သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးကုတ္ၿမိဳ႕ ေတာင္ကမ္းပါးၿပိဳက်မႈ ၁၁ ေယာက္ေသဆံုး


မိုးကုတ္ေျမျပိဳမႈအျပီး ကယ္ဆယ္ေရးလုပ္ငန္းမ်ား လုပ္ေဆာင္ေနစဥ္ ( ဓာတ္ပံု - VOA )

(Zawgyi/Unicode)

မႏၲေလးတိုင္း၊ မိုးကုတ္ၿမိဳ႕အေနာက္ပိုင္းက ေပသုံးရာေလာက္ျမင့္တဲ့ ေတာင္ကမ္းပါးတခု ဒီကေန႔မနက္ အေစာပိုင္းမွာ ၿပိဳက်ခဲ့တာေၾကာင့္ ၁၁ ေယာက္ေသဆံုးခဲ့ပါတယ္။ မိုးဆက္တိုက္႐ြာသြန္းၿပီး ေတာင္ကမ္းပါးၿပိဳက်ခဲ့တာျဖစ္ပါတယ္။ ဒါဟာ အခုဩဂုတ္ တလအတြင္းမွာပဲ တတိယအႀကိမ္ေျမာက္ ေျမၿပိဳမႈျဖစ္ၿပီး ေသဆုံးမႈလည္း အမ်ားဆုံး ျဖစ္ခဲ့တာပါ။ ရန္ကုန္ကလာတဲ့ ဒီတင္းအျပည့္အစုံကို ကိုေအာင္ျမတ္သူ က ေျပာျပမွာပါ။

မိုးကုတ္ၿမိဳ႕၊ ေအာင္သစ္လြင္ရပ္ကြက္မွာ ဒီေန႔ ၾသဂုတ္လ ၂၄ ရက္ မနက္ ၆နာရီေလာက္က ေတာင္ကမ္းပါးၿပိဳက်ခဲ့တဲ့အတြက္ ေတာင္ေစာင္းေပၚနဲ႔ ေတာင္ကမ္းပါးေအာက္ပိုင္းမွာ႐ွိတဲ့ အိမ္ေတြ ေျမဖံုးလႊမ္းသြားခဲ့ပါတယ္။ ေျမၿပိဳမႈအတြင္း ၁၁ ေယာက္ေသဆံုးခဲ့တယ္လို႔ မိုးကုတ္အေနာက္ပိုင္း မီးသတ္တပ္ခြဲမွဴး ဦးျမင့္ႏိုင္က ဗြီအိုေအကို ေျပာပါတယ္။ မနက္အေစာပိုင္းကေန အခုညေနပိုင္းအထိ လူအေယာက္ ၁၀၀ ေလာက္နဲ႔ တေန႔လုံးနီးပါး ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြ လုပ္ေဆာင္ခဲ့ရေၾကာင္း သူကေျပာပါတယ္။

“ ေတာင္ရဲ႕အျမင့္က ေပ၃၀၀ ေက်ာ္ေက်ာ္ေလာက္ရွိတယ္။ ကမ္းပါးၿပိဳက်တာေပါ့။ ၿပိဳက်ၿပီးမွ ရွိတဲ့အိမ္ေတြအကုန္လုံး လိုက္ၿပီးေတာ့မွ အကုန္ဖုံးသြားခဲ့တာ။ အကုန္လုံးေသဆုံးပဲ။ ခါတိုင္းဆို ဒီေလာက္မျဖစ္ဘူး၊ အခုဟာက မိုးကလည္း တအားဆိုးတယ္ အဲဒီလိုျဖစ္ေနတာကိုး။ ကမ္းပါးနား ေနတဲ့အခါက်ေတာ့ မိုးေရတိုက္စားေတာ့ ကမ္းပါးေတြကအက္ၿပီးေတာ့မွ ၿပိဳက်တာကိုး။”

