(Zawgyi / Unicode)
ဟာရီကိန္း Eta တိုက္ခတ္ခဲ့တဲ့ ဂြါတီမာလာမွာ ေသာၾကာေန႔က မိုးသည္းထန္စြာ ရြာသြန္းၿပီး ေျမၿပိဳက်တဲ့အတြက္ ေျမေအာက္မွာ နစ္ျမဳပ္သြားသူ ၁၀၀ ေလာက္ကို ကူညီကယ္ဆယ္သူေတြ ရွာေဖြေနခ်ိန္မွာပဲ Eta ဟာ စေနေန႔မွာေတာ့ အပူပိုင္း ေလဖိအားနည္းရပ္ဝန္းအျဖစ္ အေမရိကန္ေတာင္ဘက္က ဘဟားမား၊ Cayman ကၽြန္းစုေတြနဲ႔ ဖေလာ္ရီဒါ ျပည္နယ္ေတြကို ဦးတည္ေရြ႕လ်ားေနပါတယ္။
ဂြါတီမာလာအလယ္ပိုင္း Alta Verapaz ေဒသမွာ မိုးသည္းထန္စြာရြာသြန္းၿပီး ေျမၿပိဳမႈေၾကာင့္ အိမ္ေျခေပါင္း ၁၅၀ ေလာက္ ေျမေအာက္ျမႈပ္သြားသလို အဲဒီမွာ လူ ၁၀၀ ေလာက္ ေသဆံုးခဲ့မယ္လို႔ ကူညီကယ္ဆယ္ေရး လုပ္ေပးေနတဲ့ စစ္တပ္က ခန္႔မွန္းထားပါတယ္။
ဂြါတီမာလာသမၼတကေတာ့ ေသဆံုး ေပ်ာက္ဆံုးသူ စုစုေပါင္း ၁၅၀ ေလာက္ရိွမယ္လို႔ ခန္႔မွန္းပါတယ္။
Eta ဟာ စေနေန႔ ညေနပိုင္းေလာက္မွာ အပူပိုင္းမုန္တိုင္းတခုအသြင္ ျပန္ေျပာင္းသြားၿပီး တနဂၤေႏြေန႔အထိ ဆက္ၿပီး အင္အားျပင္းထန္လာႏုိင္တယ္လုိ႔ NHC အေမရိကန္ ဟာရီကိန္းေစာင့္ၾကည့္ဌာနက ေျပာပါတယ္။
Cayman ကၽြန္းစုေတြ၊ ဘဟားမား အေနာက္ေျမာက္ပိုင္းနဲ႔ က်ဴးဘားႏိုင္ငံက ခ႐ုိင္တခ်ိဳ႕အတြက္ ၃၆ နာရီအတြင္း က်ေရာက္ႏိုင္တဲ့ အပူပို္င္းမုန္တိုင္း သတိေပးခ်က္ေတြလည္း ထုတ္ျပန္ထားသလို ဖေလာ္ရီဒါျပည္နယ္ အေရွ႕ဘက္ကမ္း႐ုိးတန္း၊ ဖေလာ္ရီဒါ Keys ေဒသနဲ႔ က်ဴးဘားခ႐ုိင္တခ်ိဳ႕ အတြက္ေတာ့ ၄၈ နာရီအတြင္း သတိထား ေစာင့္ၾကည့္ရမယ့္ သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။
----------------------
(Unicode)
ဟာရီကိန်း Eta ကြောင့် ဂွါတီမာလာ မိုးကြီးမြေပြို လူ ၁၀၀ ခန့် မြေအောက်နစ်မြုပ်
ဟာရီကိန်း Eta တိုက်ခတ်ခဲ့တဲ့ ဂွါတီမာလာမှာ သောကြာနေ့က မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြိုကျတဲ့အတွက် မြေအောက်မှာ နစ်မြုပ်သွားသူ ၁၀၀ လောက်ကို ကူညီကယ်ဆယ်သူတွေ ရှာဖွေနေချိန်မှာပဲ Eta ဟာ စနေနေ့မှာတော့ အပူပိုင်း လေဖိအားနည်းရပ်ဝန်းအဖြစ် အမေရိကန်တောင်ဘက်က ဘဟားမား၊ Cayman ကျွန်းစုတွေနဲ့ ဖလော်ရီဒါ ပြည်နယ်တွေကို ဦးတည်ရွေ့လျားနေပါတယ်။
ဂွါတီမာလာအလယ်ပိုင်း Alta Verapaz ဒေသမှာ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုကြောင့် အိမ်ခြေပေါင်း ၁၅၀ လောက် မြေအောက်မြှုပ်သွားသလို အဲဒီမှာ လူ ၁၀၀ လောက် သေဆုံးခဲ့မယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ စစ်တပ်က ခန့်မှန်းထားပါတယ်။
ဂွါတီမာလာသမ္မတကတော့ သေဆုံး ပျောက်ဆုံးသူ စုစုပေါင်း ၁၅၀ လောက်ရှိမယ်လို့ ခန့်မှန်းပါတယ်။
Eta ဟာ စနေနေ့ ညနေပိုင်းလောက်မှာ အပူပိုင်းမုန်တိုင်းတခုအသွင် ပြန်ပြောင်းသွားပြီး တနင်္ဂနွေနေ့အထိ ဆက်ပြီး အင်အားပြင်းထန်လာနိုင်တယ်လို့ NHC အမေရိကန် ဟာရီကိန်းစောင့်ကြည့်ဌာနက ပြောပါတယ်။
Cayman ကျွန်းစုတွေ၊ ဘဟားမား အနောက်မြောက်ပိုင်းနဲ့ ကျူးဘားနိုင်ငံက ခရိုင်တချို့အတွက် ၃၆ နာရီအတွင်း ကျရောက်နိုင်တဲ့ အပူပိုင်းမုန်တိုင်း သတိပေးချက်တွေလည်း ထုတ်ပြန်ထားသလို ဖလော်ရီဒါပြည်နယ် အရှေ့ဘက်ကမ်းရိုးတန်း၊ ဖလော်ရီဒါ Keys ဒေသနဲ့ ကျူးဘားခရိုင်တချို့ အတွက်တော့ ၄၈ နာရီအတွင်း သတိထား စောင့်ကြည့်ရမယ့် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။