(zawgyi/unicode)
စစ္တပ္အာဏာသိမ္းမႈကိုဆန႔္က်င္တဲ့ ေႏြဦးေတာ္လွန္ေရး ႏွစ္ႏွစ္ၾကာလာေပမယ့္၊ ဒီလႈပ္ရွားမႈမွာ ပါဝင္လာသူေတြကေတာ့ အခုအခ်ိန္အထိ ေသြးမေအးပဲ စစ္အာဏာရွင္ဆန႔္က်င္ေရးနဲ႔ ေႏြဦးေတာ္လွန္ေရး အႏိုင္ရရမယ္လို႔ အခိုင္အမာယုံၾကည္ထားၾကဆဲပါ။ ဘာေၾကာင့္ သူတို႔ ယုံၾကည္မႈေတြ ခိုင္ၿမဲေနတာလဲ၊ ထိုင္း-ျမန္မာနယ္စပ္မွာ ကိုသားၫြန႔္ဦး ေတြ႕ဆုံေမးျမန္းသတင္းေပးပို႔ထားပါတယ္။
လြန္ခဲ့တဲ့ႏွစ္ႏွစ္ စစ္တပ္ကအာဏာမသိမ္းခင္ အရပ္သားအစိုးရေအာက္မွာ လူတိုင္းလူတိုင္းဟာ ဘ၀ေမွ်ာ္လင့္ခ်က္ေတြ ေမွ်ာ္မွန္းခ်က္ေတြ အစီအစဥ္တက်နဲ႔ အနာဂတ္ကို ႐ုပ္လုံးေဖာ္ေနၾကတာပါ။ ဒါေပမယ့္ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ရက္ စစ္တပ္က အာဏာသိမ္းလိုက္ခ်ိန္မွာေတာ့ သူတို႔ရဲ႕ အိပ္မက္ေတြ ေျပာင္းလဲခဲ့ရတယ္လို႔ ေႏြဦးေတာ္လွန္ေရးထဲ ပါဝင္ခဲ့ၾကသူေတြက VOA ကို ေျပာၾကပါတယ္။ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ကိုယ္စားလွယ္တဦးျဖစ္တဲ့ ကိုေနဘုန္းလတ္ဟာ အနာဂတ္ နိင္ငံေရးမွာ စူးစူးနစ္နစ္ပါဝင္ဖို႔ထက္၊ ကေလးငယ္ေတြအတြက္ ပန္းၿခံေတြေဆာက္ေပးဖို႔ စိတ္ကူးခဲ့သူပါ။ ကားတာယာေဟာင္းေတြကို ေရာင္စုံေဆးမႈတ္ၿပီး ကေလးပန္းၿခံေလးေတြေဆာက္ေပးဖို႔ဆိုတာဟာ စစ္အာဏာမသိမ္းခင္ေလး သူ႔အိပ္မက္ပါ။
"အာဏာမသိမ္းခင္ေန႔မွာ က်ေနာ္လုပ္ေနတဲ့အလုပ္က အဲဒီအလုပ္ေပါ့ တာယာေတြ ေဆးမႈတ္ေနတာ၊ ေဖ့ဘုတ္ေပၚ တင္လိုက္တယ္။ ကေလးေတြအတြက္ က်ေနာ္ ကစားကြင္းေလး လုပ္ခ်င္လို႔ ဘယ္ေဆးမႈတ္ရင္ေကာင္းမလဲလို႔ က်ေနာ္စမ္းေနလို႔၊ အဲဒီ ပိုစ္ေလးေပါ့ က်ေနာ္မွတ္မိေနတာ။ အဲဒီပို႔စ္က ဇန္နဝါရီ ၃၁ ျဖစ္မွာေပါ့။ အဲေတာ့ က်ေနာ္တို႔စိတ္က အရမ္းရွင္းတယ္။ က်ေနာ္ဆိုရင္ ကေလးေတြအတြက္ ရည္မွန္းထားတာ။ တိုင္းျပည္ေကာင္းဖို႔အတြက္ ဘာလုပ္မလဲ၊ ကေလးေတြအတြက္ ဘာလုပ္မလဲ။ က်ေနာ္တို႔စိတ္က ႐ိုး႐ိုးရွင္းရွင္းေလးပဲ။ ဒါေပမယ့္ အဲဒီ့ေန႔ညမွာ အာဏာသိမ္းဖို႔ႀကိဳးစားၿပီး မနက္ ၄ နာရီေလာက္မွာ က်ေနာ့္ဆီကို သတင္းေတြဝင္လာတယ္။ အဲဒီမွာ ဖမ္းတယ္ဆီးတယ္ျဖစ္ေတာ့ က်ေနာ့္ရဲ႕ ၁ရက္ေန႔ ပိုစ္က black screen ျဖစ္သြားတယ္။ ၂ ႏွစ္ျပည့္ေန႔က်ရင္ အဲဒါေလးကိုျပန္ေရးမလို႔လုပ္ေနတယ္။ တခ်ိဳ႕ဆို မွတ္ေတာင္မွတ္မိပါေတာ့မလား ၃၁ရက္ေန႔မွာ ဘာတင္ခဲ့လဲဆိုတာ။ ဒါ က်ေနာ္တေယာက္တည္းမဟုတ္ဘူး၊ ျပည္သူတိုင္း ျပည္သူတိုင္းဟာ ၃၁ရက္ေန႔အထိက ေမွ်ာ္လင့္ခ်က္ေတြ၊ရည္မွန္းခ်က္ေတြ သူတို႔ဘ၀အတြက္၊ တိုင္းျပည္အတြက္ေရာသူတို႔အတြက္ေရာေပါ့ တကယ့္ကို ေမွ်ာ္လင့္ခ်က္တလူလူ အၫႊန႔္တလူလူနဲ႔ ေမွ်ာ္လင့္ခ်က္ေတြ ေဝေဝဆာဆာနဲ႔ အိပ္မက္ေတြအမ်ားႀကီးနဲ႔၊ ၃၁ ရက္ေန႔အထိ အဲဒီ့အတိုင္းပဲဗ်။ ၁ရက္ေန႔မွာ အဲဒါေတြ အကုန္ဖ်က္ဆီးပစ္တာ"
