သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာဒုက္ခသည်အရေး မေ့မထားဖို့ ကုလမဟာမင်းကြီး တိုက်တွန်း


UN High Commissioner for Refugees Filippo Grandi
UN High Commissioner for Refugees Filippo Grandi

မြန်မာနိုင်ငံ ထွက်ပြေးလာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်အရေး နိုင်ငံတကာက မေ့မထားကြဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက သတိပေးလိုက်ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်အရေး မေ့မထားဖို့ ကုလမဟာမင်းကြီး တိုက်တွန်း

{{Zawgyi/Unicode}}
မြန်မာနိုင်ငံ ထွက်ပြေးလာပြီး အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ခိုလှုံနေကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည် ၁ သန်းကျော်အရေး နိုင်ငံတကာက မေ့မထားကြဖို့ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးက သတိပေးလိုက်ပါတယ်။ ယူကရိန်းနဲ့ အာဖဂနစ္စတန်နိုင်ငံတို့လို နိုင်ငံတကာ ပြဿနာတွေကြားမှာ ရိုဟင်ဂျာတွေအရေးကိုလည်း မျက်ခြေမပြတ်ဖို့ ဘာရှန်ချာကျွန်းက ဒုက္ခသည်တွေ အပါအဝင် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာတွေနဲ့ သွားရောက်တွေ့ဆုံခဲ့တဲ့ ကုလသမဂ္ဂမဟာမင်းကြီး Filippo Grandi ကပြောလိုက်တာပါ။

မဟာမင်းကြီးရဲ့ ၅ ရက်ကြာ ဘင်္ဂလားဒေ့ရှ် ခရီးစဉ်မှာတော့ ဒုက္ခသည်တွေအပြင်၊ အစိုးရတာဝန်ရှိသူတွေ၊ အလှူရှင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ ဒုက္ခသည်တွေကို အကူအညီပေးဖို့ ဒီနှစ်ထဲမှာ ဒေါ်လာ ၈၈၁ သန်း လိုအပ်နေပေမဲ့ ၁၈ ရာခိုင်နှုန်းသာ ရသေးတယ်လို့လည်း UNHCR ကပြောဆိုထားတာပါ။

ရိုဟင်ဂျာအရေး ရေရှည်အဖြေတရပ် ရရှိဖို့ကတော့ မြန်မာနိုင်ငံအပေါ်မှာ အဓိကမူတည်ကြောင်းလည်း မဟာမင်းကြီးက ပြောပါတယ်။

သူတွေ့ဆုံခဲ့တဲ့ ရိုဟင်ဂျာတွေဟာ အခြေအနေပေးရင် နေရပ်ပြန်လိုကြောင်း ပြောခဲ့ကြတယ်လို့လည်း ဗုဒ္ဓဟူးနေ့ ဒါကာမြို့တော်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

၂၀၁၇ ခုနှစ်တန်ုးက ရခိုင်ပြည်နယ်မှာရှိတဲ့ နယ်ခြားစောင့် ကင်းစခန်းတချို့ကို ARSA ရိုဟင်ဂျာ အစွန်းရောက်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့တာကို တုံ့ပြန်တဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် နောက်ဆက်တွဲ သိန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် တိမ်းရှောင်ခဲ့ကြတာ ဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် အသိအမှတ်ပြု လက်မခံပေမဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို စိစစ်လက်ခံမှာ ဖြစ်ကြောင်း ပြောဆိုထားပြီး၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ရော ကုလသမဂ္ဂနဲ့ပါ သီးခြားစီ နားလည်မှု စာချွန်လွှာတွေ လက်မှတ်ရေးထိုးထားပါတယ်။

ဒါပေမဲ့လည်း လက်တွေ့မှာတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး အစီအစဉ်တွေ အထမမြောက်သေးသလို၊ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းလိုက်တာကြောင့် ရိုဟင်ဂျာအရေး ဘယ်လို ဆက်လက် ကိုင်တွယ်မလဲ ဆိုတာကလည်း ရှင်းရှင်းလင်းလင်းတော့ မရှိသေးပါဘူး။

ရိုဟင်ဂျာဒုက္ခသည်အရေး မေ့မထားဖို့ ကုလမဟာမင်းကြီး တိုက်တွန်း
please wait

No media source currently available

0:00 0:01:16 0:00
တိုက်ရိုက် လင့်ခ်

..............................................


{{Zawgyi/Unicode}}







XS
SM
MD
LG