သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ငလ်င္ဒဏ္ႀကဳံရတဲ့ေဟတီမွာ အပူပိုင္းမုန္တိုင္းထပ္ႀကဳံ


အတၱလႏၱိတ္သမုဒၵရာေပၚမွာတေြ ့ရတဲ့ အပူပိုင္းမုန္တိုင္း Grace (ဓာတ္ပံု - NOAA)

(Zawgyi/Unicode)

အင္အားျပင္း ငလ်င္ဒဏ္ခံထားရၿပီး ရက္ပိုင္းသာရွိေသးတဲ့ ေဟတီႏိုင္ငံမွာ ဒီကေန႔ အပူပိုင္း မုန္တိုင္းကိုပါ ထပ္ ႀကဳံရလို႔ မိုးသည္းထန္ၿပီး ေလျပင္း မုန္တိုင္းက်ေနပါတယ္။ ႏိုင္ငံေတာင္ပိုင္းမွာ ဒီကေန႔ မိုးေရခ်ိန္ ၅ လက္မကေန ၁၀ လက္မေလာက္အထိ ႐ြာေနတာေၾကာင့္ ေရႀကီးေရလွ်ံၿပီး ေျမၿပိဳႏိုင္တဲ့ အႏၲရာယ္ေတြလည္း ႀကဳံေနရပါတယ္။

ၿပီးခဲ့တဲ့စေနေန႔က ျပင္းအား ၇.၂ ရွိတဲ့ ငလ်င္ဒဏ္ အျပင္းထန္ဆုံး ခံခဲ့ရတဲ့ ဒီေတာင္ပိုင္းေဒသက ေနရာတခ်ိဳ႕မွာ ငလ်င္ေၾကာင့္ အိုးအိမ္မဲ့ခဲ့ရသူေတြအတြက္ ကူညီကယ္ဆယ္ေရးနဲ႔ အသက္ရွင္ က်န္ရစ္သူေတြကို ရွာေဖြေရးလုပ္ငန္းေတြလည္း အခုမုန္တိုင္းေၾကာင့္ ထိခိုက္လာရပါတယ္။ ငလ်င္ေၾကာင့္ ေသဆုံးသူဦးေရကေတာ့ ၁,၄၁၉ အထိ ရွိတယ္လို႔ ေဟတီအာဏာပိုင္ေတြက တနလၤာေန႔က ေျပာပါတယ္။ ဒါဟာျဖင့္ အေစာပိုင္း တနဂၤေႏြေန႔က ထုတ္ျပန္တဲ့ ေသဆုံးသူ စာရင္းထက္ ေနာက္ထပ္ ၂၀၀ နီးပါး ပိုမ်ားလာတာပါ။

ထိခိုက္ဒဏ္ရာရသူေပါင္းကလည္း ၆,၀၀၀ ထက္မနည္း ရွိတာေၾကာင့္ ေဆး႐ုံေတြမွာ ကုသခံယူေနရသူေတြ ျပည့္ေနပါတယ္။ Les Cayes' အေထြေထြကုေဆး႐ုံ ေလွကားေတြေပၚမွာပါ လူနာေတြ ရာနဲ႔ခ်ီ ကုသမႈခံယူဖို႔ ေစာင့္ေနၾကရသလို၊ ကုသမႈေတြ မႏိုင္နင္းျဖစ္လာတဲ့အတြက္ ေဆး႐ုံ ၾကမ္းျပင္ေပၚမွာပဲ ယာယီအခင္းလုပ္ၿပီး ကုသရတာေတြပါ ရွိလာပါတယ္။

စေနေန႔က ငလ်င္ဟာ ၿမိဳ႕ေတာ့ Port-au-Prince ကေန ၇၇ မိုင္ေက်ာ္ေဝးတဲ့ Petit-Trou-de-Nippes ၿမိဳ႕အနီး ဗဟိုျပဳၿပီး ေျမေအာက္ အနက္ ၆ မိုင္ေလာက္ကေန လႈပ္ခဲ့တာလို႔ အေမရိကန္ ဘူမိေဗဒေလ့လာစမ္းစစ္ေရးဌာနက ေျပာပါတယ္။ ငလ်င္ေၾကာင့္ ႏိုင္ငံ အေနာက္ေတာင္ပိုင္း ကြၽန္းဆြယ္မွာရွိတဲ့ လမ္း၊ တံတားေတြနဲ႔ ေနအိမ္ေတြ ထိခိုက္ပ်က္စီးခဲ့ရၿပီး လူေတြ ေထာင္နဲ႔ခ်ီ အိုးအိမ္မဲ့ျဖစ္ခဲ့ရပါတယ္။

.....................................................................................

ငလျင်ဒဏ်ကြုံရတဲ့ဟေတီမှာ အပူပိုင်းမုန်တိုင်းထပ်ကြုံ

(Unicode)

အင်အားပြင်း ငလျင်ဒဏ်ခံထားရပြီး ရက်ပိုင်းသာရှိသေးတဲ့ ဟေတီနိုင်ငံမှာ ဒီကနေ့ အပူပိုင်း မုန်တိုင်းကိုပါ ထပ် ကြုံရလို့ မိုးသည်းထန်ပြီး လေပြင်း မုန်တိုင်းကျနေပါတယ်။ နိုင်ငံတောင်ပိုင်းမှာ ဒီကနေ့ မိုးရေချိန် ၅ လက်မကနေ ၁၀ လက်မလောက်အထိ ရွာနေတာကြောင့် ရေကြီးရေလျှံပြီး မြေပြိုနိုင်တဲ့ အန္တရာယ်တွေလည်း ကြုံနေရပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ပြင်းအား ၇.၂ ရှိတဲ့ ငလျင်ဒဏ် အပြင်းထန်ဆုံး ခံခဲ့ရတဲ့ ဒီတောင်ပိုင်းဒေသက နေရာတချို့မှာ ငလျင်ကြောင့် အိုးအိမ်မဲ့ခဲ့ရသူတွေအတွက် ကူညီကယ်ဆယ်ရေးနဲ့ အသက်ရှင် ကျန်ရစ်သူတွေကို ရှာဖွေရေးလုပ်ငန်းတွေလည်း အခုမုန်တိုင်းကြောင့် ထိခိုက်လာရပါတယ်။ ငလျင်ကြောင့် သေဆုံးသူဦးရေကတော့ ၁,၄၁၉ အထိ ရှိတယ်လို့ ဟေတီအာဏာပိုင်တွေက တနင်္လာနေ့က ပြောပါတယ်။ ဒါဟာဖြင့် အစောပိုင်း တနင်္ဂနွေနေ့က ထုတ်ပြန်တဲ့ သေဆုံးသူ စာရင်းထက် နောက်ထပ် ၂၀၀ နီးပါး ပိုများလာတာပါ။

ထိခိုက်ဒဏ်ရာရသူပေါင်းကလည်း ၆,၀၀၀ ထက်မနည်း ရှိတာကြောင့် ဆေးရုံတွေမှာ ကုသခံယူနေရသူတွေ ပြည့်နေပါတယ်။ Les Cayes' အထွေထွေကုဆေးရုံ လှေကားတွေပေါ်မှာပါ လူနာတွေ ရာနဲ့ချီ ကုသမှုခံယူဖို့ စောင့်နေကြရသလို၊ ကုသမှုတွေ မနိုင်နင်းဖြစ်လာတဲ့အတွက် ဆေးရုံ ကြမ်းပြင်ပေါ်မှာပဲ ယာယီအခင်းလုပ်ပြီး ကုသရတာတွေပါ ရှိလာပါတယ်။

စနေနေ့က ငလျင်ဟာ မြို့တော့ Port-au-Prince ကနေ ၇၇ မိုင်ကျော်ဝေးတဲ့ Petit-Trou-de-Nippes မြို့အနီး ဗဟိုပြုပြီး မြေအောက် အနက် ၆ မိုင်လောက်ကနေ လှုပ်ခဲ့တာလို့ အမေရိကန် ဘူမိဗေဒလေ့လာစမ်းစစ်ရေးဌာနက ပြောပါတယ်။ ငလျင်ကြောင့် နိုင်ငံ အနောက်တောင်ပိုင်း ကျွန်းဆွယ်မှာရှိတဲ့ လမ်း၊ တံတားတွေနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရပြီး လူတွေ ထောင်နဲ့ချီ အိုးအိမ်မဲ့ဖြစ်ခဲ့ရပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG