သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၁၈ ႏွစ္ေအာက္ ႐ိုဟင္ဂ်ာလူငယ္ေတြကို ကိုဗစ္ကာကြယ္ေဆး စထိုးေပး


႐ိုဟင္ဂ်ာကေလးငယ္မ်ား ကိုဗစ္ကာကြယ္ေဆးထိုးႏွံေနၾကစဥ္။ ( Credit - Rohingya Refugee Aung Myaine)

COVID 19 ကူးစက္ပ်ံ႕ပြားမွာ အထူးစိုးရိမ္ခဲ့ၾကရတဲ့ ဘဂၤလားေဒ့ရွ္ ေကာ့ဇ္ဘဇားက ႐ိုဟင္ဂ်ာစခန္းအသီးသီးမွာ ဒီသီတင္းပတ္ထဲ အသက္ ၁၈ ႏွစ္ေအာက္နဲ႔ အသက္ ၁၂ ႏွစ္အထက္ ကေလးငယ္ေတြ COVID 19 ကာကြယ္ေဆး ထိုးႏွံေနၾကပါၿပီ။ ႐ိုဟင္ဂ်ာကေလးငယ္ေတြ ကိုဗစ္ကာကြယ္ေဆးထိုးႏွံေပးႏိုင္ဖို႔အေရး ဘဂၤလားအစိုးရ UN အပါအဝင္ ႏိုင္ငံတကာအဖြဲ႕စည္းေတြ ကမ့္တာဝန္ခံေတြနဲ႔ ႐ိုဟင္ဂ်ာကမ့္ ေခါင္းေဆာင္ေတြ ႐ိုဟင္ဂ်ာ ေစတနာ့ဝန္ထမ္းေတြက မိသားစုေတြ ခိုလႈံရာေနရာေတြအထိ စည္း႐ုံးကြင္းဆင္း ေဆာင္႐ြက္ေပးေနၾကပါတယ္။ ဆက္သြယ္စုံစမ္းထားတဲ့ မဆုမြန္ စုစည္းတင္ျပထားပါတယ္။

ကူးစက္ျမန္ ကမာၻ႔ကပ္ေရာဂါ COVID 19 ေရာဂါပိုးကူးစက္မႈေတြ ဘဂၤလားေဒ့ရွ္ႏိုင္ငံအပါအဝင္ အာရွေဒသေတြအတြင္း ျမန္ျမန္ဆန္ဆန္ စတင္ပ်ံ႕ႏွံ႔လာခ်ိန္မွာ လူေနထူထပ္လြန္းလွတဲ့ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ ခိုလႈံေနထိုင္ရာ စခန္းေတြထဲ အုပ္စုလိုက္ ကူးစက္ပ်ံ႕ႏွံ႔မႈေတြ ထိန္းမႏိုင္ျဖစ္လာမွာကို ကုလသမဂၢနဲ႔ ႏိုင္ငံတကာအပါအဝင္ ဘဂၤလားေဒ့ရွ္အစိုးရကပါ စိုးရိမ္တႀကီးရွိခဲ့တာပါ။ ဒါေပမဲ့ ကမ့္ေတြထဲ ကိုဗစ္စည္းမ်ဥ္းစည္းကမ္းေတြ အဆင့္ဆင့္ တိုးျမႇင့္ကန႔္သတ္ခ်ထားလိုက္ၿပီး မျဖစ္မေန လိုက္နာရမယ့္ ကိုဗစ္စည္းကမ္းေတြကို ခ်မွတ္က်င့္သုံးၿပီးတဲ့ေနာက္မွာေတာ့ ကိုဗစ္ေၾကာင့္ အသက္ဆုံးရတာ၊ ကူးစက္မႈျဖစ္ပြားတာေတြ ရွိခဲ့ေပမဲ့ ဆိုးဆိုး႐ြား႐ြား မႀကဳံခဲ့ရဘူးလို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ဆိုပါတယ္။

ဒီသီတင္းပတ္ထဲ ဇြန္လ (၄) ရက္ေန႔က ဇြန္လ (၁၁) ရက္ေန႔အထိ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဇ္ဘဇားေဒသထဲက ႐ိုဟင္ဂ်ာ ဒုကၡသည္စခန္းအသီးသီးမွာ အသက္ (၁၂) ႏွစ္ကေန (၁၈) ႏွစ္ေအာက္ကေလးေတြအတြက္ ကိုဗစ္ကာကြယ္ေဆးထိုးေပးေနပါတယ္။ ႐ိုဟင္ဂ်ာစခန္းေတြထဲမွာ ကိုဗစ္ကာကြယ္ေဆးကို အသက္အပိုင္းျခားအလိုက္ အဆင့္ဆင့္ထိုး ကာကြယ္ေပးေနတာပါ။ ပထမဆုံး ထိုးေပးတာကေတာ့ အသက္ (၅၅) ႏွစ္အထက္ တႀကိမ္၊ ေနာက္တႀကိမ္မွာေတာ့ (၁၈) ႏွစ္အထက္ တႀကိမ္၊ အခုတႀကိမ္က (၁၂) ႏွစ္ကေန (၁၈) ႏွစ္ေအာက္ကေလးငယ္ေတြအတြက္ ျဖစ္ပါတယ္။

