သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရွင္သန္ေနထိုင္ေရးအတြက္ အသက္စြန႔္ေနၾကတဲ့ ႐ိုဟင္ဂ်ာေတြဘဝ


FILE PHOTO: Rohingya refugees continue their journey after crossing the Myanmar-Bangladesh border in Palong Khali, Bangladesh, November 1, 2017. REUTERS/Hannah McKay/File Photo FROM THE FILES - 3RD ANNIVERSARY OF ROHINGYA MUSLIM EXODUS FROM MYANMAR

ဒီသီတင္းပတ္ထဲ ပင္လယ္ျပင္ထဲ စက္ေလွေမွာက္ၿပီး ကေလးငယ္ေလးေတြအပါအဝင္ ေလွစီးေျပး ႐ိုဟင္ဂ်ာ တဒါဇင္ေက်ာ္ ပင္လယ္ျပင္ထဲ အသက္ဆုံးခဲ့ရတဲ့အတြက္ ဝမ္းနည္းတုန္လႈပ္ရပါေၾကာင္း ကုလမဟာမင္းႀကီးက ထုတ္ျပန္လိုက္ပါတယ္။ ဒီလို႐ိုဟင္ဂ်ာေတြ ပင္လယ္ထဲ အသက္ဆုံးရတဲ့ ျဖစ္ရပ္ေတြ မၾကာခဏႀကဳံရတာ ဘာေၾကာင့္ပါလဲ။ ေမွ်ာ္လင့္ခ်က္ အနာဂတ္မဲ့ေနတဲ့ ဒုကၡသည္စခန္းေတြနဲ႔ ကန႔္သတ္ခ်က္ေတြနဲ႔ ေနထိုင္ရတဲ့ ျမန္မာႏိုင္ငံကေန လြတ္ေျမာက္ေရး ပင္လယ္ျပင္အပါအဝင္ နည္းလမ္းမ်ိဳးစုံနဲ႔ ထြက္ေပါက္လမ္းရွာခဲ့ၾကတဲ့ ႐ိုဟင္ဂ်ာေတြရဲ႕ အသက္နဲ႔ရင္း ဘဝေတြေပးဆပ္ခဲ့ၾကရတဲ့ အခက္အခဲ ဒုကၡစိန္ေခၚမႈေတြအေၾကာင္း ႐ိုဟင္ဂ်ာအေရး ကူညီေပးေနသူေတြ ဒုကၡသည္တခ်ိဳ႕ကို မဆုမြန္က ဆက္သြယ္ေမးျမန္းတင္ျပထားပါတယ္။

ျမန္မာႏိုင္ငံ ထြက္ေျပးလာၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ခိုလႈံေနၾကတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ (၁) သန္းေက်ာ္အေရး ႏိုင္ငံတကာက ေမ့မထားၾကဖို႔ ဘာရွန္ခ်ာကြၽန္းက ဒုကၡသည္ေတြအပါအဝင္ ဘဂၤလားေဒ့ရွ္ေရာက္ ႐ိုဟင္ဂ်ာေတြနဲ႔ သြားေရာက္ေတြ႕ဆုံခဲ့တဲ့ ကုလသမဂၢမဟာမင္းႀကီး Filippo Grandi က ေမလ (၂၅) ရက္ ဒါကာသတင္းစာရွင္းလင္းပြဲမွာ သတိေပးလိုက္ပါတယ္။ ဒီသီတင္းပတ္ထဲ ကေလးေတြအပါအဝင္ ႐ိုဟင္ဂ်ာ တဒါဇင္ေက်ာ္ဟာ ျမန္မာ့ပင္လယ္ျပင္မွာ ေသဆုံးခဲ့ရတဲ့အတြက္ ဝမ္းနည္းတုန္လႈပ္ရပါေၾကာင္း ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံးက ေျပာဆိုလိုက္သလို ျမန္မာနဲ႔ ေဒသတြင္းမွာ ေနထိုင္ေနၾကတဲ့ ႐ိုဟင္ဂ်ာေတြ ခံစားေနရတဲ့ ႀကံမိႀကံရာ လုပ္မိၾကတဲ့ ခံစားခ်က္ကို အခု ေနာက္ဆုံးျဖစ္ရပ္က ျပသေနပါတယ္လို႔ ကုလသမဂၢ ဒုကၡသည္မ်ားဆိုင္ရာ မဟာမင္းႀကီး႐ုံး အာရွနဲ႔ပစိဖိတ္ေဒသဆိုင္ရာ ၫႊန္ၾကားေရးမႉး Indrika Ratwatte က ဆိုပါတယ္။

သူတို႔အတြက္ အနာဂတ္အတြက္ ေမွ်ာ္လင့္ခ်က္မဲ့ေနတဲ့ သိန္းခ်ီခိုလႈံေနထိုင္ရာ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲက မြန္းက်ပ္တဲ့ဒုကၡေတြထဲက လြတ္ေျမာက္႐ုန္းထြက္ႏိုင္ေျခ ရွိမလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ အႏၲရာယ္ရွိမွန္းသိရက္နဲ႔ ကမ္းမျမင္လမ္းမျမင္ ပင္လယ္လမ္းေတြကို မ်က္စိစုံမွိတ္ ေ႐ြးခ်ယ္ခဲ့ၾကတာလို႔ ဘာလုခါလီ ဒုကၡသည္စခန္းအသီးသီးက ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ ကုလပညာေပးအစီအစဥ္ေတြမွာ ဦးေဆာင္ပညာေပးေနသူ ဦးစိုးျမင့္က ေျပာျပပါတယ္။