ကိုေနဘုန္းလတ္ဟာ အခုေတာ့ NUG ၾကားကာလ အမ်ိဳးသားညီၫြတ္ေရးအစိုးရရဲ႕ ေျပာခြင့္ဆိုခြင့္ရွိသူတဦးျဖစ္လာပါတယ္။ ကိုေနဘုန္းလတ္လိုပါပဲ၊ စစ္တပ္က အာဏာသိမ္းလိုက္တာဟာ သူတို႔ရဲ႕ အိပ္မက္ေတြ ဖ်က္ဆီးခံလိုက္ရသလိုပါပဲလို႔ Gen Z လို႔ ေခၚၾကတဲ့ မ်ိဳးဆက္သစ္လူငယ္ေတြက ယူဆၾကပါတယ္။ ဒီအထဲ ဥကၠာခ်မ္းၿငိမ္းလည္း အပါအဝင္ပါ။
"စၿပီးခံစားမိတဲ့အရာကေတာ့ ကိုယ့္ႏိုင္ငံႀကီး ေမွာင္သြားၿပီဆိုတဲ့ အသိမ်ိဳးေပါ့ ကိုႀကီးရာ၊ ငါတို႔ရမယ့္ ႏိုင္ငံသားအခြင့္အေရးေတြ ဆုံးရႈံးသြားၿပီဆိုတာ ခံစားမိတယ္ ပထမဆုံးကေတာ့"
စစ္အာဏာသိမ္းၿပီးေနာက္ ေႏြဦးေတာ္လွန္ေရးအေစာပိုင္းကာလေတြမွာေတာ့ ႏိုင္ငံ၀န္ထမ္းအေတာ္မ်ားမ်ားရဲ႕ CDM လို႔ ေခၚတဲ့ အာဏာသိမ္းစစ္ေကာင္စီနဲ႔ မပူးေပါင္းမေဆာင္႐ြက္ဘူး ဆိုၿပီး ႀကီးမားတဲ့လႈပ္ရွားမႈႀကီးျဖစ္လာသလို၊ အဲဒီ လႈပ္ရွားမႈဟာ စစ္ေကာင္စီယႏၲယားကို အေတာ္အၾကပ္႐ိုက္ေစခဲ့ပါတယ္။ ဝန္ထမ္းတဦးခ်င္းအဖို႔ ဒီလႈပ္ရွားမႈပါဝင္ဖို႔ အေတာ္ေလး ခ်င့္ခ်ိန္စဥ္းစားခဲ့ၾကရတာပါ။ ဆႏၵျပသူေတြကို မတရားသျဖင့္ ပစ္ခတ္ႏွိမ္နင္းေနတဲ့လုပ္ရပ္အေပၚ မခံမရပ္ႏိုင္ေတာ့လို႔ ပါဝင္လာရတာလို႔ ပညာေရး CDM ဝန္ထမ္းတဦးက VOA ကို ေျပာပါတယ္။
"အဲဒီအခ်ိန္မွာ ဘာလုပ္ရမယ္ဆိုတာ ျပတ္ျပတ္သားသားမသိဘူး။ ဒါေပမယ့္ ဆႏၵျပသူေတြကိုအၾကမ္းဖက္ၿဖိဳခြင္းတာ၊ အဲဒီမွာ မတရားသျဖင့္ လုပ္ေနတာဆိုတဲ့ ခံစားခ်က္က ရင္ထဲမွာျဖစ္လာတာ။ အဆိုးဆုံးကေတာ့ မျမသြယ္သြယ္ခိုင္ကိစၥေပါ့။ အစကေတာ့ လူက ေၾကာက္ခဲ့တာေပါ့။ လက္နက္ေတြကို ေၾကာက္ခဲ့တယ္။ အဲဒီ့ကိစၥျဖစ္ၿပီးေနာက္မွာေတာ့ မမႈေတာ့ဘူးဆိုတဲ့ စိတ္ဝင္သြားတာေပါ့။ မတရားသျဖင့္ အုပ္ခ်ဳပ္ေနတာႀကီးကိုေတာ့ ဘယ္လိုမွ လက္မခံႏိုင္ေတာ့ဘူး၊ သူတို႔ခိုင္းတာ ဘယ္လိုမွ မလုပ္ႏိုင္ေတာ့ဘူးဆိုတဲ့ စိတ္ဝင္လာတယ္။ အဲဒီ့ေနမွာပါပဲ CDM ဝင္ဖို႔အတြက္ ဆုံးျဖတ္ခ်က္က ခိုင္မာသြားတာ။"
NLD ပါတီ အျပတ္အသတ္အႏိုင္ရခဲ့တဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ မဲစာရင္းမမွန္ကန္မႈေတြရွိတယ္လို႔ဆိုတဲ့ အေၾကာင္းျပခ်က္ေပးၿပီး စစ္တပ္က အာဏာသိမ္းယူပါတယ္။ ဒီ စစ္တပ္အာဏာသိမ္းမႈဟာ စစ္တပ္နဲ႔ NLD ပါတီအၾကား ျပႆနာဆိုၿပီး တခ်ိဳ႕က ပုံေဖာ္ပါတယ္။ လူငယ္ေတြ တတ္ႂကြလႈပ္ရွားသူေတြနဲ႔ ႏိုင္ငံဝန္ထမ္းေတြက စစ္ေကာင္စီနဲ႔မပူးေပါင္းမေဆာင္႐ြက္ႏိုင္ဘူးဆိုေပမယ့္၊ ႏိုင္ငံေရးပါတီအမ်ားစုဟာ စစ္ေကာင္စီရဲ႕ ဥပေဒေအာက္မွာပဲ ဆက္ရပ္တည္ေနၾကပါတယ္။ ဒီထဲမွာမွ ထူးထူးျခားျခား ေႏြဦးေတာ္လွန္ေရးထဲ ပါတီတစုံလုံး ပါဝင္လာတာကေတာ့ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီပါ။ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီဟာ ၁၉၈၈ ခုႏွစ္ လူထုလႈပ္ရွားမႈေနာက္ လူငယ္ေက်ာင္းသားေတြနဲ႔အမာခံ ဖြဲ႕ခဲ့ၿပီး အဲဒီေနာက္ေျမေအာက္ပါတီျဖစ္ခဲ့ပါတယ္။ ၂၀၁၀ ႏိုင္ငံေရးအခင္းအက်င္းသစ္မွာေတာ့ တရားဝင္ႏိုင္ငံေရးပါတီျပန္ျဖစ္လာပါတယ္။ အခု အာဏာသိမ္းျဖစ္စဥ္ကိုၾကည့္လိုက္ရင္ စစ္တပ္က စိတ္ႀကိဳက္ဆြဲထားတဲ့ ၂၀၀၈ ဖြဲ႕စည္းပုံ အလုပ္မျဖစ္ႏိုင္ေတာ့ဘူးဆိုတာထင္ရွားလို႔ စစ္ေကာင္စီအုပ္ခ်ဳပ္ေရးေအာက္က ႏိုင္ငံေရးပါတီအျဖစ္မခံပဲ၊ ဒီလႈပ္ရွားမႈမွာ ပါဝင္လာတာလို႔ ပါတီဥကၠဌ ဦးေအာင္မိုးေဇာ္က ေျပာပါတယ္။
