သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

စစ္အာဏာရွင္ဆန႔္က်င္ေရး CDM လႈပ္ရွားမႈ အခန္းက႑ကို ေမ့မထားသင့္ (ေမေမ့ရင္ခြင့္အဖြဲ႕တာဝန္ခံ)


ထိုင္း-ျမန္မာနယ္စပ္ေရာက္လာတဲ့ CDM ေတြကို အကူအညီေပးေနတဲ့ ေမေမ့ရင္ခြင္အဖြဲ႕

စစ္ေကာင္စီနဲ႔မပူးေပါင္းေရး အာဏာဖီဆန္ေရးလုပ္ခဲ့ၾကတဲ့ ႏိုင္ငံဝန္ထမ္းေတြရဲ႕ CDM လႈပ္ရွားမႈဟာ ႏွစ္ႏွစ္ၾကာလာၿပီျဖစ္တဲ့ ေႏြဦးေတာ္လွန္ေရးအတြက္ အားတရပ္ျဖစ္ေစတာမို႔၊ သူတို႔အခန္းက႑ကို မေမ့မေလ်ာ့နဲ႔ မပစ္ပယ္ၾကဖို႔ CDM ေတြကို အကူအညီေပးေနသူေတြက ေျပာပါတယ္။ ထိုင္း-ျမန္မာနယ္စပ္ေရာက္လာတဲ့ CDM ေတြကို အကူအညီေပးေနတဲ့ ေမေမ့ရင္ခြင္အဖြဲ႕တာဝန္ရွိသူကို ကိုသားၫြန႔္ဦး ဆက္သြယ္ေမးျမန္းထားတာပါ။

ၿပီးခဲ့တဲ့ႏွစ္ႏွစ္ ေႏြဦးေတာ္လွန္ေရးအေစာပိုင္းမွာ ႏိုင္ငံဝန္ထမ္းေတြရဲ႕ CDM လႈပ္ရွားမႈဟာ အာဏာသိမ္းစစ္ေကာင္စီကို အေတာ္ေလး အၾကပ္႐ိုက္ေစခဲ့တာပါ။ စစ္ေကာင္စီဖက္ကလည္း CDM လုပ္တဲ့ ႏိုင္ငံဝန္ထမ္းေတြကို ၿခိမ္းေျခာက္အၾကပ္ကိုင္တာ၊ ဥပေဒပုဒ္မအမ်ိဳးမ်ိဳးတပ္ၿပီး ဖမ္းဆီးေထာင္ခ်တာေတြ လုပ္ပါတယ္။ ဒါေၾကာင့္လည္း CDM ေတြဟာ ႏိုင္ငံတြင္းမွာပုန္းေရွာင္ေနသူေတြရွိသလို၊ တိုင္းရင္းသားလက္နက္ကိုင္ေတြႀကီးစိုးတဲ့ လြတ္ေျမာက္နယ္ေျမနဲ႔ အိမ္နီးခ်င္းႏိုင္ငံေတြကို တိမ္းေရွာင္သူေတြလည္းရွိပါတယ္။ ထိုင္း-ျမန္မာနယ္စပ္ေရာက္လာတဲ့ CDM ေတြကို အကူအညီေပးေနတဲ့အထဲမွာ ေမေမရင္ခြင္လည္းပါဝင္ပါတယ္။ ထိမ္းသိမ္းခံေနရတဲ့ ေဒၚေအာင္ဆန္းစုၾကည္ကိုရည္စူးသလို၊ CDM ေတြအတြက္ ေႏြးေထြးတဲ့အိမ္ျဖစ္ေစခ်င္လို႔ ဒီနာမည္ေပးတာလို႔ ေမေမ့ရင္ခြင့္အဖြဲ႕ တာဝန္ခံကိုသန္းျမင့္ေအာင္က ေျပာပါတယ္။ စီဒီအမ္ေတြအတြက္ လုံၿခဳံေရးနဲ႔ ေနေရးစားေရးအခက္အခဲေတြကို တတ္ႏိုင္သမွ် သူတို႔ ကူညီေနတာျဖစ္ပါတယ္။