“ Human Trafficking လူကုန္ကူးတို႔ ေလွစီးေျပးဒုကၡသည္အျဖစ္ ေရာက္သြားတဲ့အခါ ဘယ္လိုအခက္အခဲအႏၲရယ္နဲ႔ ႀကဳံရႏိုင္တာတို႔ သတင္းအခ်က္အလက္ဖလွယ္တာတို႔ ပညာေပးတာတို႔ သူတို႔ကို က်ေနာ္တို႔ စခန္းတိုင္းမွာ အၿမဲတမ္းလုပ္ေနတယ္။ က်ေနာ္ကိုယ္တိုင္ဆိုရင္ စခန္းေပါင္း (၂၇) ခုကို တာဝန္ယူရတယ္။ Monitoring ရယ္ Training ရယ္ ေပးတယ္ UNHCR ရယ္ တာဝန္ေပးခ်က္အရ။ ဒါေပမဲ့ ဒီလူေတြကို ၄၊ ၅ ႏွစ္ၾကာေအာင္ ပညာေပးေပမဲ့၊ ဘာျဖစ္လို႔ ေအာင္ေအာင္ျမင္ျမင္ မျဖစ္သလဲလို႔ သြားၾကည့္တဲ့အခါ ဒီေမွ်ာ္လင့္ခ်က္ “ေနရပ္ရင္းေမြးရပ္ကို ျပန္ေရာက္ႏိုင္ျခင္း” ဆိုတဲ့ ေမွ်ာ္လင့္ခ်က္က ေဝးသထက္ေဝးေနတယ္။ ဘာမွကို ေမွ်ာ္လင့္ခ်က္က မရွိေတာ့ဘူး။ နံပတ္တစ္ ပညာေရးအားနည္းခ်က္၊ နံပတ္ႏွစ္ လူေတြက စခန္းထဲမွာ ၾကာလာေတာ့ ရရာလမ္းေၾကာင္းကို ေ႐ြးၿပီးေတာ့-ဒီ့ထက္ေကာင္းမယ့္ ဘဝမ်ိဳးမ်ား ကိုယ့္ဘဝမွာ ရႏိုင္မလားဆိုၿပီး စဥ္းစားၿပီး လုပ္လိုက္တာ နားမလည္တာမဟုတ္ဘူး။ သူတို႔သြားမယ့္ လမ္းေၾကာင္းေတြမွာ အခက္အခဲေတြမ်ိဳးစုံရွိႏိုင္တယ္။

အသက္အႏၲရာယ္ ႀကဳံရေလာက္ႏိုင္တဲ့ ရာခိုင္ႏႈန္းမ်ားတယ္ ဒါမ်ိဳးေတြ သိရက္သားနဲ႔ကို ထြက္ေနၾကတာ။ က်ေနာ္တို႔ဘက္က ဘယ္ေလာက္ပဲ ပညာေပးေပး သူတို႔ရဲ႕ လက္ငင္းအခက္အခဲကို ေရွ႕တန္းတင္ၿပီးေတာ့ သူတို႔က ဆုံးျဖတ္တာပါ။”

႐ိုဟင္ဂ်ာမူဆလင္ေတြဟာ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းေတြထဲမွာလည္း ေမွ်ာ္လင့္ခ်က္မဲ့ေနသလို သူတို႔ေနထိုင္ခဲ့ရာ ျမန္မာႏိုင္ငံ ရခိုင္ျပည္နယ္ထဲမွာ ေနေနၾကဆဲ မူဆလင္ေတြအတြက္လည္း ႏိုင္ငံတြင္း ခရီးသြားလာခြင့္ ကန႔္သတ္ခ်က္ေတြလို တင္းက်ပ္တဲ့ စည္းမ်ဥ္းေတြၾကား ထြက္ေပါက္ပိတ္ေနသလို ျဖစ္ေနလို႔ ပင္လယ္လမ္း၊ ကုန္းလမ္း ေရလမ္းေတြကေန သူတို႔အတြက္ အဆင္ေျပႏိုင္မယ့္ႏိုင္ငံေတြဆီ ခရီးဆက္ဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ႀကိဳးစားၾကတာလို႔လည္း ဦးစိုးျမင့္က ရွင္းျပပါတယ္။

“ ဒီ႐ိုဟင္ဂ်ာေတြဟာ ဒုကၡသည္စခန္းေတြထဲမွာ ၄၊ ၅၊ ၆ ႏွစ္ေလာက္ေတာင္ ေနေနၾကရတာ။ သူတို႔မွာ ေရွ႕ကို ေမွ်ာ္လင့္ခ်က္က ေဝးသထက္ ေဝးေနတယ္။ အဲ့တာေၾကာင့္ သူတို႔က ရရာလမ္းေၾကာင္းကေန သူတို႔ရဲ႕ဘဝေရွ႕ေရးအတြက္ သူတို႔မိသားစုဘဝ ေရွ႕ေရးအတြက္ ရရာလမ္းေၾကာင္းကေန ထြက္ေပါက္ရွာၾကတာေပါ့ဗ်ာ။ မ်က္စိစုံမွိတ္ၿပီးေတာ့ ထြက္ေတာ့တာပါပဲ။

မဆုမြန္။ ။ ဟုတ္ကဲ့ ဒီ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ကမ့္ေတြထဲကေန ထြက္ၾကတာလား။ ျမန္မာျပည္ထဲကေန ထြက္ၾကတာလား။ ဘယ္လိုလမ္းေၾကာင္းေတြကေန ထြက္ၾကပါသလဲရွင့္။

“ထြက္ေပါက္လမ္းေၾကာင္းက ႏွစ္ေၾကာင္းရွိတယ္။ တေၾကာင္းက ဒီဘဂၤလားေဒ့ရွ္ ဒုကၡသည္စခန္းေတြကေန ေရေၾကာင္းလမ္းနဲ႔ ေလွေတြစီးၿပီးေတာ့ သြားၾကတဲ့လမ္းေၾကာင္းက တေၾကာင္း၊ ေနာက္တေၾကာင္း ျမန္မာျပည္ထဲကို ျပန္ဝင္ၿပီးေတာ့ ရခိုင္ဘက္က ကုန္းေၾကာင္းလမ္းနဲ႔ တေၾကာင္း။ ဒီလမ္းေၾကာင္းႏွစ္ေၾကာင္းနဲ႔ သြားေနၾကတာပါပဲ။ အေျခအေတြၾကည့္ အဆက္အသြယ္ေတြယူၿပီး သြားၾကတာပါပဲ။

မဆုမြန္။ ။ ဟုတ္ကဲ့ အဲ့ဒီ့ေတာ့ က်မတို႔သိသေလာက္ သူတို႔သြားလိုတဲ့ႏိုင္ငံေတြ ေနရာေတြဆီကို ေအာင္ေအာင္ျမင္ျမင္နဲ႔ ေရာက္သြားတဲ့သူေတြ ရွိႏိုင္သလို လမ္းမွာတင္ အမ်ားႀကီးဒုကၡေရာက္ၿပီး စက္ေလွပ်က္တာတို႔ လမ္းမွာ ဒုကၡေပါင္းစုံနဲ႔ ႀကဳံရတာေတြရွိတယ္။ အဓိက သူတို႔ဘာေတြရင္ဆိုင္ရ ႀကဳံရႏိုင္ေျခေတြရွိလဲ၊ တခ်ိဳ႕ဆို မိသားစုလိုက္ သြားၾကတာ ကေလးေလးေတြပါ ပါသြားတာေတြ ရွိေတာ့ေလ။

“ကေလးေလးေတြ ပါသြားတယ္ဆိုတာက သူတို႔ရဲ႕ ေဆြမ်ိဳးသားခ်င္းေတြ ဟိုမွာရွိေနေတာ့-သြားၾကတာပါ။ ဧရာဝတီတိုင္းမွာ ပါသြားတဲ့ သူေတြထဲဆို အသက္ (၂၀) အ႐ြယ္ မိန္းကေလးေတြပါ ပါလာတာ ေတြ႕ရတယ္။ ဒီမိန္းကေလးေတြဟာ လမ္းမွာရွိတဲ့ အခက္အခဲေတြကို ရင္ဆိုင္ခဲ့ၾကရၿပီး တကယ္လို႔ ကံေကာင္းလို႔ ကိုယ္သြားခ်င္တဲ့ေနရာကို ေရာက္သြားရင္ေတာ့ ဒီ့ထက္ေကာင္းတဲ့ ဘဝတခုခုကို ပိုင္ဆိုင္ႏိုင္မလားဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေတြနဲ႔ ထြက္သြားၾကတာပါပဲ။

မဆုမြန္။ ။ ဟုတ္ၿပီ အဲ့ေတာ့ ဦးစိုးျမင့္တို႔ဆိုရင္ ႐ိုဟင္ဂ်ာေတြအတြက္ ပညာေပးေတြ လုပ္ခဲ့တာေရာ သူတို႔အတြက္ ေတာင္းဆိုလႈပ္ရွား ေပးေနတာေတြေရာရွိေတာ့ အခုလို သူတို႔ရဲ႕ ဘဝရဲ႕လြတ္ေျမာက္ရာလမ္းေတြကို ေမွ်ာ္လင့္ၿပီးသြားၾကတာပဲ ဒါေပမဲ့ လမ္းမွာ ဒုကၡမ်ိဳးစုံနဲ႔ ႀကဳံရတယ္။ ဆိုေတာ့ ဒီ့ကမ့္ေတြထဲမွာရွိတဲ့ သူေတြကိုေရာ ျမန္မာျပည္ထဲက သူေတြကိုေရာ ဘယ္လိုမ်ိဳး အႀကံေပးခ်င္တာရွိလဲ။ တာဝန္ရွိတဲ့သူေတြဘက္ကေရာ ဘာေတြ လုပ္ေပးသင့္တယ္လို႔ အႀကံေပးခ်င္ပါလဲရွင့္။

“ဒီေလွစီးေျပးဒုကၡသည္ေတြအျဖစ္နဲ႔ လမ္းခရီးမွာတင္ အသက္ဆုံးခဲ့ရတဲ့ဒုကၡသည္ေတြအတြက္ ကမာၻ႔အသိုင္းအဝိုင္းကေရာ ဒီဒုကၡသည္စခန္း တာဝန္ရွိသူေတြကေရာ ျမန္မာအစိုးရဘက္ကေရာ တကယ္ကို သနားညႇာတာၿပီးေတာ့ အဓိက ေျဖရွင္းခ်က္က တခုတည္းပဲ။ မိမိေနရပ္ရင္းေဒသကို သိကၡာရွိရွိနဲ႔ ျပန္ႏိုင္ေရး။ အဲ့တာေျဖရွင္းခ်က္ရဲ႕ အရင္းအျမစ္။ နံပတ္တစ္အခ်က္က လိုအပ္တဲ့အဆင့္အထိ ႏိုင္ငံသားအခြင့္အေရးကို ေပးၿပီးေတာ့ ျမန္မာႏိုင္ငံဘက္မွာ လြတ္လပ္စြာ သြားလာခြင့္ ပညာသင္ၾကားခြင့္၊ ေနာက္ ကိုယ္ေနထိုင္ခဲ့တဲ့ေဒသကို ျပန္ပို႔မယ္ဆိုတဲ့ အာမခံခ်က္ကေလး ရရင္ေတာ့၊ အားလုံးက ျပန္ၾကမွာပဲ။ ဘယ္သူမွ က်ေနာ္တို႔ကို တြန္းအားေပးစရာမလိုဘူး။ ႏိုင္ငံတကာေရွ႕ေမွာက္မွာ အာမခံခ်က္ကေလးရေအာင္ လုပ္ေပးပါ။ ဒီေန႔ၿပီးၿပီေဟ့ အာမခံခ်က္ရၿပီဆိုရင္ မနက္ျဖန္ အသုတ္လိုက္ က်ေနာ္တို႔ ျပန္ၾကမွာ။ ႏိုင္ငံတကာအသိုင္းအဝိုင္းကိုလည္း က်ေနာ္တို႔ အဲ့တာပဲ ေတာင္းဆိုခ်င္တယ္။ ထပ္တလဲလဲ ေတာင္းဆိုခ်င္တယ္ ဒါေပမဲ့ ခရီးက မေရာက္ဘူးျဖစ္ေနတယ္။”

