူးသဖြင့် ရိုဟင်ဂျာ မွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်ခဲ့တဲ့ စွပ်စွဲချက်တွေ ဖြစ်လာခဲ့ပြီးနောက် မြန်မာ့အရေးမှာ မလေးရှားက သဘောထား ပြောင်းလဲလာခဲ့တာပါ။
၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် ပိုမိုဆိုးရွားလာတဲ့ မြန်မာ့အကျပ်အတည်းနဲ့ ပတ်သက်လို့ စစ်ကောင်စီအပေါ် သဘောထား တင်းမာတဲ့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေထဲမှာ မလေးရှားက အဓိက ပါဝင်နေပါတယ်။ စစ်ကောင်စီဘက်ကလည်း အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ပဋိဉာဉ်အရ နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ဖို့ သဘောထားတုံ့ပြန်ထားပါတယ်။