“စီဒီအမ္ေတြကို အကူအညီေပးတဲ့အခါ က်ေနာ္တို႔က ပုံသ႑ာေတြက အမ်ိဳးမ်ိဳးရွိတယ္။ ျမန္မာျပည္က ထြက္လာဖို႔အတြက္ လမ္းခရီးမွာ အခက္အခဲေတြရွိၾကတယ္။ စစ္ေဆးေရးေတြရွိတယ္။ အဲဒီစစ္ေဆးေရးဂိတ္ေတြကို ဘယ္လိုျဖတ္ေက်ာ္လို႔ရလဲ။ ဆိုတဲ့ နည္းလမ္းေတြ ကၽြန္ေတာ္တို႔ ဒီဘက္ကေနလမ္းၫႊန္ေပးတယ္။ စီဒီအမ္ဝင္လာမယ့္သူေတြဆိုလို႔ရွိရင္လည္း စိတ္မပူဖို႔၊ ဒီဘက္ေရာက္လာရင္။ တခ်ိဳ႕ေတြက်ေတာ့ နယ္ေျမတခုနဲ႔တခုသြားတဲ့ေနရာမွာေတာင္ စိုးရိမ္တတ္ၾကတယ္ေလ။ ဒီဘက္ေရာက္လာတဲ့အခါ တျခားႏိုင္ငံျဖစ္တဲ့အခါက်ေတာ့ လံုၿခံဳေရးပိုင္းစိုးရိမ္ၾကတယ္။ ဘယ္မွာေနရမွန္းမသိ အသိမိတ္ေဆြမရွိဘူးဆိုတဲ့ စိုးရိမ္စိတ္ေတြရွိၾကတယ္။ အဲဒီေတာ့ ဒီဘက္ကိုလာရင္ စားဝတ္ေနေရးအတြက္ မပူနဲ႔ဆိုတဲ့ သေဘာမ်ိဳးနဲ႔ က်ေနာ္တို႔ ဒီဖက္ကို ပံ့ပိုးေပးေနပါတယ္။ ဒီဖက္ေရာက္ၿပီးသားလူေတြကိုလည္း က်ေနာ္တို႔ တတ္ႏိုင္သမွ်အလုပ္အကိုင္အဆင္ေျပေအာင္လည္း အသက္ေမြးဝမ္းေက်ာင္းပညာေတြ က်ေနာ္တို႔ သင္ေပးေနပါတယ္။”

မိတ္ေဆြသူငယ္ခ်င္းေတြဆီက ရတဲ့ ရံပုံေငြနဲ႔ မတည္ၿပီး ဒီအဖြဲ႕ေလးကို ထူေထာင္၊ CDM ေတြကို အကူအညီေပးေနတာပါ။ အခ်ိန္ၾကာလာတာနဲ႔အမွ် အျခားကူညီေရးအဖြဲ႕ေတြလိုပဲ၊ ရံပုံေငြရွားပါးမႈဟာ သူတို႔အတြက္ အဓိက အခက္အခဲေတာ့ျဖစ္လာေနပါတယ္။

“အဓိကကေတာ့ ေငြေရးေၾကးေရးေပါ့။ ဘာလို႔လဲဆိုေတာ့ က်ေနာ္တို႔ ကိုယ္တိုင္ကလည္း ကိုယ့္ရပ္တည္ေရးအတြက္ အလုပ္လုပ္လို႔လည္းမရဘူး။ ေရာက္လာတဲ့သူေတြကလည္း ေနာက္က မိသားစုေတြရွိၾကေတာ့… … limit မထားတဲ့အခါက်ေတာ့ က်ေနာ္တို႔ဆီမွာက အဝင္ပဲရွိတယ္။ အထြက္မရွိတဲ့အခါက်ေတာ့ လူေတြက မ်ားလာတယ္။ က်ေနာ္တို႔ ေပးႏိုင္တဲ့ေနရာကနည္းလာတယ္။ အဲဒါေတာ့ က်ေနာ္တို႔အတြက္ အခက္အခဲျဖစ္လာတယ္။”

အာဏာဖီဆန္ေရးလုပ္ခဲ့ၾကတဲ့ CDM ဝန္ထမ္းေတြဟာ အခုလက္ရွိ စစ္အာဏာရွင္ဆန႔္က်င္ေရးနဲ႔ ေႏြဦးေတာ္လွန္ေရးမွာလည္း ဆက္ၿပီး အက်ိဳးျပဳႏိုင္တုန္းပဲလို႔ ကိုသန္းျမင့္ေအာင္က ေျပာပါတယ္။ ေႏြဦးေတာ္လွန္ေရးရဲ႕ အဖြဲ႕အစည္းအသီးသီးမွာ တာဝန္ထမ္းေနသူေတြရွိသလို၊ စစ္ေကာင္စီရဲံ သတင္းအခ်က္အလက္ေတြကိုလည္း ေဖာ္ထုတ္ေပးႏိုင္သူေတြျဖစ္လာပါတယ္။ လက္ရွိအထိကို CDM လႈပ္ရွားမႈမွာ ပူးေပါင္းလာတဲ့ ႏိုင္ငံဝန္ထမ္းေတြ၊ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြ ရွိေနတုန္းပဲလို႔ ဆိုပါတယ္။

“ပညာတတ္အသိုင္းအဝိုင္းေတြျဖစ္တဲ့အခါက်ေတာ့ ဒီဖက္မွာက သူတို႔နဲ႔တြဲၿပီး ဒီေတာ္လွန္ေရးမွာ ဆက္ၿပီးေတာ့ ေတာ္လွန္မႈပိုင္းမွာ အမ်ားႀကီးပါဝင္လာတယ္။ …. လူသက္ေသအျဖစ္နဲ႔ လုပ္ေပးႏိုင္တဲ့ အလႊာတခုရွိတယ္။ ေနာက္ၿပီးေတာ့ သူတို႔ တတ္ထားတဲ့ပညာေတြနဲ႔ က်ေနာ္တို႔ ႐ုံးမွာ ေဗာ္လန္ဒီယာ သုေတသနပိုင္းအေနနဲ႔ ကူညီေနတဲ့အဖြဲ႕ေတြရွိတယ္။”

စီဒီအမ္ေတြဟာ ေႏြဦးေတာ္လွန္ေရးအစပိုင္းမွာ အေရးပါသလို၊ ဒီကေန႔အထိလည္း ေႏြဦးေတာ္လွန္ေရးကို အက်ိဳးျပဳေနသူေတြျဖစ္တာမို႔ သူတို႔ရဲ႕အခန္းက႑ကို ပစ္ပယ္မထားဖို႔ ကိုသန္းျမင့္ေအာင္ သတိေပးပါတယ္။

“ဝန္ထုပ္ဝန္ပိုးလို႔ သူတို႔ကို မျမင္ဘူး၊ ဒီေတာ္လွန္ေရးမွာ ေလးပိုင္းေပါ့….. ဒီ စီဒီအမ္ေတြကိုလည္း မေမ့မေလ်ာ့နဲ႔ ပစ္ပယ္မထားဖို႔လိုတယ္ဆိုတာ ျပည္သူေတြကို နားလည္ေစခ်င္ပါတယ္။”

CDM ေတြကို အကူအညီေပးေနတဲ့ ေမေမ့ရင္ခြင္အဖြဲ႕တာဝန္ခံ ကိုသန္းျမင့္ေအာင္ပါ။ အေမရိကန္ျပည္ေထာင္စုက ျမန္မာ့ေႏြဦးေတာ္လွန္ေရးကို အကူအညီေပးဖို႔ဆိုတဲ့ NDAA အေမရိကန္အမ်ိဳးသားကာကြယ္ေရးအသုံးစရိတ္ဆိုင္ရာ ဥပေဒၾကမ္းထဲမွာလည္း CDM လႈပ္ရွားမႈကို ေထာက္ပံ့ဖို႔ဆိုတဲ့ အခ်က္တခ်က္ကိုလည္း ထည့္သြင္းထားပါတယ္။

CDM ေတြကို ကူညီေနတဲ့ ေမေမ့ရင္ခြင္အဖြဲ႕
please wait

No media source currently available

0:00 0:05:39 0:00

[Unicode]

စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှု အခန်းကဏ္ဍကို မေ့မထားသင့် (မေမေ့ရင်ခွင့်အဖွဲ့တာဝန်ခံ)

စစ်ကောင်စီနဲ့မပူးပေါင်းရေး အာဏာဖီဆန်ရေးလုပ်ခဲ့ကြတဲ့ နိုင်ငံဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုဟာ နှစ်နှစ်ကြာလာပြီဖြစ်တဲ့ နွေဦးတော်လှန်ရေးအတွက် အားတရပ်ဖြစ်စေတာမို့၊ သူတို့အခန်းကဏ္ဍကို မမေ့မလျော့နဲ့ မပစ်ပယ်ကြဖို့ CDM တွေကို အကူအညီပေးနေသူတွေက ပြောပါတယ်။ ထိုင်း-မြန်မာနယ်စပ်ရောက်လာတဲ့ CDM တွေကို အကူအညီပေးနေတဲ့ မေမေ့ရင်ခွင်အဖွဲ့တာဝန်ရှိသူကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားတာပါ။

ပြီးခဲ့တဲ့နှစ်နှစ် နွေဦးတော်လှန်ရေးအစောပိုင်းမှာ နိုင်ငံဝန်ထမ်းတွေရဲ့ CDM လှုပ်ရှားမှုဟာ အာဏာသိမ်းစစ်ကောင်စီကို အတော်လေး အကြပ်ရိုက်စေခဲ့တာပါ။ စစ်ကောင်စီဖက်ကလည်း CDM လုပ်တဲ့ နိုင်ငံဝန်ထမ်းတွေကို ခြိမ်းခြောက်အကြပ်ကိုင်တာ၊ ဥပဒေပုဒ်မအမျိုးမျိုးတပ်ပြီး ဖမ်းဆီးထောင်ချတာတွေ လုပ်ပါတယ်။ ဒါကြောင့်လည်း CDM တွေဟာ နိုင်ငံတွင်းမှာပုန်းရှောင်နေသူတွေရှိသလို၊ တိုင်းရင်းသားလက်နက်ကိုင်တွေကြီးစိုးတဲ့ လွတ်မြောက်နယ်မြေနဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိမ်းရှောင်သူတွေလည်းရှိပါတယ်။ ထိုင်း-မြန်မာနယ်စပ်ရောက်လာတဲ့ CDM တွေကို အကူအညီပေးနေတဲ့အထဲမှာ မေမေရင်ခွင်လည်းပါဝင်ပါတယ်။ ထိမ်းသိမ်းခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုရည်စူးသလို၊ CDM တွေအတွက် နွေးထွေးတဲ့အိမ်ဖြစ်စေချင်လို့ ဒီနာမည်ပေးတာလို့ မေမေ့ရင်ခွင့်အဖွဲ့ တာဝန်ခံကိုသန်းမြင့်အောင်က ပြောပါတယ်။ စီဒီအမ်တွေအတွက် လုံခြုံရေးနဲ့ နေရေးစားရေးအခက်အခဲတွေကို တတ်နိုင်သမျှ သူတို့ ကူညီနေတာဖြစ်ပါတယ်။

“စီဒီအမ်တွေကို အကူအညီပေးတဲ့အခါ ကျနော်တို့က ပုံသဏ္ဍာတွေက အမျိုးမျိုးရှိတယ်။ မြန်မာပြည်က ထွက်လာဖို့အတွက် လမ်းခရီးမှာ အခက်အခဲတွေရှိကြတယ်။ စစ်ဆေးရေးတွေရှိတယ်။ အဲဒီစစ်ဆေးရေးဂိတ်တွေကို ဘယ်လိုဖြတ်ကျော်လို့ရလဲ။ ဆိုတဲ့ နည်းလမ်းတွေ ကျွန်တော်တို့ ဒီဘက်ကနေလမ်းညွှန်ပေးတယ်။ စီဒီအမ်ဝင်လာမယ့်သူတွေဆိုလို့ရှိရင်လည်း စိတ်မပူဖို့၊ ဒီဘက်ရောက်လာရင်။ တချို့တွေကျတော့ နယ်မြေတခုနဲ့တခုသွားတဲ့နေရာမှာတောင် စိုးရိမ်တတ်ကြတယ်လေ။ ဒီဘက်ရောက်လာတဲ့အခါ တခြားနိုင်ငံဖြစ်တဲ့အခါကျတော့ လုံခြုံရေးပိုင်းစိုးရိမ်ကြတယ်။ ဘယ်မှာနေရမှန်းမသိ အသိမိတ်ဆွေမရှိဘူးဆိုတဲ့ စိုးရိမ်စိတ်တွေရှိကြတယ်။ အဲဒီတော့ ဒီဘက်ကိုလာရင် စားဝတ်နေရေးအတွက် မပူနဲ့ဆိုတဲ့ သဘောမျိုးနဲ့ ကျနော်တို့ ဒီဖက်ကို ပံ့ပိုးပေးနေပါတယ်။ ဒီဖက်ရောက်ပြီးသားလူတွေကိုလည်း ကျနော်တို့ တတ်နိုင်သမျှအလုပ်အကိုင်အဆင်ပြေအောင်လည်း အသက်မွေးဝမ်းကျောင်းပညာတွေ ကျနော်တို့ သင်ပေးနေပါတယ်။”

မိတ်ဆွေသူငယ်ချင်းတွေဆီက ရတဲ့ ရံပုံငွေနဲ့ မတည်ပြီး ဒီအဖွဲ့လေးကို ထူထောင်၊ CDM တွေကို အကူအညီပေးနေတာပါ။ အချိန်ကြာလာတာနဲ့အမျှ အခြားကူညီရေးအဖွဲ့တွေလိုပဲ၊ ရံပုံငွေရှားပါးမှုဟာ သူတို့အတွက် အဓိက အခက်အခဲတော့ဖြစ်လာနေပါတယ်။

“အဓိကကတော့ ငွေရေးကြေးရေးပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့ ကိုယ်တိုင်ကလည်း ကိုယ့်ရပ်တည်ရေးအတွက် အလုပ်လုပ်လို့လည်းမရဘူး။ ရောက်လာတဲ့သူတွေကလည်း နောက်က မိသားစုတွေရှိကြတော့… … limit မထားတဲ့အခါကျတော့ ကျနော်တို့ဆီမှာက အဝင်ပဲရှိတယ်။ အထွက်မရှိတဲ့အခါကျတော့ လူတွေက များလာတယ်။ ကျနော်တို့ ပေးနိုင်တဲ့နေရာကနည်းလာတယ်။ အဲဒါတော့ ကျနော်တို့အတွက် အခက်အခဲဖြစ်လာတယ်။”

အာဏာဖီဆန်ရေးလုပ်ခဲ့ကြတဲ့ CDM ဝန်ထမ်းတွေဟာ အခုလက်ရှိ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နွေဦးတော်လှန်ရေးမှာလည်း ဆက်ပြီး အကျိုးပြုနိုင်တုန်းပဲလို့ ကိုသန်းမြင့်အောင်က ပြောပါတယ်။ နွေဦးတော်လှန်ရေးရဲ့ အဖွဲ့အစည်းအသီးသီးမှာ တာဝန်ထမ်းနေသူတွေရှိသလို၊ စစ်ကောင်စီရဲံ သတင်းအချက်အလက်တွေကိုလည်း ဖော်ထုတ်ပေးနိုင်သူတွေဖြစ်လာပါတယ်။ လက်ရှိအထိကို CDM လှုပ်ရှားမှုမှာ ပူးပေါင်းလာတဲ့ နိုင်ငံဝန်ထမ်းတွေ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ရှိနေတုန်းပဲလို့ ဆိုပါတယ်။

“ပညာတတ်အသိုင်းအဝိုင်းတွေဖြစ်တဲ့အခါကျတော့ ဒီဖက်မှာက သူတို့နဲ့တွဲပြီး ဒီတော်လှန်ရေးမှာ ဆက်ပြီးတော့ တော်လှန်မှုပိုင်းမှာ အများကြီးပါဝင်လာတယ်။ …. လူသက်သေအဖြစ်နဲ့ လုပ်ပေးနိုင်တဲ့ အလွှာတခုရှိတယ်။ နောက်ပြီးတော့ သူတို့ တတ်ထားတဲ့ပညာတွေနဲ့ ကျနော်တို့ ရုံးမှာ ဗော်လန်ဒီယာ သုတေသနပိုင်းအနေနဲ့ ကူညီနေတဲ့အဖွဲ့တွေရှိတယ်။”

စီဒီအမ်တွေဟာ နွေဦးတော်လှန်ရေးအစပိုင်းမှာ အရေးပါသလို၊ ဒီကနေ့အထိလည်း နွေဦးတော်လှန်ရေးကို အကျိုးပြုနေသူတွေဖြစ်တာမို့ သူတို့ရဲ့အခန်းကဏ္ဍကို ပစ်ပယ်မထားဖို့ ကိုသန်းမြင့်အောင် သတိပေးပါတယ်။

“ဝန်ထုပ်ဝန်ပိုးလို့ သူတို့ကို မမြင်ဘူး၊ ဒီတော်လှန်ရေးမှာ လေးပိုင်းပေါ့….. ဒီ စီဒီအမ်တွေကိုလည်း မမေ့မလျော့နဲ့ ပစ်ပယ်မထားဖို့လိုတယ်ဆိုတာ ပြည်သူတွေကို နားလည်စေချင်ပါတယ်။”

CDM တွေကို အကူအညီပေးနေတဲ့ မေမေ့ရင်ခွင်အဖွဲ့တာဝန်ခံ ကိုသန်းမြင့်အောင်ပါ။ အမေရိကန်ပြည်ထောင်စုက မြန်မာ့နွေဦးတော်လှန်ရေးကို အကူအညီပေးဖို့ဆိုတဲ့ NDAA အမေရိကန်အမျိုးသားကာကွယ်ရေးအသုံးစရိတ်ဆိုင်ရာ ဥပဒေကြမ်းထဲမှာလည်း CDM လှုပ်ရှားမှုကို ထောက်ပံ့ဖို့ဆိုတဲ့ အချက်တချက်ကိုလည်း ထည့်သွင်းထားပါတယ်။

XS
SM
MD
LG