"အေျခခံကေတာ့ တိုင္းျပည္ထဲကို ျပန္ဝင္ကတည္းက က်ေနာ္တို႔နားလည္တာက တိုင္းျပည္ထဲမွာ ဒီမိုကေရစီေရးအေျခခံက တေျဖးေျဖးခ်င္းပြင့္လာလိမ့္မယ္၊ ၂၀၀၈ ကိုလည္း တေျဖးေျဖးခ်င္း ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနည္းနဲ႔ ေက်ာ္သြားလို႔ရလိမ့္မယ္လို႔ က်ေနာ္တို႔ ယူဆခဲ့တယ္။ အဲဒီ့အေျခခံနဲ႔ တိုင္းျပည္ထဲျပန္ၿပီး ႐ုန္းကန္မယ္ဆိုၿပီး က်ေနာ္တို႔ ျပန္ခဲ့တာျဖစ္တယ္။ လက္ေတြ႕က်ေတာ့ ေပးထားတဲ့အေျခအေနေအာက္မွာ ဘယ္လိုမွ ၂၀၀၈ ကိုခ်ဲ႕ယူလို႔မရဘူး၊ ေက်ာ္လို႔မရဘူး။ ဒီအာဏာသိမ္းတဲ့ျဖစ္စဥ္က ေတာ္ေတာ္ထင္ရွားတဲ့ျဖစ္စဥ္ျဖစ္တယ္။ ဒါေတာ့ မရေတာ့ဘူးဆိုၿပီးေတာ့ က်ေနာ္တို႔အေနနဲ႔ ဒီလႈပ္ရွားမႈမွာပါဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္တယ္"
အခုဆိုရင္ စစ္တပ္က အာဏာသိမ္းခဲ့တာ ႏွစ္ႏွစ္ျပည့္ၿပီျဖစ္သလို၊ စစ္အာဏာရွင္ဆန႔္က်င္ေရး ေႏြဦးေတာ္လွန္ေရးဟာလည္း ႏွစ္ႏွစ္ထဲဝင္လာပါၿပီ။ စစ္ေကာင္စီနဲ႔ မပူးေပါင္းဘူးဆိုတဲ့ CDM ဝန္ထမ္းေတြအဖို႔ အခ်ိန္ၾကာလာတာနဲ႔အမွ် အက်ပ္အတည္းေတြ ႀကဳံေတြ႕ေနရေပမယ့္လည္း၊ မွန္ကန္တဲ့ ရပ္တည္မႈအတြက္ ကိုယ့္ကိုကိုယ္ အားေပးဂုဏ္ယူရတယ္လို႔ CDM ပညာေရးဝန္ထမ္းက ေျပာပါတယ္။
"ကိုယ္က စာသင္တာတခုတည္းမဟုတ္ဘူး၊ ကိုယ္မွန္တာကိုလည္း လုပ္တယ္ဆို၊ ကိုယ္ကိုယ္တိုင္လုပ္ခဲ့တယ္ဆိုတဲ့ စိတ္ေပါ့၊ အဓိကကေတာ့ လိပ္ျပာသန႔္တာပါပဲ"
ႏွစ္ႏွစ္ၾကာေပမယ့္ စစ္အာဏာရွင္ဆန႔္က်င္ေရး ျမန္မာလူထုရဲ႕ သံဓိဌာန္ဟာ ခိုင္ခိုင္မာမာရွိေနသလို၊ ႏိုင္ငံေရး စုဖြဲ႕မႈေတြလည္း ပိုအားေကာင္းလာတယ္လို႔ လူ႔ေဘာင္သစ္ဒီမိုကရက္တစ္ပါတီ ဥကၠဌ ဦးေအာင္မိုးေဇာ္က ေျပာပါတယ္။
"စစ္အုပ္စုကို ဘဂၤလားပင္လယ္ေအာ္ထဲ ကန္ခ်မယ္ဆိုတဲ့ ျပည္သူလူထုရဲ႕ သံဓိဌာန္ ခုခ်ိန္အထိ ထင္ထင္ရွားရွားေတြ႕ေနရတုန္းပဲလို႔ က်ေနာ္တို႔ယူဆတယ္။ လက္ေတြ႕ပိုင္းအရ ႏိုင္ငံတကာပံ့ပိုးမႈအရပဲ ၾကည့္ၾကည့္ ျပည္တြင္းမွာရွိတဲ့အင္အားစုအသီးသီးရဲ႕ ဆက္စပ္မႈကိုပဲ ၾကည့္ၾကည့္၊ ပိုၿပီးတိုးတက္လာတယ္၊ ပိုၿပီး ေကာင္းလာတယ္လို႔ က်ေနာ္ျမင္တယ္။ အခုလာမယ့္ ၂၀၂၃ ေပါ့ ပိုၿပီးေတာ့ ထင္ထင္ရွားရွား ဒီလႈပ္ရွားမႈေတြက ပိုၿပီးအားေကာင္းလာစရာရွိတယ္လို႔ က်ေနာ္ေတာ့ အဲဒီလိုျမင္ပါတယ္ဗ်"
အိမ္ျပန္ႏိုင္ရမယ္လို႔ ယုံၾကည္ထားသလို၊ ခံယူခ်က္လည္း လုံး၀မေျပာင္းလဲသြားဘူးလို႔ ဥကၠာခ်မ္းၿငိမ္းက ေျပာပါတယ္။
"မေျပာင္းဘူးကိုႀကီး ဒီတိုင္းပဲ၊ စထြက္လာကတည္းက ငါတို႔ တေန႔အိမ္ျပန္မယ္ဆိုတဲ့ ခံစားခ်က္နဲ႔လာတာ၊ ငါတို႔ႏိုင္ငံကိုလည္း ျပန္ယူမယ္ေပါ့၊ အဲဒီ့ခံစားခ်က္က ဒီအခ်ိန္အထိ ဒီတိုင္းရွိေနေသးတယ္"
