သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Sally ဟာရီကိန္းမုန္တိုင္း အေမရိကန္ေတာင္ပိုင္းျပည္နယ္ေတြကို ၿခိမ္းေျခာက္ေန


(Zawgyi/Unicode)

အေမရိကန္ျပည္ေထာင္စု ေတာင္ပိုင္းက Louisiana နဲ႔ Mississippi ျပည္နယ္ေတြ ဆီကို ဦးတည္ေရြ႕လ်ားလာေနတဲ႔ အားျပင္း ဟာရီကိန္းမုန္တိုင္း Sally ဟာ တနလၤာေန႔မွာ ေလတိုက္ႏႈန္း ျပင္းအား တနာရီကို မိုင္ ၉ ၀ နဲ႔ ကမ္းရိုးတန္းတေလ ွ်ာက္ တိုက္ခတ္ေန ပါတယ္။ မိုးသည္းထန္စြာ ရြာသြန္းၿပီး မိုးေရခ်ိန္ က ၂၃ လက္မခြဲ ေက်ာ္အထိ ျဖစ္သြားႏုိင္တာေၾကာင့္ ဆိုးဝါးတဲ့ ေရႀကီးေရလ ွ်ံမႈေတြနဲ႔ ႀကံဳရႏိုင္တယ္လုိ႔ သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

Louisiana ေတာင္ပိုင္းကို အဂၤါေန႔မွာ ဟာရီကိန္း Sally ဝင္ေရာက္ႏိုင္တာေၾကာင့္ ေရနဲ႔ တျခားလိုအပ္တဲ့ ပစၥည္းေတြကို ေဒသခံေတြ အေျပးအလႊား စုေဆာင္းေနၾကတာပါ။

ဟာရီကိန္း Sally ဟာ ကမ္းရိုးတန္းနားမွာ ဟာရီကိန္း ျပင္းအားအဆင့္ ၂ ျဖစ္လာၿပီး ေလတိုက္ႏႈန္းက တနာရီ ၁၀၅ မိုင္ႏႈန္းရွိႏိုင္တယ္လုိ႔ ဟာရီကိန္းမုန္တိုင္း ေစာင့္ၾကည့္ခန္႔မွန္းသူေတြက ေျပာပါတယ္။ Louisiana နဲ႔ Mississippi ျပည္နယ္ေတြမွာ ေနထုိင္သူေတြ အတြက္ မုန္တိုင္း သတိေပးခ်က္ေတြ ထုတ္ျပန္ထားပါတယ္။

ဟာရီကိန္း Sally နဲ႔အတူတခ်ိန္ထဲမွာပဲ တိုက္ခတ္ေနတဲ့ ဟာရီကိန္း Paulette ကေတာ့ တနလၤာေန႔မွာ Bermuda ေဒသကို ျဖတ္သန္းသြားဖို႔ရွိပါတယ္။ ဟာရီကိန္း Sally ကေတာ့ တနလၤာေန႔ ေန႔လည္ပိုင္းမွာ Mississippi ျပည္နယ္ Biloxi အေရွ႕ေတာင္ဘက္ မိုင္ ၁၆၀ ေက်ာ္ အကြာမွာ ေရာက္ေနၿပီျဖစ္ၿပီး Mississippi ျမစ္ဝကၽြန္းေပၚေဒသမွာ မိုးသည္းထန္စြာ ရြာသြန္းႏိုင္ၿပီး ကမ္းေျခေတြမွာ လႈိင္းက ၄ ေပကေန ၆ ေပ ေလာက္အထိျမင့္မား ႏုိင္ေၾကာင္း NHC ဟာရီကိန္းစင္တာက ခန္႔မွန္းထားပါတယ္။

ၾသဂုတ္လ ၂၇ ရက္တုန္းကလည္း ဒီေဒသေတြမွာ ဟာရီကိန္း Laura ဒဏ္ ခံခဲ့ရၿပီး လူေပါင္း ၃၂ ဦးေသဆံုးခဲ့ရပါတယ္။ အမ်ားစုက Louisiana က ျဖစ္ပါတယ္။