ဒီလိုစခန္းအသီးသီးက ႐ိုဟင္ဂ်ာကေလးေတြ ကိုဗစ္ကာကြယ္ေဆးထိုးႏွံႏိုင္ေရး၊ ေဆးထိုးမယ့္ ကာကြယ္ေဆး သီတင္းပတ္ မတိုင္ခင္ကတည္းက ဒုကၡသည္စခန္းေတြထဲက ကမ့္တာဝန္ခံေတြ ႐ိုဟင္ဂ်ာေခါင္းေဆာင္ေတြနဲ႔ က်န္းမာေရးေစတနာ့ဝန္ထမ္းေတြ ပူးေပါင္းၿပီး၊ ေဆးမွတ္တမ္းကဒ္ေတြထဲ စာရင္းအခ်က္အလက္ေတြ ျဖည့္ေပးဖို႔ ႐ိုဟင္ဂ်ာမိသားစုေတြဆီ ကြင္းဆင္းၿပီး ေဆာင္႐ြက္ခဲ့ၾကပါတယ္။

UNHCR ရဲ႕အစီအစဥ္နဲ႔ ဒုကၡသည္စခန္းေတြထဲ ကေလးငယ္ေတြ ေဆးထိုးႏွံႏိုင္ေရး ဦးေဆာင္ေဆာင္႐ြက္ေပးခဲ့တဲ့ ကုတုပေလာင္ ဒုကၡသည္စခန္း အမွတ္(၇) ရဲ႕ လူထုအေျချပဳက်န္းမာေရးအဖြဲ႔ေခါင္းေဆာင္ (UNHCR/ FH Community Health Worker-Team Leader) - မိုဟာမက္ဆာဒဲက္ဟူစိန္က ကေလးငယ္ေတြ ေဆးထိုးေပးႏွံေပးေနခ်ိန္၊ သူကိုယ္တိုင္ ေရာက္ရွိလုပ္အားေပးခ်ိန္မွာပဲ ဗြီအိုေအကို အခုလို ေျပာပါတယ္။

“အခု ဒုကၡသည္စခန္းတိုင္းမွာ က်ေနာ္တို႔အားလုံးကို ကိုဗစ္ကာကြယ္ေဆးေတြ အကုန္လိုက္ထိုးေပးေနပါတယ္။ ပထမတႀကိမ္ - ဒုတိယတႀကိမ္ - တတိယအႀကိမ္ Pfizer ေဆးေတြ စနစ္တက် ထိုးေပးပါတယ္။ ဒီမွာရွိတဲ့ ဒုကၡသည္စခန္းေတြထဲမွာ NGO INGO Volunteers ေတြ ရွိတယ္။ ဒီ Volunteers ေတြက အိမ္ေတြကိုသြားၿပီးေတာ့ ကေလးေတြကို စင္တာကိုေခၚလာပါတယ္။ ေခၚလာၿပီးေတာ့ Vaccine ထိုးေပးပါတယ္။ ထိုးေပးေနတဲ့ က်န္းမာေရး Centers ေတြမွာလည္း ေဆးလာထိုးတဲ့ကေလးေတြအတြက္ ေပ်ာ္စရာအစီအစဥ္ေလးေတြလည္း လုပ္ေပးပါတယ္။”

႐ိုဟင္ဂ်ာကေလးငယ္ေတြ ကိုဗစ္ကာကြယ္ေဆးေပးႏိုင္ေရး ဘဂၤလားအစိုးရနဲ႔ ကုလအဖြဲ႔အစည္းေတြဘက္က အဆင့္အဆင့္ စနစ္တက် လုပ္ေဆာင္ခဲ့တယ္လို႔ ကိုယ္တိုင္ ေစတနာ့ဝန္ထမ္းအျဖစ္ ဦးေဆာင္လႈပ္ရွားေဆာင္႐ြက္ေပးေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ကိုေအာင္ၿမိဳင္က ေျပာျပပါတယ္။

“အထူးသျဖင့္ေတာ့ ကေလးေတြအတြက္ပါပဲ အသက္(၁၂) ႏွစ္အ႐ြယ္ကေန အသက္ (၁၇) အထက္ေပါ့ (၁၈) ႏွစ္အထိ ကမ့္အလိုက္ စင္တာေတြ ရွိတယ္။ က်န္းမာေရးစင္တာေတြ သီးသန႔္သတ္မွတ္ေပးထားတာ ရွိတယ္။ အနည္းဆုံး (၂) ေနရာေလာက္ သတ္မွတ္ေပးထားတယ္။ က်န္းမာေရးဝန္ထမ္းေတြက အဲ့ဒီ့စင္တာေတြမွာ လာထိုးေပးေနတာပါ။ အစိုးရအဖြဲ႔အစည္းေတြေရာ NGO INGO အဖြဲ႔အစည္းေတြေရာ အကုန္ပါပါတယ္။ အားလုံး ပူးေပါင္းေဆာင္႐ြက္ေပးေနတာပါ။ ဒါက တတိယအႀကိမ္ ထိုးေပးတာပါ။

မဆုမြန္ ။ ။ ကိုေအာင္ၿမိဳင္တို႔ ေစတနာ့ဝန္ထမ္းေတြဘက္ကေရာ ကေလးေတြကို ထိုးေပးေနတဲ့အခ်ိန္ ဝိုင္းဝန္းကူညီၿပီးေတာ့ ဘာေတြလုပ္ေပးၾကရလဲရွင့္။

“ဟုတ္ကဲ့။ Volunteers ေတြ ရွိပါတယ္။ က်န္းမာေရးဆိုင္ရာ ေစတနာ့ဝန္ထမ္းေတြပါ Community Health Workers ေပါ့ေနာ္။ သူတို႔ေတြက Vaccination Cards ေတြကို အိမ္တိုင္းသြားၿပီး ထုတ္ေပးတယ္ စာရင္းျပဳစုတယ္။ ၿပီးေတာ့ တျခား NGO INGO ေတြက Volunteers ေတြကလည္း ဒီကာကြယ္ေဆးထိုးလုပ္ငန္းကို ဝိုင္းဝန္းပူးေပါင္း ေဆာင္႐ြက္ေပးေနၾကတာ ရွိပါတယ္။ အသံခ်ဲ႕စက္ေတြနဲ႔ မိဘေတြ လူေတြသိေအာင္ ေၾကညာေပးေနတာ ရွိပါတယ္။ ကိုဗစ္ပညာေပး သီခ်င္းေတြဖြင့္ၿပီးလည္း ေၾကညာေပးပါတယ္။”

အခုလိုဒုကၡသည္စခန္းအသီးသီးမွာ အခုလို ကိုဗစ္ကာကြယ္ေဆးထိုးအစီအစဥ္ေတြေဆာင္႐ြက္ေနခ်ိန္ ႐ိုဟင္ဂ်ာမိသားစုေတြဘက္က တကယ့္ကိုလိုလိုလားလားနဲ႔ လာေရာက္ထိုးႏွံၾကတယ္လို႔ ေစတနာ့ဝန္ထမ္းေတြက ေျပာပါတယ္။ ကိုဗစ္ဒဏ္ခံႏိုင္ေရး သူ႔မိသားစုထဲက ကေလးငယ္ႏွစ္ဦးကိုလည္း ေဆးထိုးႏွံေပးႏိုင္ေရး စီစဥ္ေနတဲ့ ဘာလုခါလီဒုကၡသည္စခန္း အမွတ္(၁၀)က ႐ိုဟင္ဂ်ာဦးေစာျမင့္ကလည္း သူတို႔ကမ့္ထဲ ကိုဗစ္ကာကြယ္ေဆးထိုးလုပ္ငန္း စီစဥ္ေဆာင္႐ြက္ေနတဲ့အေျခအေနကို ေျပာျပပါတယ္။

“Mobilized လုပ္ေပးေနတဲ့ Volunteers ေတြရွိတယ္။ အိမ္တိုင္းလို လာၿပီး၊ ပညာေပးၾကတယ္။ သြားဖို႔အတြက္ ျပင္ဆင္ေပးၾကတယ္။ အကူအညီေပးၿပီး ေဆးထိုးတဲ့ဌာနအထိကို တခါတည္း လိုက္ပို႔ေပးတယ္။ ေဆးထိုးမွတ္တမ္းကဒ္ေလးေတြ ထုတ္ေပးၿပီး တခါတည္း သူတို႔ရဲ႕ မွတ္ပုံတင္နံပတ္နဲ႔ ထိုးေပးတယ္။ က်ေနာ့္ကေလးႏွစ္ေယာက္က မနက္ျဖန္သြားထိုးမွာပါ။”

COVID 19 ကပ္ေရာဂါကပ္ေဘးက အခုခ်ိန္အထိ သတိထားရမယ့္အေျခအေနရွိေနေသးခ်ိန္ အခုလို ကိုဗစ္ကာကြယ္ေဆးေတြကို ကမာၻေပၚက လူသားမ်ားနဲ႔နည္းတူ ကေလးငယ္ေတြပါ ထိုးႏွံခြင့္ရတဲ့အေပၚ ႐ိုဟင္ဂ်ာမိသားစုေတြက ေက်းဇူးတင္ဝမ္းသာေနၾကတာပါ ဒါေပမဲ့လို႔ ျမန္မာႏိုင္ငံတြင္း က်န္ေနခဲ့တဲ့ ထိုးႏွံခြင့္မရႏိုင္ေသးတဲ့ ႐ိုဟင္ဂ်ာေတြရဲ႕ က်န္းမာေရးအေျခအေနကိုလည္း စိုးရိမ္တယ္လို႔ ဦးေစာျမင့္ကေျပာပါတယ္။

“ဘဂၤလားေဒ့ရွ္မွာ ကိုဗစ္ကာလမွာေတာ့ ျဖစ္ၾကေတာ့ အရမ္းစိုးရိမ္တယ္ ဘဂၤလားေဒ့ရွ္အစိုးရက စခန္းအသီးသီးမွာ သူတို႔အတြက္ သီးသန႔္ ထားၿပီး ပညာေပးလုပ္ငန္းေတြကို အဓိကထားၿပီး ေစတနာ့ဝန္ထမ္းေတြနဲ႔ လုပ္ၾကတယ္။ လူေတြကလည္း တေျဖးေျဖးနဲ႔ နားလည္လာၾကတာေပါ့။ လိုက္နာၾကေတာ့ က်ေနာ္တို႔ စိုးရိမ္ခဲ့သေလာက္ ထင္ခဲ့သေလာက္ မျဖစ္ခဲ့ဘူးေပါ့။ ေနာက္ ရခိုင္ျပည္နယ္က ႐ိုဟင္ဂ်ာေတြအတြက္လည္း ျမန္မာႏိုင္ငံ ေနရာအႏွံ႔မွာလည္း အစိုးရတာဝန္ရွိသူေတြက လုပ္ေပးသလို ဒီလူေတြအတြက္လည္း အစိုးရက လုပ္ေပးသင့္တယ္လို႔ျမင္ပါတယ္။ က်ေနာ္တို႔က သူတို႔အတြက္ အရမ္းစိုးရိမ္ပါတယ္ စိုးရိမ္ေပမဲ့လို႔ အာဏာပိုင္ေတြဘက္က တာဝန္ယူမႈ၊ တာဝန္ခံမႈ ဘယ္ေလာက္ရွိလဲဆိုတာလည္း ေျပာရသိပ္ခက္တယ္။ ျပည္တြင္းမွာဆိုေတာ့ စိုးရိမ္မႈကေတာ့ အၿမဲရွိတယ္။ ဒီမွာလို(ဘဂၤလားေဒ့ရွ္မွာ) စနစ္တက်လုပ္ေပးမယ္လို႔ က်ေနာ္ဘယ္လိုမွ မထင္ဘူး။”

လက္ရွိမွာေတာ့ ႐ိုဟင္ဂ်ာကမ့္ေတြထဲမွာ အရင္က ဘုရားဝတ္ျပဳရွိခိုးတာ၊ ဘာသာေရးပြဲေတြနဲ႔ စာသင္ေက်ာင္းေတြမွာ စုေဝးတာနဲ႔ ပြဲေတာ္ကာလ လူစုလူေဝးနဲ႔ က်င္းပခြင့္ေတြကို ထားရွိထားဆဲေပမဲ့ ဒီႏွစ္ပိုင္းေတြမွာေတာ့ သိပ္တင္းတင္းက်ပ္က်ပ္ မတားျမစ္ေတာ့ဘူးလို႔ဆိုပါတယ္။ ကိုဗစ္ကာကြယ္ေဆးထိုးလုပ္ငန္းေတြ ေဆာင္႐ြက္ေနေပမဲ့ ႐ိုဟင္ဂ်ာေတြဘက္က လိုက္နာရမယ့္ ကိုဗစ္စည္းမ်ဥ္း စည္းကမ္းေတြကို သတိထားလိုက္နာၾကဖို႔ စခန္းေတြမွာ လိုက္လံေဆာ္ၾသေနၾကဆဲ ျဖစ္ပါတယ္။

မဆုမြန္ ။ ။ အရင္တုန္းက ကိုဗစ္ေတြျဖစ္ေတာ့ ဒီ့ကမ့္ေတြထဲမွာ ထိန္းလို႔မရပဲ ျပန႔္ပြားၿပီး ကူးကုန္မွာ စိုးရိမ္ခဲ့ၾကတယ္။ လူဦးေရကလည္း အရမ္းထူထပ္တဲ့အခါၾကေတာ့ေလ။ အခုက်ေတာ့ ကိုဗစ္ကာကြယ္ေဆးေတြလည္း ထိုးေပးတယ္။ ေနာက္ ကိုဗစ္ စည္းကမ္းခ်က္ေတြကိုလည္း တင္းတင္းက်ပ္က်ပ္ လုပ္ထားဆဲပဲဆိုေတာ့ ဒီကမ့္ေတြထဲမွာ ကိုဗစ္19 ကူးစက္မႈႏႈန္းကို ဘယ္ေလာက့္အထိ ထိန္းခ်ဳပ္ႏိုင္ခဲ့တယ္လို႔ ထင္ပါလဲ။ ဘာအခက္အခဲေတြနဲ႔ေရာ ႀကဳံခဲ့ရတာေတြ ရွိခဲ့လဲဆိုတာ ေျပာျပေပးပါဦး ကိုေအာင္ၿမိဳင္ ကိုယ့္အေတြ႔အႀကဳံနဲ႔ ယွဥ္ၿပီးေတာ့။

“ကိုဗစ္စျဖစ္တဲ့အခ်ိန္တုန္းက စိတ္ပူပင္ၾကၿပီး မျဖစ္ေအာင္ မနည္းထိန္းၾကရတယ္။ လူေတြကလည္း နားမလည္ၾကဘူးေလ။ ေနာက္ပိုင္း အသိပညာေပးေတြ လုပ္တယ္။ ေနာက္ပိုင္း လူေတြကလည္း သတိထားၾကတယ္။ ကမ့္ထဲမွာ COVID 19 ျဖစ္ခဲ့တာေတြ ရွိပါတယ္။ ဒါေပမဲ့ အခုေတာ့ ကိုဗစ္ျဖစ္တာ နည္းသြားၿပီး လူေတြကလည္း ကိုဗစ္ဆိုင္ရာ စည္းကမ္းေတြကို အေတာ္ေလးလိုက္နာၾကတယ္။ မလိုက္နာရင္လည္း သူတို႔ကို စည္းကမ္းခ်ိဳးေဖာက္မႈနဲ႔ ဆုံးမတယ္။ အျပင္ထြက္ရင္ သြားလာၾကတဲ့အခါ က်ေနာ္တို႔အားလုံး ကိုဗစ္ဆိုင္ရာစည္းကမ္းခ်က္ေတြ လိုက္နာၿပီး Mask တပ္ရတယ္။ လက္ေဆးရတယ္။ အဲ့တာေတြ ရွိေသးတယ္။”

၂၀၁၇ ေနာက္ပိုင္း ႐ိုဟင္ဂ်ာ (၇) သိန္းေက်ာ္ ဘဂၤလားေဒ့ရွ္ဘက္ တိမ္းေရွာင္လာၾကတာျဖစ္ေပမဲ့ ငါးႏွစ္ေက်ာ္ကာလအတြင္း လူဦးေရတိုးပြားလာလို႔ ႐ိုဟင္ဂ်ာေတြ လိုက္နာရမယ့္ မိသားစုမ်ိဳးဆက္ပြား က်န္းမာေရး အစီအစဥ္ေတြ သဘာဝေဘးအႏၲရာယ္ သတိထားလိုက္နာရမယ့္အခ်က္ေတြနဲ႔ လူေနထူထပ္မႈေတြထဲ ကူးစက္ေရာဂါပ်ံ႕ႏွံမႈ ကာကြယ္ေရးလုပ္ငန္းစဥ္ေတြကိုလည္း ကမ့္ေတြထဲမွာ သင္တန္းေပး ေဆာင္႐ြက္ေနတာလည္းရွိေနတာ ျဖစ္ပါတယ္။

