သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ၁၀၀ ကျော် မလေးရှား ရေပိုင်နက်မှာ ဖမ်းဆီးခံရ


မလေးရှားနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လို့ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်အချို့။ (ဇူလိုင် ၂၆၊ ၂၀၂၀)
မလေးရှားနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လို့ ဖမ်းဆီးခံထားရတဲ့ ရိုဟင်ဂျာဒုက္ခသည်အချို့။ (ဇူလိုင် ၂၆၊ ၂၀၂၀)

(Zawgyi / Unicode)

မလေးရှားနိုင်ငံကို စက်လှေနဲ့ တရားမဝင် ဝင်ရောက်လာကြတဲ့ ရိုဟင်ဂျာ ၁၃၄ ဦး အပါအဝင် အထောက်အထားမဲ့ ရောက်လာသူ ၁၄၃ ဦးကို Perak ပြည်နယ် Kuala Kurau ရေပြင်မှာ အာဏာပိုင်တွေ ဖမ်းဆီးလိုက်ပါတယ်။

ဖမ်းဆီးခံရသူတွေ လိုက်ပါလာတဲ့ စက်လှေ သောင်တင်နေစဉ် ဖမ်းဆီးခဲ့တာလို့လည်း မလေးရှားနိုင်ငံက သတင်းတွေမှာ ဖော်ပြခဲ့ကြတာပါ။

ကမ်းခြေကနေ ရေမိုင် ၆ မိုင်အကွာရှိ စက်လှေထဲကနေ ၈၇ ဦး ဖမ်းဆီးမိခဲ့ပြီး ရေကူးထွက်ပြေးခဲ့တဲ့ ကျန်တဲ့သူတွေကိုတော့ ကမ်းခြေမှာ ဖမ်းဆီးမိခဲ့တယ်လို့ Perak ပြည်နယ် ရဲချုပ် Datuk Mior Faridalathrash Wahid ကို ကိုးကားပြီး သတင်းတွေက ဖော်ပြကြပါတယ်။

၅ နှစ်သားအရွယ်ကနေ အသက် ၄၀ အထိ ရှိကြတဲ့ အဲဒီ တရားမဝင် ဝင်ရောက်လာကြသူတွေကို ဖမ်းဆီးမိဖို့ မနက် ၇ နာရီကနေ မွန်းတည့်ချိန်အထိ ကြာမြင့်တယ်လို့လည်း ပြောပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသား ၆၆ ဦး၊ အမျိုးသမီး ၅၉ ဦးနဲ့ ကလေး ၉ ဦး ပါဝင်ကြောင်းလည်း မလေးရှား Bernama သတင်းမှာ ဖော်ပြထားပါတယ်။

ရိုဟင်ဂျာ ၁၀၀ ကျော်နဲ့အတူ ဖမ်းဆီးမိသူတွေထဲမှာ မြန်မာနိုင်ငံသား ၅ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၄ ဦး ပါဝင်တယ်လို့လည်း ပြောပါတယ်။

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရိုဟင်ဂျာတွေဟာ မကြာခဏ ရေကြောင်းကနေ တခြားနိုင်ငံတွေကို သွားရောက်ဖို့ ကြိုးပမ်းလေ့ရှိကြပြီး ပင်လယ်ပြင်မှာ သေဆုံးတာ၊ ဖမ်းဆီးခံရတာတွေလည်း ကြုံရလေ့ ရှိတတ်ပါတယ်။

ရိုဟင်ဂျာ ၁၀၀ ကျော် မလေးရှား ရေပိုင်နက်မှာ ဖမ်းဆီးခံရ
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)









XS
SM
MD
LG