ျမန္မာ့ႏိုင္ငံေရးဟာလည္း စစ္တပ္အာဏာသိမ္းၿပီးေနာက္ အေျပာင္းလဲႀကီး ေျပာင္းလဲခဲ့ပါတယ္။ ေတြ႕ဆုံေဆြးေႏြးအေျဖရွာေရး ျပန္လည္သင့္ျမတ္ေရးဆိုတဲ့ ႏိုင္ငံေရးေလထုႀကီးဟာ စစ္ေကာင္စီရဲ႕အၾကမ္းဖက္ႏွိပ္ကြပ္မႈေတြေနာက္ လြင့္ပါသြားပါတယ္။ ကိုေနဘုန္းလတ္ကေတာ့ ဘယ္လိုမွ ေနာက္ေၾကာင္းျပန္လွည့္လို႔မရေတာ့တဲ့အေျခအေန၊ စစ္ေခါင္းေဆာင္ေတြကို ထိုက္တန္တဲ့ျပစ္ဒဏ္ေပးမွ အနာဂတ္ကို ေရွ႕ဆက္ရမယ့္အေျခအေန ေရာက္သြားၿပီလို႔ ေျပာပါတယ္။
"အမ်ားႀကီး က်ေနာ္တို႔တေတြ ရင္းႏွီးေပးဆပ္ခဲ့ရၿပီးၿပီ ဒီႏွစ္ႏွစ္အတြင္းမွာ၊ က်ေနာ္ ျပန္ေတြးတိုင္း ေတြးတိုင္းလည္း စိတ္ထဲမွာ အရမ္းကို နာက်င္ရတယ္၊ ခံစားရတယ္။ က်ေနာ္တို႔ အမ်ားႀကီးေပးဆပ္ခဲ့ရတယ္။ ဒီလိုအခ်ိန္မွာ ဘယ္ေတာ့မွ ေနာက္ျပန္လွည့္စရာအေၾကာင္းလည္းမရွိဘူး။ လွည့္လည္း လွည့္မွာမဟုတ္ဘူး။ ဒီေတာ္လွန္ေရးကို အဆုံးအျဖတ္ေပးမွာ အဲဒါပဲ ၊ ျပည္သူေတြကို လိုက္ေမးၾကည့္ပါ။ မင္းေအာင္လႈိင္တို႔က ေတာင္းပန္ပါတယ္ဆို ေၾကေအးေပးမယ့္ျပည္သူဘယ္ႏွစ္ေယာက္ရွိသလဲ၊ က်ေနာ္တို႔ကေတာ့ ဘယ္လိုမွ မေၾကေအးႏိုင္ဘူး၊ ဒီလိုေျပာလို႔ က်ေနာ္တို႔က ေသြးဆာေနတဲ့လူေတြလို႔ က်ေနာ္တို႔ကို မျမင္ေစခ်င္ဘူး။ ဒီစစ္ေခါင္းေဆာင္ေတြ သူတို႔လုပ္ခဲ့တဲ့ျပစ္မႈ ျပစ္ဒဏ္ေတြနဲ႔ပတ္သက္ၿပီးေတာ့ ထိုက္တန္တဲ့အျပစ္ ျပန္ေပးကိုေပးရမယ္။"
စစ္တပ္က အာဏာသိမ္းယူခဲ့တာဟာ ျမန္မာ့ႏိုင္ငံေရးမွာ ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ ၿပီးရင္ ဒါဟာစတုတၱအႀကိမ္ပါ။ အခု တေခါက္ အာဏာသိမ္းယူမႈမွာေတာ့ ႏွစ္ႏွစ္ရွိသြားေပမယ့္၊ အာဏာသိမ္းစစ္ေခါင္းေဆာင္ေတြဟာ ျမန္မာတႏိုင္ငံလုံးကို ပိုင္ပိုင္ႏိုင္ႏိုင္ အုပ္ခ်ဳပ္လို႔ မရေသးပါဘူး။ အိမ္နီးခ်င္းႏိုင္ငံေတြအပါအဝင္ ႏိုင္ငံတကာရဲ႕ဖိအားေတြႀကဳံရသလို၊ ႏိုင္ငံေရးအရ ေတြ႕ဆုံေျဖရွင္းဖို႔လမ္းစလည္း မေဖာ္ႏိုင္ပါဘူး။ စစ္တပ္ကစိတ္ႀကိဳက္ေရးဆြဲခဲ့တဲ့ ၂၀၀၈ ဖြဲ႕စည္းပုံကိုပါ စစ္ေကာင္စီအေနနဲ႔ ဆက္လက္ကိုင္စြဲဖို႔ အခက္ႀကဳံႏိုင္တယ္လို႔ ႏိုင္ငံေရးေလ့လာသူေတြ ယူဆပါတယ္။ လက္ရွိႀကဳံေနရတဲ့ ျပႆနာအရပ္ရပ္ကို ႏိုင္ငံေရးအရေျဖရွင္းႏိုင္မယ့္ အခြင့္အလမ္းအင္မတန္နည္းေနတာဟာ စစ္ေကာင္စီအတြက္ေတာ့ ႀကီးမားတဲ့ႏိုင္ငံေရးအက်ပ္အတည္းျဖစ္မယ္လို႔ တြက္ဆၾကပါတယ္။ အာဏာသိမ္းၿပီးေနာက္ PDF လို႔ေခၚတဲ့ ျပည္သူ႔ကာကြယ္ေရးတပ္ေတြ ေပၚလာသလို၊ ႏွစ္ႏွစ္အတြင္းမွာပဲ PDFs ေတြဟာ ႏိုင္ငံေနရာအေတာ္မ်ားမ်ားမွာ အခိုင္အမာရွိလာတာေၾကာင့္ စစ္ေကာင္စီအဖို႔ စစ္ေရးအရပါ အက်ပ္အတည္းႀကဳံလာရပါတယ္။ စစ္တပ္အာဏာသိမ္းမႈကို ဆန႔္က်င္ေတာ္လွန္ေနသူေတြဖက္က သူတို႔ခံယူမႈေတြ ယုံၾကည္မႈေတြ မေျပာင္းမလဲ ရွိေနတာမို႔လည္း ၊ ႏိုင္ငံေရး စစ္ေရး မၿငိမ္သက္မႈေတြ ဆက္ၿပီး ရွိေနဦးမယ္လို႔ ေလ့လာသူေတြ တြက္ဆၾကပါတယ္။
(unicode)
စစ်တပ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ နွေဦးတော်လှန်ရေး နှစ်နှစ်ကြာလာပေမယ့်၊ ဒီလှုပ်ရှားမှုမှာ ပါဝင်လာသူတွေကတော့ အခုအချိန်အထိ သွေးမအေးပဲ စစ်အာဏာရှင်ဆန့်ကျင်ရေးနဲ့ နွေဦးတော်လှန်ရေး အနိုင်ရရမယ်လို့ အခိုင်အမာယုံကြည်ထားကြဆဲပါ။ ဘာကြောင့် သူတို့ ယုံကြည်မှုတွေ ခိုင်မြဲနေတာလဲ၊ ထိုင်း-မြန်မာနယ်စပ်မှာ ကိုသားညွန့်ဦး တွေ့ဆုံမေးမြန်းသတင်းပေးပို့ထားပါတယ်။
လွန်ခဲ့တဲ့နှစ်နှစ် စစ်တပ်ကအာဏာမသိမ်းခင် အရပ်သားအစိုးရအောက်မှာ လူတိုင်းလူတိုင်းဟာ ဘ၀မျှော်လင့်ချက်တွေ မျှော်မှန်းချက်တွေ အစီအစဉ်တကျနဲ့ အနာဂတ်ကို ရုပ်လုံးဖော်နေကြတာပါ။ ဒါပေမယ့် ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် စစ်တပ်က အာဏာသိမ်းလိုက်ချိန်မှာတော့ သူတို့ရဲ့ အိပ်မက်တွေ ပြောင်းလဲခဲ့ရတယ်လို့ နွေဦးတော်လှန်ရေးထဲ ပါဝင်ခဲ့ကြသူတွေက VOA ကို ပြောကြပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်တဦးဖြစ်တဲ့ ကိုနေဘုန်းလတ်ဟာ အနာဂတ် နိင်ငံရေးမှာ စူးစူးနစ်နစ်ပါဝင်ဖို့ထက်၊ ကလေးငယ်တွေအတွက် ပန်းခြံတွေဆောက်ပေးဖို့ စိတ်ကူးခဲ့သူပါ။ ကားတာယာဟောင်းတွေကို ရောင်စုံဆေးမှုတ်ပြီး ကလေးပန်းခြံလေးတွေဆောက်ပေးဖို့ဆိုတာဟာ စစ်အာဏာမသိမ်းခင်လေး သူ့အိပ်မက်ပါ။
"အာဏာမသိမ်းခင်နေ့မှာ ကျနော်လုပ်နေတဲ့အလုပ်က အဲဒီအလုပ်ပေါ့ တာယာတွေ ဆေးမှုတ်နေတာ၊ ဖေ့ဘုတ်ပေါ် တင်လိုက်တယ်။ ကလေးတွေအတွက် ကျနော် ကစားကွင်းလေး လုပ်ချင်လို့ ဘယ်ဆေးမှုတ်ရင်ကောင်းမလဲလို့ ကျနော်စမ်းနေလို့၊ အဲဒီ ပိုစ်လေးပေါ့ ကျနော်မှတ်မိနေတာ။ အဲဒီပို့စ်က ဇန်နဝါရီ ၃၁ ဖြစ်မှာပေါ့။ အဲတော့ ကျနော်တို့စိတ်က အရမ်းရှင်းတယ်။ ကျနော်ဆိုရင် ကလေးတွေအတွက် ရည်မှန်းထားတာ။ တိုင်းပြည်ကောင်းဖို့အတွက် ဘာလုပ်မလဲ၊ ကလေးတွေအတွက် ဘာလုပ်မလဲ။ ကျနော်တို့စိတ်က ရိုးရိုးရှင်းရှင်းလေးပဲ။ ဒါပေမယ့် အဲဒီ့နေ့ညမှာ အာဏာသိမ်းဖို့ကြိုးစားပြီး မနက် ၄ နာရီလောက်မှာ ကျနော့်ဆီကို သတင်းတွေဝင်လာတယ်။ အဲဒီမှာ ဖမ်းတယ်ဆီးတယ်ဖြစ်တော့ ကျနော့်ရဲ့ ၁ရက်နေ့ ပိုစ်က black screen ဖြစ်သွားတယ်။ ၂ နှစ်ပြည့်နေ့ကျရင် အဲဒါလေးကိုပြန်ရေးမလို့လုပ်နေတယ်။ တချို့ဆို မှတ်တောင်မှတ်မိပါတော့မလား ၃၁ရက်နေ့မှာ ဘာတင်ခဲ့လဲဆိုတာ။ ဒါ ကျနော်တယောက်တည်းမဟုတ်ဘူး၊ ပြည်သူတိုင်း ပြည်သူတိုင်းဟာ ၃၁ရက်နေ့အထိက မျှော်လင့်ချက်တွေ၊ရည်မှန်းချက်တွေ သူတို့ဘ၀အတွက်၊ တိုင်းပြည်အတွက်ရောသူတို့အတွက်ရောပေါ့ တကယ့်ကို မျှော်လင့်ချက်တလူလူ အညွှန့်တလူလူနဲ့ မျှော်လင့်ချက်တွေ ဝေဝေဆာဆာနဲ့ အိပ်မက်တွေအများကြီးနဲ့၊ ၃၁ ရက်နေ့အထိ အဲဒီ့အတိုင်းပဲဗျ။ ၁ရက်နေ့မှာ အဲဒါတွေ အကုန်ဖျက်ဆီးပစ်တာ"
ကိုနေဘုန်းလတ်ဟာ အခုတော့ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြောခွင့်ဆိုခွင့်ရှိသူတဦးဖြစ်လာပါတယ်။ ကိုနေဘုန်းလတ်လိုပါပဲ၊ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ သူတို့ရဲ့ အိပ်မက်တွေ ဖျက်ဆီးခံလိုက်ရသလိုပါပဲလို့ Gen Z လို့ ခေါ်ကြတဲ့ မျိုးဆက်သစ်လူငယ်တွေက ယူဆကြပါတယ်။ ဒီအထဲ ဥက္ကာချမ်းငြိမ်းလည်း အပါအဝင်ပါ။