ေျမၿပိဳက်တဲ့ေနရာတဝိုက္ လူေနအိမ္ ၁၀ အိမ္ေလာက္႐ွိတာမွာ ၄ အိမ္ပ်က္စီးသြားခဲ့ၿပီး အိမ္ထဲေနသူေတြအားလံုး ေသဆံုးသြားတာျဖစ္ပါတယ္။ ကမ္းပါးၿပိဳတဲ့ေနရာက တခ်ိန္က ေက်ာက္တြင္း လုပ္ကြက္ေတြ ရွိခဲ့တဲ့ေနရာပါ။ အခုေတာ့လူေနရပ္ကြက္ ျဖစ္ေနတယ္လို႔ မီးသတ္တပ္ခဲြမွဴးက ကေျပာပါတယ္။ အခုေသဆံုးသြားသူ ၁၁ ေယာက္ကလဲြလို႔ တျခားထိခိုက္ဒဏ္ရာရသူေတြေတာ့ မ႐ွိပါဘူး။

မိုးကုတ္အေနာက္ပိုင္း ေက်ာက္ျဖဴရပ္ကြက္မွာ ဩဂုတ္လ ၁၂ ရက္ေန႔နဲ႔ ဩဂုတ္လ ၁၃ ရက္ေန႔တုန္းကလည္း ေျမၿပိဳက်မႈေတြျဖစ္ခဲ့ၿပီး မိုးကုတ္ၿမိဳ႕ဝင္ အဓိကလမ္းမႀကီးတခု ၃ ရက္ၾကာ လမ္းပိတ္ဆို႔မႈ ျဖစ္ခဲ့ပါတယ္။ အဲဒီေျမၿပိဳမႈေတြအတြင္းမွာလည္း ၃ ေယာက္ေသဆံုးၿပီး ထိခိုက္ဒဏ္ရာရသူေတြ ႐ွိခဲ့ပါတယ္။ ဩဂုတ္လ ၁၈ ရက္ကလည္း အုန္းကိုင္း႐ြာဘက္မွာ ေျမၿပိဳမႈေတြျဖစ္ခဲ့ပါတယ္။ မိုးကုတ္ၿမိဳ႕မွာ အရင္ကလည္း ေရႀကီး၊ ေျမၿပိဳတာေတြ ရွိခဲ့ေပမဲ့ အခုႏွစ္ထဲမွာ ပိုၿပီးအျဖစ္မ်ားလာေၾကာင္း ၿမိဳ႕မိၿမိဳ႕ဖတဦးျဖစ္တဲ့ ဦးေမာင္ေမာင္ဝင္းက ဗြီအိုေအကို ေျပာပါတယ္။ ဒီေန႔ေျမၿပိဳမႈမွာ ကယ္ဆယ္ေရးလုပ္ငန္းေတြကို အခ်ိန္အေတာ္ၾကာ လုပ္ခဲ့ရေၾကာင္းလည္း သူကေျပာပါတယ္။

“ က်န္တာေတြက ေဖာ္ေနတုန္းဗ်။ ေတာ္ေတာ္နက္တယ္ ၁၅ ေပေလာက္ ျမဳပ္မိသြားတာ။ တအိမ္လုံး ဘတ္ဖိုးတစီးနဲ႔ ေဖာ္ေနတာ မေလာက္လို႔ ေနာက္တစီး ျပန္ေခၚေနတာ။ ႏွစ္တိုင္းျဖစ္တယ္၊ ဒီႏွစ္ပိုၿပီးေတာ့ ျဖစ္လာသလားေပါ့ က်ေနာ္တို႔ေတာင္ အဲလိုအံ့ဩေနတယ္ေနာ္။”

ျမန္မာႏိုင္ငံမွာ ပတၱျမားေက်ာက္ တူးေဖာ္ထုတ္လုပ္တာ အမ်ားဆုံးရွိတဲ့ မႏၲေလးတိုင္း မိုးကုတ္ၿမိဳ႕နယ္က ေျမၿပိဳမႈေတြဟာ သဘာဝပတ္ဝန္းက်င္ ထိခိုက္ ယိုယြင္းမႈေတြေၾကာင့္ ပိုဆိုးလာတယ္လို႔ ေဒသခံတခ်ိဳ႕က ဗြီအိုေအကို ေျပာပါတယ္။ မိုးကုတ္တဝိုက္မွာ သစ္ေတာျပဳန္းတီးမႈေတြ တျဖည္းျဖည္း မ်ားလာတာကလည္း ေရႀကီး၊ ေျမၿပိဳရျခင္းရဲ႕ အဓိကအေၾကာင္းရင္း ျဖစ္လိမ့္မယ္လို႔ ေဒသခံေတြက ယူဆထားၾကတာပါ။

............................................................................................

တိုက္႐ိုက္ လင့္ခ္


မိုးကုတ်မြို့ တောင်ကမ်းပါးပြိုကျမှု ၁၁ ယောက်သေဆုံး

(Unicode)

မန္တလေးတိုင်း၊ မိုးကုတ်မြို့အနောက်ပိုင်းက ပေသုံးရာလောက်မြင့်တဲ့ တောင်ကမ်းပါးတခု ဒီကနေ့မနက် အစောပိုင်းမှာ ပြိုကျခဲ့တာကြောင့် ၁၁ ယောက်သေဆုံးခဲ့ပါတယ်။ မိုးဆက်တိုက်ရွာသွန်းပြီး တောင်ကမ်းပါးပြိုကျခဲ့တာဖြစ်ပါတယ်။ ဒါဟာ အခုဩဂုတ် တလအတွင်းမှာပဲ တတိယအကြိမ်မြောက် မြေပြိုမှုဖြစ်ပြီး သေဆုံးမှုလည်း အများဆုံး ဖြစ်ခဲ့တာပါ။ ရန်ကုန်ကလာတဲ့ ဒီတင်းအပြည့်အစုံကို ကိုအောင်မြတ်သူ က ပြောပြမှာပါ။

မိုးကုတ်မြို့၊ အောင်သစ်လွင်ရပ်ကွက်မှာ ဒီနေ့ သြဂုတ်လ ၂၄ ရက် မနက် ၆နာရီလောက်က တောင်ကမ်းပါးပြိုကျခဲ့တဲ့အတွက် တောင်စောင်းပေါ်နဲ့ တောင်ကမ်းပါးအောက်ပိုင်းမှာရှိတဲ့ အိမ်တွေ မြေဖုံးလွှမ်းသွားခဲ့ပါတယ်။ မြေပြိုမှုအတွင်း ၁၁ ယောက်သေဆုံးခဲ့တယ်လို့ မိုးကုတ်အနောက်ပိုင်း မီးသတ်တပ်ခွဲမှူး ဦးမြင့်နိုင်က ဗွီအိုအေကို ပြောပါတယ်။ မနက်အစောပိုင်းကနေ အခုညနေပိုင်းအထိ လူအယောက် ၁၀၀ လောက်နဲ့ တနေ့လုံးနီးပါး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ခဲ့ရကြောင်း သူကပြောပါတယ်။

“ တောင်ရဲ့အမြင့်က ပေ၃၀၀ ကျော်ကျော်လောက်ရှိတယ်။ ကမ်းပါးပြိုကျတာပေါ့။ ပြိုကျပြီးမှ ရှိတဲ့အိမ်တွေအကုန်လုံး လိုက်ပြီးတော့မှ အကုန်ဖုံးသွားခဲ့တာ။ အကုန်လုံးသေဆုံးပဲ။ ခါတိုင်းဆို ဒီလောက်မဖြစ်ဘူး၊ အခုဟာက မိုးကလည်း တအားဆိုးတယ် အဲဒီလိုဖြစ်နေတာကိုး။ ကမ်းပါးနား နေတဲ့အခါကျတော့ မိုးရေတိုက်စားတော့ ကမ်းပါးတွေကအက်ပြီးတော့မှ ပြိုကျတာကိုး။”

မြေပြိုကျတဲ့နေရာတဝိုက် လူနေအိမ် ၁၀ အိမ်လောက်ရှိတာမှာ ၄ အိမ်ပျက်စီးသွားခဲ့ပြီး အိမ်ထဲနေသူတွေအားလုံး သေဆုံးသွားတာဖြစ်ပါတယ်။ ကမ်းပါးပြိုတဲ့နေရာက တချိန်က ကျောက်တွင်း လုပ်ကွက်တွေ ရှိခဲ့တဲ့နေရာပါ။ အခုတော့လူနေရပ်ကွက် ဖြစ်နေတယ်လို့ မီးသတ်တပ်ခွဲမှူးက ကပြောပါတယ်။ အခုသေဆုံးသွားသူ ၁၁ ယောက်ကလွဲလို့ တခြားထိခိုက်ဒဏ်ရာရသူတွေတော့ မရှိပါဘူး။

မိုးကုတ်အနောက်ပိုင်း ကျောက်ဖြူရပ်ကွက်မှာ ဩဂုတ်လ ၁၂ ရက်နေ့နဲ့ ဩဂုတ်လ ၁၃ ရက်နေ့တုန်းကလည်း မြေပြိုကျမှုတွေဖြစ်ခဲ့ပြီး မိုးကုတ်မြို့ဝင် အဓိကလမ်းမကြီးတခု ၃ ရက်ကြာ လမ်းပိတ်ဆို့မှု ဖြစ်ခဲ့ပါတယ်။ အဲဒီမြေပြိုမှုတွေအတွင်းမှာလည်း ၃ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေ ရှိခဲ့ပါတယ်။ ဩဂုတ်လ ၁၈ ရက်ကလည်း အုန်းကိုင်းရွာဘက်မှာ မြေပြိုမှုတွေဖြစ်ခဲ့ပါတယ်။ မိုးကုတ်မြို့မှာ အရင်ကလည်း ရေကြီး၊ မြေပြိုတာတွေ ရှိခဲ့ပေမဲ့ အခုနှစ်ထဲမှာ ပိုပြီးအဖြစ်များလာကြောင်း မြို့မိမြို့ဖတဦးဖြစ်တဲ့ ဦးမောင်မောင်ဝင်းက ဗွီအိုအေကို ပြောပါတယ်။ ဒီနေ့မြေပြိုမှုမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အချိန်အတော်ကြာ လုပ်ခဲ့ရကြောင်းလည်း သူကပြောပါတယ်။

“ ကျန်တာတွေက ဖော်နေတုန်းဗျ။ တော်တော်နက်တယ် ၁၅ ပေလောက် မြုပ်မိသွားတာ။ တအိမ်လုံး ဘတ်ဖိုးတစီးနဲ့ ဖော်နေတာ မလောက်လို့ နောက်တစီး ပြန်ခေါ်နေတာ။ နှစ်တိုင်းဖြစ်တယ်၊ ဒီနှစ်ပိုပြီးတော့ ဖြစ်လာသလားပေါ့ ကျနော်တို့တောင် အဲလိုအံ့ဩနေတယ်နော်။”

မြန်မာနိုင်ငံမှာ ပတ္တမြားကျောက် တူးဖော်ထုတ်လုပ်တာ အများဆုံးရှိတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်က မြေပြိုမှုတွေဟာ သဘာဝပတ်ဝန်းကျင် ထိခိုက် ယိုယွင်းမှုတွေကြောင့် ပိုဆိုးလာတယ်လို့ ဒေသခံတချို့က ဗွီအိုအေကို ပြောပါတယ်။ မိုးကုတ်တဝိုက်မှာ သစ်တောပြုန်းတီးမှုတွေ တဖြည်းဖြည်း များလာတာကလည်း ရေကြီး၊ မြေပြိုရခြင်းရဲ့ အဓိကအကြောင်းရင်း ဖြစ်လိမ့်မယ်လို့ ဒေသခံတွေက ယူဆထားကြတာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG