သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရး မေရရာေသး


ဘဂၤလားေဒ့ရွ္ႏိုင္ငံ ဒုကၡသည္စခန္းက ရိုဟင္ဂ်ာဒုကၡသည္မ်ား Bhashan Char သို႔ ေျပာင္းေရႊ႕ေနထိုင္တဲ့ ျမင္ကြင္း။

လူဦးေရတသန္းနီးပါး ခိုလႈံရာ လူေနထူထပ္မ်ားျပားလြန္းလွတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံတြင္းက ဒုကၡသည္စခန္းေတြထဲမွာ ငါးႏွစ္ေက်ာ္ၾကာ ေနထိုင္ေနၾကရတဲ့ ႐ုိဟင္ဂ်ာလူငယ္ေတြ၊ သက္ႀကီးရြယ္အိုေတြ၊ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ေတြဟာ ႏွစ္နဲ႔ခ်ီ ပိတ္ေလွာင္ခံထားရသလို ျဖစ္ေနၿပီး သူတို႔အတြက္ အနာဂတ္မဲ့၊ ေမွ်ာ္လင့္ခ်က္ေတြ ေပ်ာက္ဆုံးေနၾကရပါတယ္။ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခံထားရလို႔ သူတို႔ေနရပ္ရင္းကို ျပန္ဖို႔ဆိုတာကလည္း အခုထိ မေသခ်ာ မေရမရာ ျဖစ္ေနဆဲပါ။ ကမၻာ့အႀကီးဆုံး ဒုကၡသည္စခန္းလို႔ တင္စားေခၚေဝၚခံခဲ့ရတဲ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြက ႐ိုဟင္ဂ်ာေတြရဲ႕ မေရရာတဲ့ အိမ္အျပန္လမ္း ေမွ်ာ္လင့္ခ်က္ေတြက ဘာေတြပါလဲ။ ႐ိုဟင္ဂ်ာဒုကၡသည္တခ်ိဳ႕ကို ဆက္သြယ္ေမးျမန္းထားတဲ့ မဆုမြန္ စုစည္းတင္ျပထားပါတယ္။

လြန္ခဲ့တဲ့ ၂၀၁၇ ခုႏွစ္ ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ျဖစ္ပြားခဲ့တဲ့ စစ္တပ္စခန္းေတြနဲ႔ နယ္ျခားေစာင့္တပ္ေတြအေပၚ ARSA အစြန္းေရာက္အဖြဲ႔ရဲ႕ တိုက္ခိုက္မႈေတြရဲ႕ ေနာက္ပိုင္း စစ္တပ္နဲ႔ နယ္ျခားေစာင့္တပ္ေတြရဲ႕ နယ္ေျမရွင္းလင္းမႈေတြအတြင္း အသက္ေဘးက စိုးရိမ္ရလို႔ ေဒသခံေတြ ေဘးလြတ္ရာကို အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရၿပီး အဲ့ဒီထဲက ႐ိုဟင္ဂ်ာမြတ္စလင္ ၇ သိန္းေက်ာ္ အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ဘက္ကို ေရာက္သြားၾကတာပါ။

အဲဒီ နယ္ေျမရွင္းလင္းမႈေတြအတြင္း လူမ်ိဳးတုံးသတ္ျဖတ္မႈနဲ႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္မႈေတြ အႀကီးအက်ယ္ ရွိခဲ့တယ္ဆိုတဲ့ စြဲခ်က္နဲ႔ ျမန္မာႏိုင္ငံဟာ ႏိုင္ငံတကာတရား႐ုံး ICJ မွာ လက္ရွိ တရားရင္ဆိုင္ေနရတာပါ။ ၂၀၂၂ ခုႏွစ္ ဒီႏွစ္ မတ္လမွာပဲ အေမရိကန္ျပည္ေထာင္စုကလည္း ရခိုင္ျပည္တြင္း ႐ိုဟင္ဂ်ာမြတ္စလင္ေတြအေပၚ စစ္တပ္ရဲ႕ အၾကမ္းဖက္တိုက္ခိုက္ခဲ့မႈကို Genocide လူမ်ိဳးတုံးသတ္ျဖတ္မႈအျဖစ္ တရားဝင္သတ္မွတ္လိုက္ၿပီ ျဖစ္ပါတယ္။

ဒီသီတင္းပတ္ထဲ ေမလ ၁၂ ရက္ေန႔တုန္းက ဘဂၤလားေဒ့ရွ္ ဒုကၡသည္ေတြ ခိုလံႈေနထိုင္ရာ ဒုကၡသည္စခန္းေတြဆီကို ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးယႏၲရား IIMM အဖြဲ႔ ေရာက္လာလို႔ လူ႔အခြင့္အေရး ခ်ိဳးေဖာက္ခံရမႈေတြကို ကိုယ္တိုင္ႀကဳံေတြ႔ခဲ့ရတဲ့ မိသားစုေတြ၊ ကာယကံရွင္ေတြ ေတြ႔ဆုံၿပီး နစ္နာခံရသူတို႔ တရားမွ်တမႈရေရး ေဆြးေႏြးတင္ျပခဲ့ၾကတယ္လို႔ ကိုယ္တိုင္ေတြ႔ဆုံခြင့္ရခဲ့တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ေျပာျပပါတယ္။

ဒီလို တရားမွ်တမႈရေရး ေမွ်ာ္လင့္ေနခ်ိန္မွာပဲ ဒီ သိန္းခ်ီတဲ့ ႐ိုဟင္ဂ်ာေတြဟာ အဲဒီ ဘဂၤလားေဒ့ရွ္ စခန္းေတြထဲမွာ ေနထိုင္ခိုလႈံခဲ့ၾကရတာ ငါးႏွစ္ေက်ာ္လာၿပီ ျဖစ္ေပမဲ့လို႔ ေနရပ္ရင္းျပန္ဖို႔က မေရမရာ အနာဂတ္ကလည္း မေသမခ်ာ ျဖစ္ေနဆဲပါလို႔လည္း ရခိုင္ျပည္နယ္ ေမာင္ေတာဇာတိ အခုလက္ရွိ ဘာလုခါလီ ဒုကၡသည္စခန္းမွာ ခိုလႈံေနထိုင္တဲ့ ႐ိုဟင္ဂ်ာဒုကၡသည္ ဦးေက်ာ္ျမင့္က ေျပာျပပါတယ္။

