သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

NUG သံတမန္ေရးႀကိဳးပမ္းမႈ ဝန္ႀကီးေဒၚဇင္မာေအာင္နဲ႔ သီးသန႔္ဆက္သြယ္ေမးျမန္းခ်က္


NUG Zin Mar Aung

(zawgyi/unicode)

NDAA အေမရိကန္အမ်ိဳးသားကာကြယ္ေရးလုပ္ပိုင္ခြင့္ဥပေဒပါ ျမန္မာ့အေရးေဖာ္ျပခ်က္ဟာ ႐ုပ္၀တၱဳအကူအညီထက္ ႏိုင္ငံေရးအရ ပိုၿပီးအေရးပါတဲ့ တိုးတက္မႈျဖစ္တယ္လို႔ NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရ ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္က ေျပာပါတယ္။ NUG အေနနဲ႔ အေမရိကန္အပါအဝင္ ဒီမိုကေရစီႏိုင္ငံေတြနဲ႔ဆက္ဆံေရးမွာ ႏိုင္ငံကိုယ္စားျပဳမႈ တရားဝင္ရေအာင္ ႀကိဳးစားေနသလို၊ ေဒသတြင္းႏိုင္ငံေတြနဲ႔ Silent Diplomacy ေခၚတဲ့ သိုသိုသိပ္သိပ္ သံတမန္ေရးနည္းလမ္းနဲ႔ ထိစပ္ဆက္ဆံေနတယ္လို႔လည္း ေျပာပါတယ္။ NUG ႏိုင္ငံျခားေရးဝန္ႀကီး ေဒၚဇင္မာေအာင္ကို ကိုသားၫြန႔္ဦး ဆက္သြယ္ေမးျမန္းထားပါတယ္။

ေမး။ NDAA အေမရိကန္အမ်ိဳးသားကာကြယ္ေရးလုပ္ပိုင္ခြင့္ဥပေဒကို သမၼတကလည္း အတည္ျပဳလိုက္ေတာ့ ဥပေဒျဖစ္သြားပါၿပီ။ အဲဒီထဲမွာ NUG တို႔ PDF တို႔ကိစၥေတြ ပါဝင္ပါတယ္။ တေလာတုန္းက ကာကြယ္ေရးဝန္ႀကီးဦးရည္မြန္ကို အင္တာဗ်ဴးေတာ့ NDAA နဲ႔ဆက္စပ္ကိစၥေတြကို ႏိုင္ငံျခားေရးဌာနက အဓိကထား လုပ္မယ္လို႔ ေျပာပါတယ္။ ႏိုင္ငံျခားေရးဝန္ႀကီးဌာနအေနနဲ႔ ဒီ NDAA ကိစၥ အေမရိကန္ဆီက အကူအညီရယူဖို႔ကိစၥေတြနဲ႔ပတ္သက္လို႔ ဘယ္လိုျပင္ဆင္ထားပါသလဲ၊ အေမရိကန္အစိုးရနဲ႔ ဘယ္ေလာက္အထိ ထိစပ္ထားႏိုင္ၿပီလဲ၊ ေနာက္ ဘာေတြေမွ်ာ္လင့္ထားပါသလဲ။

ေျဖ။ အဲဒီအထဲ မူအားျဖင့္ ေဖာ္ျပထားခ်က္ေတြက ေတာ္ေလးေလး ေကာင္းတယ္။ ဒီ Principle မူေတြေပၚမွာ အေျခခံၿပီးေတာ့ အေမရိကန္အစိုးရ က်မတို႔ advocate လုပ္ဖို႔ရာ အမ်ားႀကီးအေထာက္အပံ့ျဖစ္တယ္လို႔ တစ္ အခ်က္ျမင္တယ္၊ ႏိုင္ငံေရးအရေနာ္။ ဒီဥပေဒကို ႏွစ္ပိုင္းခြဲျမင္ရမယ္လို႔ က်မျမင္တယ္။ ဘတ္ဂ်က္အရရယ္၊ ႏိုင္ငံေရးအရရယ္ေပါ့။ ဆိုတာ့ က်မျမင္တာကေတာ့ ဘတ္ဂ်က္အရထက္စာရင္ ဒါဟာ ႏိုင္ငံေရးအရ က်မတို႔အတြက္ ပိုၿပီးေကာင္းမြန္တဲ့တိုးတက္မႈလို႔ျမင္ရတယ္။ အေမရိကန္အစိုးရရဲ႕ Commitment ကို တိုးျမႇင့္ၿပီးေတာ့ ျမင္ရတဲ့သေဘာလို႔ က်မနားလည္တယ္။ ဘာလို႔လဲဆိုေတာ့ ၿပီးခဲ့တဲ့ႏွစ္ကလည္း CDM ပါတယ္၊ Civil Society ဆိုတာ ပါတယ္။ အရင္ႏွစ္ေတြတုန္းကလည္း Civil Society ကို ေထာက္ပံ့မယ္၊ ဒီမိုကေရစီေရးျမႇင့္တင္မယ္၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈကိစၥေတြ ပါဝင္တယ္။ ဒီႏွစ္မွာက်ေတာ့ specifically အေသးစိတ္တိတိက်က် ေဖာ္ျပထားတဲ့ စာပိုဒ္ေတြအရ တခ်ိဳု႔ဟာေတြက လုပ္ကိုလုပ္ရမယ့္ဟာေတြရွိတယ္၊ တခ်ိဳ႕ဟာေတြက်ေတာ့ သမၼတရဲ႕လုပ္ပိုင္ခြင့္နဲ႔ လုပ္ခ်င္ရင္လုပ္လို႔ရတယ္ေပါ့။ ဆိုေတာ့ ႏွစ္ပိုင္းေပါ့။ လုပ္ကိုလုပ္ရမယ့္ဟာေတြကို တကယ္လုပ္ျဖစ္ေအာင္ effectively ဘတ္ဂ်က္အရပဲျဖစ္ျဖစ္ ႏိုင္ငံေရးအရပဲျဖစ္ျဖစ္၊ တကယ့္ကို end user ေတြဆီေရာက္ေအာင္ က်မတို႔ တြန္းရလိမ့္မယ္။ ေနာက္ ဒုတိယတခ်က္ျဖစ္တဲ့ လုပ္ခ်င္ရင္လုပ္လို႔ရတယ္ဆိုတဲ့ဟာမ်ိဳးက်ျပန္ေတာ့ အစိုးရဖက္ျခမ္းကို က်မတို႔ တြန္းတြန္းတိုက္တိုက္နဲ႔ လုပ္ျဖစ္ေအာင္လို႔ advocate လုပ္ရမယ့္ အပိုင္းေတြရွိတယ္လို႔ ႏွစ္ပိုင္းျမင္ပါတယ္။ ေျပာရရင္ ဘတ္ဂ်က္ကေတာ့ မႏွစ္ကဘတ္ဂ်က္နဲ႔ ပမာဏအားျဖင့္ အတူတူပဲ၊ ဒါေပမယ့္ အေၾကာင္းအရာအားျဖင့္ ဥပမာေပါ့ အားလုံးလည္း သိထားၿပီးၾကပါၿပီ။ PDF နာမည္ကို ထည့္သြင္းသုံးစြဲလာတယ္။ ဒါကေတာ့ ေျမျပင္မွာ တိုက္ပြဲဝင္ေနၾကတဲ့ PDF ေတြအတြက္ေတာ့ အရမ္းအားတက္စရာေကာင္းတယ္။ ေရာက္ခ်င္မွေတာ့ ေရာက္မယ္ ပြင့္ပြင့္လင္းလင္းေျပာရရင္။ အရမ္းလည္း Broad က်ယ္ျပန႔္ တယ္၊ ေငြပမာဏအားျဖင့္ေရာ.. ေနာက္ၿပီးေတာ့ stakeholders ေတြလည္း တအားမ်ားတယ္ ေဖာ္ျပထားတဲ့အထဲမွာ။ NUG ပါတယ္ NUCC ပါတယ္ CRPH ပါမယ္၊ ၿပီးေတာ့ Civil Disobedience ပါမယ္၊ ေနာက္ တခ်ိဳ႕ဟာဆိုရင္ ဥပမာအားျဖင့္ ျပည္သူ႔ရင္ခြင္ခုံလႈံလာတဲ့ defectors ေတြဆိုတာလည္း ထည့္သြင္းသုံးစြဲလာတယ္။ ဒါကေတာ့ ေကာင္းတဲ့ကိစၥလို႔ ျမင္တယ္။ အရင္တုန္းကဆိုရင္ အေမရိကန္အစိုးရေပၚလစီအရ စစ္တပ္မွာတာဝန္ထမ္းေဆာင္ထားတဲ့သူဆိုရင္ ျပည္ဝင္ခြင့္ဗီဇာ မေပးတာေတြ ရွိတယ္။ ဆိုေတာ့ အခု ဘာပဲျဖစ္ျဖစ္ ေျဖေလွ်ာ့လာတယ္လို႔ က်မတို႔ျမင္တယ္။ ဒီအေပၚမွာအေျခခံၿပီး ႏိုင္ငံေရးအရ အေမရိကန္ျပည္ေထာင္စုကို ပိုၿပီးေတာ့ တြန္းတြန္းတိုက္တိုက္ advocate လုပ္သြားဖို႔ ရွိပါတယ္။

ေမး။ ဒီ ဥပေဒထဲမွာ NUG / NUCC ပါတယ္၊ ၿပီးခဲ့တဲ့ႏွစ္ကလည္း ဒီအသုံးအႏႈံးသုံးထားတာ သတိထားမိပါတယ္။ ဆိုေတာ့ အေမရိကန္အစိုးရအေနနဲ႔ NUG ကို တရားဝင္အသိအမွတ္ျပဳႏိုင္တဲ့ အလားအလာေရာ ဘယ္လိုရွိပါသလဲ။

ေျဖ။ (စစ္ေကာင္စီကို) ဒီသံခင္းတမန္ခင္းနဲ႔ ႏိုင္ငံေတြကို ဆက္ဆံတဲ့အခါမွာေတာ့ အသုံးအႏႈံးကေတာ့ အၿမဲတမ္း - အေမရိကန္မွမဟုတ္ပါဘူး၊ တျခားသံတမန္ေတြနဲ႔ ေတြ႕တဲ့အခါမွာလည္း၊ သူတို႔က state (ႏိုင္ငံ) ကို ဆက္ဆံတာျဖစ္တယ္၊ Government (အစိုးရ) ကို ဆက္ဆံတာမဟုတ္ဘူး။ ဆိုေတာ့ အစိုးရကို အသိအမွတ္ျပဳတာမဟုတ္ဘူး ႏိုင္ငံကို အသိအမွတ္ျပဳတယ္ဆိုတဲ့ သေဘာမ်ိဳးေပါ့။ နဲနဲေလးေတာ့ ပညာသားပါတယ္လို႔ ေျပာရမယ္ ဒစ္ပလိုေမစီမွာ။ အဲေတာ့ publicly engagement (တရားဝင္ေၾကညာဆက္ဆံမႈ)လုပ္ဖို႔ က်မတို႔က ပိုေတာင္းဆိုရတယ္။ sovereign state (အခ်ဳပ္အခ်ာအာဏာပိုင္ႏိုင္ငံ) အေနနဲ႔ ျမန္မာႏိုင္ငံကိုပဲ အသိအမွတ္ျပဳထားတာျဖစ္တယ္။ ဒါေပမယ့္ အဲဒီ့ျမန္မာႏိုင္ငံရဲ႕ ကိုယ္စားျပဳခြင့္ဆက္ဆံတဲ့အခါက်ေတာ့ လက္ေတြ႕ဆက္ဆံမႈ ဘယ္သူ႔ကို လုပ္ေနလဲဆိုတဲ့အေပၚမွာေတာ့ က်မတို႔က ယူေသာ္ရ၏ သေဘာမ်ိဳး အဓိပၸါယ္ေကာက္ယူလို႔ရတယ္။ က်မတို႔ တြန္းတြန္းတိုက္တိုက္လုပ္ေနတာကေတာ့ က်မတို႔ကို publicly တရားဝင္ အသိအမွတ္ျပဳဖို႔။ ဟုတ္ၿပီ အစိုးရကို အသိအမွတ္ျပဳတာမဟုတ္ဘူး ႏိုင္ငံကို အသိအမွတ္ျပဳတာဆိုရင္လည္း၊ က်မတို႔ကို အစိုးရတရပ္အေနနဲ႔ public engage လုပ္တာမ်ိဳးေပါ့။ လူထုကို ကိုယ္စားျပဳတဲ့၊ ကိုယ္စားျပဳခြင့္ရွိေနတဲ့ အစိုးရအေနနဲ႔ က်မတို႔ကို publicly engagement လုပ္တာမ်ိဳး မရဘူးလားဆိုၿပီး က်မတို႔ advocate လုပ္ေနတာရွိပါတယ္။

ေမး။ ဟုတ္ကဲ့ က်ေနာ္တဆက္တည္းေမးခ်င္တာက UNSC ဆုံးျဖတ္ခ်က္ကိစၥပါ။ မၾကာခင္တုန္းက UNSC ကေန ထူးထူးျခားျခား ျမန္မာႏိုင္ငံနဲ႔ပတ္သက္လို႔ - ဒါလြတ္လပ္ေရးရၿပီးေနာက္ပိုင္း ပထမဦးဆုံးအႀကိမ္ ဆုံးျဖတ္ခ်က္ထြက္လာပါတယ္။ စိုးရိမ္ေနၾကတဲ့ တ႐ုတ္ ႐ုရွားဆိုရင္ ဗီတိုအာဏာမသုံးပါဘူး။ မဲမေပးပဲေနခဲ့ေတာ့ ဆုံးျဖတ္ခ်က္က အတည္ျဖစ္သြားတယ္။ ဒီ UNSC ဆုံးျဖတ္ခ်က္က လက္ရွိ ျမန္မာ့ဒီမိုကေရစီအေရးအတြက္ေရာ NUG အတြက္ပါ ဘယ္ေလာက္အထိ ေမွ်ာ္လင့္စရာေတြရွိပါသလဲ။

ေျဖ။ စစ္ေကာင္စီက တုန႔္ျပန္တဲ့အခါ အခုနက NDAA ကိုသာ.. ႀကံခိုင္ေရးေတြ ဘာေတြ သုံးၿပီးေတာ့ ဆႏၵျပတာေတြရွိေပမယ့္၊ ဒီ UNSC resolution ကို အရမ္း တင္းတင္းရင္းရင္းႀကီး ေျပာတာမရွိဘူး၊ စစ္ေကာင္စီထုတ္ statement ႏွစ္ခုကို ယွဥ္ၾကည့္ရင္ ျမင္သာတယ္။ UNSC ဆုံးျဖတ္ခ်က္ကက်ေတာ့ ႏိုင္ငံတႏိုင္ငံတည္းကမဟုတ္ဘူး၊ ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံအားလုံးရဲ႕ လုံၿခဳံေရးေကာင္စီဝင္အားလုံးရဲ႕ သေဘာတူညီခ်က္ - အနည္းဆုံးေတာ့ မကန႔္ကြက္ဘူးေပါ့ - ဗီတိုအာဏာကိုင္စြဲထားတဲ့ႏိုင္ငံေတြက မကန႔္ကြက္ပဲ သြားတဲ့အတြက္ေၾကာင့္ ဒါဟာ binding စည္းေႏွာင္မႈပိုရွိတယ္။ ဒါက statement ေၾကညာခ်က္သက္သက္မွ်သာမဟုတ္ဘူး ဆုံးျဖတ္ခ်က္ျဖစ္တယ္။ အဲေတာ့ ဆုံးျဖတ္ခ်က္ျဖစ္တဲ့အတြက္ေၾကာင့္မို႔လို႔ (စစ္ေကာင္စီမွာ) ဒီဆုံးျဖတ္ခ်က္ကို လိုက္နာရမယ့္ အေကာင္အထည္ေဖာ္ရမယ့္ တာဝန္ရွိသြားတယ္။ စစ္ေကာင္စီမွာ ပိုၿပီး Pressure ဖိအားရသြားတယ္လို႔ က်မျမင္တယ္။ က်မတို႔ လိုခ်င္သေလာက္ term ေတြမရဘူး၊ language (စာသား)ေတြက အရမ္း မျပင္းထန္ဘူးဆိုေပမယ့္ ဒီဟာက ဆုံးျဖတ္ခ်က္ျဖစ္တဲ့အတြက္ စည္းေႏွာင္မႈရွိတဲ့ အေထာက္အထားတခုလို႔ က်မတို႔ ေျပာလို႔ရပါတယ္။

ေမး။ တိုက္တိုက္ဆိုင္ဆိုင္ပါပဲ ဒီကေန႔ဆိုရင္ တ႐ုတ္ႏိုင္ငံရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာအထူးကိုယ္စားလွယ္အသစ္ ျမန္မာႏိုင္ငံကိုေရာက္တယ္။ ဒီမတိုင္ခင္ကလည္း တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕တခ်ိဳ႕နဲ႔ေတြ႕တယ္လို႔ သိရပါတယ္။ ေျပာရမယ္ဆိုရင္ တ႐ုတ္အစိုးရ ရပ္တည္ခ်က္က ေႏြဦးေတာ္လွန္ေရးေနာက္ပိုင္း စစ္ေကာင္စီကို ဆက္ဆံတာက၊ အရင့္အရင္ စစ္အစိုးရေတြကို ေျဗာင္ေျဗာင္တင္းတင္း ရပ္တည္ေပးတဲ့ပုံစံမ်ိဳးေတာ့ မေတြ႕ရဘူး။ အဲေတာ့ NUG နဲ႔ တ႐ုတ္အစိုးရၾကား ဆက္ဆံေရးေရာ ဘယ္လို ရွိပါသလဲ။

ေျဖ။ ဟုတ္ကဲ့ ဒီ UN လုံၿခဳံေရးေကာင္စီဆုံးျဖတ္ခ်က္မွာ ႏိုင္ငံအလိုက္ကိုယ္စားလွယ္ေတြက ေျပာဆိုသြားၾကတာေတြ နားေထာင္မိၾကမွာပါ။ ဒါက သက္ဆိုင္ရာႏိုင္ငံေတြရဲ႕ မူဝါဒလို႔ က်မတို႔ မွတ္ယူပါတယ္။ အိႏၵိယကိုယ္စားလွယ္ေျပာသြားတဲ့အထဲမွာ ျမန္မာျပည္နဲ႔ပတ္သက္လို႔ ေဒသတြင္း engagement လုပ္တဲ့အခါမွာ silent diplomacy ( သိုသိုသိပ္သပ္ သံတမန္ေရး) က ပိုၿပီးလိုလားတယ္ဆိုတဲ့သေဘာ က်မေတြ႕လိုက္တယ္။ ေျပာရရင္ေတာ့ ဒါပါပဲ။ အာဆီယံနဲ႔ျဖစ္ျဖစ္ အိမ္နီးနားခ်င္းႏိုင္ငံေတြနဲ႔ပဲျဖစ္ျဖစ္ အေစာပိုင္းေတြကတုန္းက က်မတို႔ publicly လူသိရွင္ၾကားပဲ၊ စာပို႔တာကအစ ဘာလုပ္လုပ္ facebook ေပၚတင္တယ္ လူထုကို အသိေပးတယ္ေပါ့။ ဒါေတြ ျပန္သုံးသပ္တဲ့အခါက်ေတာ့ သိပ္အလုပ္မျဖစ္ဘူး ပြင့္ပြင့္လင္းလင္းေျပာရရင္။ က်မတို႔ ႏိုင္ငံတကာမွာ ဆက္ဆံေနရတာက ပုံစံႏွစ္မ်ိဳးရွိတယ္။ ေဒသတြင္းကို ဆက္ဆံတဲ့အခါက်ေတာ့လည္း ပုံစံတမ်ိဳးရွိတယ္။ Diplomacy မွာလည္း ပုံစံမ်ိဳးစုံရွိၾကတာကိုး။ ဆိုေတာ့ Silent Diplomacy (သိုသိုသိပ္သိပ္ သံခင္းတမန္ခင္း) ကလည္း နည္းနာတမ်ိဳးျဖစ္ပါတယ္။ ေျပာရမယ္ဆိုရင္ က်မတို႔အေနနဲ႔ အတတ္ႏိုင္ဆုံး ဆက္ဆံရမယ့္၊ အိမ္နီးနားခ်င္းႏိုင္ငံေတြ ေဒသတြင္းႏိုင္ငံေတြ ကမာၻ႔ႏိုင္ငံေတြနဲ႔ ေတာက္ေလွ်ာက္ engagement ဆက္ဆံေရးလုပ္တယ္၊ က်မတို႔ဖက္က စၿပီး ဆက္ဆံခဲ့တာရွိတယ္။ ေစာင့္ရတာေတြရွိတယ္။ သူတို႔ဖက္က တုန႔္ျပန္လာဖို႔ ေစာင့္ခဲ့ရတဲ့အခ်ိန္ေတြ အမ်ားႀကီးရွိခဲ့ပါတယ္။ သို႔ေသာ္လည္းပဲ ေဒသတြင္း အိမ္နီးနားခ်င္းနဲ႔ အာဆီယံႏိုင္ငံအားလုံးနဲ႔ က်မတို႔ actively engagement (တတ္တတ္ႂကြႂကြထိစပ္ဆက္ဆံမႈ) လုပ္ေနပါတယ္လို႔ ဒီေလာက္ ေျပာလို႔ရပါတယ္။ Engagement ရွိပါတယ္ေပါ့။

ေမး။ တဆက္တည္း အာဆီယံကိစၥေမးခ်င္ပါတယ္။ အာဆီယံက ဘုံသေဘာတူညီခ်က္ ၅ ခ်က္ခ်ထားတယ္။ ႏိုင္ငံတကာကလည္း ဒီအတိုင္းဆက္လုပ္ဖို႔၊ ကုလ လုံၿခဳံေရးေကာင္စီေတာင္းဆိုခ်က္ေတြမွာလည္း ပါလာတယ္။ တေလာကေတာ့ ထိုင္းႏိုင္ငံက ကမကထလုပ္ၿပီး တခ်ိဳ႕အာဆီယံႏိုင္ငံျခားေရးဝန္ႀကီးေတြနဲ႔ ျမန္မာစစ္ေကာင္စီနဲ႔ ေတြ႕တာမ်ိဳးေတြလည္းရွိပါတယ္။ NUG အေနနဲ႔ ဒီ စကစ (ျမန္မာစစ္ေကာင္စီ)နဲ႔ ေစ့စပ္ေဆြးေႏြးၿပီး ညႇိဳႏႈိင္းလာေအာင္ အာဆီယံက ဖိအားေပးလာမယ့္ သေဘာမ်ိဳး ရွိလာႏိုင္ပါသလား။

ေျဖ။ အာဆီယံခ်ည္းကပ္မႈဟာ အာဆီယံ Charger ပဋိဉာဏ္မွာ အေျခခံရလိမ့္မယ္ တစ္အခ်က္ေပါ့။ ေနာက္ ဒုတိယတခ်က္ကေတာ့ ျမန္မာျပည္နဲ႔ပတ္သက္ရင္ 5 points Consensus (ဘုံသေဘာတူညီခ်က္ငါးရပ္)ဆိုတာရွိတယ္။ ေနာက္ဆုံး 15 points (အခ်က္ ၁၅ခ်က္)ဆိုတာရွိပါတယ္။ all stakeholders (သက္ဆိုင္တဲ့အဖြဲ႕အစည္းအားလုံး) နဲ႔ သူေတြ႕ရမယ္ စကားေျပာရမယ္။ ျမန္မာျပည္ရဲ႕အေရးကို ေျဖရွင္းတဲ့အခါမွာ ျမန္မာကဦးေဆာင္တဲ့ အေျဖမ်ိဳးျဖစ္ရမယ္ဆိုတဲ့သေဘာတရားမ်ိဳးရွိတယ္။ ထို႔အတူ လူထုရဲ႕ဆႏၵကို ထင္ဟပ္ရမယ္။ အဓိက အဲဒါအေရးအႀကီးဆုံးပဲလို႔ထင္ပါတယ္။ ဒီအေျခခံေတြကို ေက်ာ္လြန္ၿပီးေတာ့ က်မတို႔ကို ဖိအားေပးလို႔ရမယ္မထင္ပါဘူး။

ေမး။ ေနာက္ဆုံးတခုေမးခ်င္ပါတယ္ ေဒၚဇင္မာေအာင္ရဲ႕ ပုဂၢိဳလ္ေရးခံယူမႈပါ။ ေျပာရရင္ ေဒၚဇင္မာေအာင္က CRPH ေရာ NUG ေရာ စၿပီးေတာ့ ဖြဲ႕စည္းဖို႔ ႀကိဳးပမ္းမႈထဲမွာ ထိပ္ဆုံးက ဦးေဆာင္သူတဦးျဖစ္တယ္လို႔ က်ေနာ္တို႔ နားလည္ပါတယ္။ ျမန္မာႏိုင္ငံရဲ႕ အေျပာင္းအလဲနဲ႔ပတ္သက္လို႔ ေဒၚဇင္မာေအာင္ ဘယ္လိုေမွ်ာ္လင့္ထားလဲ။ အရင္လိုပဲ စစ္တပ္နဲ႔ ျပန္လည္သင့္ျမတ္ေရးနဲ႔ ေျပာင္းလဲမလား ၊ ဒါမွမဟုတ္ တျခားပုံစံသစ္တခုခု ေမွ်ာ္လင့္ထားပါသလား။

ေျဖ။ ဒီ စစ္တပ္ Institution ကို ေခါင္းေဆာင္မႈေပးေနတဲ့သူေတြရဲ႕ စဥ္းစားပုံေတြဟာ သူတို႔ တကိုယ္ရည္ကိုယ္က်ိဳးစီးပြားကို ေက်ာ္လြန္ၿပီး စဥ္းစားတာမရွိဘူးလို႔ က်မျမင္တယ္။ စစ္တပ္ရဲ႕အက်ိဳးစီးပြားကိုေတာင္ စဥ္းစားတာမဟုတ္ဘူးလို႔ က်မျမင္တယ္။ အဲေတာ့ ႏိုင္ငံရဲ႕အက်ိဳးစီးပြားဆိုတာေတာ့ ၿပီးေရာေပါ့။ ေျပာရရင္ ဒီ ၂၀၀၂ ဖြဲ႕စည္းပုံအေျခခံဥပေဒဟာ ၿပီးသြားၿပီ။ အလုပ္မျဖစ္ေတာ့ဘူး။ သူတို႔ကိုယ္တိုင္ခ်ိဳးေဖာက္လိုက္တာျဖစ္တယ္။ ခုမွ ျပန္ၿပီးေတာ့ ေျပာမေနနဲ႔ေတာ့၊ တကယ္ေတာ့ အာဏာသိမ္းကတည္းကိုက ၂၀၀၈ ကို ခ်ိဳးေဖာက္ၿပီးသားျဖစ္သြားတယ္။ ေနာက္တခုက ဒီ ၂၀၀၈ ဖြဲ႕စည္းပုံအေျခခံဥပေဒနဲ႔ အမ်ိဳးသားျပန္လည္သင့္ျမတ္ေရးကိုလည္း သြားလို႔ မရေတာ့ဘူးဆိုတာ ဒါက သက္ေသျပေနတယ္။ ဆိုေတာ့ က်မတို႔ နည္းလမ္းတခုလိုတယ္ စဥ္းစားပုံအသစ္တခုလိုတယ္။ ဒါေတြက တကယ္ေတာ့ အသစ္ေတာ့မဟုတ္ပါဘူး အရင္ကတည္းက Alternative စဥ္းစားထားတဲ့ စဥ္းစားပုံေတြပါ။ စစ္တပ္ရဲ႕ Supremacy ေပါ့ ျမန္မာ့ႏိုင္ငံေရးထဲမွာ. ကယ္တင္ရွင္ဆိုတဲ့ စိတ္ .. ဒီဟာေတြနဲ႔ေတာ့ အလုပ္မျဖစ္ေတာ့တာ ေသခ်ာတယ္။ ဒါကို အေျခခံထားတဲ့ ၂၀၀၈ဖြဲ႕စည္းပုံအေျခခံဥပေဒကိုလည္း က်မတို႔ လက္ခံလို႔မရေတာ့ဘူး။ စစ္တပ္က ႏိုင္ငံေရးမွာ မပါဖို႔ ကိုယ့္ေနရာကိုယ္ေနဖို႔က အေရးႀကီးတယ္လို႔ က်မတို႔ျမင္တယ္။ ဒီေတာ္လွန္ေရးရဲ႕ အဓိကအေျခခံအေၾကာင္းတရားက ဒါပဲေပါ့။ ဒါကို လက္ခံဖို႔လိုတယ္ လက္ခံတဲ့ေခါင္းေဆာင္ေတြ စစ္တပ္ထဲ ေပၚလာဖို႔လိုတယ္။ ဒါမွသာလွ်င္ လူထုနဲ႔ တျခားစီျဖစ္သြားတဲ့ စစ္တပ္ရဲ႕ဂုဏ္သိကၡာကို သူတို႔ ျပန္တည္ႏိုင္မွာ။ အဲေတာ့ စစ္တပ္ထဲမွာလည္း သူရဲေကာင္းေတြလိုတယ္။ အရပ္သားေတြထဲမွာေတာ့ ဒီေလာက္ ေသရဲတဲ့ သူရဲေကာင္းေတြေပၚေနတာ၊ တိုင္းျပည္ကို ကာကြယ္မယ္ဆိုၿပီးေတာ့ လက္နက္ေတြကိုင္ထားၿပီး ရဲရဲေတာက္လုပ္လာခဲ့တဲ့ တပ္မေတာ္သားေတြထဲမွာ မေပၚရတာလဲ။ က်မေတာ့ ဒီေနရာမွာ ဒါ ေျပာခ်င္တယ္။ လိုအပ္တယ္ ကိုယ့္စစ္တပ္ကို ကိုယ္ကိုယ္တိုင္ ကယ္တင္ရလိမ့္မယ္။ ဒီလို လူတစု အာဏာ႐ူးလက္ထဲကေန ကယ္တင္မယ့္ သူရဲေကာင္းေတြလိုပါတယ္။ က်မ ဒီေနရာကေန စစ္တပ္ကို ဒီသတင္းစကားေပးခ်င္တယ္။ ဒါမွ ျပည္သူ႔တပ္မေတာ္ျပန္ျဖစ္မွာ။ တခြန္းတဲ့ က်မတို႔ ဒီတေခါက္လိုတာကေတာ့ ဒီေတာ္လွန္ေရးအလြန္ကာလမွာSecurity Sector Reform လုံၿခဳံေရးက႑ျပဳျပင္ေျပာင္းလဲေရးကို စတင္ လုပ္ကို လုပ္ရလိမ့္မယ္။ အခုဆို လက္နက္ကိုင္အဖြဲ႕ေတြလည္း အမ်ားႀကီးျဖစ္လာၿပီ။ စစ္တပ္ကိုယ္တိုင္ကလည္း ပ်က္ယြင္းသြားၿပီ။ လုံၿခဳံေရးက႑ပ်က္ယြင္းသြားတဲ့အတြက္ေၾကာင့္မို႔ ျဖစ္တဲ့ကိစၥလို႔ က်မျမင္တယ္။ ဒါကို မတည္ႏိုင္မခ်င္း ႏိုင္ငံေရးျပႆနာလည္းေျဖရွင္းႏိုင္မွာမဟုတ္ဘူး။ အေျခခံအေၾကာင္းတရားအားျဖင့္ ႏိုင္ငံေရးမွာ စစ္တပ္က ဝင္ၿပီးေတာ့ မစြက္ဖက္ရဘူး၊ professional ျဖစ္ရမယ္ဆိုတဲ့ အေျခခံစဥ္းစားခ်က္ရွိကို ရွိရမယ္။ ဒါမွမရွိရင္ေတာ့ ဒီအေျပာင္းအလဲကို က်မတို႔ ေဖာ္ေဆာင္ဖို႔ ခက္ပါလိမ့္မယ္။

ေမး။ အခုလို အခ်ိန္ယူေျဖၾကားေပးတာ ေက်းဇူးတင္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

(unicode)

NDAA အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေပါ မြန်မာ့အရေးဖော်ပြချက်ဟာ ရုပ်၀တ္တုအကူအညီထက် နိုင်ငံရေးအရ ပိုပြီးအရေးပါတဲ့ တိုးတက်မှုဖြစ်တယ်လို့ NUG အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ NUG အနေနဲ့ အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံတွေနဲ့ဆက်ဆံရေးမှာ နိုင်ငံကိုယ်စားပြုမှု တရားဝင်ရအောင် ကြိုးစားနေသလို၊ ဒေသတွင်းနိုင်ငံတွေနဲ့ Silent Diplomacy ခေါ်တဲ့ သိုသိုသိပ်သိပ် သံတမန်ရေးနည်းလမ်းနဲ့ ထိစပ်ဆက်ဆံနေတယ်လို့လည်း ပြောပါတယ်။ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကို ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ NDAA အမေရိကန်အမျိုးသားကာကွယ်ရေးလုပ်ပိုင်ခွင့်ဥပဒေကို သမ္မတကလည်း အတည်ပြုလိုက်တော့ ဥပဒေဖြစ်သွားပါပြီ။ အဲဒီထဲမှာ NUG တို့ PDF တို့ကိစ္စတွေ ပါဝင်ပါတယ်။ တလောတုန်းက ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကို အင်တာဗျူးတော့ NDAA နဲ့ဆက်စပ်ကိစ္စတွေကို နိုင်ငံခြားရေးဌာနက အဓိကထား လုပ်မယ်လို့ ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဒီ NDAA ကိစ္စ အမေရိကန်ဆီက အကူအညီရယူဖို့ကိစ္စတွေနဲ့ပတ်သက်လို့ ဘယ်လိုပြင်ဆင်ထားပါသလဲ၊ အမေရိကန်အစိုးရနဲ့ ဘယ်လောက်အထိ ထိစပ်ထားနိုင်ပြီလဲ၊ နောက် ဘာတွေ မျှော်လင့်ထားပါသလဲ။

ဖြေ။ အဲဒီအထဲ မူအားဖြင့် ဖော်ပြထားချက်တွေက တော်လေးလေး ကောင်းတယ်။ ဒီ Principle မူတွေပေါ်မှာ အခြေခံပြီးတော့ အမေရိကန်အစိုးရ ကျမတို့ advocate လုပ်ဖို့ရာ အများကြီးအထောက်အပံ့ဖြစ်တယ်လို့ တစ် အချက်မြင်တယ်၊ နိုင်ငံရေးအရနော်။ ဒီဥပဒေကို နှစ်ပိုင်းခွဲမြင်ရမယ်လို့ ကျမမြင်တယ်။ ဘတ်ဂျက်အရရယ်၊ နိုင်ငံရေးအရရယ်ပေါ့။ ဆိုတာ့ ကျမမြင်တာကတော့ ဘတ်ဂျက်အရထက်စာရင် ဒါဟာ နိုင်ငံရေးအရ ကျမတို့အတွက် ပိုပြီးကောင်းမွန်တဲ့တိုးတက်မှုလို့မြင်ရတယ်။ အမေရိကန်အစိုးရရဲ့ Commitment ကို တိုးမြှင့်ပြီးတော့ မြင်ရတဲ့သဘောလို့ ကျမနားလည်တယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့နှစ်ကလည်း CDM ပါတယ်၊ Civil Society ဆိုတာ ပါတယ်။ အရင်နှစ်တွေတုန်းကလည်း Civil Society ကို ထောက်ပံ့မယ်၊ ဒီမိုကရေစီရေးမြှင့်တင်မယ်၊ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေ ပါဝင်တယ်။ ဒီနှစ်မှာကျတော့ specifically အသေးစိတ်တိတိကျကျ ဖော်ပြထားတဲ့ စာပိုဒ်တွေအရ တချိုု့ဟာတွေက လုပ်ကိုလုပ်ရမယ့်ဟာတွေရှိတယ်၊ တချို့ဟာတွေကျတော့ သမ္မတရဲ့လုပ်ပိုင်ခွင့်နဲ့ လုပ်ချင်ရင်လုပ်လို့ရတယ်ပေါ့။ ဆိုတော့ နှစ်ပိုင်းပေါ့။ လုပ်ကိုလုပ်ရမယ့်ဟာတွေကို တကယ်လုပ်ဖြစ်အောင် effectively ဘတ်ဂျက်အရပဲဖြစ်ဖြစ် နိုင်ငံရေးအရပဲဖြစ်ဖြစ်၊ တကယ့်ကို end user တွေဆီရောက်အောင် ကျမတို့ တွန်းရလိမ့်မယ်။ နောက် ဒုတိယတချက်ဖြစ်တဲ့ လုပ်ချင်ရင်လုပ်လို့ရတယ်ဆိုတဲ့ဟာမျိုးကျပြန်တော့ အစိုးရဖက်ခြမ်းကို ကျမတို့ တွန်းတွန်းတိုက်တိုက်နဲ့ လုပ်ဖြစ်အောင်လို့ advocate လုပ်ရမယ့် အပိုင်းတွေရှိတယ်လို့ နှစ်ပိုင်းမြင်ပါတယ်။ ပြောရရင် ဘတ်ဂျက်ကတော့ မနှစ်ကဘတ်ဂျက်နဲ့ ပမာဏအားဖြင့် အတူတူပဲ၊ ဒါပေမယ့် အကြောင်းအရာအားဖြင့် ဥပမာပေါ့ အားလုံးလည်း သိထားပြီးကြပါပြီ။ PDF နာမည်ကို ထည့်သွင်းသုံးစွဲလာတယ်။ ဒါကတော့ မြေပြင်မှာ တိုက်ပွဲဝင်နေကြတဲ့ PDF တွေအတွက်တော့ အရမ်းအားတတ်စရာကောင်းတယ်။ ရောက်ချင်မှတော့ ရောက်မယ် ပွင့်ပွင့်လင်းလင်းပြောရရင်။ အရမ်းလည်း Broad ကျယ်ပြန့် တယ်၊ ငွေပမာဏအားဖြင့်ရော.. နောက်ပြီးတော့ stakeholders တွေလည်း တအားများတယ် ဖော်ပြထားတဲ့အထဲမှာ။ NUG ပါတယ် NUCC ပါတယ် CRPH ပါမယ်၊ ပြီးတော့ Civil Disobedience ပါမယ်၊ နောက် တချို့ဟာဆိုရင် ဥပမာအားဖြင့် ပြည်သူ့ရင်ခွင်ခုံလှုံလာတဲ့ defectors တွေဆိုတာလည်း ထည့်သွင်းသုံးစွဲလာတယ်။ ဒါကတော့ ကောင်းတဲ့ကိစ္စလို့ မြင်တယ်။ အရင်တုန်းကဆိုရင် အမေရိကန်အစိုးရပေါ်လစီအရ စစ်တပ်မှာတာဝန်ထမ်းဆောင်ထားတဲ့သူဆိုရင် ပြည်ဝင်ခွင့်ဗီဇာ မပေးတာတွေ ရှိတယ်။ ဆိုတော့ အခု ဘာပဲဖြစ်ဖြစ် ဖြေလျှော့လာတယ်လို့ ကျမတို့မြင်တယ်။ ဒီအပေါ်မှာအခြေခံပြီး နိုင်ငံရေးအရ အမေရိကန်ပြည်ထောင်စုကို ပိုပြီးတော့ တွန်းတွန်းတိုက်တိုက် advocate လုပ်သွားဖို့ ရှိပါတယ်။

မေး။ ဒီ ဥပဒေထဲမှာ NUG / NUCC ပါတယ်၊ ပြီးခဲ့တဲ့နှစ်ကလည်း ဒီအသုံးအနှုံးသုံးထားတာ သတိထားမိပါတယ်။ ဆိုတော့ အမေရိကန်အစိုးရအနေနဲ့ NUG ကို တရားဝင်အသိအမှတ်ပြုနိုင်တဲ့ အလားအလာရော ဘယ်လိုရှိပါသလဲ။

ဖြေ။ (စစ်ကောင်စီကို) ဒီသံခင်းတမန်ခင်းနဲ့ နိုင်ငံတွေကို ဆက်ဆံတဲ့အခါမှာတော့ အသုံးအနှုံးကတော့ အမြဲတမ်း - အမေရိကန်မှမဟုတ်ပါဘူး၊ တခြားသံတမန်တွေနဲ့ တွေ့တဲ့အခါမှာလည်း၊ သူတို့က state (နိုင်ငံ) ကို ဆက်ဆံတာဖြစ်တယ်၊ Government (အစိုးရ) ကို ဆက်ဆံတာမဟုတ်ဘူး။ ဆိုတော့ အစိုးရကို အသိအမှတ်ပြုတာမဟုတ်ဘူး နိုင်ငံကို အသိအမှတ်ပြုတယ်ဆိုတဲ့ သဘောမျိုးပေါ့။ နဲနဲလေးတော့ ပညာသားပါတယ်လို့ ပြောရမယ် ဒစ်ပလိုမေစီမှာ။ အဲတော့ publicly engagement (တရားဝင်ကြေညာဆက်ဆံမှု)လုပ်ဖို့ ကျမတို့က ပိုတောင်းဆိုရတယ်။ sovereign state (အချုပ်အချာအာဏာပိုင်နိုင်ငံ) အနေနဲ့ မြန်မာနိုင်ငံကိုပဲ အသိအမှတ်ပြုထားတာဖြစ်တယ်။ ဒါပေမယ့် အဲဒီ့မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုခွင့်ဆက်ဆံတဲ့အခါကျတော့ လက်တွေ့ဆက်ဆံမှု ဘယ်သူ့ကို လုပ်နေလဲဆိုတဲ့အပေါ်မှာတော့ ကျမတို့က ယူသော်ရ၏ သဘောမျိုး အဓိပ္ပါယ်ကောက်ယူလို့ရတယ်။ ကျမတို့ တွန်းတွန်းတိုက်တိုက်လုပ်နေတာကတော့ ကျမတို့ကို publicly တရားဝင် အသိအမှတ်ပြုဖို့။ ဟုတ်ပြီ အစိုးရကို အသိအမှတ်ပြုတာမဟုတ်ဘူး နိုင်ငံကို အသိအမှတ်ပြုတာဆိုရင်လည်း၊ ကျမတို့ကို အစိုးရတရပ်အနေနဲ့ public engage လုပ်တာမျိုးပေါ့။ လူထုကို ကိုယ်စားပြုတဲ့၊ ကိုယ်စားပြုခွင့်ရှိနေတဲ့ အစိုးရအနေနဲ့ ကျမတို့ကို publicly engagement လုပ်တာမျိုး မရဘူးလားဆိုပြီး ကျမတို့ advocate လုပ်နေတာရှိပါတယ်။

မေး။ ဟုတ်ကဲ့ ကျနော်တဆက်တည်းမေးချင်တာက UNSC ဆုံးဖြတ်ချက်ကိစ္စပါ။ မကြာခင်တုန်းက UNSC ကနေ ထူးထူးခြားခြား မြန်မာနိုင်ငံနဲ့ပတ်သက်လို့ - ဒါလွတ်လပ်ရေးရပြီးနောက်ပိုင်း ပထမဦးဆုံးအကြိမ် ဆုံးဖြတ်ချက်ထွက်လာပါတယ်။ စိုးရိမ်နေကြတဲ့ တရုတ် ရုရှားဆိုရင် ဗီတိုအာဏာမသုံးပါဘူး။ မဲမပေးပဲနေခဲ့တော့ ဆုံးဖြတ်ချက်က အတည်ဖြစ်သွားတယ်။ ဒီ UNSC ဆုံးဖြတ်ချက်က လက်ရှိ မြန်မာ့ဒီမိုကရေစီအရေးအတွက်ရော NUG အတွက်ပါ ဘယ်လောက်အထိ မျှော်လင့်စရာတွေရှိပါသလဲ။

ဖြေ။ စစ်ကောင်စီက တုန့်ပြန်တဲ့အခါ အခုနက NDAA ကိုသာ.. ကြံခိုင်ရေးတွေ ဘာတွေ သုံးပြီးတော့ ဆန္ဒပြတာတွေရှိပေမယ့်၊ ဒီ UNSC resolution ကို အရမ်း တင်းတင်းရင်းရင်းကြီး ပြောတာမရှိဘူး၊ စစ်ကောင်စီထုတ် statement နှစ်ခုကို ယှဉ်ကြည့်ရင် မြင်သာတယ်။ UNSC ဆုံးဖြတ်ချက်ကကျတော့ နိုင်ငံတနိုင်ငံတည်းကမဟုတ်ဘူး၊ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအားလုံးရဲ့ လုံခြုံရေးကောင်စီဝင်အားလုံးရဲ့ သဘောတူညီချက် - အနည်းဆုံးတော့ မကန့်ကွက်ဘူးပေါ့ - ဗီတိုအာဏာကိုင်စွဲထားတဲ့နိုင်ငံတွေက မကန့်ကွက်ပဲ သွားတဲ့အတွက်ကြောင့် ဒါဟာ binding စည်းနှောင်မှုပိုရှိတယ်။ ဒါက statement ကြေညာချက်သက်သက်မျှသာမဟုတ်ဘူး ဆုံးဖြတ်ချက်ဖြစ်တယ်။ အဲတော့ ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ (စစ်ကောင်စီမှာ) ဒီဆုံးဖြတ်ချက်ကို လိုက်နာရမယ့် အကောင်အထည်ဖော်ရမယ့် တာဝန်ရှိသွားတယ်။ စစ်ကောင်စီမှာ ပိုပြီး Pressure ဖိအားရသွားတယ်လို့ ကျမမြင်တယ်။ ကျမတို့ လိုချင်သလောက် term တွေမရဘူး၊ language (စာသား)တွေက အရမ်း မပြင်းထန်ဘူးဆိုပေမယ့် ဒီဟာက ဆုံးဖြတ်ချက်ဖြစ်တဲ့အတွက် စည်းနှောင်မှုရှိတဲ့ အထောက်အထားတခုလို့ ကျမတို့ ပြောလို့ရပါတယ်။

မေး။ တိုက်တိုက်ဆိုင်ဆိုင်ပါပဲ ဒီကနေ့ဆိုရင် တရုတ်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်အသစ် မြန်မာနိုင်ငံကိုရောက်တယ်။ ဒီမတိုင်ခင်ကလည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့နဲ့တွေ့တယ်လို့ သိရပါတယ်။ ပြောရမယ်ဆိုရင် တရုတ်အစိုးရ ရပ်တည်ချက်က နွေဦးတော်လှန်ရေးနောက်ပိုင်း စစ်ကောင်စီကို ဆက်ဆံတာက၊ အရင့်အရင် စစ်အစိုးရတွေကို ဗြောင်ဗြောင်တင်းတင်း ရပ်တည်ပေးတဲ့ပုံစံမျိုးတော့ မတွေ့ရဘူး။ အဲတော့ NUG နဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးရော ဘယ်လို ရှိပါသလဲ။

ဖြေ။ ဟုတ်ကဲ့ ဒီ UN လုံခြုံရေးကောင်စီဆုံးဖြတ်ချက်မှာ နိုင်ငံအလိုက်ကိုယ်စားလှယ်တွေက ပြောဆိုသွားကြတာတွေ နားထောင်မိကြမှာပါ။ ဒါက သက်ဆိုင်ရာနိုင်ငံတွေရဲ့ မူဝါဒလို့ ကျမတို့ မှတ်ယူပါတယ်။ အိန္ဒိယကိုယ်စားလှယ်ပြောသွားတဲ့အထဲမှာ မြန်မာပြည်နဲ့ပတ်သက်လို့ ဒေသတွင်း engagement လုပ်တဲ့အခါမှာ silent diplomacy ( သိုသိုသိပ်သပ် သံတမန်ရေး) က ပိုပြီးလိုလားတယ်ဆိုတဲ့သဘော ကျမတွေ့လိုက်တယ်။ ပြောရရင်တော့ ဒါပါပဲ။ အာဆီယံနဲ့ဖြစ်ဖြစ် အိမ်နီးနားချင်းနိုင်ငံတွေနဲ့ပဲဖြစ်ဖြစ် အစောပိုင်းတွေကတုန်းက ကျမတို့ publicly လူသိရှင်ကြားပဲ၊ စာပို့တာကအစ ဘာလုပ်လုပ် facebook ပေါ်တင်တယ် လူထုကို အသိပေးတယ်ပေါ့။ ဒါတွေ ပြန်သုံးသပ်တဲ့အခါကျတော့ သိပ်အလုပ်မဖြစ်ဘူး ပွင့်ပွင့်လင်းလင်းပြောရရင်။ ကျမတို့ နိုင်ငံတကာမှာ ဆက်ဆံနေရတာက ပုံစံနှစ်မျိုးရှိတယ်။ ဒေသတွင်းကို ဆက်ဆံတဲ့အခါကျတော့လည်း ပုံစံတမျိုးရှိတယ်။ Diplomacy မှာလည်း ပုံစံမျိုးစုံရှိကြတာကိုး။ ဆိုတော့ Silent Diplomacy (သိုသိုသိပ်သိပ် သံခင်းတမန်ခင်း) ကလည်း နည်းနာတမျိုးဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကျမတို့အနေနဲ့ အတတ်နိုင်ဆုံး ဆက်ဆံရမယ့်၊ အိမ်နီးနားချင်းနိုင်ငံတွေ ဒေသတွင်းနိုင်ငံတွေ ကမ္ဘာ့နိုင်ငံတွေနဲ့ တောက်လျှောက် engagement ဆက်ဆံရေးလုပ်တယ်၊ ကျမတို့ဖက်က စပြီး ဆက်ဆံခဲ့တာရှိတယ်။ စောင့်ရတာတွေရှိတယ်။ သူတို့ဖက်က တုန့်ပြန်လာဖို့ စောင့်ခဲ့ရတဲ့အချိန်တွေ အများကြီးရှိခဲ့ပါတယ်။ သို့သော်လည်းပဲ ဒေသတွင်း အိမ်နီးနားချင်းနဲ့ အာဆီယံနိုင်ငံအားလုံးနဲ့ ကျမတို့ actively engagement (တတ်တတ်ကြွကြွထိစပ်ဆက်ဆံမှု) လုပ်နေပါတယ်လို့ ဒီလောက် ပြောလို့ရပါတယ်။ Engagement ရှိပါတယ်ပေါ့။

မေး။ တဆက်တည်း အာဆီယံကိစ္စမေးချင်ပါတယ်။ အာဆီယံက ဘုံသဘောတူညီချက် ၅ ချက်ချထားတယ်။ နိုင်ငံတကာကလည်း ဒီအတိုင်းဆက်လုပ်ဖို့၊ ကုလ လုံခြုံရေးကောင်စီတောင်းဆိုချက်တွေမှာလည်း ပါလာတယ်။ တလောကတော့ ထိုင်းနိုင်ငံက ကမကထလုပ်ပြီး တချို့အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ မြန်မာစစ်ကောင်စီနဲ့ တွေ့တာမျိုးတွေလည်းရှိပါတယ်။ NUG အနေနဲ့ ဒီ စကစ (မြန်မာစစ်ကောင်စီ)နဲ့ စေ့စပ်ဆွေးနွေးပြီး ညှိုနှိုင်းလာအောင် အာဆီယံက ဖိအားပေးလာမယ့် သဘောမျိုး ရှိလာနိုင်ပါသလား။

ဖြေ။ အာဆီယံချည်းကပ်မှုဟာ အာဆီယံ Charger ပဋိဉာဏ်မှာ အခြေခံရလိမ့်မယ် တစ်အချက်ပေါ့။ နောက် ဒုတိယတချက်ကတော့ မြန်မာပြည်နဲ့ပတ်သက်ရင် 5 points Consensus (ဘုံသဘောတူညီချက်ငါးရပ်)ဆိုတာရှိတယ်။ နောက်ဆုံး 15 points (အချက် ၁၅ချက်)ဆိုတာရှိပါတယ်။ all stakeholders (သက်ဆိုင်တဲ့အဖွဲ့အစည်းအားလုံး) နဲ့ သူတွေ့ရမယ် စကားပြောရမယ်။ မြန်မာပြည်ရဲ့အရေးကို ဖြေရှင်းတဲ့အခါမှာ မြန်မာကဦးဆောင်တဲ့ အဖြေမျိုးဖြစ်ရမယ်ဆိုတဲ့သဘောတရားမျိုးရှိတယ်။ ထို့အတူ လူထုရဲ့ဆန္ဒကို ထင်ဟပ်ရမယ်။ အဓိက အဲဒါအရေးအကြီးဆုံးပဲလို့ထင်ပါတယ်။ ဒီအခြေခံတွေကို ကျော်လွန်ပြီးတော့ ကျမတို့ကို ဖိအားပေးလို့ရမယ်မထင်ပါဘူး။

မေး။ နောက်ဆုံးတခုမေးချင်ပါတယ် ဒေါ်ဇင်မာအောင်ရဲ့ ပုဂ္ဂိုလ်ရေးခံယူမှုပါ။ ပြောရရင် ဒေါ်ဇင်မာအောင်က CRPH ရော NUG ရော စပြီးတော့ ဖွဲ့စည်းဖို့ ကြိုးပမ်းမှုထဲမှာ ထိပ်ဆုံးက ဦးဆောင်သူတဦးဖြစ်တယ်လို့ ကျနော်တို့ နားလည်ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲနဲ့ပတ်သက်လို့ ဒေါ်ဇင်မာအောင် ဘယ်လိုမျှော်လင့်ထားလဲ။ အရင်လိုပဲ စစ်တပ်နဲ့ ပြန်လည်သင့်မြတ်ရေးနဲ့ ပြောင်းလဲမလား ၊ ဒါမှမဟုတ် တခြားပုံစံသစ်တခုခု မျှော်လင့်ထားပါသလား။

ဖြေ။ ဒီ စစ်တပ် Institution ကို ခေါင်းဆောင်မှုပေးနေတဲ့သူတွေရဲ့ စဉ်းစားပုံတွေဟာ သူတို့ တကိုယ်ရည်ကိုယ်ကျိုးစီးပွားကို ကျော်လွန်ပြီး စဉ်းစားတာမရှိဘူးလို့ ကျမမြင်တယ်။ စစ်တပ်ရဲ့အကျိုးစီးပွားကိုတောင် စဉ်းစားတာမဟုတ်ဘူးလို့ ကျမမြင်တယ်။ အဲတော့ နိုင်ငံရဲ့အကျိုးစီးပွားဆိုတာတော့ ပြီးရောပေါ့။ ပြောရရင် ဒီ ၂၀၀၂ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ ပြီးသွားပြီ။ အလုပ်မဖြစ်တော့ဘူး။ သူတို့ကိုယ်တိုင်ချိုးဖောက်လိုက်တာဖြစ်တယ်။ ခုမှ ပြန်ပြီးတော့ ပြောမနေနဲ့တော့၊ တကယ်တော့ အာဏာသိမ်းကတည်းကိုက ၂၀၀၈ ကို ချိုးဖောက်ပြီးသားဖြစ်သွားတယ်။ နောက်တခုက ဒီ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုလည်း သွားလို့ မရတော့ဘူးဆိုတာ ဒါက သက်သေပြနေတယ်။ ဆိုတော့ ကျမတို့ နည်းလမ်းတခုလိုတယ် စဉ်းစားပုံအသစ်တခုလိုတယ်။ ဒါတွေက တကယ်တော့ အသစ်တော့မဟုတ်ပါဘူး အရင်ကတည်းက Alternative စဉ်းစားထားတဲ့ စဉ်းစားပုံတွေပါ။ စစ်တပ်ရဲ့ Supremacy ပေါ့ မြန်မာ့နိုင်ငံရေးထဲမှာ. ကယ်တင်ရှင်ဆိုတဲ့ စိတ် .. ဒီဟာတွေနဲ့တော့ အလုပ်မဖြစ်တော့တာ သေချာတယ်။ ဒါကို အခြေခံထားတဲ့ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ကျမတို့ လက်ခံလို့မရတော့ဘူး။ စစ်တပ်က နိုင်ငံရေးမှာ မပါဖို့ ကိုယ့်နေရာကိုယ်နေဖို့က အရေးကြီးတယ်လို့ ကျမတို့မြင်တယ်။ ဒီတော်လှန်ရေးရဲ့ အဓိကအခြေခံအကြောင်းတရားက ဒါပဲပေါ့။ ဒါကို လက်ခံဖို့လိုတယ် လက်ခံတဲ့ခေါင်းဆောင်တွေ စစ်တပ်ထဲ ပေါ်လာဖို့လိုတယ်။ ဒါမှသာလျှင် လူထုနဲ့ တခြားစီဖြစ်သွားတဲ့ စစ်တပ်ရဲ့ဂုဏ်သိက္ခာကို သူတို့ ပြန်တည်နိုင်မှာ။ အဲတော့ စစ်တပ်ထဲမှာလည်း သူရဲကောင်းတွေလိုတယ်။ အရပ်သားတွေထဲမှာတော့ ဒီလောက် သေရဲတဲ့ သူရဲကောင်းတွေပေါ်နေတာ၊ တိုင်းပြည်ကို ကာကွယ်မယ်ဆိုပြီးတော့ လက်နက်တွေကိုင်ထားပြီး ရဲရဲတောက်လုပ်လာခဲ့တဲ့ တပ်မတော်သားတွေထဲမှာ မပေါ်ရတာလဲ။ ကျမတော့ ဒီနေရာမှာ ဒါ ပြောချင်တယ်။ လိုအပ်တယ် ကိုယ့်စစ်တပ်ကို ကိုယ်ကိုယ်တိုင် ကယ်တင်ရလိမ့်မယ်။ ဒီလို လူတစု အာဏာရူးလက်ထဲကနေ ကယ်တင်မယ့် သူရဲကောင်းတွေလိုပါတယ်။ ကျမ ဒီနေရာကနေ စစ်တပ်ကို ဒီသတင်းစကားပေးချင်တယ်။ ဒါမှ ပြည်သူ့တပ်မတော်ပြန်ဖြစ်မှာ။ တခွန်းတဲ့ ကျမတို့ ဒီတခေါက်လိုတာကတော့ ဒီတော်လှန်ရေးအလွန်ကာလမှာSecurity Sector Reform လုံခြုံရေးကဏ္ဍပြုပြင်ပြောင်းလဲရေးကို စတင် လုပ်ကို လုပ်ရလိမ့်မယ်။ အခုဆို လက်နက်ကိုင်အဖွဲ့တွေလည်း အများကြီးဖြစ်လာပြီ။ စစ်တပ်ကိုယ်တိုင်ကလည်း ပျက်ယွင်းသွားပြီ။ လုံခြုံရေးကဏ္ဍပျက်ယွင်းသွားတဲ့အတွက်ကြောင့်မို့ ဖြစ်တဲ့ကိစ္စလို့ ကျမမြင်တယ်။ ဒါကို မတည်နိုင်မချင်း နိုင်ငံရေးပြဿနာလည်းဖြေရှင်းနိုင်မှာမဟုတ်ဘူး။ အခြေခံအကြောင်းတရားအားဖြင့် နိုင်ငံရေးမှာ စစ်တပ်က ဝင်ပြီးတော့ မစွက်ဖက်ရဘူး၊ professional ဖြစ်ရမယ်ဆိုတဲ့ အခြေခံစဉ်းစားချက်ရှိကို ရှိရမယ်။ ဒါမှမရှိရင်တော့ ဒီအပြောင်းအလဲကို ကျမတို့ ဖော်ဆောင်ဖို့ ခက်ပါလိမ့်မယ်။

မေး။ အခုလို အချိန်ယူဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

XS
SM
MD
LG