ျမန္မာႏိုင္ငံနဲ႔ ထိုင္းႏိုင္ငံ နယ္စပ္က အင္တာနက္မွာ အသုံးျပဳတဲ့ ခရစ္ပ္တို ေငြေၾကးနဲ႔ လုပ္တဲ့ လုပ္ငန္းေတြမွာ အဓမၼ အလုပ္လုပ္ဖို႔ ေခၚေဆာင္သြားခံရတဲ့ ဖိလစ္ပိုင္ ၈ ေယာက္ ကို ကယ္တင္ႏိုင္ခဲ့တယ္လို႔ ဖိလစ္ပိုင္ ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ေအအက္ဖ္ပီ သတင္းကို ေျပာပါတယ္။
ေနာက္ဆုံးအသုတ္ဟာ ဖိလစ္ပိုင္ႏိုင္ငံကို တနလၤာေန႔က ျပန္လည္ ေရာက္ရွိလာခဲ့တယ္လို႔ ႏိုင္ငံျခားေရး ဝန္ႀကီးဌာန ေ႐ႊ႕ေျပာင္း လုပ္သားေရးရာဌာန လက္ေထာက္ဝန္ႀကီး အျဖစ္ ယာယီတာဝန္ယူထားတဲ့ Eduardo de Vega က ေျပာပါတယ္။ ဖိလစ္ပိုင္ေတြက အဂၤလိပ္စကားနဲ႔ ကြန္ပ်ဴတာ ကြၽမ္းက်င္ၾကတာေၾကာင့္ သူတို႔ကို ပစ္မွတ္ထားၾကတယ္လို႔ သူကဆိုပါတယ္။
ျမန္မာ၊ လာအိုနဲ႔ ကေမာၻဒီးယားတို႔မွာ လိမ္လည္ေနတဲ့ တ႐ုတ္ အင္တာနက္ ခရစ္ပ္တို ေငြေၾကးလုပ္ငန္းက သူတို႔ကို ဒူဘိုင္းကေန ထိုင္းမွာ အလုပ္လုပ္ဖို႔ ဆိုၿပီး ျဖားေယာင္း ေခၚေဆာင္လာခဲ့တာ ျဖစ္ပါတယ္။ ၄ ေယာက္ဟာ အသက္ ၃၀ အ႐ြယ္အတြင္း အမ်ိဳးသားေတြ ျဖစ္ၾကၿပီး ဘန္ေကာက္ကို ေရာက္တာနဲ႔ မဲေဆာက္ကို ဆက္လက္ ေခၚေဆာင္သြားၿပီး ျမန္မာဘက္က နယ္စပ္၊ သူပုန္နယ္ေျမထဲမွာရွိတဲ့ သူတို႔ လုပ္ငန္းရွိရာ ေခၚေဆာင္သြားခဲ့တာ ျဖစ္တယ္လို႔ de Vega က ေျပာပါတယ္။
သူတို႔ဟာ လုပ္ခရရွိသလို အျမတ္အစြန္းကို ခြဲေဝေပးတာလည္း ရရွိေပမယ့္ အင္တာနက္ေပၚကေန လုံေလာက္တဲ့ ေဖာက္သည္အေရအတြက္ကို မရွာႏိုင္ရင္ေတာ့ ကိုယ္ထိလက္ေရာက္ ဒဏ္ခတ္ခံရတယ္လို႔လည္း de Vega က ဆိုပါတယ္။ အသက္ ၂၀ အတြင္း အမ်ိဳးသမီး ၄ ေယာက္လည္း တနလၤာေန႔မွာ ဖိလစ္ပိုင္ကို ျပန္လည္ေရာက္ရွိလာၾကပါတယ္။ သူတို႔ကေတာ့ ထိုင္းႏိုင္ငံကို ခရီးသြားေတြ အျဖစ္သြားၾကရင္း၊ ျမန္မာနယ္စပ္ဘက္ကို ေရာက္ရွိသြားၾကတာ ျဖစ္ပါတယ္။ ျမန္မာႏိုင္ငံအတြင္း တ႐ုတ္ လူလိမ္ေတြဆီမွာ ဖိလစ္ပိုင္ ၅၀ ကေန ၇၀ အထိ၊ ကေမာၻဒီးယားနဲ႔ လာအိုတို႔ မွာ ၅၀ စီ အလုပ္လုပ္ေနၾကတယ္လို႔ de Vega က ထင္ျမင္ပါတယ္။
ျမန္မာႏိုင္ငံ ျမဝတီ ၿမိဳ႕နယ္ထဲ က KK Garden မွာ မေလးရွား ၁၀၀၀ ေလာက္လည္း အလုပ္လုပ္ေနၾကတယ္လို႔ စကၤာပူ အေျခစိုက္ The Strait Times သတင္းစာ က ခန႔္မွန္းပါတယ္။
[Unicode]
ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်ကုမ္ပဏီအဓမ္မခိုင်းစေထားတဲ့ ဖိလစ်ပိုင်နိုင်ငံသား ၈ ဦး နေရပ်ပြန်ရောက်
မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ နယ်စပ်က အင်တာနက်မှာ အသုံးပြုတဲ့ ခရစ်ပ်တို ငွေကြေးနဲ့ လုပ်တဲ့ လုပ်ငန်းတွေမှာ အဓမ္မ အလုပ်လုပ်ဖို့ ခေါ်ဆောင်သွားခံရတဲ့ ဖိလစ်ပိုင် ၈ ယောက် ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးဌာနက အေအက်ဖ်ပီ သတင်းကို ပြောပါတယ်။
နောက်ဆုံးအသုတ်ဟာ ဖိလစ်ပိုင်နိုင်ငံကို တနင်္လာနေ့က ပြန်လည် ရောက်ရှိလာခဲ့တယ်လို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ရွှေ့ပြောင်း လုပ်သားရေးရာဌာန လက်ထောက်ဝန်ကြီး အဖြစ် ယာယီတာဝန်ယူထားတဲ့ Eduardo de Vega က ပြောပါတယ်။ ဖိလစ်ပိုင်တွေက အင်္ဂလိပ်စကားနဲ့ ကွန်ပျူတာ ကျွမ်းကျင်ကြတာကြောင့် သူတို့ကို ပစ်မှတ်ထားကြတယ်လို့ သူကဆိုပါတယ်။
မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့မှာ လိမ်လည်နေတဲ့ တရုတ် အင်တာနက် ခရစ်ပ်တို ငွေကြေးလုပ်ငန်းက သူတို့ကို ဒူဘိုင်းကနေ ထိုင်းမှာ အလုပ်လုပ်ဖို့ ဆိုပြီး ဖြားယောင်း ခေါ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။ ၄ ယောက်ဟာ အသက် ၃၀ အရွယ်အတွင်း အမျိုးသားတွေ ဖြစ်ကြပြီး ဘန်ကောက်ကို ရောက်တာနဲ့ မဲဆောက်ကို ဆက်လက် ခေါ်ဆောင်သွားပြီး မြန်မာဘက်က နယ်စပ်၊ သူပုန်နယ်မြေထဲမှာရှိတဲ့ သူတို့ လုပ်ငန်းရှိရာ ခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ de Vega က ပြောပါတယ်။
သူတို့ဟာ လုပ်ခရရှိသလို အမြတ်အစွန်းကို ခွဲဝေပေးတာလည်း ရရှိပေမယ့် အင်တာနက်ပေါ်ကနေ လုံလောက်တဲ့ ဖောက်သည်အရေအတွက်ကို မရှာနိုင်ရင်တော့ ကိုယ်ထိလက်ရောက် ဒဏ်ခတ်ခံရတယ်လို့လည်း de Vega က ဆိုပါတယ်။ အသက် ၂၀ အတွင်း အမျိုးသမီး ၄ ယောက်လည်း တနင်္လာနေ့မှာ ဖိလစ်ပိုင်ကို ပြန်လည်ရောက်ရှိလာကြပါတယ်။ သူတို့ကတော့ ထိုင်းနိုင်ငံကို ခရီးသွားတွေ အဖြစ်သွားကြရင်း၊ မြန်မာနယ်စပ်ဘက်ကို ရောက်ရှိသွားကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွင်း တရုတ် လူလိမ်တွေဆီမှာ ဖိလစ်ပိုင် ၅၀ ကနေ ၇၀ အထိ၊ ကမ္ဘောဒီးယားနဲ့ လာအိုတို့ မှာ ၅၀ စီ အလုပ်လုပ်နေကြတယ်လို့ de Vega က ထင်မြင်ပါတယ်။
မြန်မာနိုင်ငံ မြဝတီ မြို့နယ်ထဲ က KK Garden မှာ မလေးရှား ၁၀၀၀ လောက်လည်း အလုပ်လုပ်နေကြတယ်လို့ စင်္ကာပူ အခြေစိုက် The Strait Times သတင်းစာ က ခန့်မှန်းပါတယ်။