“ေမလ ၁၂ ရက္က (ကုလသမဂၢရဲ႕ ျမန္မာဆိုင္ရာ လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရးယႏၲရား) IIMM က ေကာ့ဇ္ဘဇာဒုကၡသည္စခန္းထဲက ကုတုပေလာင္ ဒုကၡသည္စခန္းကို အရင္ဆုံးေရာက္တယ္။ အဲဒီမွာ က်ေနာ္တို႔ ႐ိုဟင္ဂ်ာအဖြဲ႔အစည္း ၂ ဖြဲ႔၊ ေနာက္ စခန္းတာဝန္ခံေတြနဲ႔လည္း ေတြ႔ဆုံတယ္။ ေနာက္ ေန႔လယ္ ၁ နာရီခြဲမွာ စခန္းအမွတ္ ၁၁ ဘာလုခါလီဒုကၡသည္စခန္း ၂ ကို ေရာက္လာၾကပါတယ္။ အဲဒီမွာ ဒုကၡသည္ေတြရဲ႕ ကိုယ္စားလွယ္ လူေပါင္း ၂၅ ေယာက္၊ က်ေနာ္အပါအဝင္ေပါ့၊ က်ေနာ္တို႔နဲ႔ သူတို႔ ၁ နာရီခြဲေလာက္ အျပန္အလွန္ ေဆြးေႏြးခဲ့ၾကပါတယ္ခင္ဗ်။ ေနရပ္ျပန္ဖို႔ကိစၥလည္း က်ေနာ္တို႔ဘက္က တင္ျပခဲ့ၾကပါတယ္။ ဒီဒုကၡသည္စခန္းေတြကေန အျမန္ဆုံး က်ေနာ္တို႔က က်ေနာ္တို႔ရဲ႕ေနရပ္ရင္း ကိုယ့္ရဲ႕ႏိုင္ငံ ျမန္မာႏိုင္ငံကို အျမန္ဆုံးျပန္ခ်င္ပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔က ႏိုင္ငံတကာလုံၿခံဳေရး အာမခံခ်က္ေတြနဲ႔ ျပန္ႏိုင္ေရး လုပ္ေဆာင္ေပးဖို႔လည္း ေဆြးေႏြးတင္ျပခဲ့ပါတယ္။”

မဆုမြန္ - ဟုတ္ကဲ့၊ အခုက ဒီစခန္းေတြထဲမွာ ေနလာၾကတာလည္း ငါးႏွစ္ေက်ာ္လာၿပီေပါ့ေနာ္။ ငါးႏွစ္သာေျပာရတာ၊ တကယ္တမ္းက်ေတာ့ ဟိုးအရင္ႏွစ္ေတြကတည္းကလည္း အဲဒီဘက္မွာ သြားၿပီး ခိုလံႈေနၾကရတဲ့သူေတြလည္း ရွိေတာ့ အခုက ေနရပ္ျပန္ဖို႔ကလည္း မေသခ်ာေတာ့ အဲဒီအထဲမွာ ေနေနၾကရတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြရဲ႕ ေန႔စဥ္ဘဝျဖတ္သန္းမႈ၊ ေနာက္တခုက လြတ္လပ္မႈမရွိဘဲ ဒီလိုဒုကၡသည္စခန္းေတြထဲ ဂိတ္အတားအဆီးေတြ အဆင့္ဆင့္နဲ႔ ေနေနၾကရတဲ့ အေနအထားအေပၚမွာ ႐ိုဟင္ဂ်ာဒုကၡသည္ေတြရဲ႕ ေန႔စဥ္ စိတ္ခံစားမႈ၊ ေနာက္ ဒီလို လြတ္လပ္မႈ ဆုံး႐ႈံးေနရတဲ့ အေျခအေနေတြက ဘယ္ေလာက္အထိ အခက္အခဲ စိန္ေခၚမႈေတြ ျဖစ္ေစသလဲဆိုတာ ေျပာျပေပးပါဦး။

ဦးေက်ာ္ျမင့္ - “က်ေနာ္တို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြဟာ ျမန္မာႏိုင္ငံကေန ေမာင္းထုတ္ခံရတာ အခုဆိုရင္ ငါးႏွစ္ေက်ာ္ ေျခာက္ႏွစ္ဝန္းက်င္ေလာက္ ရွိပါၿပီ။ ဒီဒုကၡသည္စခန္းေတြမွာ က်ေနာ္တို႔ ေနၾကရတယ္ဆိုတာက အေတာ္ေလးကို က်ပ္သိပ္ၿပီး ေတာ္ေတာ္ေလးကို ဆိုးဆိုးဝါးဝါး အေျခအေနနဲ႔ ခံစားခ်က္အမ်ိဳးမ်ိဳးနဲ႔ ေနထိုင္စားေသာက္ေနၾကရတာပါ။ ဒီမွာက ပညာေရး၊ က်န္းမာေရး ဘက္စုံေပါ့ဗ်ာ အခက္အခဲမ်ိဳးစုံနဲ႔ ေတာ္ေတာ္ေလးကို ႀကံဳေတြ႔ေနၾကရတာပါ။ ကေလးေတြဆိုရင္လည္း ပညာေရးပိုင္းက ေတာ္ေတာ္ေလး ဆုံး႐ႈံးသြားခဲ့ရတာ ေတြ႔ရပါတယ္။ ေနာက္ ဒီလိုပုံစံမ်ိဳးအတိုင္းသာ ဆက္သြားမယ္ဆိုရင္ မ်ိဳးဆက္သစ္လူငယ္ေတြရဲ႕ ပညာေရး ဆုံး႐ႈံးသြားမွာကိုလည္း က်ေနာ္တို႔က အထူးစိုးရိမ္ပါတယ္။ ဒီပညာေရးဆုံး႐ႈံးသြားမယ္ဆိုရင္ ဒီလူငယ္ေတြရဲ႕ ဘဝကလည္း ပ်က္စီးသြားမွာကိုလည္း က်ေနာ္တို႔က စိုးရိမ္ပါတယ္။ ေနာက္ၿပီး ဒီမွာက စီးပြားေရး အလုပ္အကိုင္ကလည္း မရွိသေလာက္ပါပဲ။ ေနာက္ စားေသာက္ေနထိုင္ေရး ဆိုတာကလည္း က်ေနာ္တို႔က အင္မတန္မွ အခက္အခဲမ်ိဳးစုံနဲ႔ စားေသာက္ေနထိုင္ရတာပါ။”

႐ိုဟင္ဂ်ာတို႔အတြက္ ပညာေရး၊ အလုပ္အကိုင္ အခြင့္အလမ္းနဲ႔ ေပ်ာ္ရႊင္လြတ္လပ္မႈဆိုတာ မရွိသေလာက္ ရွားပါးလြန္းသလို ေနထိုင္စားေသာက္ေရး အခက္အခဲ စိန္ေခၚမႈမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနၾကရပါတယ္။ အထူးသျဖင့္ လူမမည္ကေလးငယ္ေလးေတြနဲ႔ လူငယ္ေလးေတြရဲ႕ အနာဂတ္ ေမွ်ာ္လင့္ခ်က္ေတြ ေပ်ာက္ေနၿပီး ဘာမွ ေရရာမႈမရွိ ေမွးမွိန္ေနဆဲပဲလို႔ ဒုကၡသည္စခန္းေတြထဲ ဒုကၡသည္ေတြ က်န္းမာေရး၊ ပညာေရး၊ လူမႈအသိပညာေပး စတဲ့ လူသားခ်င္းစာနာမႈ ကူညီေရး လုပ္ငန္းေတြမွာလည္း ေစတနာ့ဝန္ထမ္းအျဖစ္ ကူညီေပးေနသူ ႐ိုဟင္ဂ်ာဒုကၡသည္ ကိုေအာင္ၿမိဳင္က ေျပာျပပါတယ္။ ႐ိုဟင္ဂ်ာေတြရဲ႕ ဒုကၡသည္စခန္းတြင္း ေန႔စဥ္ျဖတ္သန္းမႈေတြမွာ ေမွ်ာ္လင့္ခ်က္မဲ့ၿပီး လူငယ္ေတြေရာ မိသားစုေတြပါ ထြက္ေပါက္ပိတ္ေနတဲ့ အေျခအေန ျဖစ္ေနတယ္လို႔ အခုလိုေျပာပါတယ္။

“က်ေနာ္တို႔ေတြ ဘယ္ေလာက္အထိ အခက္အခဲနဲ႔ ႀကံဳေနၾကရတယ္၊ ဒုကၡေရာက္ေနၾကရတယ္ဆိုတာ ကမၻာေပၚမွာ ဥပမာေပးၿပီးေတာင္ ေျပာျပဖို႔ ဥပမာမရွိဘူး။ ဒီမွာ က်ေနာ္တို႔အတြက္ ပညာေရး၊ က်န္းမာေရး ၿပီးေတာ့ အလုပ္အကိုင္ အခြင့္အလမ္း၊ တျခားစီးပြားေရးကိစၥ ဘာမွ အဆင္မေျပပါဘူး။ ၿပီးေတာ့ အေဆာက္အဦ၊ စားေရးေသာက္ေရး အစစအရာရာေပါ့၊ က်ေနာ္တို႔ လုံးဝအဆင္မေျပပါဘူး။ ဒီမွာ ကေလးငယ္ေတြကလည္း တိုးပြားလာပါတယ္။ ကေလးေတြကို ေျပာမယ္ဆိုရင္ ေနရတာကလည္း လူေတြက ထူထပ္တယ္ဆိုေတာ့ ကေလးေတြ ကစားဖို႔ ေဆာ့ဖို႔ဆိုတာကလည္း ေနရာဆိုတာ မရွိသေလာက္ပါပဲ။ ဒီမွာ ေျပာမယ္ဆိုရင္ ကေလးေတြအတြက္လည္း အဆင္မေျပဘူးေပါ့။ အျပင္လည္း ထြက္လို႔မရဘူး။ က်ေနာ္တို႔ေတြဟာ ၿခံစည္း႐ိုးေလွာင္အိမ္ထဲမွာပဲ ေနေနၾကရတယ္။ ေကာ့ဇ္ဘဇားအထိ သြားမယ္ဆိုလည္း ဒီမွာ ခြင့္ျပဳခ်က္လိုတယ္။ ကမ့့္ In Charge ဆီကလည္း ခြင့္ျပဳခ်က္လိုပါတယ္။ ဒီမွာ လႊဲေျပာင္းေပးလိုက္တဲ့ အေၾကာင္းေပါ့။ ေနာက္ ဆရာဝန္လက္မွတ္၊ ၿပီးေတာ့ ရပ္ကြက္တာဝန္ခံေပါ့ေနာ္ သူတို႔ရဲ႕လက္မွတ္နဲ႔ ခြင့္ျပဳခ်က္ေတြ အဆင့္ဆင့္တင္ၿပီးမွ အဲ့ဒီ့ခြင့္ျပဳခ်က္နဲ႔ သြားလာရတာပါ။”

အခုလက္ရွိမွာေတာ့ ႐ိုဟင္ဂ်ာေတြ သိန္းခ်ီထြက္ေျပးခိုလႈံရာ ေကာ့ဇ္ဘဇားခ႐ိုင္ထဲက ဒုကၡသည္စခန္းေတြထဲမွာ အခုခ်ိန္အထိ ယာယီရြက္ဖ်င္တဲေလးေတြ၊ ေနာက္ ကုလက ေဆာက္လုပ္ေပးထားတဲ့ အုတ္ခံအေပၚယံ ကာရံထားတဲ့ တဲအိမ္ေလးေတြမွာ ကေလးငယ္ေလးေတြ၊ ကိုယ္ဝန္ေဆာင္မိခင္ေတြ၊ သက္ႀကီးရြယ္အို အဘိုးအဘြားေတြနဲ႔ နာမက်န္းျဖစ္သူေတြဟာ စုၿပဳံႁပြတ္သိပ္ ေနၾကရတာ ျဖစ္ပါတယ္။ ေလဝင္ေလထြက္ မေကာင္းတဲ့အျပင္ တကိုယ္ေရ က်န္းမာေရးအတြက္ေရာ၊ မိုးေလျပင္းတဲ့ ရာသီဥတုဒဏ္ ခံႏိုင္ဖို႔ပါ ႀကံ့ခိုင္တဲ့အိမ္ေတြ မဟုတ္ဘူးလို႔ ႐ိုဟင္ဂ်ာဒုကၡသည္ေတြက ေျပာျပပါတယ္။

ေနရပ္ျပန္ဖို႔လည္း မျဖစ္ႏိုင္၊ ျပင္ပကိုလည္း ထြက္ခြင့္ပိတ္ပင္ထားတဲ့ ဒီ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ အမ်ားစုရဲ႕ ထူးမျခားနားလွတဲ့ နိစၥဓူဝ လည္ပတ္မႈေတြၾကား မြန္းက်ပ္မႈေတြကေန လြတ္ေျမာက္ေအာင္ ဘာဆာခ်ာကၽြန္းကို ထြက္သြားတာမ်ိဳး၊ အလုပ္ပြဲစားေတြကေနတဆင့္ ေရလမ္းကေန တျခားႏိုင္ငံေတြဆီ အလုပ္လုပ္ဖို႔ ထြက္ေျပးၾကတာေတြလည္း ရွိတယ္လို႔ ကိုေအာင္ၿမိဳင္က အခုလိုေျပာျပပါတယ္။

“ဘာဆန္ခ်ာကၽြန္းလိုဆို လူေတြမွာ ဒီမွာက အနာဂတ္လည္းမရွိဘူး။ အဲဒီခံစားခ်က္ေတြနဲ႔ဆိုေတာ့ ဒီမွာ ေမွ်ာ္လင့္ခ်က္ေတြကလည္း ဘာမွ မရွိဘူးဆိုေတာ့၊ အဲဒီကၽြန္းဘက္ကို ထြက္သြားၾကတာလည္း ရွိတယ္။ ၿပီးေတာ့ တခ်ိဳ႕တေလက ကၽြန္းကိုသြားၿပီးေတာ့ ဒီဘက္ကို ခိုးၿပီး ျပန္လာတာလည္း ရွိတယ္။ အဲ့မွာ မေနခ်င္လို႔ ခိုးျပန္လာတာေပါ့။ ၿပီးေတာ့ တခ်ိဳ႕တေလက်ေတာ့လည္း ဒီမွာက လူေနမႈအဆင့္အတန္းက ေတာ္ေတာ္ေလး ေနေရးထိုင္ေရးကအစ လုံးဝမေကာင္းဘူးဆိုေတာ့ ဒီမွာက အနာဂတ္လည္းမရွိဘူး၊ ေမွ်ာ္လင့္ခ်က္လည္း မရွိဘူးဆိုၿပီးေတာ့ ဒီကေန ေရလမ္းေၾကာင္းနဲ႔ ကူးၿပီးေတာ့ မေလးရွားတို႔ ထိ္ုင္းတို႔ဘက္ထြက္ဖို႔ ျမန္မာဘက္ထြက္၊ ထိုင္းကေန မေလးကို အဲ့လိုမ်ိဳး ေရလမ္းေၾကာင္းေတြကေန သူတို႔သြားတာလည္းရွိတယ္။ အဲ့လမ္းတဝက္မွာတင္ ေသဆုံးၾကရတာလည္း ရွိတယ္။ ဒီမွာက အနာဂတ္က မရွိသေလာက္ျဖစ္ေနေတာ့ က်ေနာ္တို႔ေတြ ထြက္သြားၾကမယ္ဆိုၿပီး ေသရင္ ေျမႀကီးေပါ့၊ ရွင္ရင္ေတာ့ ေရႊထီးေပါ့ ဆိုၿပီး အဲ့လိုသေဘာေတြနဲ႔ကို ထြက္ခြာသြားၾကတာလည္း ရွိပါတယ္။”

ၿပီးခဲ့တဲ့သီတင္းပတ္ကပဲ အစၥလာမ္ဘာသာဝင္တို႔ အထြတ္အျမတ္ထားရာ အိဒ္ဘာသာေရးပြဲေတာ္ အထိမ္းအမွတ္အျဖစ္နဲ႔ ဒုကၡသည္စခန္းေတြထဲကေန ပင္လယ္ကမ္းေျခတခုစီ သူတို႔သြားခဲ့ၾကလို႔ ႐ိုဟင္ဂ်ာရာနဲ႔ခ်ီ အဖမ္းဆီး အထိန္းသိမ္းခံခဲ့ရပါေသးတယ္။ ဒုကၡသည္စခန္းေတြထဲက တဲေလးေတြထဲ ပလတ္စတစ္ အမိုးအကာေအာက္မွာ ရာသီဥတုကလည္း ပူျပင္း၊ တေနရာတည္းမွာပဲ တၿပဳံႀကီးေနရတာ လူဦးေရကလည္း အရမ္းထူထပ္လြန္းတဲ့ အခါက်ေတာ့ လူေတြမွာ သြားစရာ လာစရာမရွိ၊ ၿပီးေတာ့ အလုပ္အကိုင္ အခြင့္အလမ္း၊ ပညာသင္ယူခြင့္လည္း မရွိ၊ ဘာသာေရးပြဲေန႔ေတြ အားလပ္ရက္ပြဲေတာ္ဆိုရင္ မိသားစုေတြ ကေလးငယ္ေလးေတြနဲ႔ လူငယ္ေတြက ေခတၱခဏတာပဲျဖစ္ျဖစ္ သာမန္လူေတြလို ေပ်ာ္ေပ်ာ္ပါးပါး ေနခ်င္ၾကတာပါလို႔ ဒုကၡသည္ေတြက ေျပာပါတယ္။ ဒါ့အျပင္ ဒုကၡသည္စခန္းေတြထဲ မီးေဘး၊ ေရေဘး၊ ေျမၿပိဳက်မႈလို သဘာဝေဘးအႏၲရာယ္ေတြနဲ႔လည္း ႐ိုဟင္ဂ်ာေတြ ရင္ဆိုင္ေနၾကရတာပါ။

ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြဟာ ၿပီးခဲ့တဲ့လေတြက ႐ိုဟင္ဂ်ာစခန္းထဲက ဘာသာေရး စာသင္ေက်ာင္းတခ်ိဳ႕ ပိတ္လိုက္တာ၊ ေနာက္ ေဈးဆိုင္ခန္းတခ်ိဳ႕ အပါအဝင္ အေဆာက္အဦးေတြကို ဘူဒိုဇာေျမထိုးစက္ေတြ သုံးၿပီး ၿဖိဳခ်ဖ်က္ဆီးခဲ့ပါေသးတယ္။

အခုလို ေနထိုင္ခိုလႈံရာ စခန္းေတြထဲမွာ အခက္အခဲမ်ိဳးစုံနဲ႔ ရင္ဆိုင္ေနၾကရေပမဲ့ ႐ိုဟင္ဂ်ာတို႔ရဲ႕ ေနရပ္ရင္း ျမန္မာႏိုင္ငံကို ျပန္ႏိုင္ေရး ေမွ်ာ္လင့္ခ်က္ကေတာ့ အေတာ့္ကို နည္းပါးေနပါတယ္။

႐ိုဟင္ဂ်ာအသုံးကို လက္ခံမထားတဲ့ စစ္အာဏာသိမ္းထားဆဲ ျမန္မာႏိုင္ငံဘက္ကေတာ့ ဒီ သိန္းခ်ီတဲ့ ဒုကၡသည္ေတြ ေနရပ္ရင္းျပန္လာႏိုင္ေရး ကုလသမဂၢ၊ ဘဂၤလားေဒ့ရွ္ အစိုးရတို႔နဲ႔ ပူးေပါင္းလက္တြဲ လုပ္ေဆာင္ေနတယ္လို႔ ဆိုေပမဲ့ ဒုကၡသည္ေတြကို ျပန္လည္လက္ခံႏိုင္ေရး အစီအစဥ္ေတြကလည္း ေႏွာင့္ေႏွးေနဆဲ ျဖစ္ပါတယ္။

႐ိုဟင္ဂ်ာေတြ ေနရပ္ျပန္ေရး မေရရာေသး
please wait

No media source currently available

0:00 0:09:16 0:00
တိုက္႐ိုက္ လင့္ခ္

-------------------------------

(Unicode)

ရိုဟင်ဂျာတွေ နေရပ်ပြန်ရေး မရေရာသေး

လူဦးရေတသန်းနီးပါး ခိုလှုံရာ လူနေထူထပ်များပြားလွန်းလှတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းက ဒုက္ခသည်စခန်းတွေထဲမှာ ငါးနှစ်ကျော်ကြာ နေထိုင်နေကြရတဲ့ ရိုဟင်ဂျာလူငယ်တွေ၊ သက်ကြီးရွယ်အိုတွေ၊ အမျိုးသမီးနဲ့ ကလေးသူငယ်တွေဟာ နှစ်နဲ့ချီ ပိတ်လှောင်ခံထားရသလို ဖြစ်နေပြီး သူတို့အတွက် အနာဂတ်မဲ့၊ မျှော်လင့်ချက်တွေ ပျောက်ဆုံးနေကြရပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံထားရလို့ သူတို့နေရပ်ရင်းကို ပြန်ဖို့ဆိုတာကလည်း အခုထိ မသေချာ မရေမရာ ဖြစ်နေဆဲပါ။ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းလို့ တင်စားခေါ်ဝေါ်ခံခဲ့ရတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေက ရိုဟင်ဂျာတွေရဲ့ မရေရာတဲ့ အိမ်အပြန်လမ်း မျှော်လင့်ချက်တွေက ဘာတွေပါလဲ။ ရိုဟင်ဂျာဒုက္ခသည်တချို့ကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် စုစည်းတင်ပြထားပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ စစ်တပ်စခန်းတွေနဲ့ နယ်ခြားစောင့်တပ်တွေအပေါ် ARSA အစွန်းရောက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေရဲ့ နောက်ပိုင်း စစ်တပ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း အသက်ဘေးက စိုးရိမ်ရလို့ ဒေသခံတွေ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး အဲ့ဒီထဲက ရိုဟင်ဂျာမွတ်စလင် ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို ရောက်သွားကြတာပါ။

အဲဒီ နယ်မြေရှင်းလင်းမှုတွေအတွင်း လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အကြီးအကျယ် ရှိခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာတရားရုံး ICJ မှာ လက်ရှိ တရားရင်ဆိုင်နေရတာပါ။ ၂၀၂၂ ခုနှစ် ဒီနှစ် မတ်လမှာပဲ အမေရိကန်ပြည်ထောင်စုကလည်း ရခိုင်ပြည်တွင်း ရိုဟင်ဂျာမွတ်စလင်တွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်တိုက်ခိုက်ခဲ့မှုကို Genocide လူမျိုးတုံးသတ်ဖြတ်မှုအဖြစ် တရားဝင်သတ်မှတ်လိုက်ပြီ ဖြစ်ပါတယ်။

ဒီသီတင်းပတ်ထဲ မေလ ၁၂ ရက်နေ့တုန်းက ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ ဒုက္ခသည်စခန်းတွေဆီကို ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား IIMM အဖွဲ့ ရောက်လာလို့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မိသားစုတွေ၊ ကာယကံရှင်တွေ တွေ့ဆုံပြီး နစ်နာခံရသူတို့ တရားမျှတမှုရရေး ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ ကိုယ်တိုင်တွေ့ဆုံခွင့်ရခဲ့တဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပြပါတယ်။

ဒီလို တရားမျှတမှုရရေး မျှော်လင့်နေချိန်မှာပဲ ဒီ သိန်းချီတဲ့ ရိုဟင်ဂျာတွေဟာ အဲဒီ ဘင်္ဂလားဒေ့ရှ် စခန်းတွေထဲမှာ နေထိုင်ခိုလှုံခဲ့ကြရတာ ငါးနှစ်ကျော်လာပြီ ဖြစ်ပေမဲ့လို့ နေရပ်ရင်းပြန်ဖို့က မရေမရာ အနာဂတ်ကလည်း မသေမချာ ဖြစ်နေဆဲပါလို့လည်း ရခိုင်ပြည်နယ် မောင်တောဇာတိ အခုလက်ရှိ ဘာလုခါလီ ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ရိုဟင်ဂျာဒုက္ခသည် ဦးကျော်မြင့်က ပြောပြပါတယ်။

“မေလ ၁၂ ရက်က (ကုလသမဂ္ဂရဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးယန္တရား) IIMM က ကော့ဇ်ဘဇာဒုက္ခသည်စခန်းထဲက ကုတုပလောင် ဒုက္ခသည်စခန်းကို အရင်ဆုံးရောက်တယ်။ အဲဒီမှာ ကျနော်တို့ ရိုဟင်ဂျာအဖွဲ့အစည်း ၂ ဖွဲ့၊ နောက် စခန်းတာဝန်ခံတွေနဲ့လည်း တွေ့ဆုံတယ်။ နောက် နေ့လယ် ၁ နာရီခွဲမှာ စခန်းအမှတ် ၁၁ ဘာလုခါလီဒုက္ခသည်စခန်း ၂ ကို ရောက်လာကြပါတယ်။ အဲဒီမှာ ဒုက္ခသည်တွေရဲ့ ကိုယ်စားလှယ် လူပေါင်း ၂၅ ယောက်၊ ကျနော်အပါအဝင်ပေါ့၊ ကျနော်တို့နဲ့ သူတို့ ၁ နာရီခွဲလောက် အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်ခင်ဗျ။ နေရပ်ပြန်ဖို့ကိစ္စလည်း ကျနော်တို့ဘက်က တင်ပြခဲ့ကြပါတယ်။ ဒီဒုက္ခသည်စခန်းတွေကနေ အမြန်ဆုံး ကျနော်တို့က ကျနော်တို့ရဲ့နေရပ်ရင်း ကိုယ့်ရဲ့နိုင်ငံ မြန်မာနိုင်ငံကို အမြန်ဆုံးပြန်ချင်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က နိုင်ငံတကာလုံခြုံရေး အာမခံချက်တွေနဲ့ ပြန်နိုင်ရေး လုပ်ဆောင်ပေးဖို့လည်း ဆွေးနွေးတင်ပြခဲ့ပါတယ်။”

မဆုမွန် - ဟုတ်ကဲ့၊ အခုက ဒီစခန်းတွေထဲမှာ နေလာကြတာလည်း ငါးနှစ်ကျော်လာပြီပေါ့နော်။ ငါးနှစ်သာပြောရတာ၊ တကယ်တမ်းကျတော့ ဟိုးအရင်နှစ်တွေကတည်းကလည်း အဲဒီဘက်မှာ သွားပြီး ခိုလှုံနေကြရတဲ့သူတွေလည်း ရှိတော့ အခုက နေရပ်ပြန်ဖို့ကလည်း မသေချာတော့ အဲဒီအထဲမှာ နေနေကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ နေ့စဉ်ဘဝဖြတ်သန်းမှု၊ နောက်တခုက လွတ်လပ်မှုမရှိဘဲ ဒီလိုဒုက္ခသည်စခန်းတွေထဲ ဂိတ်အတားအဆီးတွေ အဆင့်ဆင့်နဲ့ နေနေကြရတဲ့ အနေအထားအပေါ်မှာ ရိုဟင်ဂျာဒုက္ခသည်တွေရဲ့ နေ့စဉ် စိတ်ခံစားမှု၊ နောက် ဒီလို လွတ်လပ်မှု ဆုံးရှုံးနေရတဲ့ အခြေအနေတွေက ဘယ်လောက်အထိ အခက်အခဲ စိန်ခေါ်မှုတွေ ဖြစ်စေသလဲဆိုတာ ပြောပြပေးပါဦး။

ဦးကျော်မြင့် - “ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေဟာ မြန်မာနိုင်ငံကနေ မောင်းထုတ်ခံရတာ အခုဆိုရင် ငါးနှစ်ကျော် ခြောက်နှစ်ဝန်းကျင်လောက် ရှိပါပြီ။ ဒီဒုက္ခသည်စခန်းတွေမှာ ကျနော်တို့ နေကြရတယ်ဆိုတာက အတော်လေးကို ကျပ်သိပ်ပြီး တော်တော်လေးကို ဆိုးဆိုးဝါးဝါး အခြေအနေနဲ့ ခံစားချက်အမျိုးမျိုးနဲ့ နေထိုင်စားသောက်နေကြရတာပါ။ ဒီမှာက ပညာရေး၊ ကျန်းမာရေး ဘက်စုံပေါ့ဗျာ အခက်အခဲမျိုးစုံနဲ့ တော်တော်လေးကို ကြုံတွေ့နေကြရတာပါ။ ကလေးတွေဆိုရင်လည်း ပညာရေးပိုင်းက တော်တော်လေး ဆုံးရှုံးသွားခဲ့ရတာ တွေ့ရပါတယ်။ နောက် ဒီလိုပုံစံမျိုးအတိုင်းသာ ဆက်သွားမယ်ဆိုရင် မျိုးဆက်သစ်လူငယ်တွေရဲ့ ပညာရေး ဆုံးရှုံးသွားမှာကိုလည်း ကျနော်တို့က အထူးစိုးရိမ်ပါတယ်။ ဒီပညာရေးဆုံးရှုံးသွားမယ်ဆိုရင် ဒီလူငယ်တွေရဲ့ ဘဝကလည်း ပျက်စီးသွားမှာကိုလည်း ကျနော်တို့က စိုးရိမ်ပါတယ်။ နောက်ပြီး ဒီမှာက စီးပွားရေး အလုပ်အကိုင်ကလည်း မရှိသလောက်ပါပဲ။ နောက် စားသောက်နေထိုင်ရေး ဆိုတာကလည်း ကျနော်တို့က အင်မတန်မှ အခက်အခဲမျိုးစုံနဲ့ စားသောက်နေထိုင်ရတာပါ။”

