သံုးရလြယ္ကူေစသည့္ Link မ်ား

site logo
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာအေရး လႈပ္ရွားသူ ေဒါက္တာဝါကာအူဒင္ ကြယ္လြန္


Arakan Rohingya Union ဥကၠဌ ေဒါက္တာ ဝါကာအူဒင္ (ညာဖက္)

႐ိုဟင္ဂ်ာအေရး အေမရိကန္မွာ အေျခစိ္ုက္ၿပီး လႈပ္ရွားေနတဲ့ ေဒါက္တာဝါကာအူဒင္ဟာ အသက္(၆၈)ႏွစ္အရြယ္ ဧၿပီလ(၂၉)ရက္ေန႔မွာ ကြယ္လြန္သြားခဲ့ပါတယ္။  ႐ိုဟင္ဂ်ာအေရး လႈပ္ရွားသူေတြကေတာ့ သူကြယ္လြန္တဲ့အတြက္ ဆုံး႐ႈံးမႈအျဖစ္ ေျပာၾကပါတယ္။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပမွာပါ။

႐ိုဟင္ဂ်ာအေရး လႈပ္ရွားသူ ေဒါက္တာဝါကာအူဒင္ ကြယ္လြန္

{{Zawgyi/Unicode}}

႐ိုဟင္ဂ်ာအေရး အေမရိကန္မွာ အေျခစိ္ုက္ၿပီး လႈပ္ရွားေနတဲ့ ေဒါက္တာဝါကာအူဒင္ဟာ အသက္(၆၈)ႏွစ္အရြယ္ ဧၿပီလ(၂၉)ရက္ေန႔မွာ ကြယ္လြန္သြားခဲ့ပါတယ္။ ႐ိုဟင္ဂ်ာအေရး လႈပ္ရွားသူေတြကေတာ့ သူကြယ္လြန္တဲ့အတြက္ ဆုံး႐ႈံးမႈအျဖစ္ ေျပာၾကပါတယ္။ ဒီအေၾကာင္း ကိုဉာဏ္ဝင္းေအာင္က တင္ျပမွာပါ။

႐ိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္လို႔ တက္ႂကြစြာ လႈပ္ရွားေဆာင္ရြက္ခဲ့သူ တဦးျဖစ္တဲ့ Arakan Rohingya Union ရဲ႕ ဥကၠဌ ေဒါက္တာ ဝါကာအူဒင္ဟာ အေမရိကန္အေရွ႕ဖက္ျခမ္း ေမရီလန္းျပည္နယ္ ဘာလ္တီမိုးျမဳိ႕ Johns Hopkins တကၠသိုလ္ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရင္း ဧၿပီလ(၂၉)ရက္ ေသာၾကာေန႔ မနက္(၁၁)နာရီေက်ာ္က ကြယ္လြန္သြားေၾကာင္း ညီျဖစ္သူ Reza Uddin ရဲ႕ ေဖ့စ္ဘြတ္ စာမ်က္ႏွာမွာ သတင္းထုတ္ျပန္ထားပါတယ္။

႐ိုဟင္ဂ်ာ ေခါင္းေဆာင္တဦးျဖစ္တဲ့ ေဒါက္တာ ဝါကာအူဒင္ အခုလို ကြယ္လြန္ျခင္းဟာ ဆုံးရႈံးမႈတရပ္ျဖစ္တယ္လို႔ လန္ဒန္အေျခအစိုက္ Burmese Rohingya Organisation UK (BROUK)ရဲ႕ ဥကၠဌ ဦးထြန္းခင္က မွတ္ခ်က္ေပး ေျပာဆိုပါတယ္။

