သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားရောက် UNHCR အကြီးအကဲ ရိုဟင်ဂျာအရေး ဆွေးနွေးမည်


UN High Commissioner for Refugees Filippo Grandi
UN High Commissioner for Refugees Filippo Grandi

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၅ ရက်ကြာ ခရီးစဉ် သွားရောက်နေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် အထောက်အကူပေးနိုင်မှာတွေကို ဆွေးနွေးဖို့ရှိ ပါတယ်။

Zawgyi/Unicode

ဘင်္ဂလားရောက် UNHCR အကြီးအကဲ ရိုဟင်ဂျာအရေး ဆွေးနွေးမည်

ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ၅ ရက်ကြာ ခရီးစဉ် သွားရောက်နေတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ လိုအပ်ချက်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံအတွက် အထောက်အကူပေးနိုင်မှာတွေကို ဆွေးနွေးဖို့ရှိ ပါတယ်။

ဘင်္ဂလာဒေ့ရှ်ဟာ UNHCR ရဲ့ အဓိက မိတ်ဘက်နိုင်ငံ ဖြစ်သလို ရိုဟင်ဂျာတွေရဲ့ အခြေနေကလည်း ဦးစားပေးရမယ့် ပြဿနာဖြစ်နေတဲ့ အတွက် ဘင်္ဂလာဒေ့ရှ်ကို လာရောက်တာ ဖြစ်ကြောင်း Mr Grandi က ပြောပါတယ်။ ဒါ့အပြင် ယူကရိန်းရဲ့ ကပ်ဆိုဒ်နေတဲ့ အရေးပေါ်အခြေနေကို ကမ္ဘာက အာရုံစိုက်နေသလို ကမ္ဘာပေါ်က တခြားအရေးတကြီးအခြေနေတွေကလည်း မေ့မထားသင့်ဘူးလို့ ပြောပါတယ်။


၂၀၁၇ ရခိုင်ပြည်နယ်တွင်း စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှု နောက်ပိုင်း ရိုဟင်ဂျာ မွတ်စလင် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ထဲ ထွက်ပြေးခိုလှုံခဲ့ကြတာ ဖြစ်ပြီး အခုအချိန်မှာ ဘင်္ဂလားဒေ့ရှ်ဟာ ရိုဟင်ဂျာ ဒုက္ခသည် ၉ သိန်းကျော်ကို လက်ခံထားရတာ ဖြစ်ပါတယ်။

ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ သူတို့ကို စိစစ်ပြီး ပြန်လက်ခံမယ် ပြောပေမယ့် ခုထိ အကောင်ထည် မဖေါ်နိုင်သေးပါဘူး။

ဘင်္ဂလားဒေ့ရှ် အစိုးရက ရိုဟင်ဂျာ ဒုက္ခသည်တွေကို နိုင်ငံတကာ အကူအညီနဲ့ ဆယ်စုနှစ်နဲ့ချီ လက်ခံထားတာ ဖြစ်ပါတယ်။ ကမ္ဘာတလွှားမှာလည်း အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူတွေ တနေ့တခြားတိုးလာနေတာ ဖြစ်ပြီး UNHCR နဲ့ မိတ်ဘက်အဖွဲ့စည်းတွေကတော့ ရိုဟင်ဂျာ ပြဿနာကို မေ့မထားသင့်ကြောင်း သတိပေးနေတာပါ။

Cox’s Bazar ဒုက္ခသည်စခန်းနဲ့ ဘာဆန်ချာကျွန်းက ရိုဟင်ဂျာတွေနဲ့ သူတို့နေထိုင်ရာဝန်းကျင် က ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၅ သိန်း ၄သောင်း အပါအဝင် စုစုပေါင်း ၁.၄ သန်းလောက်ကို ရိုဟင်ဂျာတွေရဲ့ လူသားစာနာမှု ပြဿနာအတွက် ချထားတဲ့ JRP ခေါ် ၂၀၂၂ ပူးတွဲတုန့်ပြန်ရေး အစီအစဉ်နဲ့ အကူညီပေးဖို့ လုပ်နေတာပါ။ Mr Grandi ဟာ ဒီဒုက္ခသည်တွေ အရေးကို ဘင်္ဂလာဒေ့ရှ် အစိုးရကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ရှိပါတယ်။

#

ဘင်္ဂလားရောက် UNHCR အကြီးအကဲ ရိုဟင်ဂျာအရေး ဆွေးနွေးမည်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်









XS
SM
MD
LG