သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

 ဒုကၡသည္စခန္းမွာ ေက်ာင္းတက္ခြင္႔ရေတာ႔မည့္ ႐ိုဟင္ဂ်ာ ကေလးသူငယ္မ်ား


Cox's Bazar ဒုကၡသည္စခမ္းတြင္းက ႐ိုဟင္ဂ်ာ ကေလးေတြ Arabic ေက်ာင္းမွာ ကိုရမ္က်မ္းစာ ရြတ္ဆိုေနစဥ္။

ရိုဟင္ဂ်ာ ဒုကၡသည္ ကေလးငယ္ အမ်ားအျပားဟာ ေက်ာင္းမတက္ႏုိင္တာမ်ိဳး ဒါမွမဟုတ္လည္း အျပည့္အ၀ ပညာသင္ၾကားခြင့္ မရခဲ႔ၾကပါဘူး။ ေနာက္ဆံုးမွာ စခန္းတြင္းက ကေလးငယ္ေတြ အားလံုး အတြက္ပါ တိုးခ်ဲ႕ႏုိင္ေရး အာဏာပိုင္တို႔က ၿပီးခဲ႔တဲ႔လ အတြင္းမွာပဲ ခြင့္ျပဳေပးလိုက္ပါၿပီ။ AFP သတင္းေဆာင္းပါးကို မသိဂၤ ီထုိက္ ေျပာျပေပးပါမယ္။ 

ဒုကၡသည္စခန္းမွာ ေက်ာင္းတက္ခြင္႔ရေတာ႔မည့္ ႐ိုဟင္ဂ်ာ ကေလးသူငယ္မ်ား

{{Zawgyi/Unicode}}
ဘဂၤလားေဒရွ္႕ ႏုိင္ငံက ဒုကၡသည္ စခန္းေတြက ရိုဟင္ဂ်ာ ဒုကၡသည္ ကေလးငယ္ အမ်ားအျပားဟာ ဆယ္စုႏွစ္ ထက္၀က္နီးပါးၾကာ ေက်ာင္းမတက္ႏုိင္တာမ်ိဳး ဒါမွမဟုတ္လည္း အျပည့္အ၀ ပညာသင္ၾကားခြင့္ မရခဲ႔ၾကပါဘူး။ ဒါေပမယ့္လည္း ကုလသမဂၢ ကေလးသူငယ္မ်ား ရန္ပံုေငြအဖြဲ႔ UNICEF ရဲ႕ စာသင္ေက်ာင္းမ်ား အစီအစဥ္ကို ကေလးငယ္ ၁၃၀,၀၀၀ ကေန ေနာက္ဆံုးမွာ စခန္းတြင္းက ကေလးငယ္ေတြ အားလံုး အတြက္ပါ တိုးခ်ဲ႕ႏုိင္ေရး အာဏာပိုင္တို႔က ၿပီးခဲ႔တဲ႔လ အတြင္းမွာပဲ ခြင့္ျပဳေပးလိုက္ပါၿပီ။ AFP သတင္းေဆာင္းပါးကို မသိဂၤ ီထုိက္ ေျပာျပေပးပါမယ္။

Mohammad Yusuf က ဒုကၡသည္ စခန္းတြင္းက ေက်ာင္းမွာ မနက္ခင္းတိုင္း ျမန္မာ ႏုိင္ငံေတာ္ သီခ်င္းကို ဆိုပါတယ္။ ျမန္မာ စစ္တပ္ေၾကာင့္ သူ႔မိသားစု ႏုိင္ငံကေန ထြက္ေျပးခဲ႔ရသလို စစ္တပ္ဟာ သူတို႔ လူမ်ိဳး ေထာင္ခ်ီကိုလည္း သတ္ျဖတ္ခဲ႔တယ္လို႔ စြပ္စြဲခံထားရတာပါ။ လြန္ခဲ႔တဲ႔ ၅ ႏွစ္တာတုန္းက ျမန္မာ စစ္တပ္ရဲ႕ ရက္စက္တဲ႔ ေခ်မႈန္းမႈေတြေၾကာင့္ အမ်ားစု မြတ္ဆလင္ ရိုဟင္ဂ်ာ သိန္းခ်ီၿပီး ဘဂၤလားေဒရွ္႕ကို ထြက္ေျပးရတဲ႔ အထဲမွာ Yusuf လည္း တဦး အပါအ၀င္ ျဖစ္ၿပီး အခုေတာ့ သူက အသက္ ၁၅ ႏွစ္ ရွိေနပါၿပီ။ ျမန္မာႏုိင္ငံတြင္းမွာေတာ့ တခ်ိဳ႕ေသာ သူေတြက ရိုဟင္ဂ်ာေတြကို ႏုိင္ငံျခားသားေတြလို႔ ရႈျမင္ၾကၿပီး ရိုဟင္ဂ်ာေတြကို လူမ်ိဳးတုန္း ရွင္းလင္းဖို႔ ႀကိဳးစားတယ္ဆိုတဲ႔ စြပ္စြဲခ်က္ကိုလည္း ျမန္မာ အစိုးရ အေနနဲ႔ ကုလသမဂၢ တရားရံုးမွာ ရင္ဆိုင္ေနရတာပါ။ ဒါေပမယ့္လည္း Yusuf ကေတာ့ အနာဂတ္မွာ ဌာေနျပန္ႏုိင္ဖို႔ ရည္မွန္းထားပါတယ္။

"ပညာ ဆက္သင္ၿပီး တေန႔မွာ ျမန္မာႏုိင္ငံကို ျပန္လိုပါတယ္။ က်ေနာ္႔ အိပ္မက္ကေတာ့ ေလေၾကာင္းဆိုင္ရာ အင္ဂ်င္နီယာ ဒါမွမဟုတ္လည္း ေလယာဥ္မွဴး ျဖစ္ၿပီး ရန္ကုန္ကို ေလယာဥ္ ကိုယ္တိုင္ ေမာင္းၿပီး သြားခ်င္ပါတယ္"

ဒုကၡသည္ စခန္းေတြ အတြင္းက ကေလးငယ္ အမ်ားအျပားကေတာ့ ဆယ္စုႏွစ္ ထက္၀က္နီးပါး ပညာသင္ၾကားခြင့္ အျပည့္အ၀ မရၾကသလို လံုး၀ ေက်ာင္းတက္ခြင့္ မရတာမ်ိဳးလည္း ရွိပါတယ္။ ပညာသင္ၾကားေပးမႈဟာဆိုရင္ ရိုဟင္ဂ်ာေတြ မၾကာခင္ ဌာေနျပန္ေရး ျဖစ္လာမွာ မဟုတ္ဘူးဆိုတာကို အသိအမွတ္ျပဳရာ ေရာက္မယ့္ အေရးကို ဘဂၤလားေဒရွ္႕ အစိုးရက စိုးရိမ္ေနတာပါ။

ၿပီးခဲ႔တဲ႔ ႏွစ္က ျမန္မာႏုိင္ငံမွာ စစ္အာဏာသိမ္းၿပီး ေနာက္ပိုင္းမွာေတာ့ ဒီေမွ်ာ္လင့္ခ်က္က ပိုၿပီး အလွမ္းေ၀းသြားၿပီလို႔လည္း ရႈျမင္ၾကပါတယ္။ ၿပီးခဲ႔တဲ႔ လအတြင္းမွာေတာ့ ဘဂၤလားေဒရွ္႕ အာဏာပိုင္တို႔က UNICEF ရဲ႕ စာသင္ေက်ာင္းမ်ား အစီအစဥ္ကို တိုးခ်ဲ႕ဖို႔ ခြင့္ျပဳခဲ႔ပါတယ္။ ဒါေပမယ့္လည္း ဘဂၤလားေဒရွ္႕ ကေတာ့ ဒုကၡသည္ေတြ ဌာေနျပန္ေရးကို လိုလားေနဆဲ ျဖစ္ပါတယ္။ စာသင္ေက်ာင္းေတြမွာ ျမန္မာ သင္ရိုးညႊန္းတမ္းအတိုင္း ျမန္မာလို သင္ၾကားၿပီး ေန႔စဥ္ အတန္းေတြ မစခင္မွာလည္း ျမန္မာ ႏုိင္ငံေတာ္ သီခ်င္းကို သီဆိုရပါတယ္။ Kayaphuri ပုဂၢလိက ေက်ာင္းရဲ႕ ေက်ာင္းအုပ္ Mohammad Showife ကေတာ့ ကေလးေတြ ႀကံဳရတဲ႔ အခက္အခဲကို အခုလို ေျပာျပပါတယ္။

၅ တန္း ေက်ာင္းသား တဦးက ၂၀၁၇ မွာ ဘဂၤလားေဒရွ္႕ကို ေရာက္လာတယ္ဆိုရင္ အခု ၅ ႏွစ္ ၾကာၿပီး အခ်ိန္မွာ အခြင့္အေရးရလို႔ ပညာေရးကို ျပန္စမယ္ဆိုရင္လည္း အခက္အခဲ ရွိပါတယ္။ သူတို႔က အခု အသက္ႀကီးသြားၿပီး သူတို႔နဲ႔ ရြယ္တူေတြထက္ အတန္းငယ္မွာ ျပန္တက္ခ်င္မွာ မဟုတ္ပါဘူး။ ၿပီးခဲ႔တဲ႔ ၅ ႏွစ္ အတြင္း ကေလးေတြက စာသင္ႏွစ္ အမ်ားစု ပ်က္ကြက္ခဲ႔ၾကတာေၾကာင့္ ဒီ အစီအစဥ္ အတြက္ အဓိက အခက္အခဲ တခု ျဖစ္ပါတယ္။

ဒုကၡသည္ စခန္းတြင္းက လူဦးေရ ၁ သန္းေလာက္ထဲမွာ ၅၀ ရာခိုင္ႏႈန္းေလာက္က အသက္ ၁၈ ႏွစ္ေအာက္ေတြ ျဖစ္ပါတယ္။ ရိုဟင္ဂ်ာေတြကို ပညာသင္ေပးတာဟာဆိုရင္ ဒီ မြတ္ဆလင္ လူနည္းစုဟာ ေနာက္ဆံုးမွာေတာ့ ဘဂၤလားေဒရွ္႕မွာ အသားက်သြားလိမ့္မယ္ဆိုတာမ်ိဳး ျမန္မာဘက္ကို အခ်က္ျပလိုက္သလို ျဖစ္သြားမယ္လို႔ ဘဂၤလားေဒရွ္႕ ဘက္က ေတြးဆခဲ႔ေၾကာင္း ဘဂၤလားေဒရွ္႕ ဗိုလ္ခ်ဳပ္ႀကီးေဟာင္း Mahfuzur Rahman က ေျပာပါတယ္။ ရိုဟင္ဂ်ာေတြ ထြက္ေျပးလာစဥ္ အခ်ိန္က သူက ဗိုလ္ခ်ဳပ္ႀကီး အျဖစ္ တာ၀န္ထမ္းေဆာင္ေနသူ ျဖစ္ပါတယ္။ အထူးသျဖင့္ ဒုကၡသည္ စခန္းေတြ အတြင္း ပညာမတတ္တဲ႔ လူငယ္ အမ်ိဳးသား မ်ိဳးဆက္တခု ရွိလာမယ့္ အႏၱရာယ္ေၾကာင့္ ေရရွည္ အစီအမံ တခု လိုအပ္တယ္ဆိုတာကို ဘဂၤလားေဒရွ္႕ အစိုးရက နားလည္ သေဘာေပါက္သြားတာ ျဖစ္တယ္လို႔ သူက ေျပာပါတယ္။

"အခ်ိန္ၾကာလာတာနဲ႔ အမွ် လုပ္သင့္ လုပ္ထိုက္တာေတြကို ဘဂၤလားေဒရွ္႕ဘက္က နားလည္လာပါတယ္။ ၅ ႏွစ္တာ ၾကာျမင့္ခဲ႔ၿပီး ဌာေနျပန္ေရး အေျခအေနကလည္း မေတြ႔ေသးပါဘူး။ တရက္ကို လူ ၃၀၀ နဲ႔ ဒီကေန႔ စမယ္ဆိုရင္ေတာင္ သူတို႔ အားလံုး အိမ္ျပန္ေရာက္ဖို႔ ဆယ္စုႏွစ္နဲ႔ခ်ီ ၾကာျမင့္မွာ ျဖစ္ပါတယ္"

နယ္စပ္ တေလွ်ာက္မွာ စိတ္ၾကြေဆး ေမွာင္ခိုကူးၾကတဲ႔ ရာဇ၀တ္ဂုိဏ္းေတြ ရွိေနတာနဲ႔ အတူဘဲ ဒုကၡသည္ စခန္းေတြမွာ လံုၿခံဳေရး ကိစၥက ျပႆႀကီး တခု ျဖစ္ေနတာပါ။ ၿပီးခဲ႔တဲ႔ ၅ ႏွစ္တာ အတြင္း လူသတ္မႈက အနည္းဆံုး ၁၀၀ ေက်ာ္ ရွိခဲ႔ပါတယ္။ လက္နက္ကိုင္ သူပုန္ အဖြဲ႔ေတြလည္း လႈပ္ရွားေနၾကပါတယ္။ သူတို႔က လူမႈ အသိုင္းအ၀ိုင္း ေခါင္းေဆာင္ ဒါဇင္နဲ႔ခ်ီ ပစ္သတ္ခဲ႔ၿပီး ျဖစ္သလို စိတ္ကုန္ေနၾကတဲ႔ လူငယ္ အမ်ိဳးသားေတြကိုလည္း စုေဆာင္းႏုိင္ဖို႔ ႀကိဳးစားေနၾကတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

...............................................................

ဒုက္ခသည်စခန်းမှာ ကျောင်းတက်ခွင့်ရတော့မည့် ရိုဟင်ဂျာ ကလေးသူငယ်များ

{{Zawgyi/Unicode}}
ဘင်္ဂလားဒေရှ့် နိုင်ငံက ဒုက္ခသည် စခန်းတွေက ရိုဟင်ဂျာ ဒုက္ခသည် ကလေးငယ် အများအပြားဟာ ဆယ်စုနှစ် ထက်ဝက်နီးပါးကြာ ကျောင်းမတက်နိုင်တာမျိုး ဒါမှမဟုတ်လည်း အပြည့်အ၀ ပညာသင်ကြားခွင့် မရခဲ့ကြပါဘူး။ ဒါပေမယ့်လည်း ကုလသမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ စာသင်ကျောင်းများ အစီအစဉ်ကို ကလေးငယ် ၁၃၀,၀၀၀ ကနေ နောက်ဆုံးမှာ စခန်းတွင်းက ကလေးငယ်တွေ အားလုံး အတွက်ပါ တိုးချဲ့နိုင်ရေး အာဏာပိုင်တို့က ပြီးခဲ့တဲ့လ အတွင်းမှာပဲ ခွင့်ပြုပေးလိုက်ပါပြီ။ AFP သတင်းဆောင်းပါးကို မသိင်္ဂ ီထိုက် ပြောပြပေးပါမယ်။

Mohammad Yusuf က ဒုက္ခသည် စခန်းတွင်းက ကျောင်းမှာ မနက်ခင်းတိုင်း မြန်မာ နိုင်ငံတော် သီချင်းကို ဆိုပါတယ်။ မြန်မာ စစ်တပ်ကြောင့် သူ့မိသားစု နိုင်ငံကနေ ထွက်ပြေးခဲ့ရသလို စစ်တပ်ဟာ သူတို့ လူမျိုး ထောင်ချီကိုလည်း သတ်ဖြတ်ခဲ့တယ်လို့ စွပ်စွဲခံထားရတာပါ။ လွန်ခဲ့တဲ့ ၅ နှစ်တာတုန်းက မြန်မာ စစ်တပ်ရဲ့ ရက်စက်တဲ့ ချေမှုန်းမှုတွေကြောင့် အများစု မွတ်ဆလင် ရိုဟင်ဂျာ သိန်းချီပြီး ဘင်္ဂလားဒေရှ့်ကို ထွက်ပြေးရတဲ့ အထဲမှာ Yusuf လည်း တဦး အပါအဝင် ဖြစ်ပြီး အခုတော့ သူက အသက် ၁၅ နှစ် ရှိနေပါပြီ။ မြန်မာနိုင်ငံတွင်းမှာတော့ တချို့သော သူတွေက ရိုဟင်ဂျာတွေကို နိုင်ငံခြားသားတွေလို့ ရှုမြင်ကြပြီး ရိုဟင်ဂျာတွေကို လူမျိုးတုန်း ရှင်းလင်းဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်ကိုလည်း မြန်မာ အစိုးရ အနေနဲ့ ကုလသမဂ္ဂ တရားရုံးမှာ ရင်ဆိုင်နေရတာပါ။ ဒါပေမယ့်လည်း Yusuf ကတော့ အနာဂတ်မှာ ဌာနေပြန်နိုင်ဖို့ ရည်မှန်းထားပါတယ်။

"ပညာ ဆက်သင်ပြီး တနေ့မှာ မြန်မာနိုင်ငံကို ပြန်လိုပါတယ်။ ကျနော့် အိပ်မက်ကတော့ လေကြောင်းဆိုင်ရာ အင်ဂျင်နီယာ ဒါမှမဟုတ်လည်း လေယာဉ်မှူး ဖြစ်ပြီး ရန်ကုန်ကို လေယာဉ် ကိုယ်တိုင် မောင်းပြီး သွားချင်ပါတယ်"

ဒုက္ခသည် စခန်းတွေ အတွင်းက ကလေးငယ် အများအပြားကတော့ ဆယ်စုနှစ် ထက်ဝက်နီးပါး ပညာသင်ကြားခွင့် အပြည့်အ၀ မရကြသလို လုံး၀ ကျောင်းတက်ခွင့် မရတာမျိုးလည်း ရှိပါတယ်။ ပညာသင်ကြားပေးမှုဟာဆိုရင် ရိုဟင်ဂျာတွေ မကြာခင် ဌာနေပြန်ရေး ဖြစ်လာမှာ မဟုတ်ဘူးဆိုတာကို အသိအမှတ်ပြုရာ ရောက်မယ့် အရေးကို ဘင်္ဂလားဒေရှ့် အစိုးရက စိုးရိမ်နေတာပါ။

ပြီးခဲ့တဲ့ နှစ်က မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဒီမျှော်လင့်ချက်က ပိုပြီး အလှမ်းဝေးသွားပြီလို့လည်း ရှုမြင်ကြပါတယ်။ ပြီးခဲ့တဲ့ လအတွင်းမှာတော့ ဘင်္ဂလားဒေရှ့် အာဏာပိုင်တို့က UNICEF ရဲ့ စာသင်ကျောင်းများ အစီအစဉ်ကို တိုးချဲ့ဖို့ ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘင်္ဂလားဒေရှ့် ကတော့ ဒုက္ခသည်တွေ ဌာနေပြန်ရေးကို လိုလားနေဆဲ ဖြစ်ပါတယ်။ စာသင်ကျောင်းတွေမှာ မြန်မာ သင်ရိုးညွှန်းတမ်းအတိုင်း မြန်မာလို သင်ကြားပြီး နေ့စဉ် အတန်းတွေ မစခင်မှာလည်း မြန်မာ နိုင်ငံတော် သီချင်းကို သီဆိုရပါတယ်။ Kayaphuri ပုဂ္ဂလိက ကျောင်းရဲ့ ကျောင်းအုပ် Mohammad Showife ကတော့ ကလေးတွေ ကြုံရတဲ့ အခက်အခဲကို အခုလို ပြောပြပါတယ်။

၅ တန်း ကျောင်းသား တဦးက ၂၀၁၇ မှာ ဘင်္ဂလားဒေရှ့်ကို ရောက်လာတယ်ဆိုရင် အခု ၅ နှစ် ကြာပြီး အချိန်မှာ အခွင့်အရေးရလို့ ပညာရေးကို ပြန်စမယ်ဆိုရင်လည်း အခက်အခဲ ရှိပါတယ်။ သူတို့က အခု အသက်ကြီးသွားပြီး သူတို့နဲ့ ရွယ်တူတွေထက် အတန်းငယ်မှာ ပြန်တက်ချင်မှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၅ နှစ် အတွင်း ကလေးတွေက စာသင်နှစ် အများစု ပျက်ကွက်ခဲ့ကြတာကြောင့် ဒီ အစီအစဉ် အတွက် အဓိက အခက်အခဲ တခု ဖြစ်ပါတယ်။

ဒုက္ခသည် စခန်းတွင်းက လူဦးရေ ၁ သန်းလောက်ထဲမှာ ၅၀ ရာခိုင်နှုန်းလောက်က အသက် ၁၈ နှစ်အောက်တွေ ဖြစ်ပါတယ်။ ရိုဟင်ဂျာတွေကို ပညာသင်ပေးတာဟာဆိုရင် ဒီ မွတ်ဆလင် လူနည်းစုဟာ နောက်ဆုံးမှာတော့ ဘင်္ဂလားဒေရှ့်မှာ အသားကျသွားလိမ့်မယ်ဆိုတာမျိုး မြန်မာဘက်ကို အချက်ပြလိုက်သလို ဖြစ်သွားမယ်လို့ ဘင်္ဂလားဒေရှ့် ဘက်က တွေးဆခဲ့ကြောင်း ဘင်္ဂလားဒေရှ့် ဗိုလ်ချုပ်ကြီးဟောင်း Mahfuzur Rahman က ပြောပါတယ်။ ရိုဟင်ဂျာတွေ ထွက်ပြေးလာစဉ် အချိန်က သူက ဗိုလ်ချုပ်ကြီး အဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ အထူးသဖြင့် ဒုက္ခသည် စခန်းတွေ အတွင်း ပညာမတတ်တဲ့ လူငယ် အမျိုးသား မျိုးဆက်တခု ရှိလာမယ့် အန္တရာယ်ကြောင့် ရေရှည် အစီအမံ တခု လိုအပ်တယ်ဆိုတာကို ဘင်္ဂလားဒေရှ့် အစိုးရက နားလည် သဘောပေါက်သွားတာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

"အချိန်ကြာလာတာနဲ့ အမျှ လုပ်သင့် လုပ်ထိုက်တာတွေကို ဘင်္ဂလားဒေရှ့်ဘက်က နားလည်လာပါတယ်။ ၅ နှစ်တာ ကြာမြင့်ခဲ့ပြီး ဌာနေပြန်ရေး အခြေအနေကလည်း မတွေ့သေးပါဘူး။ တရက်ကို လူ ၃၀၀ နဲ့ ဒီကနေ့ စမယ်ဆိုရင်တောင် သူတို့ အားလုံး အိမ်ပြန်ရောက်ဖို့ ဆယ်စုနှစ်နဲ့ချီ ကြာမြင့်မှာ ဖြစ်ပါတယ်"

နယ်စပ် တလျှောက်မှာ စိတ်ကြွဆေး မှောင်ခိုကူးကြတဲ့ ရာဇဝတ်ဂိုဏ်းတွေ ရှိနေတာနဲ့ အတူဘဲ ဒုက္ခသည် စခန်းတွေမှာ လုံခြုံရေး ကိစ္စက ပြဿကြီး တခု ဖြစ်နေတာပါ။ ပြီးခဲ့တဲ့ ၅ နှစ်တာ အတွင်း လူသတ်မှုက အနည်းဆုံး ၁၀၀ ကျော် ရှိခဲ့ပါတယ်။ လက်နက်ကိုင် သူပုန် အဖွဲ့တွေလည်း လှုပ်ရှားနေကြပါတယ်။ သူတို့က လူမှု အသိုင်းအဝိုင်း ခေါင်းဆောင် ဒါဇင်နဲ့ချီ ပစ်သတ်ခဲ့ပြီး ဖြစ်သလို စိတ်ကုန်နေကြတဲ့ လူငယ် အမျိုးသားတွေကိုလည်း စုဆောင်းနိုင်ဖို့ ကြိုးစားနေကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG