သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်တိုင်း Sally ကြောင့် ကန် တောင်ပိုင်းပြည်နယ်တချို့ ရေကြီး ရေလျှံမှုတွေဖြစ်


Florida ပြည်နယ်တွင် မုန်တိုင်း Sally ကြောင့် ရေကြီး
Florida ပြည်နယ်တွင် မုန်တိုင်း Sally ကြောင့် ရေကြီး

(Zawgyi/Unicode)

တစ်ဖြည်းဖြည်းချင်းရွေ့လျားတိုက်ခတ်လာနေတဲ့ ဟာရီကိန်းမုန်တိုင်း Sally ကြောင့် မက္ကဆီကိုပင်လယ်ကွေ့က အမေရိကန်ကမ်းရိုး တန်း ဒေသတွေမှာ ဗုဒ္ဓဟူးနေ့က မိုးသည်းသည်းထန်ထန် ရွာသွန်းခဲ့ပြီး Alabama နဲ့ Florida ပြည်နယ် ဒေသတချို့မှာ မကြုံစဖူး စံချိန်တင် ရေကြီးမှုတွေ ဖြစ်ပေါ်မယ့် အန္တရာယ်ကို ရင်ဆိုင်နေရပါတယ်။

တဖြည်းဖြည်းချင်းရွေ့နေတဲ့ ဟာရီကိန်း မုန်တိုင်း အဆင့် ၂ ရှိတဲ့ Sally မုန်တိုင်း ဗုဒ္ဓဟူးနေ့ညပိုင်းမှာ Alabama ကမ်းရိုးတန်းနဲ့ Florida ပြည်နယ်ကြား ကုန်းတွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

မုန်တိုင်းကြောင့် ဒေသတစ်ချို့မှာ လျှပ်စစ်မီးပြတ်တောက်တာ၊ သစ်ပင်တွေလဲပြိုတာနဲ့ ရေကြီးရေလျှံတာတွေ စတင် ဖြစ်ပွားနေပြီ ဖြစ်ပါတယ်။ ဒေသစံတော်ချိန် မနက် ၁၀ နာရီအထိ Sally မုန်တိုင်းဟာ အမြင့်ဆုံး လေတိုက်နှုန်း တနာရီကို ၁၀၅ မိုင်နှုန်း ရှိခဲ့ တယ်လို့ လည်း Miami အခြေစိုက် အမျိုးသား ဟာရီကိန်းစင်တာ (NHC) ကပြောပါတယ်။

မုန်တိုင်းဝင်ရောက်ချိန် တချို့ ဒေသတွေမှာ မိုးရေချိန် ၃၅ လက်မ လောက်အထိရွာသွန်းနိုင်တယ်လို့ လည်း (NHC)ကပြောပါတယ်။

Florida ပြည်နယ် Tallahassee အနောက်ပိုင်းကနေ Alabama ပြည်နယ် Mobile Bay အထိ ကုန်းတွင်းပိုင်းမှာ မကြုံစဖူး အကြီးအကျယ်ရေဘေးအန္တရာယ်နဲ့ ကြုံတွေ့နိုင်တယ်လို့ (NHC)က ခန်းမှန်းထားပါတယ်။

အခု လောလောဆယ်မှာ Alabama, Florida နဲ့ Mississippi ပြည်နယ်တွေက အိမ်ခြေ စုစုပေါင်း ၅ သိန်းကျော် လျှပ်စစ်မီး မရှိ တော့ဘူးလို့လည်း လျှပ်စစ်မီး ပြတ်တောက်တာတွေ အစီရင်ခံတဲ့ Poweroutage.us. ဝက်ဘ်ဆိုဒ်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


..............


(Unicode)







XS
SM
MD
LG