" သူက စိုက္ပ်ဳိးေရးနဲ႔ ပတ္သက္ၿပီးေတာ့ အေမရိကန္မွာ နာမည္ႀကီး ပင္ဆယ္ေဗးနီးယား တကၠသိုလ္ကေန Ph.D သင္ခဲ့ၿပီးေတာ့ ပါေမာကၡ အဆင့္အထိ သူအေနအထားတခု ရွိခဲ့တယ္ဆိုတာက က်ေနာ္တို႔ ရိုဟင္ဂ်ာေတြအတြက္ ေတာ္ေတာ္ေလးကို ဂုဏ္ယူစရာ ျဖစ္ပါတယ္။ တဖက္မွာလည္း သူက ရိုဟင္ဂ်ာအေရး လူမ်ဳိးတုန္ းသတ္ျဖတ္မႈကေန လြတ္ေျမာက္ဖို႔ ၊ ဝမ္းနည္းစရာ အေျခအေနေတြကို ႏိုင္ငံတကာက OIC ႏိုင္ငံေတြ ၊ ႏိုင္ငံျခားေရး ဝန္ႀကီးေတြ၊ အေမရိကန္ ႏိုင္ငံျခားေရးဌာန State Department ေတြကို ထဲထဲဝင္ဝင္ ထိေတြ႕လႈပ္ရွား ခဲ့တယ္ဆိုတာကေတာ့ မွတ္တမ္းတခုပါ"

႐ိုဟင္ဂ်ာအေရး လႈပ္ရွားမႈသမိုင္းနဲ႔ ပတ္သက္လာရင္ ေဒါက္တာ ဝါကာအူဒင္ရဲ႕ ၾကဳိးပမ္းအားထုတ္မႈေတြကို အသိအမွတ္ ျပဳရမွာ ျဖစ္တယ္လို႔ ေျပာလာသူက လက္ရွိ အေမရိကန္ႏိုင္ငံ တကၠဆက္ျပည္နယ္မွာ ေနထိုင္သူ ႐ိုဟင္ဂ်ာအေရးလႈပ္ရွားသူ ဦးေရႊေမာင္ ျဖစ္ပါတယ္။ ဦးေရႊေမာင္ဟာ ဦးသိန္းစိန္အစိုးရလက္ထက္ ရခိုင္ျပည္နယ္ ဘူးသီးေတာင္ျမဳိ႕နယ္ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္အျဖစ္ ေဆာင္ရြက္ခဲ့သူပါ။

" ပါေမာကၡေဒါက္တာ ဝါကာအူဒင္ ဆုံးသြားတာ သိရေတာ့ အင္မတန္မွ ဝမ္းနည္းေၾကကြဲရပါတယ္။ ၿပီးေတာ့ ၂ဝ၁၂ ရိုဟင္ဂ်ာအေရးကို တစုိက္မတ္မတ္ လုပ္လာတဲ့အေပၚမွာ က်ေနာ္တို႔ အသိအမွတ္ျပဳသင့္ပါတယ္။ သူရဲ႕ ႏိုင္ငံေရး ၊ ရုိဟင္ဂ်ာအေရး လႈပ္ရွားမႈေတြဟာ တစိုက္မတ္မတ္ လုပ္လာတဲ့အေပၚမွာ က်ေနာ္တို႔ အသိအမွတ္ျပဳသင့္ပါတယ္။ သူရဲ႕လႈပ္ရွားမႈေတြကို က်ေနာ္တို႔ ရိုဟင္ဂ်ာႏိုင္ငံေရးအတြက္ မွတ္တမ္းတင္ေၾကာင္း ေျပာၾကားလိုပါတယ္။"

၂၀၁၇ ခုႏွစ္ၾသဂုတ္လထဲ ရခိုင္ျပည္နယ္ ေျမာက္ပိုင္း ႐ိုဟင္ဂ်ာေက်းရြာတြကို ျမန္မာစစ္တပ္က နယ္ေျမရွင္းလင္းေရး လုပ္စဥ္မွာ က်ဴးလြန္ခဲ့တဲ့ လူ႔အခြင့္အေရးခ်ဳိးေဖါက္မႈနဲ႔ ပတ္သက္လို႔ လူမ်ဳိးတုန္း လုပ္ေဆာင္မႈအျဖစ္ နယ္သာလန္ႏိုင္ငံ သည္ဟိဂ္ျမဳိ႕ ICJ တရား႐ုံးမွာ OIC (အစၥလမ္မစ္ႏိုင္ငံမ်ား ပူးေပါင္းေဆာင္ရြက္ေရးအဖြဲ႔)ကိုယ္စား ဂမ္ဘီယာႏိုင္ငံက အမႈဖြင့္ တရားစြဲရာမွာ ေဒါက္တာ ဝါကာအူဒင္က ဂမ္ဘီယာႏိုင္ငံ တရားေရးအက်ဳိးေဆာင္အဖြဲ႔ဖက္က ကူညီေဆာင္ရြက္ခဲ့ဖူးပါတယ္။

၂၀၂၁ စစ္တပ္အာဏာသိမ္းၿပီးေနာက္ ႐ိုဟင္ဂ်ာအေရး ICJ မွာ တရားဝင္ေလွ်ာက္လဲခြင့္နဲ႔ ပတ္သက္လို႔ ၂၀၂၂ ခုႏွစ္ ေဖေဖၚဝါရီလ(၁၈)ရက္ ထုတ္လႊင့္တဲ့ VOA နဲ႔ ေမးျမန္းခန္းမွာ ေဒါက္တာ ဝါကာအူဒင္ ေျပာတာက -

"တရား မဝင္တဲ့ စစ္အစိုးရကို ကမာၻက အသိအမွတ္ျပဳလာေစခ်င္တဲ့အတြက္ ၊ အဲဒါေၾကာင့္မို႔လို႔ သူတို႔က ICJ ကို သြားခ်င္တာပါ။ တကယ္တမ္းက်ေတာ့ စစ္အစိုးရက ႐ိုဟင္ဂ်ာ ျပသနာကို ၊ Genocide ကို အကာကြယ္ေပးခ်င္တာ ျဖစ္ျဖစ္ ၊ ႐ိုဟင္ဂ်ာလူမ်ဳိးေတြအေရးအတြက္ အကာအကြယ္ေပးဖို႔ေတာ့ မဟုတ္ဘူး။ သူတို႔က ႏိုင္ငံတကာရဲ႕ တရားဝင္ အသိမွတ္ျပဳမႈကို ခံခ်င္တာ ရခ်င္တာ၊ အဲဒါေၾကာင့္ ဒီ ICJ မွာ ကိုယ္စားလွယ္အျဖစ္ လာထြက္ဆိုတာပါ။ "

ေဒါက္တာ ဝါကာအူဒင္ကို ရခိုင္ျပည္နယ္ ေမာင္ေတာျမဳိ႕မွာ ၁၉၅၄ ခုႏွစ္က ေမြးဖြားခဲ့တာပါ။ တခ်ိန္က ေရဆင္း စိုက္ပ်ဳိးေရးတကၠသိုလ္ကေန ဘြဲ႔ရခဲ့တဲ့ ဦး ဝါကာအူဒင္ဟာ အေမရိကန္ျပည္ေထာင္စုကို ေရႊ႕ေျပာင္းလာၿပီးေနာက္ စိုက္ပ်ဳိးေရးဆိုင္ရာ (Ph.D)ပါရဂူဘဲြ႕ရခဲ့ပါတယ္။ အဲဒီေနာက္ ေဒါက္တာ ဝါကာအူဒင္ဟာ Pennsylvania ျပည္နယ္တကၠသိုလ္မွာ ပါေမာကၡအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။

ပညာေရးနဲ႔ အသက္ေမြးဝမ္းေက်ာင္း လုပ္ေနခ်ိန္ တဖက္မွာ ႐ိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္လို႔ ေျမာက္အေမရိကတိုက္ဆိုင္ရာ ဗမာ႐ိုဟင္ဂ်ာမ်ားအစည္းအ႐ုံးကို စတင္ တည္ေထာင္သူ ဥကၠဌလည္း ျဖစ္ပါတယ္။ Trustees of Muslim Aid American အဖြဲ႔ရဲ႕ ဥကၠဌနဲ႔ နာယကအျဖစ္ လုပ္ေဆာင္ခဲ့သလို၊ Arakan Rohingya Union ႐ိုဟင္ဂ်ာမ်ား NGO အဖြဲ႔မွာလည္း ၫႊန္ၾကားေရးမွဴးခ်ဳပ္အျဖစ္ ကြယ္လြန္ခ်ိန္အထိ တာဝန္ယူခဲ့သူျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

..............................................

ရိုဟင်ဂျာအရေး လှုပ်ရှားသူ ဒေါက်တာဝါကာအူဒင် ကွယ်လွန်

{{Zawgyi/Unicode}}

ရိုဟင်ဂျာအရေး အမေရိကန်မှာ အခြေစိုက်ပြီး လှုပ်ရှားနေတဲ့ ဒေါက်တာဝါကာအူဒင်ဟာ အသက်(၆၈)နှစ်အရွယ် ဧပြီလ(၂၉)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကတော့ သူကွယ်လွန်တဲ့အတွက် ဆုံးရှုံးမှုအဖြစ် ပြောကြပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ တက်ကြွစွာ လှုပ်ရှားဆောင်ရွက်ခဲ့သူ တဦးဖြစ်တဲ့ Arakan Rohingya Union ရဲ့ ဥက္ကဌ ဒေါက်တာ ဝါကာအူဒင်ဟာ အမေရိကန်အရှေ့ဖက်ခြမ်း မေရီလန်းပြည်နယ် ဘာလ်တီမိုးမြို့ Johns Hopkins တက္ကသိုလ်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရင်း ဧပြီလ(၂၉)ရက် သောကြာနေ့ မနက်(၁၁)နာရီကျော်က ကွယ်လွန်သွားကြောင်း ညီဖြစ်သူ Reza Uddin ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာ ခေါင်းဆောင်တဦးဖြစ်တဲ့ ဒေါက်တာ ဝါကာအူဒင် အခုလို ကွယ်လွန်ခြင်းဟာ ဆုံးရှုံးမှုတရပ်ဖြစ်တယ်လို့ လန်ဒန်အခြေအစိုက် Burmese Rohingya Organisation UK (BROUK)ရဲ့ ဥက္ကဌ ဦးထွန်းခင်က မှတ်ချက်ပေး ပြောဆိုပါတယ်။

" သူက စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီးတော့ အမေရိကန်မှာ နာမည်ကြီး ပင်ဆယ်ဗေးနီးယား တက္ကသိုလ်ကနေ Ph.D သင်ခဲ့ပြီးတော့ ပါမောက္ခ အဆင့်အထိ သူအနေအထားတခု ရှိခဲ့တယ်ဆိုတာက ကျနော်တို့ ရိုဟင်ဂျာတွေအတွက် တော်တော်လေးကို ဂုဏ်ယူစရာ ဖြစ်ပါတယ်။ တဖက်မှာလည်း သူက ရိုဟင်ဂျာအရေး လူမျိုးတုန် းသတ်ဖြတ်မှုကနေ လွတ်မြောက်ဖို့ ၊ ဝမ်းနည်းစရာ အခြေအနေတွေကို နိုင်ငံတကာက OIC နိုင်ငံတွေ ၊ နိုင်ငံခြားရေး ဝန်ကြီးတွေ၊ အမေရိကန် နိုင်ငံခြားရေးဌာန State Department တွေကို ထဲထဲဝင်ဝင် ထိတွေ့လှုပ်ရှား ခဲ့တယ်ဆိုတာကတော့ မှတ်တမ်းတခုပါ"

ရိုဟင်ဂျာအရေး လှုပ်ရှားမှုသမိုင်းနဲ့ ပတ်သက်လာရင် ဒေါက်တာ ဝါကာအူဒင်ရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ် ပြုရမှာ ဖြစ်တယ်လို့ ပြောလာသူက လက်ရှိ အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ နေထိုင်သူ ရိုဟင်ဂျာအရေးလှုပ်ရှားသူ ဦးရွှေမောင် ဖြစ်ပါတယ်။ ဦးရွှေမောင်ဟာ ဦးသိန်းစိန်အစိုးရလက်ထက် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သူပါ။

" ပါမောက္ခဒေါက်တာ ဝါကာအူဒင် ဆုံးသွားတာ သိရတော့ အင်မတန်မှ ဝမ်းနည်းကြေကွဲရပါတယ်။ ပြီးတော့ ၂ဝ၁၂ ရိုဟင်ဂျာအရေးကို တစိုက်မတ်မတ် လုပ်လာတဲ့အပေါ်မှာ ကျနော်တို့ အသိအမှတ်ပြုသင့်ပါတယ်။ သူရဲ့ နိုင်ငံရေး ၊ ရိုဟင်ဂျာအရေး လှုပ်ရှားမှုတွေဟာ တစိုက်မတ်မတ် လုပ်လာတဲ့အပေါ်မှာ ကျနော်တို့ အသိအမှတ်ပြုသင့်ပါတယ်။ သူရဲ့လှုပ်ရှားမှုတွေကို ကျနော်တို့ ရိုဟင်ဂျာနိုင်ငံရေးအတွက် မှတ်တမ်းတင်ကြောင်း ပြောကြားလိုပါတယ်။"

