မေလးရွား ေျမၿပိဳ လူ (၂၀) ေက်ာ္ေသဆံုး
{{Zawgyi/Unicode}}
မေလးရွားမွာ ေသာၾကာေန႔က ျဖစ္ပြားခဲ့တဲ့ ေျမၿပိဳမႈအတြင္း ေသဆံုးသူ ၂၃ ဦးရွိေနၿပီး ၁၀ ဦးက ေပ်ာက္ဆံုးေနဆဲပဲလို႔ မေလးအာဏာပိုင္ေတြက ေျပာပါတယ္။
ကြာလာလန္ပူၿမိဳ႕ေတာ္နဲ႔ ကပ္ရက္ Selango ျပည္နယ္ထဲက လိုင္စင္မဲ့ ေအာ္ဂဲနစ္ျခံ မွာ ျဖစ္ပြါးတဲ့ ေျမၿပိဳမႈမွာ ေပ်ာက္ဆံုးေနသူေတြကို လိုက္လံရွာေဖြေနတဲ့ အေရးေပၚကယ္ဆယ္ေရး လုပ္သားေတြဟာ စေနေန႔က ေနာက္ထပ္ အေလာင္း ၂ ေလာင္းထပ္ေတြ႕ခဲ့ပါတယ္။ ေသဆံုးသူေတြဟာ လူမမယ္သမီးငယ္နဲ႔ သူ႔ကိုဖက္ထားတဲ့မိခင္တို႔ျဖစ္ ပါတယ္။ ရာသီဥတုအေျခေနက သိပ္ဆိုးေနတာေၾကာင့္ ညဘက္မွာ ကယ္ဆယ္ရွာေဖြသူေတြ ဆက္မရွာႏိုင္ပဲ စေနေန႔မွာမွ ဆက္လက္ရွာေဖြရင္း ေတ႔ြရွိခဲ့တာပါ။
အသက္ရွင္ရက္ က်န္သူရွိဖို႔ အခြင့္အလန္း သိပ္နည္းေပမယ့္ ေတြ႕လိုေတြ႕ျငား ဆက္လက္ရွာေဖြေနေၾကာင္းလည္း Selango ျပည္နယ္ မီးသတ္ဌာနအႀကီးအကဲ Norazam Khamis ကသတင္းေထာက္ေတြကို ေျပာပါတယ္။
ေသာၾကာမနက္ပိုင္းက ေအာ္ဂဲနစ္စိုက္ပ်ိဳးျခံ ထဲမွာ လူေပါင္း ၉၄ ေယာက္ေလာက္ အိပ္ေပ်ာ္ေနခ်ိန္ ေဘးက ေပ ၁၀၀ ေလာက္ျမင့္တဲ့ ေတာင္ေစာင္း လမ္းေပၚက ေျမစာေတြ သူတို႔ေပၚ ၿပိဳက်ၿပီး ၃ ဧက ေလာက္ကို လႊမ္းသြားတာ ျဖစ္ပါတယ္။ အမ်ားစုဟာ ႏွစ္ကုန္ ေက်ာင္းအားလပ္ရက္ မိသားစုလိုက္ အပမ္းေျဖလာေရာက္ၾကသူေတြ ျဖစ္ပါတယ္။ ေသဆံုးသူေတြထဲမွာ ကေလးငယ္ ၆ ဦး အမ်ိဳးသမီး ၁၃ ဦးလည္း ပ ါဝင္ပါတယ္။ ၇ ဦးကို ေဆးရံု ပို႔ေပးထားၿပီး စကၤာပူႏိုင္ငံသား ၃ ဦးအပါအဝင္ က်န္ ဒါဇင္နဲ႔ခ်ီတဲ့ လူေတြကေတာ့ ဒဏ္ရာမရၾကပါဘူး။
အပန္းေျဖထြက္လာတဲ့ အဲဒီေနရာမွာ အိုလံပစ္ေရကူးကန္ ၁၈၀ ေလာက္ကို ျဖည့္ႏိုင္တဲ့ ကုဗမီတာ ၄ သိန္းခဲြေလာက္ရွိတဲ့ ေျမစာေတြ ၿပိဳက်ဖံုးလႊမ္းခဲ့တာ ျဖစ္ေၾကာင္း မေလးအာဏာပိုင္ေတြက ခန္႔မွန္းေျပာဆိုပါတယ္။ ဒီေနရာလို အႏၲရာယ္ႀကီးတဲ့ တျခားအပန္းေျဖစခန္း အားလံုးကို ပိတ္ပစ္ဖို႔ မေလးရွား အစိုးရက အမိန္႔ထုတ္ခဲ့ပါတယ္။
