သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

မေလး လူဝင္မႈ ထိန္းသိမ္းေရးစခန္း မွ ထြက္ေျပးသူ ႐ိုဟင္ဂ်ာေတြ ရဲကဆက္လက္ရွာေဖြဆဲ 


မေလးရွား UNHCR မွာ ဒုကၡသည္ျဖစ္ခြင့္ ေစာင့္ဆုိင္းေနၾကတဲ့ ႐ိုဟင္ဂ်ာလို႔ ေျပာသူ အမ်ဳိးသမီးမ်ား။ ( ၾသဂုတ္ ၁၁၊ ၂၀၁၅)

မေလးရွားႏိုင္ငံ၊ Kedah ျပည္နယ္၊ ပီနန္ၿမိဳ႕က ယာယီလူဝင္မႈႀကီးၾကပ္ေရးဌာန ထိန္းသိမ္းေရးစခန္း ကေန ထြက္ေျပးသြားတဲ့ ႐ိုဟင္ဂ်ာ အေယာက္ ၁၀၀ နီးပါးကို ျပန္မမိေသးတဲ့အတြက္ မေလးရွားအစိုးရက ဆက္လက္ရွာေဖြေနပါတယ္။ ဒီသတင္းကို ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္မေအးေအးမာက သတင္းေပးပို႔ထားပါတယ္။

မေလး လူဝင္မႈ ထိန္းသိမ္းေရးစခန္း မွ ထြက္ေျပးသူ ႐ိုဟင္ဂ်ာေတြ ရဲကဆက္လက္ရွာေဖြဆဲ

{{Zawgyi/Unicode}}
မေလးရွားႏိုင္ငံ၊ Kedah ျပည္နယ္၊ ပီနန္ၿမိဳ႕က ယာယီလူဝင္မႈႀကီးၾကပ္ေရးဌာန ထိန္းသိမ္းေရးစခန္း ကေန ထြက္ေျပးသြားတဲ့ ႐ိုဟင္ဂ်ာ အေယာက္ ၁၀၀ နီးပါးကို ျပန္မမိေသးတဲ့အတြက္ မေလး႐ွားအစိုးရက ဆက္လက္႐ွာေဖြေနပါတယ္။ မေလးရွားႏိုင္ငံမွာရွိတဲ့ ကုလသမဂၢ ဒုကၡသည္မ်ား မဟာမင္းႀကီး UNHCR ရံုးမွာ သြားေရာက္ခိုလွံဳခြင့္ေတာင္းခံနိုင္တယ္လို႔ ယူဆျပီး အဲဒီအနီးမွာ အတားအဆီးေတြ ခ်ထားၿပီး ႐ွာေဖြစစ္ေဆးမႈေတြလုပ္ေနပါတယ္။ ဒီသတင္းကို ထုိင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္မေအးေအးမာက သတင္းေပးပို့ထားပါတယ္။

မေလးရွားႏိုင္ငံ ပီနန္ၿမိဳ႕ရွိ Sungai Bakap ယာယီလူဝင္မႈ ႀကီးၾကပ္ေရး ထိန္းသိမ္းေရးစခန္းက ႐ိုဟင္ဂ်ာ အက်ဥ္းသား ၅၂၈ဦး ဟာ ဧျပီလ၂၀ ရက္ မနက္၄နာရီခဲြေလာက္က ထြက္ေျပးသြားခဲ့တယ္လို ့မေလးရွားလူ၀င္မူ ႀကီးႀကပ္ေရးဌာနက သတင္းထုတ္ျပန္ခဲ့ပါတယ္။ ထြက္ေျပးၿပီး မၾကာခင္မွာပဲ မေလးရွား အာဏာပုိင္ေတြက လိုက္လံရွာေဖြခဲ့တာေႀကာင့္ လူဦးေရ ၄၀၀ ေက်ာ္ေလာက္ကို ျပန္လည္ဖမ္းမိခဲ့ပါတယ္။ ဒါေပမဲ့ ခုခ်ိန္ထိ ထြက္ေျပးလြတ္ေျမာက္ေနသူေတြ ရွိေနေသးတာေၾကာင္ ့မေလးရွားအစိုးရက ပိုက္စိတ္တိုက္ရွာေဖြ ဖမ္းဆီးမူေတြ စစ္ေဆးမူေတြ လုပ္ေနေႀကာင္း အမ်ိဳးသားဒီမုိကေရစီအဖဲြခ်ဳပ္ (လြတ္ေျမာက္နယ္ေျမ) မေလးရွားရံုး တာ၀န္ခံ ဦးစိုးထက္သိန္း ကအခုလိုေျပာျပပါတယ္။

" အခုထြက္ေျပးသြားတဲ့ ထိန္းသိမ္းေရး camp ထဲက ဒုကၡသည္ေတြအားလံုးကို ျပန္လိုက္ဖမ္းတာေပါ့ ေနာ္ အေယာက္ ၉၀ ေက်ာ္ေလာက္ကေတာ့ အျပင္မွာက်န္ေနေသးတယ္ ယူအန္ရံုးကို၀င္ႏိုင္တဲ့ လမ္းေတြအားလံုးမွာ immigration Block ေတြြထားျပီး လ၀က နဲ႔ ရဲေတြထားျပီး ပိုက္စိတ္တိုက္ရွာျပီးဖမ္းေနတာေပါ့ေနာ္"

ထိ္မ္းသိ္မ္းေရးစခန္းကေန ထြက္ေျပးသြားတဲ့ ရုိဟင္ဂ်ာဒုကၡသည္ေတြ ဟာ UNHCR ကို အကူညီေတာင္းခံႏိုင္တယ္လို ့မေလးရွားအစိုးရ က ယူဆပံုရတာေႀကာင့္ UNHCR ရံုးတ၀ိုက္မွာလည္း အတားအဆီးေတြခ်ျပီး စစ္ေဆးမူေတြ တင္းတင္းႀကပ္ႀကပ္ လုပ္ေဆာင္ေနတာ ျဖစ္တယ္လို႔ ဦးစိုးထက္သိန္းကေျပာပါတယ္ ။

" အခုက camp ထဲမွ ာထြက္ေျပးလာတဲ့ သူေတြက သူတိုက မေလးရွားမွာ သြားစရာေနရာရွိတာမဟုတ္ဘူး ။ သူတို့က သြားစရာက UNHCR ရံုးကိုပဲ သြားစရာရွိတာ ။ ယူအန္ရံုးရဲ့အကာအကြယ္မရရင္ သူတို့ရွင္သန္ဖို့မွ မရွိေတာ့တာ။ အဲဒါေႀကာင့္ ေနာက္ဆံုးပန္းတိုင္ကို သြားမယ္ဆုိတာ မေလးရွားအစိုးရကလည္းသိတယ္။ အဲဒါေႀကာင့္အဲဒီေနရာမွာ လမ္းအ၀င္ကေန ဖမ္းတဲ့သေဘာမ်ိဳးလုပ္ေနတာ။ လမး္ေႀကာင္းအ၀င္ေတြမွာခ်ထားျပီး လမ္းပိတ္ျပီး Barricade ေတြခ်ထားတယ္။ လ၀ကတို႔ ရဲတုိ႔က သက္ဆုိင္ရာအရာရွိေတြနဲ႔ ကားအ၀င္အထြက္ေတြကိုပါ စစ္တဲ့သေဘာေပါ့ေနာ္"

မေလးရွားႏိုင္ငံ ပီးနန္းျမိဳ႕နယ္ ေျမာက္ပိုင္း Sungai Bakap လူ၀င္မူႀကီးႀကပ္ေရး ယာယီထိမ္းသိမ္းေရး စခန္းကေန တံခါးေတြနဲ့ အတားအဆီးေတြကို ခ်ိဳးဖ်က္ျပီး ရိုဟင္ဂ်ာ ၅၂၈ ဦး ထြက္ေျပးခဲ့ရာမွာ အဲဒီထဲက အမ်ိိဳးသား ၂ ဦးအမ်ိဳးသမီး ၂ဦး ကေလး၂ဦးတုိ့ဟာ စခန္းနဲ့ ၅ မိုင္ေလာက္ အကြာအေ၀းေျပးကားလမ္းမႀကီးတခုကိုျဖတ္ဖို့ႀကိဳးစားရင္း ဧျပီလ ၂၀ရက္ေန့မနက္က ကားတိုက္ေသဆံုးသြားခဲ့ပါတယ္ ။

မေလးရွားႏိုင္ငံက လူဝင္မႈႀကီးၾကပ္ေရးဌာနမွာ ျဖစ္ခဲ့တဲ့ အက်ဥ္းသားေတြ ထြက္ေျပးႀကတဲ့ ျဖစ္ရပ္ေရာ ထြက္ေျပးရင္း ေသဆံုးႀကတဲ့ျဖစ္စဥ္ေႀကာင့္ ထိတ္လန့္တုန္လွုပ္မိတယ္လို့ မေလးရွားအေျခစိုက္ UNHCR ကလည္း ဧျပီလ ၂၁ရက္ေန့ကသတင္းထုတ္ျပန္ထားပါတယ္။ ဒီထိမ္းသိမ္းေရးစခန္းထဲမွာရိုဟင္ဂ်ာ ၅၀၀ ေက်ာ္ရွိျပီး အမ်ားစု ျမန္မာႏိုင္ငံကလာတဲ့ သူေတြျဖစ္တယ္လို႔လည္း UNHCR က သတင္းထုတ္ျပန္ထားပါတယ္ရွင္။

တိုက္႐ိုက္ လင့္ခ္

.......................................................

မလေး လူဝင်မှု ထိန်းသိမ်းရေးစခန်း မှ ထွက်ပြေးသူ ရိုဟင်ဂျာတွေ ရဲကဆက်လက်ရှာဖွေဆဲ

{{Zawgyi/Unicode}}
မလေးရှားနိုင်ငံ၊ Kedah ပြည်နယ်၊ ပီနန်မြို့က ယာယီလူဝင်မှုကြီးကြပ်ရေးဌာန ထိန်းသိမ်းရေးစခန်း ကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ အယောက် ၁၀၀ နီးပါးကို ပြန်မမိသေးတဲ့အတွက် မလေးရှားအစိုးရက ဆက်လက်ရှာဖွေနေပါတယ်။ မလေးရှားနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီး UNHCR ရုံးမှာ သွားရောက်ခိုလှုံခွင့်တောင်းခံနိုင်တယ်လို့ ယူဆပြီး အဲဒီအနီးမှာ အတားအဆီးတွေ ချထားပြီး ရှာဖွေစစ်ဆေးမှုတွေလုပ်နေပါတယ်။ ဒီသတင်းကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မလေးရှားနိုင်ငံ ပီနန်မြို့ရှိ Sungai Bakap ယာယီလူဝင်မှု ကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းက ရိုဟင်ဂျာ အကျဉ်းသား ၅၂၈ဦး ဟာ ဧပြီလ၂၀ ရက် မနက်၄နာရီခွဲလောက်က ထွက်ပြေးသွားခဲ့တယ်လို့မလေးရှားလူဝင်မူ ကြီးကြပ်ရေးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ ထွက်ပြေးပြီး မကြာခင်မှာပဲ မလေးရှား အာဏာပိုင်တွေက လိုက်လံရှာဖွေခဲ့တာကြောင့် လူဦးရေ ၄၀၀ ကျော်လောက်ကို ပြန်လည်ဖမ်းမိခဲ့ပါတယ်။ ဒါပေမဲ့ ခုချိန်ထိ ထွက်ပြေးလွတ်မြောက်နေသူတွေ ရှိနေသေးတာကြောင့်မလေးရှားအစိုးရက ပိုက်စိတ်တိုက်ရှာဖွေ ဖမ်းဆီးမူတွေ စစ်ဆေးမူတွေ လုပ်နေကြောင်း အမျိုးသားဒီမိုကရေစီအဖွဲချုပ် (လွတ်မြောက်နယ်မြေ) မလေးရှားရုံး တာဝန်ခံ ဦးစိုးထက်သိန်း ကအခုလိုပြောပြပါတယ်။

