သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်း Sally ကန် တောင်ပိုင်းကမ်းရိုးတန်းတွေ မကြာခင် ဝင်ရောက်တော့မည်


မုန်တိုင်း Sally ဝင်ရောက်လာတာကြောင့်ရေချိန် မြင့်တက်နေ
မုန်တိုင်း Sally ဝင်ရောက်လာတာကြောင့်ရေချိန် မြင့်တက်နေ

(Zawgyi/Unicode)

မက္ကဆီကို ပင်လယ်ကွေ့ ကမ်းလွန်ပင်လယ်ပြင်ကနေ ကုန်းတွင်းပိုင်းကို တဖြည်းဖြည်းရွေ့လျားနေတဲ့ ဟာရီကိန်းမုန်တိုင်း Sally ဟာ ပင်လယ်ပြင်မှာပဲ ရှိနေသေးပေမဲ့ကမ်းခြေဒေသ တဝိုက် လေပြင်းထန်၊ လှိုင်းကြီးပြီး မိုးသည်းထန်တာတွေ ဖြစ်ပွား နေပြီ လို့ အမေရိကန် အမျိုးသား မိုးလေ ဝသဌာနက ပြောပါတယ်။

မုန်တိုင်း Sally ဟာ တနာရီကို လေတိုက်နှုန်း ၆၈ မိုင်နှုန်းနဲ့ Louisiana နဲ့ Mississippi ပြည်နယ် အရှေ့တောင်ဘက်ကမ်းရိုးတန်းကို ဦးတည်ရွေ့ လျားနေခဲ့တာဖြစ်ပြီး အခုလောလောဆယ် အပြင်းထန်ဆုံး တနာရီကို မိုင် ၈၀ ကျော်နဲ့ ဆက်လက်ရွေ့လျားနေတယ်လို့ မိုးလေဝသဌာန က ပြောပါတယ်။

အင်္ဂါနေ့ အစောပိုင်းတုန်းက အမေရိကန် ပြည်ထောင်စုတွင်း Louisiana နဲ့ Mississippi ပြည်နယ်တွေကနေ Florida ပြည်နယ် အရှေ့ပိုင်းအထိ မုန်တိုင်း သတိပေးချက်တွေ တိုးချဲ့ ထုတ်ပြန်ထားပါတယ်။

ဒီ ဟာရီကိန်းမုန်တိုင်း Sally ဟာ အင်္ဂါနေ့နှောင်းပိုင်း ဒါမှ မဟုတ် ဗုဒ္ဓဟူးနေ့ အစောပိုင်းလောက် Alabama နဲ့ Mississippi ပြည်နယ် နယ်ခြားစည်း အနီးကို ဝင်ရောက်တိုက်ခတ်လိမ့်မယ်လို့လည်း ခန့်မှန်းထားပါတယ်။ မုန်တိုင်း အပြင်းထန်ဆုံး ကျရောက်မယ့် နေရာ ကိုသေသေချာချာမပြောနိုင်သေးပေမဲ့ မုန်တိုင်းက အရှေ့ဘက်ကို တိုးပြီးရွေ့လျားနေတာဖြစ်လို့ အပြင်းထန်ဆုံး မုန်တိုင်းဒဏ်ကနေ New Orleans မြို့ ကင်းလွတ်မယ်လို့ ခန့်မှန်းထားပါတယ်။

ဖလော်ရီဒါပြည်နယ်အုပ်ချုပ်ရေးမှုး Ron DeSantis က ပြည်နယ်အနောက်ပိုင်းPanhandleဒေသတဝိုက်အရေးပေါ် အခြေအနေ ကြေညာထားပါတယ်။ မုန်တိုင်းတိုက်ခတ်ရာ ဒေသတဝိုက် ရေကြီး၊ ရေလျှံတာတွေဖြစ်နိုင်တယ်လို့လည်း မိုးလေဝသဌာနက သတိ ပေးထားပါတယ်။

တနင်္လာနေ့ကတည်းက သမ္မတ Trump ကလည်း Louisiana၊ Mississippi ၊ Alabama ပြည်နယ် ဒေသတချို့မှာ အရေးပေါ် အခြေ အနေ ကြေညာထားပြီး ပြည်နယ် တာဝန်ရှိသူတွေရဲ့ သတိပေးချက်တွေကို လိုက်နာကြဖို့ ဒေသခံတွေကို တွစ်တာကနေ ရေးသား သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်


........

(Unicode)







XS
SM
MD
LG