မလေးရှား မြေပြို လူ (၂၀) ကျော်သေဆုံး
{{Zawgyi/Unicode}}
မလေးရှားမှာ သောကြာနေ့က ဖြစ်ပွားခဲ့တဲ့ မြေပြိုမှုအတွင်း သေဆုံးသူ ၂၃ ဦးရှိနေပြီး ၁၀ ဦးက ပျောက်ဆုံးနေဆဲပဲလို့ မလေးအာဏာပိုင်တွေက ပြောပါတယ်။
ကွာလာလန်ပူမြို့တော်နဲ့ ကပ်ရက် Selango ပြည်နယ်ထဲက လိုင်စင်မဲ့ အော်ဂဲနစ်ခြံ မှာ ဖြစ်ပွါးတဲ့ မြေပြိုမှုမှာ ပျောက်ဆုံးနေသူတွေကို လိုက်လံရှာဖွေနေတဲ့ အရေးပေါ်ကယ်ဆယ်ရေး လုပ်သားတွေဟာ စနေနေ့က နောက်ထပ် အလောင်း ၂ လောင်းထပ်တွေ့ခဲ့ပါတယ်။ သေဆုံးသူတွေဟာ လူမမယ်သမီးငယ်နဲ့ သူ့ကိုဖက်ထားတဲ့မိခင်တို့ဖြစ် ပါတယ်။ ရာသီဥတုအခြေနေက သိပ်ဆိုးနေတာကြောင့် ညဘက်မှာ ကယ်ဆယ်ရှာဖွေသူတွေ ဆက်မရှာနိုင်ပဲ စနေနေ့မှာမှ ဆက်လက်ရှာဖွေရင်း တေ့ွရှိခဲ့တာပါ။
အသက်ရှင်ရက် ကျန်သူရှိဖို့ အခွင့်အလန်း သိပ်နည်းပေမယ့် တွေ့လိုတွေ့ငြား ဆက်လက်ရှာဖွေနေကြောင်းလည်း Selango ပြည်နယ် မီးသတ်ဌာနအကြီးအကဲ Norazam Khamis ကသတင်းထောက်တွေကို ပြောပါတယ်။
သောကြာမနက်ပိုင်းက အော်ဂဲနစ်စိုက်ပျိုးခြံ ထဲမှာ လူပေါင်း ၉၄ ယောက်လောက် အိပ်ပျော်နေချိန် ဘေးက ပေ ၁၀၀ လောက်မြင့်တဲ့ တောင်စောင်း လမ်းပေါ်က မြေစာတွေ သူတို့ပေါ် ပြိုကျပြီး ၃ ဧက လောက်ကို လွှမ်းသွားတာ ဖြစ်ပါတယ်။ အများစုဟာ နှစ်ကုန် ကျောင်းအားလပ်ရက် မိသားစုလိုက် အပမ်းဖြေလာရောက်ကြသူတွေ ဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ ကလေးငယ် ၆ ဦး အမျိုးသမီး ၁၃ ဦးလည်း ပ ါဝင်ပါတယ်။ ၇ ဦးကို ဆေးရုံ ပို့ပေးထားပြီး စင်္ကာပူနိုင်ငံသား ၃ ဦးအပါအဝင် ကျန် ဒါဇင်နဲ့ချီတဲ့ လူတွေကတော့ ဒဏ်ရာမရကြပါဘူး။
အပန်းဖြေထွက်လာတဲ့ အဲဒီနေရာမှာ အိုလံပစ်ရေကူးကန် ၁၈၀ လောက်ကို ဖြည့်နိုင်တဲ့ ကုဗမီတာ ၄ သိန်းခွဲလောက်ရှိတဲ့ မြေစာတွေ ပြိုကျဖုံးလွှမ်းခဲ့တာ ဖြစ်ကြောင်း မလေးအာဏာပိုင်တွေက ခန့်မှန်းပြောဆိုပါတယ်။ ဒီနေရာလို အန္တရာယ်ကြီးတဲ့ တခြားအပန်းဖြေစခန်း အားလုံးကို ပိတ်ပစ်ဖို့ မလေးရှား အစိုးရက အမိန့်ထုတ်ခဲ့ပါတယ်။