" အခုထွက်ပြေးသွားတဲ့ ထိန်းသိမ်းရေး camp ထဲက ဒုက္ခသည်တွေအားလုံးကို ပြန်လိုက်ဖမ်းတာပေါ့ နော် အယောက် ၉၀ ကျော်လောက်ကတော့ အပြင်မှာကျန်နေသေးတယ် ယူအန်ရုံးကိုဝင်နိုင်တဲ့ လမ်းတွေအားလုံးမှာ immigration Block တွေထားပြီး လဝက နဲ့ ရဲတွေထားပြီး ပိုက်စိတ်တိုက်ရှာပြီးဖမ်းနေတာပေါ့နော်"

ထိမ်းသိမ်းရေးစခန်းကနေ ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ ဟာ UNHCR ကို အကူညီတောင်းခံနိုင်တယ်လို့မလေးရှားအစိုးရ က ယူဆပုံရတာကြောင့် UNHCR ရုံးတဝိုက်မှာလည်း အတားအဆီးတွေချပြီး စစ်ဆေးမူတွေ တင်းတင်းကြပ်ကြပ် လုပ်ဆောင်နေတာ ဖြစ်တယ်လို့ ဦးစိုးထက်သိန်းကပြောပါတယ် ။

" အခုက camp ထဲမှ ာထွက်ပြေးလာတဲ့ သူတွေက သူတိုက မလေးရှားမှာ သွားစရာနေရာရှိတာမဟုတ်ဘူး ။ သူတို့က သွားစရာက UNHCR ရုံးကိုပဲ သွားစရာရှိတာ ။ ယူအန်ရုံးရဲ့အကာအကွယ်မရရင် သူတို့ရှင်သန်ဖို့မှ မရှိတော့တာ။ အဲဒါကြောင့် နောက်ဆုံးပန်းတိုင်ကို သွားမယ်ဆိုတာ မလေးရှားအစိုးရကလည်းသိတယ်။ အဲဒါကြောင့်အဲဒီနေရာမှာ လမ်းအဝင်ကနေ ဖမ်းတဲ့သဘောမျိုးလုပ်နေတာ။ လမ်းကြောင်းအဝင်တွေမှာချထားပြီး လမ်းပိတ်ပြီး Barricade တွေချထားတယ်။ လဝကတို့ ရဲတို့က သက်ဆိုင်ရာအရာရှိတွေနဲ့ ကားအဝင်အထွက်တွေကိုပါ စစ်တဲ့သဘောပေါ့နော်"

မလေးရှားနိုင်ငံ ပီးနန်းမြို့နယ် မြောက်ပိုင်း Sungai Bakap လူဝင်မူကြီးကြပ်ရေး ယာယီထိမ်းသိမ်းရေး စခန်းကနေ တံခါးတွေနဲ့ အတားအဆီးတွေကို ချိုးဖျက်ပြီး ရိုဟင်ဂျာ ၅၂၈ ဦး ထွက်ပြေးခဲ့ရာမှာ အဲဒီထဲက အမျိုးသား ၂ ဦးအမျိုးသမီး ၂ဦး ကလေး၂ဦးတို့ဟာ စခန်းနဲ့ ၅ မိုင်လောက် အကွာအဝေးပြေးကားလမ်းမကြီးတခုကိုဖြတ်ဖို့ကြိုးစားရင်း ဧပြီလ ၂၀ရက်နေ့မနက်က ကားတိုက်သေဆုံးသွားခဲ့ပါတယ် ။

မလေးရှားနိုင်ငံက လူဝင်မှုကြီးကြပ်ရေးဌာနမှာ ဖြစ်ခဲ့တဲ့ အကျဉ်းသားတွေ ထွက်ပြေးကြတဲ့ ဖြစ်ရပ်ရော ထွက်ပြေးရင်း သေဆုံးကြတဲ့ဖြစ်စဉ်ကြောင့် ထိတ်လန့်တုန်လှုပ်မိတယ်လို့ မလေးရှားအခြေစိုက် UNHCR ကလည်း ဧပြီလ ၂၁ရက်နေ့ကသတင်းထုတ်ပြန်ထားပါတယ်။ ဒီထိမ်းသိမ်းရေးစခန်းထဲမှာရိုဟင်ဂျာ ၅၀၀ ကျော်ရှိပြီး အများစု မြန်မာနိုင်ငံကလာတဲ့ သူတွေဖြစ်တယ်လို့လည်း UNHCR က သတင်းထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG