သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ေဟတီမွာ ငလ်င္ေၾကာင့္ လူေထာင္ေက်ာ္ေသၿပီး ရက္ပိုင္းအတြင္း မုန္တိုင္း၀င္


(Zawgyi/ Unicode)

ေဟတီမွာ ၿပီးခဲ႔တဲ႔ ရက္ပိုင္းအတြင္း ငလ်င္ဒဏ္ သင့္ခဲ႔ၿပီးေနာက္ အပူပိုင္း ေလဖိအားနည္း ရပ္၀န္း Grace ၀င္ေရာက္ တိုက္ခတ္တာေၾကာင့္ မိုးသည္းထန္ၿပီး ေလျပင္း တိုက္ခတ္မႈနဲ႔ ထပ္ၿပီး ၾကံဳေတြ႕ရပါတယ္။

အပူပိုင္း မုန္တိုင္း အျဖစ္ ပိုၿပီး အားေကာင္းလာတဲ႔ Grace မုန္တိုင္း ျဖတ္သန္း တိုက္ခတ္ေနတာမွာ အဂၤါေန႔ အထိ ေဟတီ ႏိုင္ငံ ေတာင္ပိုင္းမွာ မိုးေရခ်ိန္ ၃၈ စင္တီမီတာ အထက္ထိ ေရာက္ရွိႏိုင္ၿပီး ႐ုတ္တရက္ ေရႀကီး ေျမၿပိဳမႈ အႏၲရာယ္ ရွိေၾကာင္း အေမရိကန္ ဟာရီကိန္း ေစာင့္ၾကည့္ဌာနက ခန္႔မွန္းထားပါတယ္။

ၿပီးခဲ႔တဲ႔ စေနေန႔က ျပင္းအား ၇ ဒသမ ၂ မဂၢနီက်ဴရွိတဲ႔ ငလ်င္ဒဏ္ကို အဆိုးဆံုးခံရတဲ႔ ႏိုင္ငံေတာင္ပိုင္းမွာ အသက္ရွင္ က်န္ရစ္သူေတြကို ရွာေဖြ ကယ္ဆယ္ေရး လုပ္ငန္းေတြ၊ ေနာက္ ေဘးလြတ္ရာ ေရႊ႕ေျပာင္ရသူေတြ အတြက္ အကူအညီ အေထာက္အပံ႔ ေပးေရးမွာပါ ထိခိုက္ သက္ေရာက္ႏိုင္ပါတယ္။ ငလ်င္ေၾကာင့္ ေသဆံုးသူ အေရအတြက္က ၁၄၁၉ ဦးထိရွိေၾကာင္းလည္း ေဟတီ အာဏာပိုင္ေတြက တနလာၤေန႔က ေျပာဆိုၿပီး ဒီအေရအတြက္ဟာဆိုရင္ တနဂၤေႏြေန႔က ထုတ္ျပန္တဲ႔ ေသဆံုးသူ အေရအတြက္ထက္ ၂၀၀ နီးပါး ပိုမ်ားလာတာ ျဖစ္ပါတယ္။

အနည္းဆံုး လူေပါင္း ၆,၀၀၀ ေက်ာ္ ဒဏ္ရာ ရထားၿပီး လူနာေတြ ျပည့္ေနတဲ႔ ေဆးရံုေတြမွာ ကုသႏိုင္ခြင့္ ရေရး ႀကိဳးစားေနၾကရပါတယ္။ Les Cayes ၿမိဳ႕က အေထြေထြ ေရာဂါကု ေဆးရံုမွာ လူေပါင္း ရာခ်ီ ေစာင့္ဆိုင္းေနၾကသလို လူနာ အမ်ားအျပားကိုေတာ့ ေဆးရံု အျပင္ဘက္ ကြင္းျပင္ထဲမွာ အခင္းခင္းၿပီး ကုသမႈေပးေနရၿပီး ေဆးဝါးလည္း ေလ်ာ့နည္းလာေနပါတယ္။

ငလ်င္ဒဏ္သင့္တဲ႔ လူေပါင္း ၁ ဒသမ ၂ သန္းထဲမွာ ကေလးငယ္ ၅၄၀,၀၀၀ ဦးပါ၀င္ေၾကာင္း ကုလသမဂၢ ကေလးသူငယ္ ရန္ပံုေငြ အဖြဲ႔ UNICEF က အဂၤါေန႔မွာ ေျပာပါတယ္။ ေဟတီမွာ ကုလသမဂၢ ေရာက္ရွိေနၿပီး အေရးေပၚ က်န္းမာေရး ေစာင့္ေရွာက္မႈ၊ ေရသန္႔ ရရွိေရးနဲ႔ အေရးေပၚ အမိုးအကာ၊ တကိုယ္ေရ သန္႔ရွင္းေရး အတြက္ ေဒၚလာ ၈ သန္း အေရးေပၚ ရန္ပံုေငြ အျဖစ္ ခ်ထားၿပီးေၾကာင္း ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ Antonio Guterres က အဂၤါေန႔ ေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

(Unicode)

ဟေတီမှာ ငလျင်ကြောင့် လူထောင်ကျော်သေပြီး ရက်ပိုင်းအတွင်း မုန်တိုင်းဝင်

ဟေတီမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ငလျင်ဒဏ် သင့်ခဲ့ပြီးနောက် အပူပိုင်း လေဖိအားနည်း ရပ်ဝန်း Grace ဝင်ရောက် တိုက်ခတ်တာကြောင့် မိုးသည်းထန်ပြီး လေပြင်း တိုက်ခတ်မှုနဲ့ ထပ်ပြီး ကြုံတွေ့ရပါတယ်။

အပူပိုင်း မုန်တိုင်း အဖြစ် ပိုပြီး အားကောင်းလာတဲ့ Grace မုန်တိုင်း ဖြတ်သန်း တိုက်ခတ်နေတာမှာ အင်္ဂါနေ့ အထိ ဟေတီ နိုင်ငံ တောင်ပိုင်းမှာ မိုးရေချိန် ၃၈ စင်တီမီတာ အထက်ထိ ရောက်ရှိနိုင်ပြီး ရုတ်တရက် ရေကြီး မြေပြိုမှု အန္တရာယ် ရှိကြောင်း အမေရိကန် ဟာရီကိန်း စောင့်ကြည့်ဌာနက ခန့်မှန်းထားပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ပြင်းအား ၇ ဒသမ ၂ မဂ္ဂနီကျူရှိတဲ့ ငလျင်ဒဏ်ကို အဆိုးဆုံးခံရတဲ့ နိုင်ငံတောင်ပိုင်းမှာ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းတွေ၊ နောက် ဘေးလွတ်ရာ ရွှေ့ပြောင်ရသူတွေ အတွက် အကူအညီ အထောက်အပံ့ ပေးရေးမှာပါ ထိခိုက် သက်ရောက်နိုင်ပါတယ်။

ငလျင်ကြောင့် သေဆုံးသူ အရေအတွက်က ၁၄၁၉ ဦးထိရှိကြောင်းလည်း ဟေတီ အာဏာပိုင်တွေက တနလာၤနေ့က ပြောဆိုပြီး ဒီအရေအတွက်ဟာဆိုရင် တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ သေဆုံးသူ အရေအတွက်ထက် ၂၀၀ နီးပါး ပိုများလာတာ ဖြစ်ပါတယ်။

အနည်းဆုံး လူပေါင်း ၆,၀၀၀ ကျော် ဒဏ်ရာ ရထားပြီး လူနာတွေ ပြည့်နေတဲ့ ဆေးရုံတွေမှာ ကုသနိုင်ခွင့် ရရေး ကြိုးစားနေကြရပါတယ်။ Les Cayes မြို့က အထွေထွေ ရောဂါကု ဆေးရုံမှာ လူပေါင်း ရာချီ စောင့်ဆိုင်းနေကြသလို လူနာ အများအပြားကိုတော့ ဆေးရုံ အပြင်ဘက် ကွင်းပြင်ထဲမှာ အခင်းခင်းပြီး ကုသမှုပေးနေရပြီး ဆေးဝါးလည်း လျော့နည်းလာနေပါတယ်။

ငလျင်ဒဏ်သင့်တဲ့ လူပေါင်း ၁ ဒသမ ၂ သန်းထဲမှာ ကလေးငယ် ၅၄၀,၀၀၀ ဦးပါဝင်ကြောင်း ကုလသမဂ္ဂ ကလေးသူငယ် ရန်ပုံငွေ အဖွဲ့ UNICEF က အင်္ဂါနေ့မှာ ပြောပါတယ်။ ဟေတီမှာ ကုလသမဂ္ဂ ရောက်ရှိနေပြီး အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု၊ ရေသန့် ရရှိရေးနဲ့ အရေးပေါ် အမိုးအကာ၊ တကိုယ်ရေ သန့်ရှင်းရေး အတွက် ဒေါ်လာ ၈ သန်း အရေးပေါ် ရန်ပုံငွေ အဖြစ် ချထားပြီးကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အင်္ဂါနေ့ ကြေညာချက်မှာ ပြောဆိုထားပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG