သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ပုံမှန်ဦးစားပေးလုပ်သွားဖို့ NUG တောင်းဆို 


U kyaw Moe Tun
U kyaw Moe Tun

[[Zawgyi/Unicode]]

ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက်ကို အမျိုးသား ညီညွတ်ရေးအစိုးရ NUG ကလည်း ကျေးဇူးတင် ကြိုဆိုကြောင်းနဲ့ နောက်ထပ် ပိုပြီး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ကို ဖိအားပေးဖို့ ကုလသမဂ္ဂ ဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းလိုက်ပါတယ်။

“လုံခြုံရေးကောင်စီရဲ့ လုပ်ငန်းတွေဟာ ဒီဆုံးဖြတ်ချက်ချလိုက်မှ စတင်တာ ဖြစ်ပါတယ်။ မြန်မာ့အရေးကို ဦးစားပေးလုပ်ငန်းစဉ်အဖြစ်နဲ့ ပုံမှန် လုပ်ဆောင်သွားဖို့ လိုအပ်ပါတယ်။ မြန်မာပြည်သူတွေရဲ့အသက်တွေကို ကယ်တင်နိုင်ဖို့နဲ့ ဒေသတွင်း မတည်ငြိမ်မှုတွေ ထပ်တိုး မဖြစ်အောင် လုံခြုံရေးကောင်စီက ပြတ်သားတဲ့ဆုံးဖြတ်တွေ ချမှတ်ဖို့ လိုအပ်ပါတယ်” - လို့ ဒီဇင်ဘာ ၂၁ ရက် လုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက် ထွက်လာအပြီးမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောသွားတာပါ။

အခုဆုံးဖြတ်ချက်ဟာ မြန်မာနိုင်ငံတွင်း ဆိုးရွားတဲ့ အကျပ်အတည်းတွေနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီရဲ့ အရေးယူ ဆောင်ရွက်မှု တိုးတက်လာတာကို ပြသတာဖြစ်သလို မြန်မာစစ်တပ်ဟာ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ခြိမ်းခြောက်နေတယ် ဆိုတာကိုလည်း ပြသလိုက်တာဖြစ်တယ်လို့ သံအမတ်ကြီးက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီစံနစ် ပြန်လည် ပေါ်ထွန်းလာရေးအတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရော၊ မြန်မာ့အရေးမှာ ပါဝင် ပတ်သက်နေသူ အားလုံးကပါ ဒီဆုံးဖြတ်ချက်ကို အမြန်ဆုံး အကောင်အထည်ဖော်ပေးကြဖို့လည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့ ဒီ ဆုံးဖြတ်ချက်ကို အရင်းတည်ပြီး မြန်မာစစ်တပ်နဲ့ သူ့ရဲ့ ရာဇဝတ်ပြစ်မှုတွေကို အမြန်ဆုံး ဟန့်တားနိုင်အောင် နောက်ထပ် ပိုမို ထိရောက် ပြင်းထန်တဲ့ လုပ်ဆောင်မှုတွေ ချမှတ်သွားဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က တောင်းဆိုကြောင်း ဦးကျော်မိုးထွန်းက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

================

[[Unicode]]






XS
SM
MD
LG