လြတ္ေျမာက္ဖို႔ နည္းလမ္းေပါင္းစုံနဲ႔ ထြက္ခြာေနၾကတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ အခုလို အသက္ဆုံးရတဲ့အထိ ႀကဳံေနရတဲ့ အျဖစ္မ်ိဳးေတြ ေနာင္ မႀကဳံရေလေအာင္ ဒုကၡသည္စခန္းအသီးသီးမွာ အခ်င္းခ်င္း အသိပညာေပး ဖလွယ္ေပးႏိုင္တဲ့ ေစတနာ့ဝန္ထမ္းေတြ အမ်ားႀကီး လိုအပ္တယ္လို႔လည္း စခန္းေတြထဲ ကိုယ္တိုင္ ဒုကၡသည္ေတြကို သင္တန္းေပး ကူညီေပးေနတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ကိုေအာင္ၿမိဳင္က အႀကံျပဳပါတယ္။

“ဒီကိစၥက ခဏခဏ ျဖစ္လာၿပီဆိုေတာ့ကာ ေစတနာ့ဝန္ထမ္းေတြကို စခန္းေတြအလိုက္ တိုးၿပီးေတာ့ ထားရမွာပါ။ ေကာ့ဇ္ဘဇားဒုကၡသည္စခန္းမွာ စခန္းေပါင္း (၃၄) ခုေလာက္ရွိတယ္။ အဲ့ဒီ့စခန္းေပါင္း (၃၄) ခုစလုံးမွာ စခန္းတခုမွာ ပ႐ိုဂ်က္တခုခ် ေပးရမွာပါ။ ၿပီးေတာ့ ေစတနာ့ဝန္ထမ္းေတြ ထားေပးရမွာပါ။ သူတို႔ကို သင္တန္းေပးရမွာပါ။ ဒါမွ သူတို႔က အိမ္တိုင္း အိမ္တိုင္းဝင္ၿပီးေတာ့ ပညာေပးလို႔ရမွာ။ အထူးသျဖင့္ လူကုန္ကူးမႈနဲ႔ ပတ္သက္ၿပီး စာေစာင္ေတြ စာအုပ္ေတြ ပညာေပးႏိုင္ေအာင္ အိမ္ေတြမွာ အဲ့တာလုပ္ရမွာပါ ၿပီးေတာ့ ရပ္ကြက္အလိုက္ သင္တန္းေတြ ဖြင့္သင့္တယ္။ တခ်ိဳ႕က်ေတာ့ စာမတတ္တာ ရွိတယ္ သူတို႔ကိုက်ေတာ့ ပန္းခ်ီနဲ႔ေပါ့။ ကာတြန္းတို႔ ဘာတို႔ ဆြဲၿပီးေတာ့ ဖုန္းနံပတ္ေတြ ထည့္ေပးတာမ်ိဳး အဲ့လိုလုပ္ရမွာပါ။ ၿပီးေတာ့ အလုပ္အကိုင္အခြင့္အလမ္း ရေအာင္ လူေနမႈ အဆင့္အတန္း ျမႇင့္တင္ႏိုင္ေအာင္ အဲ့တာေတြကို ဆက္တိုက္ေဆာင္႐ြက္ရမွာပါ။”

တကယ္ေတာ့ ဒုကၡေတာကေန လြတ္ေျမာက္ေရး ေလွစီးေျပးထြက္ေျပးၾကရတဲ့ ႐ိုဟင္ဂ်ာေတြဟာ ဒုကၡေတြ အဆင့္ဆင့္ ထပ္ႀကဳံရတာေတြ ရွိပါတယ္။ သူတို႔ကို လူကုန္ကူးခံရတာေတြအပါဝင္ ပြဲစားေတြ ဆက္သြယ္ေပးသူေတြအတြက္ ဝန္ေဆာင္မႈေပးရတဲ့အခါ ဒုကၡသည္စခန္းေတြထဲမွာ ရွိသမွ်စုေဆာင္းေငြေတြ လိမ္လည္ခံရတာမ်ိဳးရွိသလို ထြက္သြားတဲ့ လမ္းေၾကာင္းေတြမွာလည္း သဘာဝေဘးအႏၲရာယ္မ်ိဳးစုံေၾကာင့္ အသက္ဆုံးရသလို-သက္ဆိုင္ရာအာဏာပိုင္ေတြရဲ႕ ဖမ္းဆီးမႈေတြအျပင္ ပြဲစားေတြရဲ႕ လိင္ပိုင္းဆိုင္ရာေစာ္ကားမႈလို ညႇင္းပမ္းႏွိပ္စက္မႈေတြနဲ႔ ရင္ဆိုင္ခဲ့ၾကရတယ္လို႔ ကိုေအာင္ၿမိဳင္က ေျပာျပပါတယ္။

“သူတို႔လမ္းမွာလည္း ဒုကၡခံၾကရတယ္ အခက္အခဲေပါင္းမ်ားစြာနဲ႔ ႀကဳံေတြ႕ခဲ့ရတယ္ ပင္လယ္ျပင္ထဲ အစာအာဟာရျပတ္တာ စားဝတ္ေနေရးဒုကၡေရာက္တာ ၿပီးေတာ့ ပြဲစားေတြကေန အဆင့္ဆင့္သြားၾကတဲ့အခါ အမ်ိဳးသမီးေတြေရာ အမ်ိဳးသားေတြကိုေရာ ပြဲစားေတြက အၾကပ္ကိုင္ၿပီးေတာ့ တခ်ိဳ႕တေလေတြဆို လိင္ပိုင္းဆိုင္ရာ ေစာ္ကားခံရတာမ်ိဳးေတြရွိတယ္။ ၿပီးေတာ့ ေရလမ္းေၾကာင္းကဆိုလည္း အသက္အႏၲရာယ္ႀကဳံရတာမ်ိဳး ခံရတာေတြလည္းရွိတယ္။ ေရလမ္းမဟုတ္ဘဲ၊ ထိုင္းလိုေနရာေရာက္သြားလည္း လမ္းမွာ ပြဲစားက ႐ိုက္ႏွက္တာမ်ိဳး ထိုးႀကိတ္တာမ်ိဳးလည္း ခံရတယ္။ သတ္ပစ္လိုက္တာမ်ိဳးေတာင္ ရွိတယ္။ ဒါေပမဲ့ သြားၾကတယ္ ဘာျဖစ္လို႔လဲဆိုေတာ့ ဒီမွာက ဘာမွ ေမွ်ာ္လင့္ခ်က္ မရွိေတာ့ဘူးေလ။ ေသရင္လည္းေသဆိုၿပီး ဘဝကို အေကာင္းဆုံးျဖစ္ေအာင္ လုပ္မယ္ဆိုၿပီးေတာ့ အဲ့လိုဆႏၵေလးေတြနဲ႔ သြားၾကတာ ဒီလူေတြမွာက ဒီမွာ ဘာေမွ်ာ္လင့္ခ်က္မွ မရွိေတာ့ဘူးေလ။”

ဒီလိုအခက္အခဲမ်ိဳးစုံနဲ႔ ႀကဳံေနၾကရတဲ့ ႐ိုဟင္ဂ်ာအေရး ေရရွည္အေျဖတရပ္ ရရွိဖို႔ကေတာ့ ျမန္မာႏိုင္ငံအေပၚမွာ အဓိကမူတည္ေၾကာင္းလည္း ကုလမဟာမင္းႀကီးက ေျပာဆိုထားပါတယ္။ သူေတြ႕ဆုံခဲ့တဲ့ ႐ိုဟင္ဂ်ာေတြဟာ အေျခအေနေပးရင္ ေနရပ္ျပန္လိုေၾကာင္း ေျပာခဲ့ၾကတယ္လို႔လည္း ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔ ဒါကာၿမိဳ႕ေတာ္က သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုခဲ့တာပါ။

ျမန္မာအာဏာပိုင္ေတြကေတာ့ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို တရားဝင္ အသိအမွတ္ျပဳ လက္မခံေပမဲ့၊ ရခိုင္ျပည္နယ္က ထြက္ေျပးသြားတဲ့ ဒုကၡသည္ေတြကို စိစစ္လက္ခံမွာ ျဖစ္ေၾကာင္း ေျပာဆိုထားၿပီး၊ ဘဂၤလားေဒ့ရွ္ ႏိုင္ငံနဲ႔ေရာ ကုလသမဂၢနဲ႔ပါ သီးျခားစီ နားလည္မႈ စာခြၽန္လႊာေတြ လက္မွတ္ေရးထိုးထားပါတယ္။ ဒါေပမဲ့လည္း လက္ေတြ႕မွာေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး အစီအစဥ္ေတြ အထမေျမာက္ေသးသလို၊ ၿပီးခဲ့တဲ့ႏွစ္ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ စစ္တပ္က အာဏာသိမ္းလိုက္တာေၾကာင့္ ႐ိုဟင္ဂ်ာအေရး ဘယ္လို ဆက္လက္ ကိုင္တြယ္မလဲ ဆိုတာကလည္း ရွင္းရွင္းလင္းလင္းေတာ့ မရွိေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

=== Unicode ===

ဒီသီတင်းပတ်ထဲ ပင်လယ်ပြင်ထဲ စက်လှေမှောက်ပြီး ကလေးငယ်လေးတွေအပါအဝင် လှေစီးပြေး ရိုဟင်ဂျာ တဒါဇင်ကျော် ပင်လယ်ပြင်ထဲ အသက်ဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းတုန်လှုပ်ရပါကြောင်း ကုလမဟာမင်းကြီးက ထုတ်ပြန်လိုက်ပါတယ်။ ဒီလိုရိုဟင်ဂျာတွေ ပင်လယ်ထဲ အသက်ဆုံးရတဲ့ ဖြစ်ရပ်တွေ မကြာခဏကြုံရတာ ဘာကြောင့်ပါလဲ။ မျှော်လင့်ချက် အနာဂတ်မဲ့နေတဲ့ ဒုက္ခသည်စခန်းတွေနဲ့ ကန့်သတ်ချက်တွေနဲ့ နေထိုင်ရတဲ့ မြန်မာနိုင်ငံကနေ လွတ်မြောက်ရေး ပင်လယ်ပြင်အပါအဝင် နည်းလမ်းမျိုးစုံနဲ့ ထွက်ပေါက်လမ်းရှာခဲ့ကြတဲ့ ရိုဟင်ဂျာတွေရဲ့ အသက်နဲ့ရင်း ဘဝတွေပေးဆပ်ခဲ့ကြရတဲ့ အခက်အခဲ ဒုက္ခစိန်ခေါ်မှုတွေအကြောင်း ရိုဟင်ဂျာအရေး ကူညီပေးနေသူတွေ ဒုက္ခသည်တချို့ကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ပြထားပါတယ်။

မြန်မာနိုင်ငံ ထွက်ပြေးလာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် (၁) သန်းကျော်အရေး နိုင်ငံတကာက မေ့မထားကြဖို့ ဘာရှန်ချာကျွန်းက ဒုက္ခသည်တွေအပါအဝင် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi က မေလ (၂၅) ရက် ဒါကာသတင်းစာရှင်းလင်းပွဲမှာ သတိပေးလိုက်ပါတယ်။ ဒီသီတင်းပတ်ထဲ ကလေးတွေအပါအဝင် ရိုဟင်ဂျာ တဒါဇင်ကျော်ဟာ မြန်မာ့ပင်လယ်ပြင်မှာ သေဆုံးခဲ့ရတဲ့အတွက် ဝမ်းနည်းတုန်လှုပ်ရပါကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက ပြောဆိုလိုက်သလို မြန်မာနဲ့ ဒေသတွင်းမှာ နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေ ခံစားနေရတဲ့ ကြံမိကြံရာ လုပ်မိကြတဲ့ ခံစားချက်ကို အခု နောက်ဆုံးဖြစ်ရပ်က ပြသနေပါတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး အာရှနဲ့ပစိဖိတ်ဒေသဆိုင်ရာ ညွှန်ကြားရေးမှူး Indrika Ratwatte က ဆိုပါတယ်။

သူတို့အတွက် အနာဂတ်အတွက် မျှော်လင့်ချက်မဲ့နေတဲ့ သိန်းချီခိုလှုံနေထိုင်ရာ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက မွန်းကျပ်တဲ့ဒုက္ခတွေထဲက လွတ်မြောက်ရုန်းထွက်နိုင်ခြေ ရှိမလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ အန္တရာယ်ရှိမှန်းသိရက်နဲ့ ကမ်းမမြင်လမ်းမမြင် ပင်လယ်လမ်းတွေကို မျက်စိစုံမှိတ် ရွေးချယ်ခဲ့ကြတာလို့ ဘာလုခါလီ ဒုက္ခသည်စခန်းအသီးသီးက ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ကုလပညာပေးအစီအစဉ်တွေမှာ ဦးဆောင်ပညာပေးနေသူ ဦးစိုးမြင့်က ပြောပြပါတယ်။

“ Human Trafficking လူကုန်ကူးတို့ လှေစီးပြေးဒုက္ခသည်အဖြစ် ရောက်သွားတဲ့အခါ ဘယ်လိုအခက်အခဲအန္တရယ်နဲ့ ကြုံရနိုင်တာတို့ သတင်းအချက်အလက်ဖလှယ်တာတို့ ပညာပေးတာတို့ သူတို့ကို ကျနော်တို့ စခန်းတိုင်းမှာ အမြဲတမ်းလုပ်နေတယ်။ ကျနော်ကိုယ်တိုင်ဆိုရင် စခန်းပေါင်း (၂၇) ခုကို တာဝန်ယူရတယ်။ Monitoring ရယ် Training ရယ် ပေးတယ် UNHCR ရယ် တာဝန်ပေးချက်အရ။ ဒါပေမဲ့ ဒီလူတွေကို ၄၊ ၅ နှစ်ကြာအောင် ပညာပေးပေမဲ့၊ ဘာဖြစ်လို့ အောင်အောင်မြင်မြင် မဖြစ်သလဲလို့ သွားကြည့်တဲ့အခါ ဒီမျှော်လင့်ချက် “နေရပ်ရင်းမွေးရပ်ကို ပြန်ရောက်နိုင်ခြင်း” ဆိုတဲ့ မျှော်လင့်ချက်က ဝေးသထက်ဝေးနေတယ်။ ဘာမှကို မျှော်လင့်ချက်က မရှိတော့ဘူး။ နံပတ်တစ် ပညာရေးအားနည်းချက်၊ နံပတ်နှစ် လူတွေက စခန်းထဲမှာ ကြာလာတော့ ရရာလမ်းကြောင်းကို ရွေးပြီးတော့-ဒီ့ထက်ကောင်းမယ့် ဘဝမျိုးများ ကိုယ့်ဘဝမှာ ရနိုင်မလားဆိုပြီး စဉ်းစားပြီး လုပ်လိုက်တာ နားမလည်တာမဟုတ်ဘူး။ သူတို့သွားမယ့် လမ်းကြောင်းတွေမှာ အခက်အခဲတွေမျိုးစုံရှိနိုင်တယ်။

အသက်အန္တရာယ် ကြုံရလောက်နိုင်တဲ့ ရာခိုင်နှုန်းများတယ် ဒါမျိုးတွေ သိရက်သားနဲ့ကို ထွက်နေကြတာ။ ကျနော်တို့ဘက်က ဘယ်လောက်ပဲ ပညာပေးပေး သူတို့ရဲ့ လက်ငင်းအခက်အခဲကို ရှေ့တန်းတင်ပြီးတော့ သူတို့က ဆုံးဖြတ်တာပါ။”

ရိုဟင်ဂျာမူဆလင်တွေဟာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲမှာလည်း မျှော်လင့်ချက်မဲ့နေသလို သူတို့နေထိုင်ခဲ့ရာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ထဲမှာ နေနေကြဆဲ မူဆလင်တွေအတွက်လည်း နိုင်ငံတွင်း ခရီးသွားလာခွင့် ကန့်သတ်ချက်တွေလို တင်းကျပ်တဲ့ စည်းမျဉ်းတွေကြား ထွက်ပေါက်ပိတ်နေသလို ဖြစ်နေလို့ ပင်လယ်လမ်း၊ ကုန်းလမ်း ရေလမ်းတွေကနေ သူတို့အတွက် အဆင်ပြေနိုင်မယ့်နိုင်ငံတွေဆီ ခရီးဆက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားကြတာလို့လည်း ဦးစိုးမြင့်က ရှင်းပြပါတယ်။

“ ဒီရိုဟင်ဂျာတွေဟာ ဒုက္ခသည်စခန်းတွေထဲမှာ ၄၊ ၅၊ ၆ နှစ်လောက်တောင် နေနေကြရတာ။ သူတို့မှာ ရှေ့ကို မျှော်လင့်ချက်က ဝေးသထက် ဝေးနေတယ်။ အဲ့တာကြောင့် သူတို့က ရရာလမ်းကြောင်းကနေ သူတို့ရဲ့ဘဝရှေ့ရေးအတွက် သူတို့မိသားစုဘဝ ရှေ့ရေးအတွက် ရရာလမ်းကြောင်းကနေ ထွက်ပေါက်ရှာကြတာပေါ့ဗျာ။ မျက်စိစုံမှိတ်ပြီးတော့ ထွက်တော့တာပါပဲ။

မဆုမွန်။ ။ ဟုတ်ကဲ့ ဒီရိုဟင်ဂျာဒုက္ခသည်တွေက ကမ့်တွေထဲကနေ ထွက်ကြတာလား။ မြန်မာပြည်ထဲကနေ ထွက်ကြတာလား။ ဘယ်လိုလမ်းကြောင်းတွေကနေ ထွက်ကြပါသလဲရှင့်။

“ထွက်ပေါက်လမ်းကြောင်းက နှစ်ကြောင်းရှိတယ်။ တကြောင်းက ဒီဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ ရေကြောင်းလမ်းနဲ့ လှေတွေစီးပြီးတော့ သွားကြတဲ့လမ်းကြောင်းက တကြောင်း၊ နောက်တကြောင်း မြန်မာပြည်ထဲကို ပြန်ဝင်ပြီးတော့ ရခိုင်ဘက်က ကုန်းကြောင်းလမ်းနဲ့ တကြောင်း။ ဒီလမ်းကြောင်းနှစ်ကြောင်းနဲ့ သွားနေကြတာပါပဲ။ အခြေအတွေကြည့် အဆက်အသွယ်တွေယူပြီး သွားကြတာပါပဲ။

မဆုမွန်။ ။ ဟုတ်ကဲ့ အဲ့ဒီ့တော့ ကျမတို့သိသလောက် သူတို့သွားလိုတဲ့နိုင်ငံတွေ နေရာတွေဆီကို အောင်အောင်မြင်မြင်နဲ့ ရောက်သွားတဲ့သူတွေ ရှိနိုင်သလို လမ်းမှာတင် အများကြီးဒုက္ခရောက်ပြီး စက်လှေပျက်တာတို့ လမ်းမှာ ဒုက္ခပေါင်းစုံနဲ့ ကြုံရတာတွေရှိတယ်။ အဓိက သူတို့ဘာတွေရင်ဆိုင်ရ ကြုံရနိုင်ခြေတွေရှိလဲ၊ တချို့ဆို မိသားစုလိုက် သွားကြတာ ကလေးလေးတွေပါ ပါသွားတာတွေ ရှိတော့လေ။

“ကလေးလေးတွေ ပါသွားတယ်ဆိုတာက သူတို့ရဲ့ ဆွေမျိုးသားချင်းတွေ ဟိုမှာရှိနေတော့-သွားကြတာပါ။ ဧရာဝတီတိုင်းမှာ ပါသွားတဲ့ သူတွေထဲဆို အသက် (၂၀) အရွယ် မိန်းကလေးတွေပါ ပါလာတာ တွေ့ရတယ်။ ဒီမိန်းကလေးတွေဟာ လမ်းမှာရှိတဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ကြရပြီး တကယ်လို့ ကံကောင်းလို့ ကိုယ်သွားချင်တဲ့နေရာကို ရောက်သွားရင်တော့ ဒီ့ထက်ကောင်းတဲ့ ဘဝတခုခုကို ပိုင်ဆိုင်နိုင်မလားဆိုတဲ့ မျှော်လင့်ချက်တွေနဲ့ ထွက်သွားကြတာပါပဲ။

မဆုမွန်။ ။ ဟုတ်ပြီ အဲ့တော့ ဦးစိုးမြင့်တို့ဆိုရင် ရိုဟင်ဂျာတွေအတွက် ပညာပေးတွေ လုပ်ခဲ့တာရော သူတို့အတွက် တောင်းဆိုလှုပ်ရှား ပေးနေတာတွေရောရှိတော့ အခုလို သူတို့ရဲ့ ဘဝရဲ့လွတ်မြောက်ရာလမ်းတွေကို မျှော်လင့်ပြီးသွားကြတာပဲ ဒါပေမဲ့ လမ်းမှာ ဒုက္ခမျိုးစုံနဲ့ ကြုံရတယ်။ ဆိုတော့ ဒီ့ကမ့်တွေထဲမှာရှိတဲ့ သူတွေကိုရော မြန်မာပြည်ထဲက သူတွေကိုရော ဘယ်လိုမျိုး အကြံပေးချင်တာရှိလဲ။ တာဝန်ရှိတဲ့သူတွေဘက်ကရော ဘာတွေ လုပ်ပေးသင့်တယ်လို့ အကြံပေးချင်ပါလဲရှင့်။

“ဒီလှေစီးပြေးဒုက္ခသည်တွေအဖြစ်နဲ့ လမ်းခရီးမှာတင် အသက်ဆုံးခဲ့ရတဲ့ဒုက္ခသည်တွေအတွက် ကမ္ဘာ့အသိုင်းအဝိုင်းကရော ဒီဒုက္ခသည်စခန်း တာဝန်ရှိသူတွေကရော မြန်မာအစိုးရဘက်ကရော တကယ်ကို သနားညှာတာပြီးတော့ အဓိက ဖြေရှင်းချက်က တခုတည်းပဲ။ မိမိနေရပ်ရင်းဒေသကို သိက္ခာရှိရှိနဲ့ ပြန်နိုင်ရေး။ အဲ့တာဖြေရှင်းချက်ရဲ့ အရင်းအမြစ်။ နံပတ်တစ်အချက်က လိုအပ်တဲ့အဆင့်အထိ နိုင်ငံသားအခွင့်အရေးကို ပေးပြီးတော့ မြန်မာနိုင်ငံဘက်မှာ လွတ်လပ်စွာ သွားလာခွင့် ပညာသင်ကြားခွင့်၊ နောက် ကိုယ်နေထိုင်ခဲ့တဲ့ဒေသကို ပြန်ပို့မယ်ဆိုတဲ့ အာမခံချက်ကလေး ရရင်တော့၊ အားလုံးက ပြန်ကြမှာပဲ။ ဘယ်သူမှ ကျနော်တို့ကို တွန်းအားပေးစရာမလိုဘူး။ နိုင်ငံတကာရှေ့မှောက်မှာ အာမခံချက်ကလေးရအောင် လုပ်ပေးပါ။ ဒီနေ့ပြီးပြီဟေ့ အာမခံချက်ရပြီဆိုရင် မနက်ဖြန် အသုတ်လိုက် ကျနော်တို့ ပြန်ကြမှာ။ နိုင်ငံတကာအသိုင်းအဝိုင်းကိုလည်း ကျနော်တို့ အဲ့တာပဲ တောင်းဆိုချင်တယ်။ ထပ်တလဲလဲ တောင်းဆိုချင်တယ် ဒါပေမဲ့ ခရီးက မရောက်ဘူးဖြစ်နေတယ်။”

လွတ်မြောက်ဖို့ နည်းလမ်းပေါင်းစုံနဲ့ ထွက်ခွာနေကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ အခုလို အသက်ဆုံးရတဲ့အထိ ကြုံနေရတဲ့ အဖြစ်မျိုးတွေ နောင် မကြုံရလေအောင် ဒုက္ခသည်စခန်းအသီးသီးမှာ အချင်းချင်း အသိပညာပေး ဖလှယ်ပေးနိုင်တဲ့ စေတနာ့ဝန်ထမ်းတွေ အများကြီး လိုအပ်တယ်လို့လည်း စခန်းတွေထဲ ကိုယ်တိုင် ဒုက္ခသည်တွေကို သင်တန်းပေး ကူညီပေးနေတဲ့ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က အကြံပြုပါတယ်။

“ဒီကိစ္စက ခဏခဏ ဖြစ်လာပြီဆိုတော့ကာ စေတနာ့ဝန်ထမ်းတွေကို စခန်းတွေအလိုက် တိုးပြီးတော့ ထားရမှာပါ။ ကော့ဇ်ဘဇားဒုက္ခသည်စခန်းမှာ စခန်းပေါင်း (၃၄) ခုလောက်ရှိတယ်။ အဲ့ဒီ့စခန်းပေါင်း (၃၄) ခုစလုံးမှာ စခန်းတခုမှာ ပရိုဂျက်တခုချ ပေးရမှာပါ။ ပြီးတော့ စေတနာ့ဝန်ထမ်းတွေ ထားပေးရမှာပါ။ သူတို့ကို သင်တန်းပေးရမှာပါ။ ဒါမှ သူတို့က အိမ်တိုင်း အိမ်တိုင်းဝင်ပြီးတော့ ပညာပေးလို့ရမှာ။ အထူးသဖြင့် လူကုန်ကူးမှုနဲ့ ပတ်သက်ပြီး စာစောင်တွေ စာအုပ်တွေ ပညာပေးနိုင်အောင် အိမ်တွေမှာ အဲ့တာလုပ်ရမှာပါ ပြီးတော့ ရပ်ကွက်အလိုက် သင်တန်းတွေ ဖွင့်သင့်တယ်။ တချို့ကျတော့ စာမတတ်တာ ရှိတယ် သူတို့ကိုကျတော့ ပန်းချီနဲ့ပေါ့။ ကာတွန်းတို့ ဘာတို့ ဆွဲပြီးတော့ ဖုန်းနံပတ်တွေ ထည့်ပေးတာမျိုး အဲ့လိုလုပ်ရမှာပါ။ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်း ရအောင် လူနေမှု အဆင့်အတန်း မြှင့်တင်နိုင်အောင် အဲ့တာတွေကို ဆက်တိုက်ဆောင်ရွက်ရမှာပါ။”

တကယ်တော့ ဒုက္ခတောကနေ လွတ်မြောက်ရေး လှေစီးပြေးထွက်ပြေးကြရတဲ့ ရိုဟင်ဂျာတွေဟာ ဒုက္ခတွေ အဆင့်ဆင့် ထပ်ကြုံရတာတွေ ရှိပါတယ်။ သူတို့ကို လူကုန်ကူးခံရတာတွေအပါဝင် ပွဲစားတွေ ဆက်သွယ်ပေးသူတွေအတွက် ဝန်ဆောင်မှုပေးရတဲ့အခါ ဒုက္ခသည်စခန်းတွေထဲမှာ ရှိသမျှစုဆောင်းငွေတွေ လိမ်လည်ခံရတာမျိုးရှိသလို ထွက်သွားတဲ့ လမ်းကြောင်းတွေမှာလည်း သဘာဝဘေးအန္တရာယ်မျိုးစုံကြောင့် အသက်ဆုံးရသလို-သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ ဖမ်းဆီးမှုတွေအပြင် ပွဲစားတွေရဲ့ လိင်ပိုင်းဆိုင်ရာစော်ကားမှုလို ညှင်းပမ်းနှိပ်စက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရတယ်လို့ ကိုအောင်မြိုင်က ပြောပြပါတယ်။

“သူတို့လမ်းမှာလည်း ဒုက္ခခံကြရတယ် အခက်အခဲပေါင်းများစွာနဲ့ ကြုံတွေ့ခဲ့ရတယ် ပင်လယ်ပြင်ထဲ အစာအာဟာရပြတ်တာ စားဝတ်နေရေးဒုက္ခရောက်တာ ပြီးတော့ ပွဲစားတွေကနေ အဆင့်ဆင့်သွားကြတဲ့အခါ အမျိုးသမီးတွေရော အမျိုးသားတွေကိုရော ပွဲစားတွေက အကြပ်ကိုင်ပြီးတော့ တချို့တလေတွေဆို လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာမျိုးတွေရှိတယ်။ ပြီးတော့ ရေလမ်းကြောင်းကဆိုလည်း အသက်အန္တရာယ်ကြုံရတာမျိုး ခံရတာတွေလည်းရှိတယ်။ ရေလမ်းမဟုတ်ဘဲ၊ ထိုင်းလိုနေရာရောက်သွားလည်း လမ်းမှာ ပွဲစားက ရိုက်နှက်တာမျိုး ထိုးကြိတ်တာမျိုးလည်း ခံရတယ်။ သတ်ပစ်လိုက်တာမျိုးတောင် ရှိတယ်။ ဒါပေမဲ့ သွားကြတယ် ဘာဖြစ်လို့လဲဆိုတော့ ဒီမှာက ဘာမှ မျှော်လင့်ချက် မရှိတော့ဘူးလေ။ သေရင်လည်းသေဆိုပြီး ဘဝကို အကောင်းဆုံးဖြစ်အောင် လုပ်မယ်ဆိုပြီးတော့ အဲ့လိုဆန္ဒလေးတွေနဲ့ သွားကြတာ ဒီလူတွေမှာက ဒီမှာ ဘာမျှော်လင့်ချက်မှ မရှိတော့ဘူးလေ။”

ဒီလိုအခက်အခဲမျိုးစုံနဲ့ ကြုံနေကြရတဲ့ ရိုဟင်ဂျာအရေး ရေရှည်အဖြေတရပ် ရရှိဖို့ကတော့ မြန်မာနိုင်ငံအပေါ်မှာ အဓိကမူတည်ကြောင်းလည်း ကုလမဟာမင်းကြီးက ပြောဆိုထားပါတယ်။ သူတွေ့ဆုံခဲ့တဲ့ ရိုဟင်ဂျာတွေဟာ အခြေအနေပေးရင် နေရပ်ပြန်လိုကြောင်း ပြောခဲ့ကြတယ်လို့လည်း ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဒါကာမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမဲ့၊ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပါတယ်။ ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာအရေး ဘယ်လို ဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။

XS
SM
MD
LG