(Zawgyi / Unicode)
အေရွ႕အာဖရိကေဒသမွာ မိုးႀကီးရြာၿပီး ေရႀကီး ေျမၿပိဳတာေတြ ျဖစ္ေနလုိ႔ ကင္ညာႏုိင္္ငံမွာဆိုရင္ စေနေန႔က လူ ၃၄ ေယာက္ထက္မနည္း ေသဆံုးပါတယ္။
ႏုိင္ငံအေနာက္ပိုင္းက ေက်းရြာသံုးရြာမွာ ေျမၿပိဳတာေၾကာင့္ လူ ၂၉ ဦး ေသဆံုးတယ္လို႔ ကင္ညာျပည္ထဲေရးဝန္ႀကီး Fred Matiangi က ေျပာပါတယ္။
ေနာက္ ၅ ေယာက္ကေတာ့ Kitale နဲ႔ Lodwar ၿမိဳ႕ႏွစ္ၿမိဳ႕ၾကားက ျမစ္ႏွစ္စင္းမွာ ေရႀကီးတဲ့အရွိန္ေၾကာင့္ သူတို႔စီးလာတဲ့ကား ေရထဲပါသြားၿပီး ေသဆံုးတာလို႔ Wes Pokot ခ႐ိုင္ ေကာ္မရွင္နာမင္းႀကီး Apollo Okello က ေျပာပါတယ္။
ေသဆံုးသူ ၁၂ ေယာက္ရဲ႕ ခႏၶာကိုယ္ေတြကို ျပန္ရခဲ့ၿပီး အဲဒီထဲက ၇ ဦးဟာ ကေလးေတြျဖစ္တယ္လုိ႔ Okello က ေျပာပါတယ္။ ေနာက္ထပ္ ကေလး ၂ ေယာက္ကိုေတာ့ ေျမၿပိဳထားတဲ့ အထဲကေန အသက္ရွင္လ်က္ ျပန္ဆြဲထုတ္ႏုိင္ခဲ့ၿပီး ေဆး႐ံုကို အျမန္ပို႔လိုက္တယ္လုိ႔လည္း ေျပာပါတယ္။
ေနာက္ထပ္ အသက္ဆံုး႐ံႈးမႈ မျဖစ္ေအာင္ တားဆီးဖို႔ အစိုးရဌာန အသီးသီးက အေရးေပၚ ကူညီကယ္ဆယ္ေရး ဝန္ထမ္းေတြကို လႊတ္ထားတယ္လုိ႔ ကင္ညာသမၼတ Uhuru Kenyatta က ေျပာပါတယ္။
ဒါေပမယ့္ လမ္းေတြမွာ ေရႀကီးၿပီး ျမစ္ေတြလို ျဖစ္ကုန္ၿပီးေတာ့ တံတားေတြလည္း ေရတိုက္စားခံထားရတဲ့အတြက္ ကူညီကယ္ဆယ္ေရး လုပ္ငန္းေတြ အဟန္႔အတား ျဖစ္ေနပါတယ္။
ဒီ သဘာဝေဘးအႏၲရာယ္ရဲ႕ အတိုင္းအတာပမာဏ ဘယ္ေလာက္ရွိမယ္ ဆုိတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရေသးဘူးလို႔ ျပည္ထဲေရးဝန္ႀကီးက ေျပာပါတယ္။
-----------------------------
(Unicode)
ကင်ညာ ရေကြီးမြေပြိုမှု ၃၄ ဦးထက်မနည်း သေဆုံး
အရှေ့အာဖရိကဒေသမှာ မိုးကြီးရွာပြီး ရေကြီး မြေပြိုတာတွေ ဖြစ်နေလို့ ကင်ညာနိုင်ငံမှာဆိုရင် စနေနေ့က လူ ၃၄ ယောက်ထက်မနည်း သေဆုံးပါတယ်။
နိုင်ငံအနောက်ပိုင်းက ကျေးရွာသုံးရွာမှာ မြေပြိုတာကြောင့် လူ ၂၉ ဦး သေဆုံးတယ်လို့ ကင်ညာပြည်ထဲရေးဝန်ကြီး Fred Matiangi က ပြောပါတယ်။
နောက် ၅ ယောက်ကတော့ Kitale နဲ့ Lodwar မြို့နှစ်မြို့ကြားက မြစ်နှစ်စင်းမှာ ရေကြီးတဲ့အရှိန်ကြောင့် သူတို့စီးလာတဲ့ကား ရေထဲပါသွားပြီး သေဆုံးတာလို့ Wes Pokot ခရိုင် ကော်မရှင်နာမင်းကြီး Apollo Okello က ပြောပါတယ်။
သေဆုံးသူ ၁၂ ယောက်ရဲ့ ခန္ဓာကိုယ်တွေကို ပြန်ရခဲ့ပြီး အဲဒီထဲက ၇ ဦးဟာ ကလေးတွေဖြစ်တယ်လို့ Okello က ပြောပါတယ်။ နောက်ထပ် ကလေး ၂ ယောက်ကိုတော့ မြေပြိုထားတဲ့ အထဲကနေ အသက်ရှင်လျက် ပြန်ဆွဲထုတ်နိုင်ခဲ့ပြီး ဆေးရုံကို အမြန်ပို့လိုက်တယ်လို့လည်း ပြောပါတယ်။
နောက်ထပ် အသက်ဆုံးရှုံးမှု မဖြစ်အောင် တားဆီးဖို့ အစိုးရဌာန အသီးသီးက အရေးပေါ် ကူညီကယ်ဆယ်ရေး ဝန်ထမ်းတွေကို လွှတ်ထားတယ်လို့ ကင်ညာသမ္မတ Uhuru Kenyatta က ပြောပါတယ်။
ဒါပေမယ့် လမ်းတွေမှာ ရေကြီးပြီး မြစ်တွေလို ဖြစ်ကုန်ပြီးတော့ တံတားတွေလည်း ရေတိုက်စားခံထားရတဲ့အတွက် ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ အဟန့်အတား ဖြစ်နေပါတယ်။
ဒီ သဘာဝဘေးအန္တရာယ်ရဲ့ အတိုင်းအတာပမာဏ ဘယ်လောက်ရှိမယ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။