Alabama ျပည္နယ္အုပ္ခ်ဳပ္ေရးမႈးက ေတာ့ အပမ္းေျဖကမ္းေျခေတြကို ပိတ္ခိုင္းထားၿပီး လူေတြ ေဘးလြတ္ရာ ေရွာင္ခိုင္းထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

Sally ဟာရီကိန်းမုန်တိုင်း အမေရိကန်တောင်ပိုင်းပြည်နယ်တွေကို ခြိမ်းခြောက်နေ

(Unicode)

အမေရိကန်ပြည်ထောင်စု တောင်ပိုင်းက Louisiana နဲ့ Mississippi ပြည်နယ်တွေ ဆီကို ဦးတည်ရွေ့လျားလာနေတဲ့ အားပြင်း ဟာရီကိန်းမုန်တိုင်း Sally ဟာ တနင်္လာနေ့မှာ လေတိုက်နှုန်း ပြင်းအား တနာရီကို မိုင် ၉ ၀ နဲ့ ကမ်းရိုးတန်းတလေ ျှာက် တိုက်ခတ်နေ ပါတယ်။ မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးရေချိန် က ၂၃ လက်မခွဲ ကျော်အထိ ဖြစ်သွားနိုင်တာကြောင့် ဆိုးဝါးတဲ့ ရေကြီးရေလ ျှံမှုတွေနဲ့ ကြုံရနိုင်တယ်လို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

Louisiana တောင်ပိုင်းကို အင်္ဂါနေ့မှာ ဟာရီကိန်း Sally ဝင်ရောက်နိုင်တာကြောင့် ရေနဲ့ တခြားလိုအပ်တဲ့ ပစ္စည်းတွေကို ဒေသခံတွေ အပြေးအလွှား စုဆောင်းနေကြတာပါ။

ဟာရီကိန်း Sally ဟာ ကမ်းရိုးတန်းနားမှာ ဟာရီကိန်း ပြင်းအားအဆင့် ၂ ဖြစ်လာပြီး လေတိုက်နှုန်းက တနာရီ ၁၀၅ မိုင်နှုန်းရှိနိုင်တယ်လို့ ဟာရီကိန်းမုန်တိုင်း စောင့်ကြည့်ခန့်မှန်းသူတွေက ပြောပါတယ်။ Louisiana နဲ့ Mississippi ပြည်နယ်တွေမှာ နေထိုင်သူတွေ အတွက် မုန်တိုင်း သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

ဟာရီကိန်း Sally နဲ့အတူတချိန်ထဲမှာပဲ တိုက်ခတ်နေတဲ့ ဟာရီကိန်း Paulette ကတော့ တနင်္လာနေ့မှာ Bermuda ဒေသကို ဖြတ်သန်းသွားဖို့ရှိပါတယ်။ ဟာရီကိန်း Sally ကတော့ တနင်္လာနေ့ နေ့လည်ပိုင်းမှာ Mississippi ပြည်နယ် Biloxi အရှေ့တောင်ဘက် မိုင် ၁၆၀ ကျော် အကွာမှာ ရောက်နေပြီဖြစ်ပြီး Mississippi မြစ်ဝကျွန်းပေါ်ဒေသမှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ကမ်းခြေတွေမှာ လှိုင်းက ၄ ပေကနေ ၆ ပေ လောက်အထိမြင့်မား နိုင်ကြောင်း NHC ဟာရီကိန်းစင်တာက ခန့်မှန်းထားပါတယ်။

သြဂုတ်လ ၂၇ ရက်တုန်းကလည်း ဒီဒေသတွေမှာ ဟာရီကိန်း Laura ဒဏ် ခံခဲ့ရပြီး လူပေါင်း ၃၂ ဦးသေဆုံးခဲ့ရပါတယ်။ အများစုက Louisiana က ဖြစ်ပါတယ်။

Alabama ပြည်နယ်အုပ်ချုပ်ရေးမှုးက တော့ အပမ်းဖြေကမ်းခြေတွေကို ပိတ်ခိုင်းထားပြီး လူတွေ ဘေးလွတ်ရာ ရှောင်ခိုင်းထားပါတယ်။

XS
SM
MD
LG