၂၀၁၇ ခုနှစ်သြဂုတ်လထဲ ရခိုင်ပြည်နယ် မြောက်ပိုင်း ရိုဟင်ဂျာကျေးရွာတွကို မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး လုပ်စဉ်မှာ ကျူးလွန်ခဲ့တဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုနဲ့ ပတ်သက်လို့ လူမျိုးတုန်း လုပ်ဆောင်မှုအဖြစ် နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့ ICJ တရားရုံးမှာ OIC (အစ္စလမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)ကိုယ်စား ဂမ်ဘီယာနိုင်ငံက အမှုဖွင့် တရားစွဲရာမှာ ဒေါက်တာ ဝါကာအူဒင်က ဂမ်ဘီယာနိုင်ငံ တရားရေးအကျိုးဆောင်အဖွဲ့ဖက်က ကူညီဆောင်ရွက်ခဲ့ဖူးပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် ရိုဟင်ဂျာအရေး ICJ မှာ တရားဝင်လျှောက်လဲခွင့်နဲ့ ပတ်သက်လို့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ(၁၈)ရက် ထုတ်လွှင့်တဲ့ VOA နဲ့ မေးမြန်းခန်းမှာ ဒေါက်တာ ဝါကာအူဒင် ပြောတာက -

"တရား မဝင်တဲ့ စစ်အစိုးရကို ကမ္ဘာက အသိအမှတ်ပြုလာစေချင်တဲ့အတွက် ၊ အဲဒါကြောင့်မို့လို့ သူတို့က ICJ ကို သွားချင်တာပါ။ တကယ်တမ်းကျတော့ စစ်အစိုးရက ရိုဟင်ဂျာ ပြသနာကို ၊ Genocide ကို အကာကွယ်ပေးချင်တာ ဖြစ်ဖြစ် ၊ ရိုဟင်ဂျာလူမျိုးတွေအရေးအတွက် အကာအကွယ်ပေးဖို့တော့ မဟုတ်ဘူး။ သူတို့က နိုင်ငံတကာရဲ့ တရားဝင် အသိမှတ်ပြုမှုကို ခံချင်တာ ရချင်တာ၊ အဲဒါကြောင့် ဒီ ICJ မှာ ကိုယ်စားလှယ်အဖြစ် လာထွက်ဆိုတာပါ။ "

ဒေါက်တာ ဝါကာအူဒင်ကို ရခိုင်ပြည်နယ် မောင်တောမြို့မှာ ၁၉၅၄ ခုနှစ်က မွေးဖွားခဲ့တာပါ။ တချိန်က ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်ကနေ ဘွဲ့ရခဲ့တဲ့ ဦး ဝါကာအူဒင်ဟာ အမေရိကန်ပြည်ထောင်စုကို ရွှေ့ပြောင်းလာပြီးနောက် စိုက်ပျိုးရေးဆိုင်ရာ (Ph.D)ပါရဂူဘွဲ့ရခဲ့ပါတယ်။ အဲဒီနောက် ဒေါက်တာ ဝါကာအူဒင်ဟာ Pennsylvania ပြည်နယ်တက္ကသိုလ်မှာ ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်း လုပ်နေချိန် တဖက်မှာ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ မြောက်အမေရိကတိုက်ဆိုင်ရာ ဗမာရိုဟင်ဂျာများအစည်းအရုံးကို စတင် တည်ထောင်သူ ဥက္ကဌလည်း ဖြစ်ပါတယ်။ Trustees of Muslim Aid American အဖွဲ့ရဲ့ ဥက္ကဌနဲ့ နာယကအဖြစ် လုပ်ဆောင်ခဲ့သလို၊ Arakan Rohingya Union ရိုဟင်ဂျာများ NGO အဖွဲ့မှာလည်း ညွှန်ကြားရေးမှူးချုပ်အဖြစ် ကွယ်လွန်ချိန်အထိ တာဝန်ယူခဲ့သူဖြစ်ပါတယ်။

XS
SM
MD
LG