စစ္တပ္အာဏာသိမ္းထားတဲ့ ျမန္မာႏိုင္ငံမွာ လက္နက္ကိုင္တိုက္ပြဲနဲ႔ နယ္ေျမမတည္ၿငိမ္လို႔ အခုခ်ိန္ထိ ထြက္ေျပးတိမ္းေရွာင္ ေနရသူေတြထဲ ကေလးငယ္ေတြလည္း အေတာ္မ်ားမ်ား ပါဝင္ပါတယ္။ ကေလးငယ္ေတြဟာ သူတို႔ရဲ႕ ပညာသင္ၾကားခြင့္ အပါအဝင္ အေျခခံရပိုင္ခြင့္ေတြ အားလုံးနီးပါး ဆုံးရႈံးေနရၿပီး အ႐ြယ္ေရာက္ၿပီးသူေတြထက္ အကူအညီေတြလည္း ပိုလိုအပ္ေနတာပါ။ စစ္ေဘးအတြင္းက ကေလးငယ္ေတြအေၾကာင္း သတင္းေပးပို႔ထားပါတယ္။
ျမန္မာႏိုင္ငံမွာ လက္ရွိျဖစ္ပြားေနတဲ့ အက်ပ္အတည္းကာလ ႏွစ္ႏွစ္နီးပါး ၾကာျမင့္ခ်ိန္မွာ လူသားခ်င္းစာနာ ေထာက္ထားေရး အကူအညီေတြ ရရွိႏိုင္ဖို႔ အေရးတႀကီး လိုအပ္လာၿပီး အကူအညီ လိုအပ္ေနၾကတဲ့ ကေလးငယ္ေပါင္း ၅ သန္းေက်ာ္ ရွိေနတယ္လို႔ ကုလသမဂၢ ကေလးမ်ား ရံပုံေငြအဖြဲ႕ UNICEF က ထုတ္ျပန္ထားပါတယ္။ ေဒသတြင္း မတည္ၿငိမ္မႈေတြၾကားမွာ ေနအိမ္စြန႔္ၿပီး ႀကဳံရာက်ပန္း ထြက္ေျပးေနရတဲ့ အထဲမွာ ကေလးငယ္ေတြလည္း ပါဝင္ေနတာပါ။ စစ္ကိုင္းတိုင္း၊ ယင္းမာပင္ၿမိဳ႕နယ္မွာလည္း ႐ြာေတြထဲ စစ္ေၾကာင္းထိုးလာရင္ စစ္ေရွာင္သူဦးေရက ၅ ေထာင္ဝန္းက်င္မွာ ရွိေနၿပီး အဲဒီထဲမွာ ေမြးကင္းစနဲ႔ လသားအ႐ြယ္ ကေလးငယ္ေတြပါ ပါဝင္ေနတယ္လို႔ ယင္းမာပင္က စစ္ေဘးေရွာင္ေတြကို ကူညီေပးေနတဲ့ ဆရာေတာ္တစ္ပါးက မိန႔္ပါတယ္။
"ကေလးေတြရဲ႕ အေျခအေနကလည္း တခါတေလဆို ၄၊ ၅ လသားေလးေတြ စစ္ေရွာင္ထဲပါတယ္။ ေမြးကာစ ကေလးငယ္ေတြလည္း ေတြ႕ေနရတယ္။ က်န္းမာေရးေတြ ဘာေတြအတြက္ သူတို႔အတတ္ႏိုင္ဆုံး နီးစပ္ရာ ဆရာ၊ ဆရာမေလးေတြနဲ႔ ကုသရင္းနဲ႔ပဲ စစ္ေဘးေရွာင္ေနရတာပါ။ စစ္ေၾကာင္းေတြကေတာ့ လာလိုက္၊ ထြက္လိုက္ေပါ့ေနာ္။ အဓိက ျပည္သူ႔က်န္းမာေရး ဆိုေတာ့ ေဆး႐ုံ၊ ေဆးခန္းေတြဖြင့္ဖို႔ ႀကိဳးစားခ်င္တယ္။ ေနာက္ၿပီးေတာ့ ဒီေဆး႐ုံ၊ ေဆးခန္းေတြမွာ လိုအပ္တဲ့ ေဆးဝါးေတြကို လႉဒါန္းေပးၾကဖို႔၊ အကူအညီေတြရဖို႔ လိုတယ္ေပါ့။"
ကေလးငယ္ေတြ အပါအဝင္ စစ္ေရွာင္သူေတြအတြက္ က်န္းမာေရးက႑က အဓိက အေရးႀကီးေနၿပီး သူတို႔ကို အေျခခံ က်န္းမာေရး ေစာင့္ေရွာက္ႏိုင္ဖို႔ကို ႀကိဳးပမ္းေနရတုန္းပါ။ ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕နယ္၊ က်ဳံဒိုးၿမိဳ႕အနီးမွာလည္း ဇန္နဝါရီလ ၂၀ ကေန ၂၆ ရက္ေန႔အထိ စစ္ေကာင္စီနဲ႔ ေဒသခံေတာ္လွန္ေရး အင္အားစုေတြၾကား တိုက္ပြဲျဖစ္ခဲ့ပါတယ္။ အဲဒီ ၆ ရက္တာ တိုက္ပြဲအတြင္းမွာ ေဒသခံ ၂ ေသာင္းနီးပါးလည္း ေဘးလြတ္ရာ ထြက္ေျပးခဲ့ရၿပီး တခ်ိဳ႕ကေတာ့ သူတို႔ရဲ႕ ေနအိမ္ေတြဆီ ျပန္ႏိုင္တာလည္း ရွိေနၿပီလို႔ ကူညီေပးသူေတြက ေျပာပါတယ္။
စစ္ေရွာင္လာသူေတြ အေရးေပၚ စားေသာက္ေနထိုင္ဖို႔ အတြက္ ဘုန္းႀကီးေက်ာင္းေတြမွာ ေနရာထိုင္ခင္း ျပင္ဆင္ေပးထားၿပီး ေက်ာက္ေတာင္နဲ႔ ေကာ့ပလိုင္ဆီ ေရာက္လာတဲ့ စစ္ေရွာင္ေတြထဲမွာေတာ့ ကေလးငယ္ေတြ အေတာ္မ်ားမ်ား ပါဝင္တယ္လို႔ ကူညီေပးေနသူတဦးက ေျပာပါတယ္။
"ကေလးေတြကေတာ့ ေက်ာက္ေတာင္မွာ ၂၀၀ ဝန္းက်င္၊ ဘုန္းႀကီးေက်ာင္းမွာက အေယာက္ ၁၀၀ ေက်ာ္၊ ေကာ့ပလိုင္မွာ အေယာက္ ၁၀၀ ေက်ာ္။ စစ္ေရွာင္ကေလးေတြထဲမွာ မိန္းကေလးေတြ မ်ားတယ္။ ေယာက်္ားေလးေတြေတာ့ သိပ္မရွိဘူး။ ဒီစစ္ေရွာင္ေတြက ထိသြားတဲ့အိမ္ေတြ၊ မီးေလာင္သြားတဲ့ အိမ္ေတြကိုေတာ့ ဒီ ၁ရက္၊ ၂ ရက္အတြင္းမွာ ေထာက္ပံ့ေပးမယ္ေပါ့။"
ကမ္းနီ႐ြာကေန ေရာက္လာသူ တခ်ိဳ႕ကေတာ့ ေနအိမ္ဆီ ျပန္ေနၾကၿပီး၊ ေကာ့ဘိန္း႐ြာ ပတ္လည္မွာေတာ့ ပစ္ခတ္သံေတြ ၾကားေနရတုန္းပဲလို႔ ေျပာပါတယ္။ ျမန္မာႏိုင္ငံတြင္း ႀကဳံေနရတဲ့ ျပည္တြင္းပဋိပကၡေတြေၾကာင့္ ကေလးငယ္ေတြနဲ႔ သူတို႔မိသားစုေတြ ထိခိုက္နစ္နာမႈ ရွိေနၿပီး၊ ျမန္မာကေလးငယ္ ၅ ဒႆမ ၆ သန္းေလာက္ဟာ လူသားခ်င္းစာနာမႈ အကူအညီေတြ လိုအပ္ေနတယ္လို႔ UNICEF က ေျပာထားပါတယ္။ ကုလသမဂၢ လူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရးမႉး႐ုံး UNOCHA ကလည္း စစ္အာဏာသိမ္းၿပီးေနာက္ ျမန္မာႏိုင္ငံတဝွမ္း အိုးအိမ္စြန႔္ခြာ တိမ္းေရွာင္ၾကသူေပါင္း ၁ ဒႆမ ၁ သန္းေက်ာ္ ရွိတယ္လို႔ ေျပာပါတယ္။
{Unicode}
မြန်မာလက်နက်ကိုင်ပဋိပက္ခတွင်း ကလေးသူငယ်များ
ဇန်နဝါရီ ၃၁၊ ၂၀၂၃ (ဗွီအိုအေ၊မြန်မာ)
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံမှာ လက်နက်ကိုင်တိုက်ပွဲနဲ့ နယ်မြေမတည်ငြိမ်လို့ အခုချိန်ထိ ထွက်ပြေးတိမ်းရှောင် နေရသူတွေထဲ ကလေးငယ်တွေလည်း အတော်များများ ပါဝင်ပါတယ်။ ကလေးငယ်တွေဟာ သူတို့ရဲ့ ပညာသင်ကြားခွင့် အပါအဝင် အခြေခံရပိုင်ခွင့်တွေ အားလုံးနီးပါး ဆုံးရှုံးနေရပြီး အရွယ်ရောက်ပြီးသူတွေထက် အကူအညီတွေလည်း ပိုလိုအပ်နေတာပါ။ စစ်ဘေးအတွင်းက ကလေးငယ်တွေအကြောင်း သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပွားနေတဲ့ အကျပ်အတည်းကာလ နှစ်နှစ်နီးပါး ကြာမြင့်ချိန်မှာ လူသားချင်းစာနာ ထောက်ထားရေး အကူအညီတွေ ရရှိနိုင်ဖို့ အရေးတကြီး လိုအပ်လာပြီး အကူအညီ လိုအပ်နေကြတဲ့ ကလေးငယ်ပေါင်း ၅ သန်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေအဖွဲ့ UNICEF က ထုတ်ပြန်ထားပါတယ်။ ဒေသတွင်း မတည်ငြိမ်မှုတွေကြားမှာ နေအိမ်စွန့်ပြီး ကြုံရာကျပန်း ထွက်ပြေးနေရတဲ့ အထဲမှာ ကလေးငယ်တွေလည်း ပါဝင်နေတာပါ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာလည်း ရွာတွေထဲ စစ်ကြောင်းထိုးလာရင် စစ်ရှောင်သူဦးရေက ၅ ထောင်ဝန်းကျင်မှာ ရှိနေပြီး အဲဒီထဲမှာ မွေးကင်းစနဲ့ လသားအရွယ် ကလေးငယ်တွေပါ ပါဝင်နေတယ်လို့ ယင်းမာပင်က စစ်ဘေးရှောင်တွေကို ကူညီပေးနေတဲ့ ဆရာတော်တစ်ပါးက မိန့်ပါတယ်။
"ကလေးတွေရဲ့ အခြေအနေကလည်း တခါတလေဆို ၄၊ ၅ လသားလေးတွေ စစ်ရှောင်ထဲပါတယ်။ မွေးကာစ ကလေးငယ်တွေလည်း တွေ့နေရတယ်။ ကျန်းမာရေးတွေ ဘာတွေအတွက် သူတို့အတတ်နိုင်ဆုံး နီးစပ်ရာ ဆရာ၊ ဆရာမလေးတွေနဲ့ ကုသရင်းနဲ့ပဲ စစ်ဘေးရှောင်နေရတာပါ။ စစ်ကြောင်းတွေကတော့ လာလိုက်၊ ထွက်လိုက်ပေါ့နော်။ အဓိက ပြည်သူ့ကျန်းမာရေး ဆိုတော့ ဆေးရုံ၊ ဆေးခန်းတွေဖွင့်ဖို့ ကြိုးစားချင်တယ်။ နောက်ပြီးတော့ ဒီဆေးရုံ၊ ဆေးခန်းတွေမှာ လိုအပ်တဲ့ ဆေးဝါးတွေကို လှူဒါန်းပေးကြဖို့၊ အကူအညီတွေရဖို့ လိုတယ်ပေါ့။"
ကလေးငယ်တွေ အပါအဝင် စစ်ရှောင်သူတွေအတွက် ကျန်းမာရေးကဏ္ဍက အဓိက အရေးကြီးနေပြီး သူတို့ကို အခြေခံ ကျန်းမာရေး စောင့်ရှောက်နိုင်ဖို့ကို ကြိုးပမ်းနေရတုန်းပါ။ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့အနီးမှာလည်း ဇန်နဝါရီလ ၂၀ ကနေ ၂၆ ရက်နေ့အထိ စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေး အင်အားစုတွေကြား တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီ ၆ ရက်တာ တိုက်ပွဲအတွင်းမှာ ဒေသခံ ၂ သောင်းနီးပါးလည်း ဘေးလွတ်ရာ ထွက်ပြေးခဲ့ရပြီး တချို့ကတော့ သူတို့ရဲ့ နေအိမ်တွေဆီ ပြန်နိုင်တာလည်း ရှိနေပြီလို့ ကူညီပေးသူတွေက ပြောပါတယ်။
စစ်ရှောင်လာသူတွေ အရေးပေါ် စားသောက်နေထိုင်ဖို့ အတွက် ဘုန်းကြီးကျောင်းတွေမှာ နေရာထိုင်ခင်း ပြင်ဆင်ပေးထားပြီး ကျောက်တောင်နဲ့ ကော့ပလိုင်ဆီ ရောက်လာတဲ့ စစ်ရှောင်တွေထဲမှာတော့ ကလေးငယ်တွေ အတော်များများ ပါဝင်တယ်လို့ ကူညီပေးနေသူတဦးက ပြောပါတယ်။
"ကလေးတွေကတော့ ကျောက်တောင်မှာ ၂၀၀ ဝန်းကျင်၊ ဘုန်းကြီးကျောင်းမှာက အယောက် ၁၀၀ ကျော်၊ ကော့ပလိုင်မှာ အယောက် ၁၀၀ ကျော်။ စစ်ရှောင်ကလေးတွေထဲမှာ မိန်းကလေးတွေ များတယ်။ ယောကျ်ားလေးတွေတော့ သိပ်မရှိဘူး။ ဒီစစ်ရှောင်တွေက ထိသွားတဲ့အိမ်တွေ၊ မီးလောင်သွားတဲ့ အိမ်တွေကိုတော့ ဒီ ၁ရက်၊ ၂ ရက်အတွင်းမှာ ထောက်ပံ့ပေးမယ်ပေါ့။"
ကမ်းနီရွာကနေ ရောက်လာသူ တချို့ကတော့ နေအိမ်ဆီ ပြန်နေကြပြီး၊ ကော့ဘိန်းရွာ ပတ်လည်မှာတော့ ပစ်ခတ်သံတွေ ကြားနေရတုန်းပဲလို့ ပြောပါတယ်။ မြန်မာနိုင်ငံတွင်း ကြုံနေရတဲ့ ပြည်တွင်းပဋိပက္ခတွေကြောင့် ကလေးငယ်တွေနဲ့ သူတို့မိသားစုတွေ ထိခိုက်နစ်နာမှု ရှိနေပြီး၊ မြန်မာကလေးငယ် ၅ ဒဿမ ၆ သန်းလောက်ဟာ လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေတယ်လို့ UNICEF က ပြောထားပါတယ်။ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံး UNOCHA ကလည်း စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတဝှမ်း အိုးအိမ်စွန့်ခွာ တိမ်းရှောင်ကြသူပေါင်း ၁ ဒဿမ ၁ သန်းကျော် ရှိတယ်လို့ ပြောပါတယ်။