ရိုဟင်ဂျာတို့အတွက် ပညာရေး၊ အလုပ်အကိုင် အခွင့်အလမ်းနဲ့ ပျော်ရွှင်လွတ်လပ်မှုဆိုတာ မရှိသလောက် ရှားပါးလွန်းသလို နေထိုင်စားသောက်ရေး အခက်အခဲ စိန်ခေါ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေကြရပါတယ်။ အထူးသဖြင့် လူမမည်ကလေးငယ်လေးတွေနဲ့ လူငယ်လေးတွေရဲ့ အနာဂတ် မျှော်လင့်ချက်တွေ ပျောက်နေပြီး ဘာမှ ရေရာမှုမရှိ မှေးမှိန်နေဆဲပဲလို့ ဒုက္ခသည်စခန်းတွေထဲ ဒုက္ခသည်တွေ ကျန်းမာရေး၊ ပညာရေး၊ လူမှုအသိပညာပေး စတဲ့ လူသားချင်းစာနာမှု ကူညီရေး လုပ်ငန်းတွေမှာလည်း စေတနာ့ဝန်ထမ်းအဖြစ် ကူညီပေးနေသူ ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်က ပြောပြပါတယ်။ ရိုဟင်ဂျာတွေရဲ့ ဒုက္ခသည်စခန်းတွင်း နေ့စဉ်ဖြတ်သန်းမှုတွေမှာ မျှော်လင့်ချက်မဲ့ပြီး လူငယ်တွေရော မိသားစုတွေပါ ထွက်ပေါက်ပိတ်နေတဲ့ အခြေအနေ ဖြစ်နေတယ်လို့ အခုလိုပြောပါတယ်။

“ကျနော်တို့တွေ ဘယ်လောက်အထိ အခက်အခဲနဲ့ ကြုံနေကြရတယ်၊ ဒုက္ခရောက်နေကြရတယ်ဆိုတာ ကမ္ဘာပေါ်မှာ ဥပမာပေးပြီးတောင် ပြောပြဖို့ ဥပမာမရှိဘူး။ ဒီမှာ ကျနော်တို့အတွက် ပညာရေး၊ ကျန်းမာရေး ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်း၊ တခြားစီးပွားရေးကိစ္စ ဘာမှ အဆင်မပြေပါဘူး။ ပြီးတော့ အဆောက်အဦ၊ စားရေးသောက်ရေး အစစအရာရာပေါ့၊ ကျနော်တို့ လုံးဝအဆင်မပြေပါဘူး။ ဒီမှာ ကလေးငယ်တွေကလည်း တိုးပွားလာပါတယ်။ ကလေးတွေကို ပြောမယ်ဆိုရင် နေရတာကလည်း လူတွေက ထူထပ်တယ်ဆိုတော့ ကလေးတွေ ကစားဖို့ ဆော့ဖို့ဆိုတာကလည်း နေရာဆိုတာ မရှိသလောက်ပါပဲ။ ဒီမှာ ပြောမယ်ဆိုရင် ကလေးတွေအတွက်လည်း အဆင်မပြေဘူးပေါ့။ အပြင်လည်း ထွက်လို့မရဘူး။ ကျနော်တို့တွေဟာ ခြံစည်းရိုးလှောင်အိမ်ထဲမှာပဲ နေနေကြရတယ်။ ကော့ဇ်ဘဇားအထိ သွားမယ်ဆိုလည်း ဒီမှာ ခွင့်ပြုချက်လိုတယ်။ ကမ့် In Charge ဆီကလည်း ခွင့်ပြုချက်လိုပါတယ်။ ဒီမှာ လွှဲပြောင်းပေးလိုက်တဲ့ အကြောင်းပေါ့။ နောက် ဆရာဝန်လက်မှတ်၊ ပြီးတော့ ရပ်ကွက်တာဝန်ခံပေါ့နော် သူတို့ရဲ့လက်မှတ်နဲ့ ခွင့်ပြုချက်တွေ အဆင့်ဆင့်တင်ပြီးမှ အဲ့ဒီ့ခွင့်ပြုချက်နဲ့ သွားလာရတာပါ။”

အခုလက်ရှိမှာတော့ ရိုဟင်ဂျာတွေ သိန်းချီထွက်ပြေးခိုလှုံရာ ကော့ဇ်ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်းတွေထဲမှာ အခုချိန်အထိ ယာယီရွက်ဖျင်တဲလေးတွေ၊ နောက် ကုလက ဆောက်လုပ်ပေးထားတဲ့ အုတ်ခံအပေါ်ယံ ကာရံထားတဲ့ တဲအိမ်လေးတွေမှာ ကလေးငယ်လေးတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ သက်ကြီးရွယ်အို အဘိုးအဘွားတွေနဲ့ နာမကျန်းဖြစ်သူတွေဟာ စုပြုံပြွတ်သိပ် နေကြရတာ ဖြစ်ပါတယ်။ လေဝင်လေထွက် မကောင်းတဲ့အပြင် တကိုယ်ရေ ကျန်းမာရေးအတွက်ရော၊ မိုးလေပြင်းတဲ့ ရာသီဥတုဒဏ် ခံနိုင်ဖို့ပါ ကြံ့ခိုင်တဲ့အိမ်တွေ မဟုတ်ဘူးလို့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောပြပါတယ်။

နေရပ်ပြန်ဖို့လည်း မဖြစ်နိုင်၊ ပြင်ပကိုလည်း ထွက်ခွင့်ပိတ်ပင်ထားတဲ့ ဒီ ရိုဟင်ဂျာဒုက္ခသည်တွေ အများစုရဲ့ ထူးမခြားနားလှတဲ့ နိစ္စဓူဝ လည်ပတ်မှုတွေကြား မွန်းကျပ်မှုတွေကနေ လွတ်မြောက်အောင် ဘာဆာချာကျွန်းကို ထွက်သွားတာမျိုး၊ အလုပ်ပွဲစားတွေကနေတဆင့် ရေလမ်းကနေ တခြားနိုင်ငံတွေဆီ အလုပ်လုပ်ဖို့ ထွက်ပြေးကြတာတွေလည်း ရှိတယ်လို့ ကိုအောင်မြိုင်က အခုလိုပြောပြပါတယ်။

“ဘာဆန်ချာကျွန်းလိုဆို လူတွေမှာ ဒီမှာက အနာဂတ်လည်းမရှိဘူး။ အဲဒီခံစားချက်တွေနဲ့ဆိုတော့ ဒီမှာ မျှော်လင့်ချက်တွေကလည်း ဘာမှ မရှိဘူးဆိုတော့၊ အဲဒီကျွန်းဘက်ကို ထွက်သွားကြတာလည်း ရှိတယ်။ ပြီးတော့ တချို့တလေက ကျွန်းကိုသွားပြီးတော့ ဒီဘက်ကို ခိုးပြီး ပြန်လာတာလည်း ရှိတယ်။ အဲ့မှာ မနေချင်လို့ ခိုးပြန်လာတာပေါ့။ ပြီးတော့ တချို့တလေကျတော့လည်း ဒီမှာက လူနေမှုအဆင့်အတန်းက တော်တော်လေး နေရေးထိုင်ရေးကအစ လုံးဝမကောင်းဘူးဆိုတော့ ဒီမှာက အနာဂတ်လည်းမရှိဘူး၊ မျှော်လင့်ချက်လည်း မရှိဘူးဆိုပြီးတော့ ဒီကနေ ရေလမ်းကြောင်းနဲ့ ကူးပြီးတော့ မလေးရှားတို့ ထိုင်းတို့ဘက်ထွက်ဖို့ မြန်မာဘက်ထွက်၊ ထိုင်းကနေ မလေးကို အဲ့လိုမျိုး ရေလမ်းကြောင်းတွေကနေ သူတို့သွားတာလည်းရှိတယ်။ အဲ့လမ်းတဝက်မှာတင် သေဆုံးကြရတာလည်း ရှိတယ်။ ဒီမှာက အနာဂတ်က မရှိသလောက်ဖြစ်နေတော့ ကျနော်တို့တွေ ထွက်သွားကြမယ်ဆိုပြီး သေရင် မြေကြီးပေါ့၊ ရှင်ရင်တော့ ရွှေထီးပေါ့ ဆိုပြီး အဲ့လိုသဘောတွေနဲ့ကို ထွက်ခွာသွားကြတာလည်း ရှိပါတယ်။”

ပြီးခဲ့တဲ့သီတင်းပတ်ကပဲ အစ္စလာမ်ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ အိဒ်ဘာသာရေးပွဲတော် အထိမ်းအမှတ်အဖြစ်နဲ့ ဒုက္ခသည်စခန်းတွေထဲကနေ ပင်လယ်ကမ်းခြေတခုစီ သူတို့သွားခဲ့ကြလို့ ရိုဟင်ဂျာရာနဲ့ချီ အဖမ်းဆီး အထိန်းသိမ်းခံခဲ့ရပါသေးတယ်။ ဒုက္ခသည်စခန်းတွေထဲက တဲလေးတွေထဲ ပလတ်စတစ် အမိုးအကာအောက်မှာ ရာသီဥတုကလည်း ပူပြင်း၊ တနေရာတည်းမှာပဲ တပြုံကြီးနေရတာ လူဦးရေကလည်း အရမ်းထူထပ်လွန်းတဲ့ အခါကျတော့ လူတွေမှာ သွားစရာ လာစရာမရှိ၊ ပြီးတော့ အလုပ်အကိုင် အခွင့်အလမ်း၊ ပညာသင်ယူခွင့်လည်း မရှိ၊ ဘာသာရေးပွဲနေ့တွေ အားလပ်ရက်ပွဲတော်ဆိုရင် မိသားစုတွေ ကလေးငယ်လေးတွေနဲ့ လူငယ်တွေက ခေတ္တခဏတာပဲဖြစ်ဖြစ် သာမန်လူတွေလို ပျော်ပျော်ပါးပါး နေချင်ကြတာပါလို့ ဒုက္ခသည်တွေက ပြောပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်းတွေထဲ မီးဘေး၊ ရေဘေး၊ မြေပြိုကျမှုလို သဘာဝဘေးအန္တရာယ်တွေနဲ့လည်း ရိုဟင်ဂျာတွေ ရင်ဆိုင်နေကြရတာပါ။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ ပြီးခဲ့တဲ့လတွေက ရိုဟင်ဂျာစခန်းထဲက ဘာသာရေး စာသင်ကျောင်းတချို့ ပိတ်လိုက်တာ၊ နောက် ဈေးဆိုင်ခန်းတချို့ အပါအဝင် အဆောက်အဦးတွေကို ဘူဒိုဇာမြေထိုးစက်တွေ သုံးပြီး ဖြိုချဖျက်ဆီးခဲ့ပါသေးတယ်။

အခုလို နေထိုင်ခိုလှုံရာ စခန်းတွေထဲမှာ အခက်အခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရပေမဲ့ ရိုဟင်ဂျာတို့ရဲ့ နေရပ်ရင်း မြန်မာနိုင်ငံကို ပြန်နိုင်ရေး မျှော်လင့်ချက်ကတော့ အတော့်ကို နည်းပါးနေပါတယ်။

ရိုဟင်ဂျာအသုံးကို လက်ခံမထားတဲ့ စစ်အာဏာသိမ်းထားဆဲ မြန်မာနိုင်ငံဘက်ကတော့ ဒီ သိန်းချီတဲ့ ဒုက္ခသည်တွေ နေရပ်ရင်းပြန်လာနိုင်ရေး ကုလသမဂ္ဂ၊ ဘင်္ဂလားဒေ့ရှ် အစိုးရတို့နဲ့ ပူးပေါင်းလက်တွဲ လုပ်ဆောင်နေတယ်လို့ ဆိုပေမဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံနိုင်ရေး အစီအစဉ်တွေကလည်း နှောင့်နှေးနေဆဲ ဖြစ်ပါတယ်။

XS
SM
MD
LG