"စပြီးခံစားမိတဲ့အရာကတော့ ကိုယ့်နိုင်ငံကြီး မှောင်သွားပြီဆိုတဲ့ အသိမျိုးပေါ့ ကိုကြီးရာ၊ ငါတို့ရမယ့် နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးသွားပြီဆိုတာ ခံစားမိတယ် ပထမဆုံးကတော့"
စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးအစောပိုင်းကာလတွေမှာတော့ နိုင်ငံ၀န်ထမ်းအတော်များများရဲ့ CDM လို့ ခေါ်တဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ မပူးပေါင်းမဆောင်ရွက်ဘူး ဆိုပြီး ကြီးမားတဲ့လှုပ်ရှားမှုကြီးဖြစ်လာသလို၊ အဲဒီ လှုပ်ရှားမှုဟာ စစ်ကောင်စီယန္တယားကို အတော်အကြပ်ရိုက်စေခဲ့ပါတယ်။ ဝန်ထမ်းတဦးချင်းအဖို့ ဒီလှုပ်ရှားမှုပါဝင်ဖို့ အတော်လေး ချင့်ချိန်စဉ်းစားခဲ့ကြရတာပါ။ ဆန္ဒပြသူတွေကို မတရားသဖြင့် ပစ်ခတ်နှိမ်နင်းနေတဲ့လုပ်ရပ်အပေါ် မခံမရပ်နိုင်တော့လို့ ပါဝင်လာရတာလို့ ပညာရေး CDM ဝန်ထမ်းတဦးက VOA ကို ပြောပါတယ်။
"အဲဒီအချိန်မှာ ဘာလုပ်ရမယ်ဆိုတာ ပြတ်ပြတ်သားသားမသိဘူး။ ဒါပေမယ့် ဆန္ဒပြသူတွေကိုအကြမ်းဖက်ဖြိုခွင်းတာ၊ အဲဒီမှာ မတရားသဖြင့် လုပ်နေတာဆိုတဲ့ ခံစားချက်က ရင်ထဲမှာဖြစ်လာတာ။ အဆိုးဆုံးကတော့ မမြသွယ်သွယ်ခိုင်ကိစ္စပေါ့။ အစကတော့ လူက ကြောက်ခဲ့တာပေါ့။ လက်နက်တွေကို ကြောက်ခဲ့တယ်။ အဲဒီ့ကိစ္စဖြစ်ပြီးနောက်မှာတော့ မမှုတော့ဘူးဆိုတဲ့ စိတ်ဝင်သွားတာပေါ့။ မတရားသဖြင့် အုပ်ချုပ်နေတာကြီးကိုတော့ ဘယ်လိုမှ လက်မခံနိုင်တော့ဘူး၊ သူတို့ခိုင်းတာ ဘယ်လိုမှ မလုပ်နိုင်တော့ဘူးဆိုတဲ့ စိတ်ဝင်လာတယ်။ အဲဒီ့နေမှာပါပဲ CDM ဝင်ဖို့အတွက် ဆုံးဖြတ်ချက်က ခိုင်မာသွားတာ။"
NLD ပါတီ အပြတ်အသတ်အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲစာရင်းမမှန်ကန်မှုတွေရှိတယ်လို့ဆိုတဲ့ အကြောင်းပြချက်ပေးပြီး စစ်တပ်က အာဏာသိမ်းယူပါတယ်။ ဒီ စစ်တပ်အာဏာသိမ်းမှုဟာ စစ်တပ်နဲ့ NLD ပါတီအကြား ပြဿနာဆိုပြီး တချို့က ပုံဖော်ပါတယ်။ လူငယ်တွေ တတ်ကြွလှုပ်ရှားသူတွေနဲ့ နိုင်ငံဝန်ထမ်းတွေက စစ်ကောင်စီနဲ့မပူးပေါင်းမဆောင်ရွက်နိုင်ဘူးဆိုပေမယ့်၊ နိုင်ငံရေးပါတီအများစုဟာ စစ်ကောင်စီရဲ့ ဥပဒေအောက်မှာပဲ ဆက်ရပ်တည်နေကြပါတယ်။ ဒီထဲမှာမှ ထူးထူးခြားခြား နွေဦးတော်လှန်ရေးထဲ ပါတီတစုံလုံး ပါဝင်လာတာကတော့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီပါ။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုနောက် လူငယ်ကျောင်းသားတွေနဲ့အမာခံ ဖွဲ့ခဲ့ပြီး အဲဒီနောက်မြေအောက်ပါတီဖြစ်ခဲ့ပါတယ်။ ၂၀၁၀ နိုင်ငံရေးအခင်းအကျင်းသစ်မှာတော့ တရားဝင်နိုင်ငံရေးပါတီပြန်ဖြစ်လာပါတယ်။ အခု အာဏာသိမ်းဖြစ်စဉ်ကိုကြည့်လိုက်ရင် စစ်တပ်က စိတ်ကြိုက်ဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အလုပ်မဖြစ်နိုင်တော့ဘူးဆိုတာထင်ရှားလို့ စစ်ကောင်စီအုပ်ချုပ်ရေးအောက်က နိုင်ငံရေးပါတီအဖြစ်မခံပဲ၊ ဒီလှုပ်ရှားမှုမှာ ပါဝင်လာတာလို့ ပါတီဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
"အခြေခံကတော့ တိုင်းပြည်ထဲကို ပြန်ဝင်ကတည်းက ကျနော်တို့နားလည်တာက တိုင်းပြည်ထဲမှာ ဒီမိုကရေစီရေးအခြေခံက တဖြေးဖြေးချင်းပွင့်လာလိမ့်မယ်၊ ၂၀၀၈ ကိုလည်း တဖြေးဖြေးချင်း ငြိမ်းငြိမ်းချမ်းချမ်းနည်းနဲ့ ကျော်သွားလို့ရလိမ့်မယ်လို့ ကျနော်တို့ ယူဆခဲ့တယ်။ အဲဒီ့အခြေခံနဲ့ တိုင်းပြည်ထဲပြန်ပြီး ရုန်းကန်မယ်ဆိုပြီး ကျနော်တို့ ပြန်ခဲ့တာဖြစ်တယ်။ လက်တွေ့ကျတော့ ပေးထားတဲ့အခြေအနေအောက်မှာ ဘယ်လိုမှ ၂၀၀၈ ကိုချဲ့ယူလို့မရဘူး၊ ကျော်လို့မရဘူး။ ဒီအာဏာသိမ်းတဲ့ဖြစ်စဉ်က တော်တော်ထင်ရှားတဲ့ဖြစ်စဉ်ဖြစ်တယ်။ ဒါတော့ မရတော့ဘူးဆိုပြီးတော့ ကျနော်တို့အနေနဲ့ ဒီလှုပ်ရှားမှုမှာပါဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်"
အခုဆိုရင် စစ်တပ်က အာဏာသိမ်းခဲ့တာ နှစ်နှစ်ပြည့်ပြီဖြစ်သလို၊ စစ်အာဏာရှင်ဆန့်ကျင်ရေး နွေဦးတော်လှန်ရေးဟာလည်း နှစ်နှစ်ထဲဝင်လာပါပြီ။ စစ်ကောင်စီနဲ့ မပူးပေါင်းဘူးဆိုတဲ့ CDM ဝန်ထမ်းတွေအဖို့ အချိန်ကြာလာတာနဲ့အမျှ အကျပ်အတည်းတွေ ကြုံတွေ့နေရပေမယ့်လည်း၊ မှန်ကန်တဲ့ ရပ်တည်မှုအတွက် ကိုယ့်ကိုကိုယ် အားပေးဂုဏ်ယူရတယ်လို့ CDM ပညာရေးဝန်ထမ်းက ပြောပါတယ်။
"ကိုယ်က စာသင်တာတခုတည်းမဟုတ်ဘူး၊ ကိုယ်မှန်တာကိုလည်း လုပ်တယ်ဆို၊ ကိုယ်ကိုယ်တိုင်လုပ်ခဲ့တယ်ဆိုတဲ့ စိတ်ပေါ့၊ အဓိကကတော့ လိပ်ပြာသန့်တာပါပဲ"
နှစ်နှစ်ကြာပေမယ့် စစ်အာဏာရှင်ဆန့်ကျင်ရေး မြန်မာလူထုရဲ့ သံဓိဌာန်ဟာ ခိုင်ခိုင်မာမာရှိနေသလို၊ နိုင်ငံရေး စုဖွဲ့မှုတွေလည်း ပိုအားကောင်းလာတယ်လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
"စစ်အုပ်စုကို ဘင်္ဂလားပင်လယ်အော်ထဲ ကန်ချမယ်ဆိုတဲ့ ပြည်သူလူထုရဲ့ သံဓိဌာန် ခုချိန်အထိ ထင်ထင်ရှားရှားတွေ့နေရတုန်းပဲလို့ ကျနော်တို့ယူဆတယ်။ လက်တွေ့ပိုင်းအရ နိုင်ငံတကာပံ့ပိုးမှုအရပဲ ကြည့်ကြည့် ပြည်တွင်းမှာရှိတဲ့အင်အားစုအသီးသီးရဲ့ ဆက်စပ်မှုကိုပဲ ကြည့်ကြည့်၊ ပိုပြီးတိုးတက်လာတယ်၊ ပိုပြီး ကောင်းလာတယ်လို့ ကျနော်မြင်တယ်။ အခုလာမယ့် ၂၀၂၃ ပေါ့ ပိုပြီးတော့ ထင်ထင်ရှားရှား ဒီလှုပ်ရှားမှုတွေက ပိုပြီးအားကောင်းလာစရာရှိတယ်လို့ ကျနော်တော့ အဲဒီလိုမြင်ပါတယ်ဗျ"
အိမ်ပြန်နိုင်ရမယ်လို့ ယုံကြည်ထားသလို၊ ခံယူချက်လည်း လုံး၀မပြောင်းလဲသွားဘူးလို့ ဥက္ကာချမ်းငြိမ်းက ပြောပါတယ်။
"မပြောင်းဘူးကိုကြီး ဒီတိုင်းပဲ၊ စထွက်လာကတည်းက ငါတို့ တနေ့အိမ်ပြန်မယ်ဆိုတဲ့ ခံစားချက်နဲ့လာတာ၊ ငါတို့နိုင်ငံကိုလည်း ပြန်ယူမယ်ပေါ့၊ အဲဒီ့ခံစားချက်က ဒီအချိန်အထိ ဒီတိုင်းရှိနေသေးတယ်"
မြန်မာ့နိုင်ငံရေးဟာလည်း စစ်တပ်အာဏာသိမ်းပြီးနောက် အပြောင်းလဲကြီး ပြောင်းလဲခဲ့ပါတယ်။ တွေ့ဆုံဆွေးနွေးအဖြေရှာရေး ပြန်လည်သင့်မြတ်ရေးဆိုတဲ့ နိုင်ငံရေးလေထုကြီးဟာ စစ်ကောင်စီရဲ့အကြမ်းဖက်နှိပ်ကွပ်မှုတွေနောက် လွင့်ပါသွားပါတယ်။ ကိုနေဘုန်းလတ်ကတော့ ဘယ်လိုမှ နောက်ကြောင်းပြန်လှည့်လို့မရတော့တဲ့အခြေအနေ၊ စစ်ခေါင်းဆောင်တွေကို ထိုက်တန်တဲ့ပြစ်ဒဏ်ပေးမှ အနာဂတ်ကို ရှေ့ဆက်ရမယ့်အခြေအနေ ရောက်သွားပြီလို့ ပြောပါတယ်။
"အများကြီး ကျနော်တို့တတွေ ရင်းနှီးပေးဆပ်ခဲ့ရပြီးပြီ ဒီနှစ်နှစ်အတွင်းမှာ၊ ကျနော် ပြန်တွေးတိုင်း တွေးတိုင်းလည်း စိတ်ထဲမှာ အရမ်းကို နာကျင်ရတယ်၊ ခံစားရတယ်။ ကျနော်တို့ အများကြီးပေးဆပ်ခဲ့ရတယ်။ ဒီလိုအချိန်မှာ ဘယ်တော့မှ နောက်ပြန်လှည့်စရာအကြောင်းလည်းမရှိဘူး။ လှည့်လည်း လှည့်မှာမဟုတ်ဘူး။ ဒီတော်လှန်ရေးကို အဆုံးအဖြတ်ပေးမှာ အဲဒါပဲ ၊ ပြည်သူတွေကို လိုက်မေးကြည့်ပါ။ မင်းအောင်လှိုင်တို့က တောင်းပန်ပါတယ်ဆို ကြေအေးပေးမယ့်ပြည်သူဘယ်နှစ်ယောက်ရှိသလဲ၊ ကျနော်တို့ကတော့ ဘယ်လိုမှ မကြေအေးနိုင်ဘူး၊ ဒီလိုပြောလို့ ကျနော်တို့က သွေးဆာနေတဲ့လူတွေလို့ ကျနော်တို့ကို မမြင်စေချင်ဘူး။ ဒီစစ်ခေါင်းဆောင်တွေ သူတို့လုပ်ခဲ့တဲ့ပြစ်မှု ပြစ်ဒဏ်တွေနဲ့ပတ်သက်ပြီးတော့ ထိုက်တန်တဲ့အပြစ် ပြန်ပေးကိုပေးရမယ်။"
စစ်တပ်က အာဏာသိမ်းယူခဲ့တာဟာ မြန်မာ့နိုင်ငံရေးမှာ ၁၉၅၈၊ ၁၉၆၂၊ ၁၉၈၈ ပြီးရင် ဒါဟာစတုတ္တအကြိမ်ပါ။ အခု တခေါက် အာဏာသိမ်းယူမှုမှာတော့ နှစ်နှစ်ရှိသွားပေမယ့်၊ အာဏာသိမ်းစစ်ခေါင်းဆောင်တွေဟာ မြန်မာတနိုင်ငံလုံးကို ပိုင်ပိုင်နိုင်နိုင် အုပ်ချုပ်လို့ မရသေးပါဘူး။ အိမ်နီးချင်းနိုင်ငံတွေအပါအဝင် နိုင်ငံတကာရဲ့ဖိအားတွေကြုံရသလို၊ နိုင်ငံရေးအရ တွေ့ဆုံဖြေရှင်းဖို့လမ်းစလည်း မဖော်နိုင်ပါဘူး။ စစ်တပ်ကစိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကိုပါ စစ်ကောင်စီအနေနဲ့ ဆက်လက်ကိုင်စွဲဖို့ အခက်ကြုံနိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေ ယူဆပါတယ်။ လက်ရှိကြုံနေရတဲ့ ပြဿနာအရပ်ရပ်ကို နိုင်ငံရေးအရဖြေရှင်းနိုင်မယ့် အခွင့်အလမ်းအင်မတန်နည်းနေတာဟာ စစ်ကောင်စီအတွက်တော့ ကြီးမားတဲ့နိုင်ငံရေးအကျပ်အတည်းဖြစ်မယ်လို့ တွက်ဆကြပါတယ်။ အာဏာသိမ်းပြီးနောက် PDF လို့ခေါ်တဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ပေါ်လာသလို၊ နှစ်နှစ်အတွင်းမှာပဲ PDFs တွေဟာ နိုင်ငံနေရာအတော်များများမှာ အခိုင်အမာရှိလာတာကြောင့် စစ်ကောင်စီအဖို့ စစ်ရေးအရပါ အကျပ်အတည်းကြုံလာရပါတယ်။ စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေသူတွေဖက်က သူတို့ခံယူမှုတွေ ယုံကြည်မှုတွေ မပြောင်းမလဲ ရှိနေတာမို့လည်း ၊ နိုင်ငံရေး စစ်ရေး မငြိမ်သက်မှုတွေ ဆက်ပြီး ရှိနေဦးမယ်လို့ လေ့လာသူတွေ တွက်ဆကြပါတယ်။
f