လတ္တေလာမွာေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့အသုံးကို လက္ခံမထားတဲ့ ျမန္မာႏိုင္ငံဘက္က ေနရပ္ရင္းျပန္ႏိုင္ေရး အစီအစဥ္ေတြက ေႏွာင့္ေႏွးေနဆဲမို႔ ကမ့္ေတြထဲ ႐ိုဟင္ဂ်ာေတြ က်န္းမာေရး ေနထိုင္စားေသာက္ေရး အစစရာရာ အဆင္ေျပေစဖို႔ လက္ခံထားတဲ့ ဘဂၤလားအစိုးရ ကုလသမဂၢ ႏိုင္ငံတကာအဖြဲ႕အစည္းေတြ က်န္းမာေရးဝန္ထမ္းေတြဘက္က လိုအပ္တဲ့ လူသားခ်င္းစာနာမႈဆိုင္ရာ အေျခခံက်န္းမာေရးေစာင့္ေရွာက္မႈေတြ စနစ္တက် ေဆာင္႐ြက္ေပးေနတာ ျဖစ္ပါတယ္။

=== Unicode ====

COVID 19 ကူးစက်ပျံ့ပွားမှာ အထူးစိုးရိမ်ခဲ့ကြရတဲ့ ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇားက ရိုဟင်ဂျာစခန်းအသီးသီးမှာ ဒီသီတင်းပတ်ထဲ အသက် ၁၈ နှစ်အောက်နဲ့ အသက် ၁၂ နှစ်အထက် ကလေးငယ်တွေ COVID 19 ကာကွယ်ဆေး ထိုးနှံနေကြပါပြီ။ ရိုဟင်ဂျာကလေးငယ်တွေ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့အရေး ဘင်္ဂလားအစိုးရ UN အပါအဝင် နိုင်ငံတကာအဖွဲ့စည်းတွေ ကမ့်တာဝန်ခံတွေနဲ့ ရိုဟင်ဂျာကမ့် ခေါင်းဆောင်တွေ ရိုဟင်ဂျာ စေတနာ့ဝန်ထမ်းတွေက မိသားစုတွေ ခိုလှုံရာနေရာတွေအထိ စည်းရုံးကွင်းဆင်း ဆောင်ရွက်ပေးနေကြပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် စုစည်းတင်ပြထားပါတယ်။

ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ COVID 19 ရောဂါပိုးကူးစက်မှုတွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပါအဝင် အာရှဒေသတွေအတွင်း မြန်မြန်ဆန်ဆန် စတင်ပျံ့နှံ့လာချိန်မှာ လူနေထူထပ်လွန်းလှတဲ့ သိန်းချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ စခန်းတွေထဲ အုပ်စုလိုက် ကူးစက်ပျံ့နှံ့မှုတွေ ထိန်းမနိုင်ဖြစ်လာမှာကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအပါအဝင် ဘင်္ဂလားဒေ့ရှ်အစိုးရကပါ စိုးရိမ်တကြီးရှိခဲ့တာပါ။ ဒါပေမဲ့ ကမ့်တွေထဲ ကိုဗစ်စည်းမျဉ်းစည်းကမ်းတွေ အဆင့်ဆင့် တိုးမြှင့်ကန့်သတ်ချထားလိုက်ပြီး မဖြစ်မနေ လိုက်နာရမယ့် ကိုဗစ်စည်းကမ်းတွေကို ချမှတ်ကျင့်သုံးပြီးတဲ့နောက်မှာတော့ ကိုဗစ်ကြောင့် အသက်ဆုံးရတာ၊ ကူးစက်မှုဖြစ်ပွားတာတွေ ရှိခဲ့ပေမဲ့ ဆိုးဆိုးရွားရွား မကြုံခဲ့ရဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ဆိုပါတယ်။

ဒီသီတင်းပတ်ထဲ ဇွန်လ (၄) ရက်နေ့က ဇွန်လ (၁၁) ရက်နေ့အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းအသီးသီးမှာ အသက် (၁၂) နှစ်ကနေ (၁၈) နှစ်အောက်ကလေးတွေအတွက် ကိုဗစ်ကာကွယ်ဆေးထိုးပေးနေပါတယ်။ ရိုဟင်ဂျာစခန်းတွေထဲမှာ ကိုဗစ်ကာကွယ်ဆေးကို အသက်အပိုင်းခြားအလိုက် အဆင့်ဆင့်ထိုး ကာကွယ်ပေးနေတာပါ။ ပထမဆုံး ထိုးပေးတာကတော့ အသက် (၅၅) နှစ်အထက် တကြိမ်၊ နောက်တကြိမ်မှာတော့ (၁၈) နှစ်အထက် တကြိမ်၊ အခုတကြိမ်က (၁၂) နှစ်ကနေ (၁၈) နှစ်အောက်ကလေးငယ်တွေအတွက် ဖြစ်ပါတယ်။

ဒီလိုစခန်းအသီးသီးက ရိုဟင်ဂျာကလေးတွေ ကိုဗစ်ကာကွယ်ဆေးထိုးနှံနိုင်ရေး၊ ဆေးထိုးမယ့် ကာကွယ်ဆေး သီတင်းပတ် မတိုင်ခင်ကတည်းက ဒုက္ခသည်စခန်းတွေထဲက ကမ့်တာဝန်ခံတွေ ရိုဟင်ဂျာခေါင်းဆောင်တွေနဲ့ ကျန်းမာရေးစေတနာ့ဝန်ထမ်းတွေ ပူးပေါင်းပြီး၊ ဆေးမှတ်တမ်းကဒ်တွေထဲ စာရင်းအချက်အလက်တွေ ဖြည့်ပေးဖို့ ရိုဟင်ဂျာမိသားစုတွေဆီ ကွင်းဆင်းပြီး ဆောင်ရွက်ခဲ့ကြပါတယ်။

UNHCR ရဲ့အစီအစဉ်နဲ့ ဒုက္ခသည်စခန်းတွေထဲ ကလေးငယ်တွေ ဆေးထိုးနှံနိုင်ရေး ဦးဆောင်ဆောင်ရွက်ပေးခဲ့တဲ့ ကုတုပလောင် ဒုက္ခသည်စခန်း အမှတ်(၇) ရဲ့ လူထုအခြေပြုကျန်းမာရေးအဖွဲ့ခေါင်းဆောင် (UNHCR/ FH Community Health Worker-Team Leader) - မိုဟာမက်ဆာဒဲက်ဟူစိန်က ကလေးငယ်တွေ ဆေးထိုးပေးနှံပေးနေချိန်၊ သူကိုယ်တိုင် ရောက်ရှိလုပ်အားပေးချိန်မှာပဲ ဗွီအိုအေကို အခုလို ပြောပါတယ်။

“အခု ဒုက္ခသည်စခန်းတိုင်းမှာ ကျနော်တို့အားလုံးကို ကိုဗစ်ကာကွယ်ဆေးတွေ အကုန်လိုက်ထိုးပေးနေပါတယ်။ ပထမတကြိမ် - ဒုတိယတကြိမ် - တတိယအကြိမ် Pfizer ဆေးတွေ စနစ်တကျ ထိုးပေးပါတယ်။ ဒီမှာရှိတဲ့ ဒုက္ခသည်စခန်းတွေထဲမှာ NGO INGO Volunteers တွေ ရှိတယ်။ ဒီ Volunteers တွေက အိမ်တွေကိုသွားပြီးတော့ ကလေးတွေကို စင်တာကိုခေါ်လာပါတယ်။ ခေါ်လာပြီးတော့ Vaccine ထိုးပေးပါတယ်။ ထိုးပေးနေတဲ့ ကျန်းမာရေး Centers တွေမှာလည်း ဆေးလာထိုးတဲ့ကလေးတွေအတွက် ပျော်စရာအစီအစဉ်လေးတွေလည်း လုပ်ပေးပါတယ်။”

ရိုဟင်ဂျာကလေးငယ်တွေ ကိုဗစ်ကာကွယ်ဆေးပေးနိုင်ရေး ဘင်္ဂလားအစိုးရနဲ့ ကုလအဖွဲ့အစည်းတွေဘက်က အဆင့်အဆင့် စနစ်တကျ လုပ်ဆောင်ခဲ့တယ်လို့ ကိုယ်တိုင် စေတနာ့ဝန်ထမ်းအဖြစ် ဦးဆောင်လှုပ်ရှားဆောင်ရွက်ပေးနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က ပြောပြပါတယ်။

“အထူးသဖြင့်တော့ ကလေးတွေအတွက်ပါပဲ အသက်(၁၂) နှစ်အရွယ်ကနေ အသက် (၁၇) အထက်ပေါ့ (၁၈) နှစ်အထိ ကမ့်အလိုက် စင်တာတွေ ရှိတယ်။ ကျန်းမာရေးစင်တာတွေ သီးသန့်သတ်မှတ်ပေးထားတာ ရှိတယ်။ အနည်းဆုံး (၂) နေရာလောက် သတ်မှတ်ပေးထားတယ်။ ကျန်းမာရေးဝန်ထမ်းတွေက အဲ့ဒီ့စင်တာတွေမှာ လာထိုးပေးနေတာပါ။ အစိုးရအဖွဲ့အစည်းတွေရော NGO INGO အဖွဲ့အစည်းတွေရော အကုန်ပါပါတယ်။ အားလုံး ပူးပေါင်းဆောင်ရွက်ပေးနေတာပါ။ ဒါက တတိယအကြိမ် ထိုးပေးတာပါ။

မဆုမွန် ။ ။ ကိုအောင်မြိုင်တို့ စေတနာ့ဝန်ထမ်းတွေဘက်ကရော ကလေးတွေကို ထိုးပေးနေတဲ့အချိန် ဝိုင်းဝန်းကူညီပြီးတော့ ဘာတွေလုပ်ပေးကြရလဲရှင့်။

“ဟုတ်ကဲ့။ Volunteers တွေ ရှိပါတယ်။ ကျန်းမာရေးဆိုင်ရာ စေတနာ့ဝန်ထမ်းတွေပါ Community Health Workers ပေါ့နော်။ သူတို့တွေက Vaccination Cards တွေကို အိမ်တိုင်းသွားပြီး ထုတ်ပေးတယ် စာရင်းပြုစုတယ်။ ပြီးတော့ တခြား NGO INGO တွေက Volunteers တွေကလည်း ဒီကာကွယ်ဆေးထိုးလုပ်ငန်းကို ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနေကြတာ ရှိပါတယ်။ အသံချဲ့စက်တွေနဲ့ မိဘတွေ လူတွေသိအောင် ကြေညာပေးနေတာ ရှိပါတယ်။ ကိုဗစ်ပညာပေး သီချင်းတွေဖွင့်ပြီးလည်း ကြေညာပေးပါတယ်။”

အခုလိုဒုက္ခသည်စခန်းအသီးသီးမှာ အခုလို ကိုဗစ်ကာကွယ်ဆေးထိုးအစီအစဉ်တွေဆောင်ရွက်နေချိန် ရိုဟင်ဂျာမိသားစုတွေဘက်က တကယ့်ကိုလိုလိုလားလားနဲ့ လာရောက်ထိုးနှံကြတယ်လို့ စေတနာ့ဝန်ထမ်းတွေက ပြောပါတယ်။ ကိုဗစ်ဒဏ်ခံနိုင်ရေး သူ့မိသားစုထဲက ကလေးငယ်နှစ်ဦးကိုလည်း ဆေးထိုးနှံပေးနိုင်ရေး စီစဉ်နေတဲ့ ဘာလုခါလီဒုက္ခသည်စခန်း အမှတ်(၁၀)က ရိုဟင်ဂျာဦးစောမြင့်ကလည်း သူတို့ကမ့်ထဲ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်း စီစဉ်ဆောင်ရွက်နေတဲ့အခြေအနေကို ပြောပြပါတယ်။

“Mobilized လုပ်ပေးနေတဲ့ Volunteers တွေရှိတယ်။ အိမ်တိုင်းလို လာပြီး၊ ပညာပေးကြတယ်။ သွားဖို့အတွက် ပြင်ဆင်ပေးကြတယ်။ အကူအညီပေးပြီး ဆေးထိုးတဲ့ဌာနအထိကို တခါတည်း လိုက်ပို့ပေးတယ်။ ဆေးထိုးမှတ်တမ်းကဒ်လေးတွေ ထုတ်ပေးပြီး တခါတည်း သူတို့ရဲ့ မှတ်ပုံတင်နံပတ်နဲ့ ထိုးပေးတယ်။ ကျနော့်ကလေးနှစ်ယောက်က မနက်ဖြန်သွားထိုးမှာပါ။”

COVID 19 ကပ်ရောဂါကပ်ဘေးက အခုချိန်အထိ သတိထားရမယ့်အခြေအနေရှိနေသေးချိန် အခုလို ကိုဗစ်ကာကွယ်ဆေးတွေကို ကမ္ဘာပေါ်က လူသားများနဲ့နည်းတူ ကလေးငယ်တွေပါ ထိုးနှံခွင့်ရတဲ့အပေါ် ရိုဟင်ဂျာမိသားစုတွေက ကျေးဇူးတင်ဝမ်းသာနေကြတာပါ ဒါပေမဲ့လို့ မြန်မာနိုင်ငံတွင်း ကျန်နေခဲ့တဲ့ ထိုးနှံခွင့်မရနိုင်သေးတဲ့ ရိုဟင်ဂျာတွေရဲ့ ကျန်းမာရေးအခြေအနေကိုလည်း စိုးရိမ်တယ်လို့ ဦးစောမြင့်ကပြောပါတယ်။

“ဘင်္ဂလားဒေ့ရှ်မှာ ကိုဗစ်ကာလမှာတော့ ဖြစ်ကြတော့ အရမ်းစိုးရိမ်တယ် ဘင်္ဂလားဒေ့ရှ်အစိုးရက စခန်းအသီးသီးမှာ သူတို့အတွက် သီးသန့် ထားပြီး ပညာပေးလုပ်ငန်းတွေကို အဓိကထားပြီး စေတနာ့ဝန်ထမ်းတွေနဲ့ လုပ်ကြတယ်။ လူတွေကလည်း တဖြေးဖြေးနဲ့ နားလည်လာကြတာပေါ့။ လိုက်နာကြတော့ ကျနော်တို့ စိုးရိမ်ခဲ့သလောက် ထင်ခဲ့သလောက် မဖြစ်ခဲ့ဘူးပေါ့။ နောက် ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအတွက်လည်း မြန်မာနိုင်ငံ နေရာအနှံ့မှာလည်း အစိုးရတာဝန်ရှိသူတွေက လုပ်ပေးသလို ဒီလူတွေအတွက်လည်း အစိုးရက လုပ်ပေးသင့်တယ်လို့မြင်ပါတယ်။ ကျနော်တို့က သူတို့အတွက် အရမ်းစိုးရိမ်ပါတယ် စိုးရိမ်ပေမဲ့လို့ အာဏာပိုင်တွေဘက်က တာဝန်ယူမှု၊ တာဝန်ခံမှု ဘယ်လောက်ရှိလဲဆိုတာလည်း ပြောရသိပ်ခက်တယ်။ ပြည်တွင်းမှာဆိုတော့ စိုးရိမ်မှုကတော့ အမြဲရှိတယ်။ ဒီမှာလို(ဘင်္ဂလားဒေ့ရှ်မှာ) စနစ်တကျလုပ်ပေးမယ်လို့ ကျနော်ဘယ်လိုမှ မထင်ဘူး။”

လက်ရှိမှာတော့ ရိုဟင်ဂျာကမ့်တွေထဲမှာ အရင်က ဘုရားဝတ်ပြုရှိခိုးတာ၊ ဘာသာရေးပွဲတွေနဲ့ စာသင်ကျောင်းတွေမှာ စုဝေးတာနဲ့ ပွဲတော်ကာလ လူစုလူဝေးနဲ့ ကျင်းပခွင့်တွေကို ထားရှိထားဆဲပေမဲ့ ဒီနှစ်ပိုင်းတွေမှာတော့ သိပ်တင်းတင်းကျပ်ကျပ် မတားမြစ်တော့ဘူးလို့ဆိုပါတယ်။ ကိုဗစ်ကာကွယ်ဆေးထိုးလုပ်ငန်းတွေ ဆောင်ရွက်နေပေမဲ့ ရိုဟင်ဂျာတွေဘက်က လိုက်နာရမယ့် ကိုဗစ်စည်းမျဉ်း စည်းကမ်းတွေကို သတိထားလိုက်နာကြဖို့ စခန်းတွေမှာ လိုက်လံဆော်သြနေကြဆဲ ဖြစ်ပါတယ်။

မဆုမွန် ။ ။ အရင်တုန်းက ကိုဗစ်တွေဖြစ်တော့ ဒီ့ကမ့်တွေထဲမှာ ထိန်းလို့မရပဲ ပြန့်ပွားပြီး ကူးကုန်မှာ စိုးရိမ်ခဲ့ကြတယ်။ လူဦးရေကလည်း အရမ်းထူထပ်တဲ့အခါကြတော့လေ။ အခုကျတော့ ကိုဗစ်ကာကွယ်ဆေးတွေလည်း ထိုးပေးတယ်။ နောက် ကိုဗစ် စည်းကမ်းချက်တွေကိုလည်း တင်းတင်းကျပ်ကျပ် လုပ်ထားဆဲပဲဆိုတော့ ဒီကမ့်တွေထဲမှာ ကိုဗစ်19 ကူးစက်မှုနှုန်းကို ဘယ်လောက့်အထိ ထိန်းချုပ်နိုင်ခဲ့တယ်လို့ ထင်ပါလဲ။ ဘာအခက်အခဲတွေနဲ့ရော ကြုံခဲ့ရတာတွေ ရှိခဲ့လဲဆိုတာ ပြောပြပေးပါဦး ကိုအောင်မြိုင် ကိုယ့်အတွေ့အကြုံနဲ့ ယှဉ်ပြီးတော့။

“ကိုဗစ်စဖြစ်တဲ့အချိန်တုန်းက စိတ်ပူပင်ကြပြီး မဖြစ်အောင် မနည်းထိန်းကြရတယ်။ လူတွေကလည်း နားမလည်ကြဘူးလေ။ နောက်ပိုင်း အသိပညာပေးတွေ လုပ်တယ်။ နောက်ပိုင်း လူတွေကလည်း သတိထားကြတယ်။ ကမ့်ထဲမှာ COVID 19 ဖြစ်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမဲ့ အခုတော့ ကိုဗစ်ဖြစ်တာ နည်းသွားပြီး လူတွေကလည်း ကိုဗစ်ဆိုင်ရာ စည်းကမ်းတွေကို အတော်လေးလိုက်နာကြတယ်။ မလိုက်နာရင်လည်း သူတို့ကို စည်းကမ်းချိုးဖောက်မှုနဲ့ ဆုံးမတယ်။ အပြင်ထွက်ရင် သွားလာကြတဲ့အခါ ကျနော်တို့အားလုံး ကိုဗစ်ဆိုင်ရာစည်းကမ်းချက်တွေ လိုက်နာပြီး Mask တပ်ရတယ်။ လက်ဆေးရတယ်။ အဲ့တာတွေ ရှိသေးတယ်။”

၂၀၁၇ နောက်ပိုင်း ရိုဟင်ဂျာ (၇) သိန်းကျော် ဘင်္ဂလားဒေ့ရှ်ဘက် တိမ်းရှောင်လာကြတာဖြစ်ပေမဲ့ ငါးနှစ်ကျော်ကာလအတွင်း လူဦးရေတိုးပွားလာလို့ ရိုဟင်ဂျာတွေ လိုက်နာရမယ့် မိသားစုမျိုးဆက်ပွား ကျန်းမာရေး အစီအစဉ်တွေ သဘာဝဘေးအန္တရာယ် သတိထားလိုက်နာရမယ့်အချက်တွေနဲ့ လူနေထူထပ်မှုတွေထဲ ကူးစက်ရောဂါပျံ့နှံမှု ကာကွယ်ရေးလုပ်ငန်းစဉ်တွေကိုလည်း ကမ့်တွေထဲမှာ သင်တန်းပေး ဆောင်ရွက်နေတာလည်းရှိနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာနိုင်ငံဘက်က နေရပ်ရင်းပြန်နိုင်ရေး အစီအစဉ်တွေက နှောင့်နှေးနေဆဲမို့ ကမ့်တွေထဲ ရိုဟင်ဂျာတွေ ကျန်းမာရေး နေထိုင်စားသောက်ရေး အစစရာရာ အဆင်ပြေစေဖို့ လက်ခံထားတဲ့ ဘင်္ဂလားအစိုးရ ကုလသမဂ္ဂ နိုင်ငံတကာအဖွဲ့အစည်းတွေ ကျန်းမာရေးဝန်ထမ်းတွေဘက်က လိုအပ်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အခြေခံကျန်းမာရေးစောင့်ရှောက်မှုတွေ စနစ်တကျ ဆောင်ရွက်ပေးနေတာ ဖြစ်ပါတယ်။

XS
SM
MD
LG