သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားအစိုးရသစ်နှင့် ရင်ဆိုင်ရမည့် စိန်ခေါ်မှုများ


Malaysia's King Sultan Abdullah Sultan Ahmad Shah (R) and Malaysia's newly appointed Prime Minister Anwar Ibrahim (L) take part in the swearing-in ceremony at the National Palace in Kuala Lumpur, Nov. 24, 2022.
Malaysia's King Sultan Abdullah Sultan Ahmad Shah (R) and Malaysia's newly appointed Prime Minister Anwar Ibrahim (L) take part in the swearing-in ceremony at the National Palace in Kuala Lumpur, Nov. 24, 2022.

လူမျိုးရေး ကွဲပြားမှုတွေနဲ့ အကျင့်ပျက်ခြစားမှုစတဲ့ အခြေခံသဘောထား ကွဲပြားမှုတွေဟာ မလေးရှားအစိုးရသစ်အနေနဲ့ ရေရှည်ရပ်တည်နိုင်မလားဆိုတာကို ပထမ တနှစ်၊ နှစ်နှစ်အတွင်း အဓိက စမ်းသပ်မယ့် အကြောင်းအရာတွေဖြစ်သလို တိုးတက်၊ နိုင်ငံအတွင်း လူမျိုးရေး တန်းတူ ညီမျှမှုရှိစေရမယ်ဆိုတဲ့ ကာလရှည်ကြာ သူပေးထားခဲ့တဲ့ကတိကို ဝန်ကြီးချုပ်သစ်အနေနဲ့ တကယ်လက်တွေ့အကောင်အထည် ဖော်နိုင်မလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

နိုဝင်ဘာလ ၁၉ ရက်နေ့က ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အမတ်နေရာ ၂၂၂ နေရာကို ယှဉ်ပြိုင်ကြတာမှာ မလေးရှားနိုင်ငံ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ်နဲ့ ဘယ်ပါတီကမှာ အစိုးရဖွဲ့နိုင်လောက်တဲ့ အမတ်နေရာ အနိုင်မရခဲ့ပါဘူး။

အစိုးရဖွဲ့နိုင်ရေးအတွက် ပါတီကြီးတွေအကြား ၂ ရက်ကြာ အကြိတ်အနယ် ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ကြပြီးတဲ့နောက် မလေးရှားဘုရင် Al-Sultan Abdullah Sultan Ahmad Shah က ဝါရင့် အတိုက်အခံခေါင်းဆောင် Anwar Ibrahim ကို ဝန်ကြီးချုပ်အဖြစ် ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ကျမ်းသစ္စာကျိန်ဆိုပေးခဲ့ပါတယ်။

အကျင့်ပျက် ခြစားမှု၊ လိင်တူခြင်းဆက်ဆံမှုစတဲ့ စွပ်စွဲချက်တွေနဲ့ ၁၀ ကြာ ထောင်ဒဏ်ကျခံခဲ့ရပြီးနောက်မှာ ဝန်ကြီးချုပ်ဖြစ်လာခဲ့သူ Anwar Ibrahim ကတော့ သူ့အပေါ်တင်ထားတဲ့ စွဲချက်တွေဟာ နိုင်ငံရေးရည်ရွယ်နဲ့ လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောပါတယ်။

ဝန်ကြီးချုပ် Anwar Ibrahim ကတော့ ဆင်းရဲသား လူတန်းစားတွေ စားဝတ်နေရေးပြေလည်ရေး အထောက်အကူပြုစေဖို့ အစိုးရကပေးနေတဲ့ ထောက်ပံ့ကြေး အစီအစဉ်ကို ပြန်လည်သုံးသပ်သွားမယ်လို့ ပြောကြားလိုက်ပြီး စီးပွားဖွံ့ဖြိုးမှု အရှိန်လျော့ကျလာနေတဲ့ကာလမှာ ကုန်ဈေးနှုန်း ကြီးမြင့်နေတဲ့ကိစ္စကို ဦးစားပေးကိုင်တွယ်သွားမယ်လို့ ဒီကနေ့ ပြောကြားလိုက်ပါတယ်။

===== Unicode ====






XS
SM
MD
LG